သင်ခန်းစာ (၆)
ယေရှုသည် လူတို့ နှင့် ရောနှောခဲ့သည်
ဇူလိုင် ၃၀ - သြဂုတ် ၅
ဥပုသ်နေ့မွန်းလွဲပိုင်း ဇူလိုင် ၃၀
ဖတ်ရန်ကျမ်းချက်။ မဿဲ ၁း၂၂၊၂၃။ ယောဟန် ၁း၁၄။ လုကာ ၁၅း၃-၂၄။ မဿဲ ၉း၁၀-၁၃။ ဆာလံ ၅၁း၁၇။ ၁ယော ၂း၁၆။ ဖိလိပ်္ပိ ၂း၁၃-၁၅။
အလွတ်ကျမ်းချက်
“အခွန်ခံသောသူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင် ခြင်းငှာအထံတော်သို့ချဉ်းကပ်သည်ြဖစ်၍၊ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က ဤသူသူသူသည် ဆိုးသောသူတို့လိုလက်ခံ၍ သူတို့ု့နှင့်အတူစားပါသည်တကား ဟု ကဲ့ရဲ့အပြစ်တင်ကြ၏” (လုကာ ၁၅း၁၊၂)။
အသင်းထောက်တစ်ဦးသည် ကားတစ်စီးဖြင့်လူငယ်တစ်စုကို လစဉ် ကျင်းပသောဝတ်ဩပကိုးကွယ်ခြင်းအတွက် ဘိုးဘွားရိပ်သာတစ်ခုကိုခေါ်သွား ခဲ့သည်။ ပထမအပတ်တွင် လူငယ်များကိုခေါ်သွားချိန်၌ ဘီးတပ်ကုလားထိုင် တွင်ထိုင်သောအဘိုးအိုသည် အသင်းထောက်၏လက်ကို အစီအစဉ်တစ်လျှောက် လုံးဆုပ်ကိုင်ထားသည်။ ဤအခြင်းအရာမှာ လစဉ်ဝတ်ပြုချိန်၌ဖြစ်နေကျဖြစ်သည်။ တစ်ချိန်တွင် လူငယ်များပြန်လာသောအခါ ဘီးကုလားထိုင်နှင့် အဘိုးကိုမတွေ့ရတော့ပါ။ အလုပ်သမားတစ်ဦးက ထိုသူသည်တစ်ညပင် အသက်ရှင်နိုင်တော့မည်မဟုတ်ကြောင်းပြောပြပါသည်။ အသင်းထောက်သည် ထိုအဘိုး၏အခန်းထဲသို့ဝင်သွားချိန်တွင် ထိုသူသည် သတိကင်းမဲ့လျက် လဲလျောင်းနေသည်။ အဘိုးအို၏လက်ကိုယူ၍၊ ဘုရားသခင်ကထာဝရအသက် ပေးပါရန်ဆုတောင်းပေးခဲ့သည်။ သတိမေ့နေဟန်ရှိသောထိုအဘိုးသည် အသင်းထောက်၏လက်ကို ကျစ်ကျစ်ဆွဲညစ်ခဲ့သည်။ ထိုအခါအသင်းထောက သည် သူ၏ဆုတောင်းသံကို ဘုရားသခင်ကနားညောင်းကြောင်းကို သိလိုက် ရသည်။ မျက်ရည်အပြည့်ဖြင့် အခန်းထဲမှအထွက်တွင်ခလုတ်တိုက်ပြီး၊ အမျိုးသမီးတစ်ဦးကိုတိုးမိခဲ့သည်။ ထိုအမျိုးသမီးက “ကျွန်မကသူ့ရဲ့သမီးပါ။ သူကခင်ဗျားကိုစောင့်မျှော်နေခဲ့တယ်။ ဒါနဲ့ကျွန်မအဖေက “ယေရှုဟာတစ်လ တစ်ကြိမ်ကြွလာပြီး ငါ့လက်ကိုဆွဲကိုင်တယ်။ ယေရှုရဲ့လက်ကိုနောက်တစ်ခါ ဆွဲကုင်ခွင့်မရမချင်းငါမသေချင်သေးဘူး” ဟုပြောဆိုကြောင်းကိုပြောပါ သည်။ (The Least of These; ဆိုတဲ့ Video 2004 ခုနှစ် က ထဲက ကောက်နုတ်ထားသည်။ ခွင့်ပြုထားသော။)..
ခရစ်ယာန်ဘာသာသည် တစ်စုံတစ်ဦးအတွက် “ယေရှု” ဖြစ်ခြင်း ဖြစ်သည်။ နောက်ပိုင်းဆက်လာမည့်သင်ခန်းစာများသည် ယေရှု၏သာသနာ ပြုနည်းများနှင့် ကိုယ်တော်၏သာသနာကို သူ၏အသင်းတော်ကမည်ကဲ့သို့ အသက်တာဖြင့်ပြသနိုင်သည်ကို အာရံပြုလေ့လာကြမည်။
ခရစ်တော်၏နည်းလမ်းသာ။
အယ်လင်ဂျီဝှိုက်သည် လူတို့ထံရောက်ရှိရန်နှင့်ကယ်တင်ခြင်းယူဆောင် ရန်အတွက် ယေရှုဩပလုပ်ခဲ့သည့်အရာကို အောက်ပါအတိုင်းအကျဉ်းချုံးထား ပါသည်။ (မဿဲ ၉း၃၅၊၃၆ ကိုလည်းဖတ်ပါ။)
“လူများထံသို့ရောက်ရှိရန် ခရစ်တော်၏နည်းလမ်းကသာလျှင် စစ်မှန်သောအောင်မြင်ခြင်းကိုပေးပါလိမ့်မည်။ ကယ်တင်ရှင်သည် သူတို့၏ ကောင်းကျိုးအတွက် စိတ်ဆန္ဒရှိသူတစ်ဦးကဲ့သို့ လူတို့နှင့်ရောနှောနေခဲ့သည်။ ကိုယ်တော်သည် သူတို့ကိုကြင်နာသနားခြင်းကိုပြသတော်မူ၍၊ သူတို့၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးပြီးနောက် သူတို့၏ယုံကြည်စိတ်ချမှုကို ရယူနိုင်ခဲ့သည်။ ထိုနောက် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု တောင်းဆိုခဲ့သည်” (Ministry of Healing, p. 143).
ဤစာပိုဒ်ကိုခွဲခြမ်းလေ့လာကြပါစို့။
၁။ ယေရှုသည် သူတို့၏ကောင်းကျိုးအတွက် စိတ်ဆန်္ဒရှိသူတစ်ဦး ကဲ့သို့ လူတို့နှင့်ရောနှောနေခဲ့သည်။ (ကိုယ်တော်သည် လူမှုကွန်ယက်ကိုဖြန့်ကြက်ခဲ့သည်။)
၂။ ယေရှုသည် လူတို့အားကြင်နာသနားခဲ့သည်။ (ကိုယ်တော်သည် ရင်းနှီးမှုကိုတည်ဆောက်ခဲ့သည်။)
၃။ ယေရှုသည် သူတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့သည်။ (ဤအရာ၌လည်းရင်းနှီးမှုကိုရယူခဲ့သည်။)
၎။ ကိုယ်တော်သည် ပထမ၊ ဒုတိယနှင့်တတိယအချက်တို့ကို ပေါင်းစပ်လိုက်သောအခါ လူတို့၏ယုံကြည်စိတ်ချမှုကို ရယူ နိုင်ခဲ့ပါသည်။
၅။ ထိုနောက် ကိုယ်တော်က (တပည့်များဖြစ်လာစေရန်) “ငါ့နောက် သို့လိုက်လော့” ဟုတောင်းဆိုခဲ့ပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့တွေ့ရသောအရာမှာ ဧ၀ံဂေလိတရားဟော ရန် ပြည့်စုံသောစံနမူနာဖြစ်သည်။ ဤသာသနာပြုနည်းသည် ဧ၀ံဂေလိကို သာ၍ပြည့်စုံစွာဟောကြားရာတွင် ကျွန်ုပ်တို့အားလမ်းပြပေးပါလိမ့်မည်။ ယေရှုသည် သူ့နောက်တော်သို့လိုက်ရန် ဖိတ်ခေါ်တော်မူရာတွင် (တောလည် ၅) လူမှုရေးကမ်္ဘာများကိုမခွဲခြားမှု (တောလည် ၁-၄) မရှိသကဲ့သို့ ကျွန်ုပ် တို့လည်းခွဲခြားခြင်းဩပလုပ်ရမည်မဟုတ်ချေ။ လုပ်ငန်းအဆင့်ဆင့်များအားလုံး အတူတကွလုပ်ဆောင်ခြင်းဖြင့် “စစ်မှန်သောအောင်မြင်ခြင်း” ကိုပေးပါလိမ့်မည်။ ဤသင်ခန်းစာသည် ယေရှု၏သာသနာဩပနည်းပထမအဆင့်ကို အာရုံစိုက်လိမ့်မည်ဖြစ်သည်။ ကျန်သည့်အဆင့်များကို သင်ခန်းစာ ၇-၁၁ တွင်လေ့လာကြပါမည်။
အောက်ပါကျမ်းချက်များသည် သားတော်ဘုရားက ကျွန်ုပ်တို့နှင့် အတူရောနှောနေခြင်းအကြောင်းကို မည်ကဲ့သို့ဖော်ပြပါသနည်း။ မဿဲ ၁း၂၂၊၂၃။ ယောဟန် ၁း၁၄။
ကျွန်ုပ်တို့အားလုံးသည် အပြစ်ကြောင့်ပြင်းထန်စွာနာကျင်ပြီး ပျက်စီး နေရပါသည်။ သို့ရာတွင် အပြစ်ကြောင့်ဤလောကတွင် မှားယွင်းခဲ့ပြီးသော အရာအားလုံးကို ယေရှု၏ပြီးပြည့်စုံသည့်လူသားဘ၀ ခံယူခြင်းဖြင့် လူသားများကိုဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေခြင်းဖြင့် ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် လူတို့နှင့်ရောနှောလျက် ကိုယ်စိတ်နှလုံးသုံးပါးဖြင့် လူသားမျိုးနွယ်တစ်ခုလုံး၏ကောင်းကျိုးအတွက် စိတ်ဆန္ဒပြင်းပြပြီး လူ့အသိုက်အ၀န်းက “အဆိုးဆုံးသောသူ” ဟုယူဆသောသူတို့ကိုပင်လျှင် ပြုစုပေးခဲ့ ပါသည်။
အံ့ဖွယ်သမ္မာတရားတည်းဟူသောအရာခပ်သိမ်းကို ဖန်ဆင်းတော် မူသည့်ပုဂိ္ဂုလ် (ယောဟန် ၁း၃) ယေရှုသည် လူသားဘ၀ကိုခံယူလျက်၊ လူသားအနေဖြင့် အပြစ်ထဲကျရောက်သည့်လူသားများနှင့်ရောနှော၍ ပြုစု ခဲ့ပါသည်။ ဤမျှော်လင့်ချက်နှင့်ပြည့်စုံသောသမ္မာတရားသည် အခြားသူများ နှင့်ရောနှောပြုစုစောင့်ရှောက်ရာတွင် မည်သို့အကျိုးသက်ရောက်စေပါသနည်း။
ပျောက်သောအရာကိုတွေ့ပြီ။
ယေရှုသည် “ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူစားပါသည်” (လုကာ ၁၅း၂) ဟုဆိုသော ဖာရိရှဲများနှင့်ကျမ်းဩပဆရာတို့၏ကဲ့ရဲ့အပြစ်တင်ခြင်းကို တိုက်ရိုက်တုံ့ပြန်သောအားဖြင့် လုကာ ၁၅ တွင်ယေရှုသည် ပုံပမာ သုံးခုကိုမိန့်တော်မူခဲ့ပါသည်။
အောက်ပါကျမ်းချက်များကိုဖတ်၍၊ အပြစ်တင်ခြင်းများကို ယေရှု
၏ဖြေကြားချက်မှအနှစ်သာရကိုရေးချပါ။
လုကာ ၁၅း၃-၇ -------------------------------------------------------------------------------------------------------------------
လုကာ ၁၅း၈-၁၀ --------------------------------------------------------------------------------------------------------------
လုကာ ၁၅း၁၁-၂၄ -------------------------------------------------------------------------------------------------------------
ပုံပမာတစ်ခုချင်းစီသည် တစ်စုံတစ်ရာပျောက်ဆုံးခြင်းနှင့်အစဩပ၍၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို အလွန်စိတ်ဝင်စားကြောင်းပြသသည့် ပျော်ပွဲများနှင့်အဆုံးသတ် ထားသည်။
အသင်းအုပ်ဆရာတစ်ဦးသည် ဗျာဒိတ်တော်အသံသင်တန်းကို စိတ်ဝင်စားသောမိသားစုတစ်စုကိုသင်တန်းပေးပြီး တစ်ယောက်ကလွဲ၍ ကျန်မိသားစုအားလုံးသည် ကျမ်းစာသင်တန်းကိုစိတ်ဝင်စားကြကြောင်းကို သိရှိလာခဲ့သည်။ မိခင်၊ ဖခင်နှင့်သမီးငယ်တို့သည် ခရစ်တော်ကိုလက်ခံပြီး၊ တရားဟောဆရာကို အိမ်တွင်လက်ခံပြီးတက်ကြွနေကြပါသည်။ သားကြီးသည် ခရစ်ယာန်ဘာသာကိုဆန့်ကျင်ကာ၊ ၎င်းင်းနှင့်လုံးဝပတ်သက်ချင်စိတ် မရှိခဲ့ပါ။ အသင်းအုပ်ဆရာလည်ပတ်သည့်ညနေတိုင်း၊ အခန်းမှထွက်သွား၍ ကျမ်းစာသင်တန်းတွင် ပါဝင်ခြင်းမရှိခဲ့ပါ။ ရက်သတ္တခြောက်ပတ် စိတ်ပါ လက်ပါဖြင့် အကျိုးရှိရှိကျမ်းစာသင်ကြားပြီးနောက် လူငယ်ဓမ္မဆရာသည် ကျန်မိသားစုသုံးဦးကို နှစ်ခြင်းသင်တန်းတက်ရောက်ရန် စတင်ဖိတ်ခေါ်ခဲ့ပါ သည်။ သူတို့သည် ဆုံးဖြတ်ချက်မချမီ လအနည်းငယ်ခန့်စောင့်ဆိုင်းရန် အကြောင်းပြချက်များကိုယ်စီတင်ပြလာကြသည်။ မမျှော်လင့်ဘဲ ထိုလူငယ်သည် ကျမ်းစာသင်တန်းပေးသောထမင်းစားခန်းထဲသို့ဝင်လာပြီး၊ နှစ်ခြင်းခံ လိုကြောင်းပြောခဲ့ပါသည်။ ပထမသင်ခန်းစာအပြီးတွင် အဟောင်းဆိုင်မှ ၀ယ်ခဲ့သောကျမ်းစာအုပ်ဖြင့် သူ့အခန်းထဲတွင်ထိုင်လျက် သင်တန်းကာလ တစ်လျှောက် သူလည်းလေ့လာနေခဲ့ပြီး၊ သူ၏ယုံကြည်ခြင်းကို လူထုရှေ့တွင်ဝန်ခံရန် ဆန်္ဒပြင်းပြနေပါသည်။ နောက်နှစ်ပတ်အကြာတွင်ရေ နှစ်ခြင်း ခံယူခဲ့ပြီး၊ နောက်တစ်လအကြာတွင် ကျန်မိသားစုဝင်များလည်း နှစ်ခြင်း ခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဤပုံပမာထဲကဖြစ်ရပ်ကိုစဉ်းစားရင်း၊ ဤ ဆုံးဖြတ်ချက်များအပေါ် ကောင်းကင်၌၀မ်းမြောက်ခြင်းရှိမည်ကို တွေ့မြင်နိုင်ပါသည်။
ယေရှုသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရေတွင်းမှရှမာရိအမျိုးသမီး၊ ရောမစစ်ဗိုလ်၊ ကိုယ်တော်၏ခြေတော်ပေါ်တွင် တစ်နှစ်လုပ်အားခတန်သော ရေမွှေးကို သွန်းလောင်းခဲ့သည့် “အပြစ်များသော” အမျိုးသမီးနှင့်မိမိကိုယ် ကိုအလွန်သန့်ရှင်းသည်ဟု ယူဆသောသူများက “မထိုက်တန်” ဟုခေါ်ဆိုသည့် မြောက်မြားစွာသောမှတ်တမ်းမ၀င်သည့်လူတစ်ဦးချင်းစီတို့နှင့် ပေါင်းသင်းဆက်ဆံခဲ့သည်။
သင်၏အသင်းတော်နှင့်မကိုက်ညီသည့်ပုံပေါ်သော လူတစ်ယောက် ထံသို့ သက်သေခံရန်ရှောင်ခွာဖူးပါသလား။ ထို “အပြစ်သားများ” အားပွေ့ဖက်ရန် လုံလောက်သည့်ကရုဏာကို သင်နှင့်သင့်အသင်းတော်သည်မည်သို့ရှာဖွေတွေ့ရှိနိုင်မည်နည်း။
အပြစ်သားများနှင့်စားသောက်ခြင်း။
မဿဲ ၉း၁၀-၁၃ ကိုဖတ်ပါ။ သူ့အားဝေဖန်သူများကို ယေရှု၏ တုံ့ပြန်ချက်မှ မည်သည့်အရေးပါသောသတင်းစကားကို ကျွန်ုပ်တို့တစ်ဦး ချင်းအနေဖြင့် ဆွဲယူနိုင်ပါမည်နည်း။ (ဟောရှေ ၆း၆ ကိုဖတ်ပါ။) ထိုအချိန်မှယဉ်ကျေးမှုက “မနှစ်ဩမိ့ဖွယ်” ဟု မှတ်ယူသောသူတို့ နှင့်မိတ်သဟာယဖွဲ့၍ သူတို့နှင့်စားသောစားပွဲတွင် ယေရှုသည်လျောင်းတော် မူခဲ့သည်။
မည်သို့သောလူစားမျိုးကို သင်၏ယဉ်ကျေးမှုက “မနှစ်ဩမိ့ဖွယ်” ဟု မှတ်ယူပါသနည်း။
စက်ဆုပ်ဖွယ်သောလူတို့နှင့် ယေရှု၏ရောနှောခြင်းသည် သင့်လျော် သလောဟု ဖာရိရှဲတို့၏ကြားဖြတ်မေးမြန်းခြင်းကို ယေရှုသည် ယဇ်ပူဇော်ခြင်းနှင့် ကရုဏာတရား၏အဓိပ်္ပါယ်တို့ကို ခွဲခွဲခြားခြားလေ့လာရန်စိန်ခေါ်ခဲ့ပါသည်။ “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုငါနှစ်သက်၏ဟူသောကျမ်းစကားကိုနားလည်ခြင်းငှာ သင်တို့သွား၍သင် ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏” (မဿဲ ၉း၁၃)။ ယေရှုသည် ဘာသာရေးခေါင်းဆောင်များအား သူတို့ ယုံကြည်ခြင်း၏အရေးကြီးသောအမှန်တရားတစ်ခုကို လေ့လာရန်ပြောဆိုခြင်းမှာ မည်မျှဝမ်းနည်းဖွယ်ဖြစ်ပါသနည်း။
ဤနေရာတွင် ဓမ္မဟောင်းအချိန်ကဖြစ်ပေါ်ခဲ့သောပြဿနာမျိုးကိုတစ်ဖန်မြင်တွေ့နိုင်သည်။ ၎င်းမှာ သူတစ်ပါးအားမည်သို့ဆက်ဆံရမည်ဟူ သောမေးခွန်းထက် ဘာသာရေးလုပ်ရိုးလုပ်စဉ်များနှင့်အခမ်းအနားများသည် သာ၍အရေးကြီးသည်ဟု လူတို့၏စိတ်ထဲတွင်ထင်မှတ်ခဲ့ကြသည်။ ကိုယ်တော်သည် ဓမ္မဟောင်းကျမ်းအား (ဟောရှေ ၆း၆) သူ၏ဆိုလိုရင်းကိုထောက်ပြ ရန်ကိုးကားသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။
“မဿဲ၏ထမင်းစားပွဲတွင် ခရစ်တော်သွန်သင်ဆုံးမခဲ့သော ဖာရိရှဲ များကဲ့သို့ပင် ထောင်ပေါင်းများစွာသောလူသားများသည် ထိုအမှားများကို လုပ်ဆောင်လျက်ရှိကြပါသည်။ အချို့သောမနှစ်သက်မြတ်နိုးဖွယ်အတွေး အခေါ်များနှင့် မှားယွင်းသောအယူအဆများကိုစွန့်ပစ်မည့်အစား၊ အဖဘုရား ၏အလင်းတော်မှဆင်းလာသောသမ်္မာတရားကို များစွာသောသူတို့သည် စွန့်ပယ်နေခဲ့ကြပါသည်။ သူတို့သည် မိမိကိုယ်ကိုအားကိုး၍ မိမိ၏ကိုယ်ပိုင် ဥာဏ်ကိုသာမှီခိုခဲ့ကြပြီး၊ မိမိတို့၏၀ိညာဉ်ရေးဆင်းရဲမွဲတေခြင်းကိုမူ မသိမြင်ခဲ့ကြချေ။.......ကိုယ့်ကိုကိုယ်ဖြောင့်မတ်စေလိုသောစိတ်ထား၏လှုံ့ဆော်မှုကြောင့် လုပ်ဆောင်သောဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းများသည် ထာဝရဘုရား၏ ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တော်မူ၏” (DA, p. 280).
မိမိနှစ်သက်သောစံနှုန်းကိုအသုံးဩပခြင်းဖြင့် သူတစ်ပါး၏အပြုအမူကိုဝေဖန်ရန်လွယ်ကူလှသည်။ မိမိကိုယ်ကိုနှိမ့်ချစွာဘေးထိုင်နေရန် သင်ယူရမည်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က ကရုဏာတရား၏အနက်ကိုပြန်ပေးရန် ခွင့်ပြုပေးရပါမည်။
ဆာလံ ၅၁း၁၇ သည် ကျွန်ုပ်တို့အားလုံးကို မည်သည့်အရာပြော နေပါသနည်း။ မိမိကိုယ်ကိုအပြစ်သားဖြစ်ကြောင်းကိုသိရှိခြင်းက ဤကျမ်းချက်၏အဓိပ္ပါယ်ကို မည်သို့သိရှိနားလည်စေပါသနည်း။
ပါးပါးနပ်နပ်ရောနှောခြင်း။
တရားဟောဆရာတစ်ဦးက လူတစ်စုအား “မြော်လင့်ခြင်းအသင်းသား” မဟုတ်သောသူငယ်ချင်းမည်မျှရှိသနည်းဟုမေးခဲ့သည်။ အခန်းနောက် ဘက်မှလူတစ်ဦးသည် မတ်တတ်ရပ်လျက်ဝံ့ကြွားစွာဖြင့် “တစ်ယောက်မျှ မရှိတာကိုဂုဏ်ယူပါတယ”” ဟုကြွေးကြော်ခဲ့သည်။ ထိုသူသည် ကောင်းသော အရာကိုပြောဆိုခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့ရာတွင် သူ၏စကားက သူသည် ဤလောကအတွက် မည်ကဲ့သို့သောအလင်းမျိုးဖြစ်သည်ကို ဖော်ပြနေပါသည်။
ကျွန်ုပ်တို့မြင်ခဲ့ပြီးသည့်အတိုင်း၊ မဿဲ ၅း၁၃ က ကျွန်ုပ်တို့သည် ဤလောက၏ဆားဖြစ်ကြောင်းကိုဖော်ပြပါသော်လည်း၊ ဤဆားသည် အငန်း ဓာတ်ပျောက်ဆုံးနိုင်ပါသည်။ ဇိဒုန်ဩမိ့မှကုန်သည်တစ်ဦးသည် ဆားအမြောက် အမြားကို မြေကြီးအခင်းနှင့်တဲများတွင် သိုလှောင်ခဲ့သည်။ ဆားသည် မြေကြီး နှင့်တိုက်ရိုက်ထိတွေ့နေသောကြောင့် အငန်ဓာတ်ပျောက်ဆုံးသွားခဲ့ပါသည်။ ဤဆားကိုထုတ်ပစ်၍လမ်းခင်းခဲ့သည်။ ထိုနည်းတူ ဤလောကနှင့်ဆက်ဆံ ရာတွင် သတိကြီးစွာထားရမည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အရသာကို ဤလောက မှလုယူရန် ခွင့်ဩပနေပါသလား။ ကျွန်ုပ်တို့၏စံနှုန်းများသည် ဤလောက၏ စံထားများနှင့်အတူတူပင်ဖြစ်နေပါသလား။
ဤလောကနှင့်မည်သို့မရောနှောရမည်ကို ဤအဖြစ်အပျက်များမှ မည်သို့သင်ယူနိုင်ပါမည်နည်း။ ကမ်္ဘာ ၁၃း၅-၁၃။ ၁၉း၁၂-၂၆။ တောလည် ၂၅း၁-၃။ ၁ယော ၂း၁၆။
ဤကျမ်းချက်နမူနာများသည် ၁ယောဟန် ၂း၁၆ မှလောကီစံနှုန်း များဖြင့် အသက်ရှင်သောသူတို့နှင့်ရောနှောရာတွင် သတိရှိရန်လိုအပ်ကြောင်း ပုံဖော်ထားပါသည်။ ကျွန်ုပ်တို့သည် သတိထားရန်မလိုအပ် (သို့မဟုတ်) ဤလောက၏ကျရှုံးသောအခြေခံစည်းမျဉ်းများ၏ဖမ်းချုပ်ခြင်းအန်္တရာယ်မရှိဟူ၍ယူဆခြင်းသည် မိမိကိုယ်ကိုအရူးလုပ်ခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် သူတို့၏နည်းလမ်းများက အဆိုးဘက်မှလွှမ်းမိုးခြင်းမရှိစေရန်အတွက် သူတို့ကိုရှောင်ဖယ်နေခဲ့လျှင် သူတစ်ပါးအတွက် မည်သို့ကောင်းနိုင်ပါတော့မည်နည်း။
ဤအမြော်အမြင်ရှိပြီး ဘက်မျှသည့်အကြံအဥာဏ်ကိုမှတ်ယူပါ။ “မိမိကိုယ်ကိုခရစ်ယာန်များဟုဝန်ခံသောသူတို့သည် မပြောင်းလဲသောသူတို့နှင့် ပေါင်းသင်း ရန်ငြင်းဆန်ကြပြီး သူတို့နှင့်အဆက်အသွယ်မပြုမိစေရန် နည်းလမ်းရှာကြံရပါမည်လော။ ထိုသို့မဩပလုပ်ရပါ။ သူတို့သည် ထိုသူတို့ နှင့်အတူရှိနေရမည်။ ဤလောက၌နေထိုင်သော်လည်း လောကီသားများ ကဲ့သို့မဟုတ်၊ သူတို့၏နည်းလမ်းများကိုမဆောင်ရွက်၊ သူတို့၏လွှမ်းမိုးမှုကိုမခံယူ၊ သူတို့၏ထုံးတမ်းများနှင့်အကျင့်များအတွက် စိတ်နှလုံးတံခါးကို မဖွင့်ပေးဘဲနေရပါမည်။ သူတို့နှင့်ပေါင်းသင်းခြင်းသည် အခြားသူတို့အား ခရစ်တော်ထံသို့ဆွဲယူရန် ဟူသောရည်ရွယ်ချက်ကြောင့်ဖြစ်သည်” (Selected Messages, book 3, p. 231).
သင်သည် မြော်လင့်ခြင်းအသင်းသားမဟုတ်သောသူငယ်ချင်းမည်မျှ ရှိသနည်း။ သူတို့နှင့်မည်ကဲ့သို့သောဆက်ဆံမှုမျိုးရှိသနည်း။ မည်သူက သာ၍လွှမ်းမိုးမှုရှိသနည်း။
ကောက်ကျစ်သောမျိုးဆက်အလယ်တွင်။
ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အားပေးသောအရာကို ဤလောက သည် အမှန်လိုအပ်နေပါသည်။ ကျွန်ုပ်တို့အထဲ၌ အလွန်အရေးကြီးသောအရာ ဘာမျှမရှိချေ။ ခရစ်တော်ထံမှရရှိသော သီလ၊ သမာဓိသာလျှင် သူတစ်ပါးထံသို့ရောက်ရှိရန် တွန်းအားပေးသောအရာဖြစ်သည်။ တိတိကျကျ
ပြောရလျှင် ကျွန်ုပ်တို့ကိုမြောက်မြားစွာပေးခဲ့ပြီးဖြစ်သောကြောင့် မရှိသေးသောသူတို့ထံသို့ရောက်ရှိရန် ခေါ်တော်မူခြင်းခံရပါသည်။ (မဿဲ ၁၀း၈)။
ဖိလိပ်္ပိ ၂း၁၃-၁၅ ကိုဖတ်ပါ။ ဤကျမ်းချက်က မည်သည့်အရာ ကိုဖော်ပြသနည်း။ မိမိတို့ကိုယ်တိုင်အပြစ်ထဲသို့မကျရောက်ဘဲ သူတစ်ပါး ထံသို့ရောက်ရှိရန် ကျွန်ုပ်တို့အားခေါ်တော်မူခြင်းနှင့် မည်သို့အံဝင်ခွင်ကျ ဖြစ်သနည်း။
ဤလောကမှမိမိကိုယ်ကိုကာကွယ်ရန် အထူးရှာကြံရာတွင် ကျွန်ုပ်တို့သတိထားရပါမည်။ ထိုသို့ဩပလုပ်ခြင်းဖြင့် ၎င်းင်းအထဲမှဝိညာဉ်များနှင့် ဘယ်သောအခါမျှ ကျွန်ုပ်တို့သည် ထိတွေ့နိုင်ကြမည်မဟုတ်ချေ။ မိမိတို့ဝိညာဉ်ရေး နှင့်ဘာသာရေးသက်သောင့်သက်သာရှိခြင်း၊ ၀ိညာဉ်ရေးဆိုင်ရာမသိဘာသာ နေတတ်သူဖြစ်လာရန် အလွန်လွယ်ကူလှသည်။ ထိုသို့ဘာသိဘာသာနေခြင်းသည် မိမိကိုယ်ကျိုးဘာသာရေးအဖြစ်သို့ပြောင်းသွားနိုင်သည်။ ဥပမာ၊အသင်းတော်များသည် သေအံ့ဆဲလောကထဲသို့ရောက်ရှိရန်ထက် ၀တ် ပြုသည့်ပုံစံ (သို့မဟုတ်) ယုံကြည်ချက်၌ငြင်းခုံခြင်းဖြင့် အင်အားကိုအကြိမ် မည်မျှအသုံးဩပနေကြသနည်း။
Robert Linthicum က သူ၏စာအုပ် Empowering the Poor, (pp. 21-30) တွင် အသင်းတော်သုံးမျိုးကိုဖော်ပြထားသည်။ (၁) မြိ့ (ရပ်ကွက်) ထဲ၌ရှိသောအသင်းတော်။ ဤအသင်းတော်သည် ရပ်ကွက်ရှိလူများနှင့်မထိတွေ့ သလောက်နီးပါးရှိသည်။ အသင်းတော်၏အဓိကဦးတည်ချက်မှာ အသင်း သားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ (၂) မြိ့ (ရပ်ကွက်) ထံသို့အသင်းတော်။ ဤအသင်းတော်သည် ရပ်ရေးရွာရေးတွင် ပါဝင်ရမည်ကို သိရှိထားသည်။ ၎င်းင်းအလုပ်အကျွေးဩပသည့်ရပ်ကွက်၏လိုအပ် ချက်များကို ရပ်ကွက်လူထုနှင့်တိုင်ပင်မှုမရှိဘဲ၊ လိုအပ်ချက်များကို အဝေးမှခန့်မှန်းသည်။ ထိုနောက် ရပ်ကွက်လူတို့ထံသို့ အစီအစဉ်များကိုတင်ပြ သည်။ ၎င်းင်း၏သာသနာလုပ်ငန်းသည် ရပ်ကွက်၏လိုအပ်ချက်များနှင့်လွဲရန်အလားအလာများစွာရှိသည်။ (၃) မြိ့ (ရပ်ကွက်) နှင့်အတူအသင်းတော်။ဤအသင်းတော်သည် ၎င်းင်းအလုပ်အကျွေးဩပသောသူတို့ကို သိရှိနားလည်ရန် ကိုယ်ရေးအချက်အလက်များကိုလေ့လာသည်။ ၎င်းင်းအသင်းသားများသည် ရပ်ကွက်လူကြီးနှင့်သော်လည်းကောင်း၊ နယ်ခံများနှင့်သော်လည်းကောင်း ပေါင်းသင်းဆက်ဆံပြီး သူတို့၏လိုအပ်ချက်အမှန်ကို မေးမြန်းကြသည်။ သူတို့၏ရပ်ကွက်အတွက်ဝန်ဆောင်ပေးမှုသည် ဆီလျော်အပ်စပ်မှုနှင့် ကောင်းစွာလက်ခံနိုင်ချေသာ၍ရှိသည်။ အကြောင်းမှာ ရပ်ကွက်သားများသည် လိုအပ်သည်များကိုအသိပေးပြီးဖြစ်ကာ လုပ်ငန်းစဉ်ကိုယုံကြည်စိတ်ချသည်။ ဤအသင်းတော်သည် သူတို့လိုချင်သည့်ရပ်ကွက်မျိုးဖန်တီးရန် ဆုံးဖြတ်ချက် ချရာ၌ ရပ်ကွက်နှင့်အတူပါဝင်ရုန်းကန်ပြီး ထိုပန်းတိုင်သို့ချီတက်ရာတွင် ရပ်ကွက်လူထုနှင့်အတူလက်တွဲလုပ်ဆောင်သည်။ ဤကဲ့သို့သောအသင်းတော် သည် ရပ်ကွက်အဖွဲ့အစည်းများတွင်ပါဝင်ပြီး လိုအပ်လာပါက လစ်လပ်သည့် နေရာများတွင် တာဝန်ယူကူညီနိုင်ပါသည်။ အပြန်အလှန်ပိုင်ဆိုင်မှုရှိပြီး လိုအပ်ချက်အမှန်ကိုဖြည့်ဆည်းရန် ပူးပေါင်းလုပ်ဆောင်ကြပါသည်။
ထပ်ဆင့်လေ့လာရန်။
အသင်းတော်၏သာသနာလုပ်ငန်းသည် ၎င်းင်းအတွက်သာမဟုတ်ဘဲ ကမ္ဘာကြီးအတွက်ဖြစ်သည်။ အသင်းတော်သည် သူတစ်ပါးအားဝန်ဆောင်မှုပေးရန် ဖွဲ့စည်းခြင်းဖြစ်သည်။ အခြားယုံကြည်သူတစ်စု၏အသင်းတော်တစ်ပါးသည် ကားများဝင်ထွက်ရာလမ်းအဆုံး၊ ဘုရားကျောင်း၏အရှေ့ဘက်ရှိ၊ ရပ်ကွက်ထဲသို့သွားသောကားလမ်းအ၀င်ဝတွင် ဆိုင်းဘုတ်တစ်ခုတပ်ထားသည်။ ထိုဆိုင်းဘုတ်တွင် “အစေခံ၏၀င်ပေါက်” ဟုရေးသားထားသည်။ ၎င်း စာသားသည် အဓိပ္ပါယ်များစွာရှိသည်မဟုတ်ပါလော။
“တစ်စုံတစ်ဦးသည် ပျောက်ဆုံးသောသူတို့နှင့်အတူတကွအချိန် အသုံးမဩပခဲ့လျှင်၊ ရင်းနှီးမှုမရနိုင်ပါ။” ယေရှုသည် လူတို့နှင့်မဟာရောနှော သူဖြစ်၍ ယနေ့ဘုရားသခင်၏အသင်းတော်သည်လည်း ထိုသို့ဖြစ်ရမည်ဟု အယ်လင်ဂျီဝှိုက်ကဖော်ပြထားသည်။ အသင်းသားများသည် ဆားဖြစ်ကြကာ၊ ရပ်ကွက်လူထုထဲသို့စိမ့်ဝင်ရမည်ဖြစ်သည်။
“တောထဲတွင်အိပ်နေပြီး တောယုန်များကိုသာသနာဩပရန် ခေါ်တော် မူခြင်းမရှိပါ။ မနှစ်လိုဖွယ်သောသူများ၊ ဆင်းရဲသားများ၊ ပျောက်ဆုံးသူများနှင့်ယေရှုကဲ့သို့ရောနှောရန် ထာဝရဘုရား၏ပုရောဖက်အားဖြင့် အံ့သြဖွယ် ခေါ်ဖိတ်ခြင်းရှိနေပါသည်။ ယေရှုသည် အပြစ်သားများနှင့်မိတ်ဆွေဖွဲ့ခဲ့သည်။ ကိုယ်တော်သည် သူတို့၏ပါတီပွဲများကိုတက်ရောက်ခဲ့ပြီး၊ သူတို့ရှိသည့် အရပ်၌ သူတို့နှင့်တွေ့ဆုံခဲ့သည်။ ယေရှုသည် သူ၏ယုံကြည်ခြင်းကို မည်သည့် အခါမျှအထိအခိုက်မခံခဲ့ချေ။ သို့ရာတွင် ကိုယ်တော်သည် အပြစ်သားများ ရှိသည့်နေရာတွင် သွားလာခြင်းကိုနှစ်သက်ခဲ့ပါသည်။ ယေရှု၏ဘေးပတ်လည်တွင် သက်သောင့်သက်သာအရှိဆုံးသောသူများမှာ အပြစ်သားများဖြစ်နေစဉ်၊ သက်သောင့်သက်သာမရှိဆုံးသောသူများမှာ သန့်ရှင်းသူများဟုခေါ်သည့်သူ များဖြစ်ကြသည်။ သို့သော် ယေရှုသည် ဤအရာကိုဂရုမစိုက်ချေ။ အကြောင်းမှာ ကိုယ်တော်၌ဦးစားပေးရမည့်အရာများရှိနေသည်။ ကိုယ်တော်သည် အပြစ်သားများကိုကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ ၎င်းင်းမှာ ကိုယ်တော်၏ အထူးတာဝန်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သန့်ရှင်းသူတချို့ကိုစိတ်ပျက်စေမည် ဖြစ်သော်လည်း၊ ၎င်းင်းသည် ကျွန်ုပ်တို့၏အထူးတာဝန်ဖြစ်စေသင့်သည်။
“မြော်လင့်ခြင်းအသင်းသားများသည် ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ အချိန်ကြာမြင့်စွာနေထိုင်လာခဲ့ကြသည်။ ထိုသို့သောအချိန်အခါ သည် ဆုံးခန်းတိုင်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ခြင်း၌အချိန် ကြာကြာအသက်မရှင်နိုင်၊ မရှင်ရဲကြပြီ။ ယခုအချိန်သည် ရပ်ကွက်လူထုထဲသို့ တစ်ဦးချင်းဖြစ်စေ၊ အသင်းတော်အနေဖြင့်ဖြစ်စေ ၀င်ရမည့်အချိန်ပင် ဖြစ်သည်” (Russell Burrill, How to Grow an Adventist Church, p. 50).
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.