သင်ခန်းစာ (၅)
ရပ်ကွက်အကျိုးးပြုလုပ်ငန်းအပေါ်ယေရှုသဘောထား
ဇူလိုင် ၂၃ - ၂၉
ရပ်ကွက်အကျိုးးပြုလုပ်ငန်းအပေါ်ယေရှုသဘောထား
ဇူလိုင် ၂၃ - ၂၉
ဖတ်ရန်ကျမ်းချက်။ လုကာ ၄း၁၆-၁၉။ ၁၀း၂၅-၃၇။ မဿဲ ၅း၁၃။ ဟေရှာ ၂း၈။ ယောဟန် ၄း၃၅-၃၈။ မဿဲ ၁၃း၃-၉။
အလွတ်ကျမ်းချက်
“ယေရှုသှုသည် တရားဇရပ်တ်တို့၌ဆုံုးးမသြ၀ါဒပေးလျက၊်၊ နိုင်ငံတော် နှင့်ယှဉ်သောဧ၀ံဂေလိတိတရားကိုဟောလျက်၊ လူတူတို့တွင်အနာရောဂါမျိုးမျိုး တို့ကို ငြိမ်းစေလျက် ဂါလိလိလဲပြည်တစ်ပြည်လုံးကို ဒေသစာရီလှည့်လည် တော်မူ၏” (မဿဲ ၄း၂၃)။
သူ၏စွန့်စားခန်းဝတ္ထုဖြစ်သော ရတနာကျွန်း (Treasure Island) ကြောင့် လူသိများသောRobert Louis Stevenson သည် ကျောင်းမှန်မှန်မတက် နိုင်သည့် မကျန်းမာသောယောက်ျားလေးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူ့အား စာသင်ပေးရန်ဆရာတစ်ဦးနှင့် သူ၏ဝေယျာဝိစ်္စလုပ်ဆောင်ပေးရန် ကလေးထိန်းတစ်ဦးကို မိဘများကငှားပေးခဲ့သည်။ ညတစ်ညတွင် သူအိပ်ရာမ၀င်မီကလေးထိန်းသည်လာရောက်ကြည့်သောအခါ သူသည်အိပ်ရာထဲ၌ရှိမနေဘဲသူ၏လက်များနှင့်နှာခေါင်းသည် ပြတင်းပေါက်ကိုဖိနေသည်ကိုတွေ့မြင်ခဲ့သည်။ အအေးမမိမီအိပ်ရာဝင်ရန် ကလေးထိန်းကပြောပါသည်။
ရောဘတ်က သူမအား “ပြတင်းပေါက်ကိုလာခဲ့၊ ကျွန်တော်ကြည့်နေတဲ့အရာကိုလာကြည့်ကြည့်” ဟုပြောခဲ့သည်။
ကလေးထိန်းသည်လာ၍ကြည့်ခဲ့သည်။ လမ်းမပေါ်တွင်လမ်းမီးထွန်း သောသူသည် လမ်းမီးများထွန်းနေသည်ကိုတွေ့ရသည်။ ရောဘတ် က “ကြည့်၊ လူတစ်ယောက်က အမှောင်ထဲမှာအချွန်တစ်ခုနဲ့အပေါက်တွေဖောက်နေတယ်” ဟုပြောပြသည်။ (Margaret Davis, Fear Not! Is There Anything Too Hard for
God?, p. 332).
ကျွန်ုပ်တို့သည် ဓမ္မဟောင်းကျမ်းကလိုအပ်သူများအား ကူညီခြင်း နှင့်ပတ်သက်၍ မည်သည့်အရာပြောခဲ့သည်ကို အနည်းငယ်တွေ့ရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ယခုတွင် ဓမ္မသစ်ကျမ်း၏ပြောပြချက်ကို လေ့လာကြမည်ဖြစ်ပြီး၊ ယေရှုအကြောင်းနှင့်စတင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ယေရှု၏ထင်ရှားသောသွန်သင်မှုတစ်ခုမှာ ကျွန်ုပ်တို့သည် “ဤလောက၏အလင်း” (မဿဲ ၅း၁၄) ဖြစ်ရမည်ဟူသောအချက်ပင်ဖြစ်သည်။ အလင်းဖြစ်ခြင်းအားဖြင့် ဤလောက၏စစ်မှန်သောအလင်းဖြစ်တော်မူသော (ယောဟန် ၈း၁၂) ယေရှုကိုကျွန်ုပ်တို့ရောင်ပြန်ဟပ်ပါသည်။ သူကိုယ်တိုင် ဤလောကတွင်သာသနာဩပစဉ် စံနမူနာပြတော်မူသော ယေရှု၏သင်ကြားမှုများက ကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် အမှောင်ထဲတွင်မည်ကဲ့သို့အပေါက်ဖောက်နိုင်သည်ကို တန်ခိုးပါသောညွှန်ကြားချက်များဖြစ်သည်။
တနင်္ဂနွေ ဇူလိုင် ၂၄
ယေရှု၏ဦးတည်ချက်။
နာဇရက်ဩမိ့မှ လူငယ်ကျမ်းတတ်ဆရာယေရှုသည် ဂါလိလဲနယ် တစ်ဝိုက်တွင် အလွန်နာမည်ကြီးလာခဲ့သည် (လုကာ ၄း၁၅)။ သူသည်စကားပြောသောအခါ “ပရိသတ်အပေါင်းတို့သည် ဆုံးမသြ၀ါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းဩပဆရာများနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူဆုံးမသြ၀ါဒပေးတော်မူ၏” (မဿဲ ၇း၂၈၊၂၉)။ဥပုသ်နေ့တစ်နေ့တွင် ဟေရှာယကျမ်းကိုကမ်းပေးသောအခါ၊ ဟေရှာယ ၆၁၏ပထမအခန်းငယ်နှစ်ခုကိုဖတ်ကြားခဲ့ပြီး၊ “ဘုရားသခင်၏အပြစ်ပေးတော်မူရာနေ့ရက်ကာလ” (ဟေရှာ ၆၁း၂) ဟူသောစကားစုမလာမီ၊ အလျင်စာကြောင်းအလယ်တွင် တစ်ပိုင်းတစ်စဖြင့်ဆက်မဖတ်ဘဲရပ်နေခဲ့သည်။
လုကာ ၄း၁၆-၁၉ ကိုဖတ်ပါ။ ဤစကားကိုယခင်အချိန်တွင် မည်သည့်နေရာ၌ကျွန်ုပ်တို့ကြားဖူးပါသနည်း (ဟေရှာ ၆၁း၁၊၂)။ ထိုကျမ်းချက်များကိုဖတ်ကြားခြင်းဖြင့် မည်သည့်အရာကိုကြေညာပါသနည်း။
ကျွန်ုပ်တို့မြင်တွေ့ခဲ့ပြီးဖြစ်သကဲ့သို့ “ထာဝရဘုရား၏မင်္ဂလာနှစ်”သည် ဂျူဗလီနှစ် (၀တ် ၂၅ ကိုဖတ်ပါ) နှင့်အတူတူပင်ဖြစ်သည်။ ယခုနာဇရက်ဩမိ့သို့လည်ပတ်ချိန်တွင် ယေရှုသည် မေရှိယနှင့်ဆိုင်သောကျမ်းပိုဒ်ကိုကျမ်းစာမှကိုးကားပြီး၊ သူ၏တရားနာပရိသတ်များကို “ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်းပြည့်စုံလေပြီဟု မိန့်တော်မူ၏”(လုကာ ၄း၂၁)။ ဤတရားဟောချက်တွင် ကိုယ်တော်က မိမိသည်ဆင်းရဲ သားများအတွက်သတင်းကောင်း၊ အကျဉ်းသားများအတွက်လွတ်လပ်ခြင်း၊ မျက်ကန်းများအတွက်အမြင်အာရုံ၊ အချုပ်နှောင်ခံသူတို့အတွက်ဖြေလွှတ်ခြင်း ဖြစ်ကြောင်းကိုဖော်ပြပါသည်။ ဤလူစာရင်းသည် အထူးသဖြင့် လိုအပ်သူတို့အားသွန်သင်ခြင်း၊ အနာငြိမ်းစေခြင်းနှင့်အမှုထမ်းရွက်ခြင်းအပေါ်အာရုံဩပသော ခရစ်တော်၏သာသနာလုပ်ငန်းကို ကောင်းစွာဖော်ပြနေပါသည်။
ဟေရှာယ ၆၁း၂ ကိုဖတ်ရာတွင် အဆုံးအထိမဖတ်ဘဲ၊ စာကြောင်း အလယ်တွင်ယေရှုသည် အဘယ်ကြောင့်ရပ်ပစ်လိုက်သနည်း။
ယေရှုသည် “ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလ”ဟူသောအပိုင်းကို ဆက်၍မဖတ်ဘဲချန်ထားခဲ့ခြင်းမှာ မေရှိယသည်ကြွလာ၍ ဣသရေလလူမျိုးကိုဖိနှိပ်ချုပ်ချယ်သောသူတို့အား စစ်အားဖြင့်အောင်နိုင်၍ ဣသရေလတို့၏တန်ခိုးအောက်တွင်ထားရှိတော်မူသော စစ်အောင်ခြင်း အယူအဆနှင့် သူ၏သာသနာလုပ်ငန်းကို မဆက်စပ်လိုသောကြောင့်ဖြစ်ဟန်တူသည်။ ကံမကောင်းစွာဘဲ ဤမှားယွင်းသောအယူအဆသည် ကိုယ်တော်နှင့်သူ၏သာသနာကို လူအများကမြင်ခြင်းမှဖုံးကွယ်ထားပါသည်။ ထို့အစား၊ထိုအချိန်ကနိုင်ငံရေးအခြေအနေမည်ကဲ့သို့ပင်ရှိစေကာမူ ၎င်းင်းကိုအမှုမထားဘဲလိုအပ်သူများအားဩပလုပ်ပေးသည့်အရာကိုသာ အာရုံဩပနေခဲ့ပါသည်။
တနင်္လာ ဇူလိုင် ၂၅
အိမ်နီးချင်းကိုချစ်ခြင်း။
“သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ်္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” (လုကာ ၁၀း၂၇)။
လုကာ ၁၀း၂၅-၃၇ ကိုဖတ်ပါ။ လိုအပ်သူများအားကူညီခြင်းနှင့်သက်ဆိုင်၍ ဤကျမ်းချက်တွင် မည်သည့်သတင်းစကားပေးထားပါသနည်း။
ပညတ်တရားနားလည်တတ်ကျွမ်းသူက ပညတ်ချက်အားလုံးသည် ဘုရားသခင်ကို ကိုယ်စိတ်နှလုံးသုံးပါးဖြင့် ချစ်ခြင်းနှင့်အိမ်နီးချင်းအား မိမိကဲ့သို့ချစ်ခြင်းဖြစ်ကြောင်းကိုနားလည်သည်။ ဖြေရမည့်မေးခွန်းမှာ “အကျွန်ုပ်၏အိမ်နီးချင်းမှာအဘယ်သူနည်း” ဟူ၍ဖြစ်သည်။
ခရစ်တော်၏အချိန်တွင် မိမိတို့၏သက်ဆိုင်သောသူများကို မျက်နှာသာပေးကာ၊ အခြားလူများကိုအပြင်လူကဲ့သို့ အဆင့်လျှော့သတ်မှတ်သောအတွေးအခေါ်ကြီးစိုးခြင်းကိုရည်မှတ်၍၊ ဤဥပဒေတတ်ကျွမ်းသောသူသည်ထိုပြဿနာကိုယေရှုကရှင်းပြပေးရန်တောင်းဆိုခဲ့သည်။ ယေရှုပြောပြသောပုံပမာသည် လုံးဝခြားနားသောရှုထောင့်ကို ဖော်ပြပါသည်။ ကျွန်ုပ်တို့၏အိမ်နီးချင်းသည် ကျွန်ုပ်တို့တွေ့ဆုံသောအကူအညီလိုအပ်သည့်လူတစ်စုံတစ်ဦးဖြစ်ပါသည်။ အိမ်နီးချင်းဆိုသည်မှာ အိမ်နီးချင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်ဖြစ်သည်။ ယဇ်ပုရောဟိတ်နှင့်လေ၀ိသားတို့သည် မိမိကိုယ်ကိုညစ်ညူးစေခြင်းနှင့် သူတို့၏ဘုရားတရားဆိုင်ရာဝတ်္တရားများကိုညစ်ညမ်းခြင်းမှကာကွယ်ရန် သာ၍ဂရုစိုက်ခဲ့ကြသည်။ သူတို့အားမည်သည့်အခါမျှပြန်လည်ပေးဆပ်နိုင်မည့်ပုံမပေါ်သော လူတစ်ယောက်ကိုကူညီခြင်းဖြင့်သူတို့၏ဘာသာရေးကို အကြောင်းပြချက်အဖြစ် မည်မျှအဆင်ပြေစွာအသုံးချ
ခဲ့ပါသနည်း။
ထိုအရာနှင့်ဆန့်ကျင်၍ ရှမာရိအမျိုးသားတစ်ဦးသည် ထိုဒဏ်ရာအပြည့်နှင့် “အပြင်လူ” နှင့် “ရန်သူ” ကို သူ၏အိမ်နီးချင်းကဲ့သို့မှတ်ယူ၍၊ မိမိ၏လိုအပ်ချက်ကိုဘေးဖယ်၍၊ ထိုလူနာ၏လိုအပ်ချက်များကို ကြင်နာစွာဖြည့်ဆည်းပေးခဲ့သည်။ ဆိုလိုရင်းမှာ “ကျွန်ုပ်တို့အိမ်နီးချင်းသည်အဘယ်သူနည်း” ဟုမေးရမည့်အစား၊ “ဖိနပ်နင်းပြားခြင်းခံရသောသူတို့အတွက်မည်သူသည်အိမ်နီးချင်းဖြစ်မည်နည်း” ဟူသောမေးခွန်းကို သာ၍မေးမြန်းသင့်ပါသည်။ ထိုသူသည် မည်သူမည်ဝါဖြစ်သည်ဆိုသည်မှာ အရေးမကြီး
ပေ။ အကူအညီလိုအပ်သောသူသည် ကျွန်ုပ်တို့ကူညီရမည့်သူပင်ဖြစ်သည်။ “နိုင်ငံသား၊ လူမျိုး (သို့မဟုတ်) ဇာတ်နိမ့်ဇာတ်မြင့်ဟူသောခွဲခြားမှုများကို ဘုရားသခင်ကအသိအမှတ်မဩပပေ။ ကိုယ်တော်သည် လူသားအားလုံးကိုဖန်ဆင်းသောအရှင်ဖြစ်သည်။ လူအားလုံးသည် ဖန်ဆင်းခြင်း အားဖြင့် တစ်မိသားစုဖြစ်၍၊ ကယ်တင်ခြင်းအားဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ ခရစ်တော်သည် ပိုင်းခြားထားသောတံတိုင်းအားလုံးကိုဩဖိချကာ၊ လူတိုင်းသည် ဘုရားသခင်ထံတော်သို့ လွတ်လပ်စွာသွားရောက်နိုင်ရန်၊ ဗိမာန်တော်၏ကန့်လန့်ကာကိုဖွင့်ချပစ်ရန် ဆင်းကြွလာခဲ့သည်။ကိုယ်တော်၏ချစ်ခြင်းမေတ်္တာသည် အလွန်ကျယ်ပြန့်၊ နက်နဲ၊ ပြည့်စုံပြီး၊
နေရာတကာသို့ထိုးဖောက်နိုင်ပါသည်။ (COL, p. 386).
မည်သည့်ဩကိတင်ဆုံးဖြတ်ချက်များသည် သင့်အားအိမ်နီးချင်း ကောင်းတစ်ဦးဖြစ်လာစေရန် တားဆီးနေပါသနည်း။
အင်္ဂါ ဇူလိုင် ၂၆
ရောစပ်ညွှန်းအပြည့်အစုံ။
“သင်တို့သည်ဤလောက၏ဆားဖြစ်ကြ၏” (မဿဲ ၅း၁၃)။ ဤကျမ်းချက်တွင်ယေရှုက သူ၏နောက်လိုက်များအား ပြောင်းလဲ စေသော “ဆား” ဟုခေါ်ဆိုထားသည်။ အသင်းတော်သည် “လောက၏ဆား” ထည့်ထားသည့် “ဆားဘူး” ဖြစ်ပါသည်။ မည်သည့်အရာ (သို့မဟုတ်)မည်သူနှင့်ဤဆားကိုရောနှောရမည်နည်း။ မိမိတို့အချင်းချင်းရောမွှေရမည်
လော၊ (သို့မဟုတ်) အခြားသူများနှင့်ရောနှောရမည်လော။
အကယ်၍သင်သည် မုန့်ဒယ်တစ်ခုကိုဆားတစ်ခုတည်းသာဖြည့်ပြီး၊ အခြားမုန့်ဒယ်ကိုဆားခတ်ထားသောမုန့်ကိုထည့်သော် အထက်ပါမေးခွန်း၏အဖြေကို သာ၍နားလည်လာပါလိမ့်မည်။ ပထမဒယ်တွင်ပါဝင်သောရောစပ်ညွှန်းမှာ ဆားတစ်မျိုးသာဖြစ်သည်။ အရသာရှိမည်မဟုတ်ဘဲ စား၍ပင်ရမည်မဟုတ်ချေ။ ဒုတိယဒယ်တွင် ဆားသည်ရောစပ်ရန်အညွှန်းထဲမှပစ်္စည်း
တစ်မျိုးဖြစ်ပြီး ၎င်းင်းနှင့်မတူသောပစ်္စည်းများနှင့်ရောနှောထားပါသည်။ ထိုကြောင့် ၎င်းသည် မုန့်ကိုအရသာရှိသောမုန့်အဖြစ် ပြောင်းလဲပေးပါသည်။ ခရစ်ယာန်များသည်လည်း ထိုနည်းနင်နင်ပင်ဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့သည် “ဆားဘူး” ဖြစ်သောအသင်းတော်ထဲတွင်သာ ဇိမ်ခံနေမည်ဆိုသော်၊ ဤကဲ့သို့
သောအရသာရှိသည့်မုန့်ဖြစ်လာမည်မဟုတ်ချေ။
ထိုကြောင့်ဤနေရာတွင် ကျွန်ုပ်တို့မလွဲချော်သင့်သည့်အချက်တစ်ခု ရှိသည်။ ကျွန်ုပ်တို့သည် မည်သည့်နည်းလမ်းအားဖြင့်မဆို ဆေးလိပ်၊ အရက်မသောက်၊ လောင်းကစားခြင်းမဩပ၊ ရာဇ၀တ်မှုများမကျူးလွန်ဘဲ ကျင့်ဝတ်ကောင်းဖြင့်နေနိုင်ပါသည်။ ၎င်းင်းတို့အားလုံးသည်အရေးပါသည်။ သို့ရာတွင် အရေးကြီးသည့်အချက်မှာ မည်သည့်အရာများကိုရှောင်ကြဉ်သည်ဟူသော အရာမဟုတ်ချေ။ ၎င်းင်းအစား ကျွန်ုပ်တို့မည်သည့်အရာကိုဆောင်ရွက်သည် ဟူသောအချက်ပင်ဖြစ်သည်။ ၎င်းင်းလုပ်ဆောင်ရမည့်အရာများမှာ မိမိတို့ ရပ်ကွက်နှင့်လိုအပ်သောသူတို့အား မည်သည့်အရာကိုလုပ်ဆောင်ပေးသည် ဟူသောအချက်ပင်မဟုတ်ပါလော။
ကျန်သည့်ကျမ်းချက်ကိုအာရုံဩပလျက်၊ မဿဲ ၅း၁၃ ကိုပြန်ဖတ်ပါ။ ဆားသည် ၎င်းင်း၏အငန်ဓာတ်ကို မည်သို့ပျောက်ဆုံးစေနိုင်သနည်း။
“သို့ရာတွင်ဆားသည် ၎င်းင်း၏အရသာကိုဆုံးရှုံးလျှင်သော်လည်း ကောင်း၊ အကယ်၍ ခရစ်တော်ကိုမချစ်ဘဲလျက် ဘုရားတရားရှိယောင် ဆောင်ခြင်းသာရှိခဲ့လျှင်သော်လည်းကောင်း ဆန်ကုန်မြေလေးသာဖြစ်သည်။ အသက်တာသည် ဤလောက၏ကယ်တင်သောအရှိန်သြဇာဖြင့်လွှမ်းဩခံရန် အသုံးဩပနိုင်မည်မဟုတ်ချေ” (DA, p. 439).
အရောအနှောပုံပမာကိုပြန်ကြည့်ပါ။ ကျွန်ုပ်တို့မြင်တွေ့ခဲ့ပြီးသည့် အတိုင်း၊ ကျွန်ုပ်တို့၌ရှိသောအရာသည် ဆားတစ်ခုတည်းသာဖြစ်ခဲ့သော် ကောင်းသောအရာမဟုတ်ချေ။ အမှန်မှာ အစားအစာတွင်ဆားများလွန်းလျှင် အဆိပ်ဖြစ်စေသည်။ ဆားကို၎င်းင်းနှင့်မတူသောအရာများနှင့်ရောစပ်ရသည်။ ထိုကြောင့် အကယ်၍ကျွန်ုပ်တို့သည် ဤလောကနှင့်ထပ်တူဖြစ်နေ၍သော်လည်းကောင်း၊ (သို့မဟုတ်) အလွန်တူနေလျှင် ခြားနားမှုကိုယူဆောင်ပေး နိုင်မည်မဟုတ်ချေ။ ပေးကမ်းစရာလည်းရှိမည်မဟုတ်ပါ။ ဆားသည်အသုံး မ၀င်ဖြစ်လာမည်။ ထိုနောက် မည်သည့်အရာဖြစ်သည်ဟုမိန့်တော်မူသနည်း။
သို့သော်ငြားလည်း ခရစ်တော်၏ချစ်ခြင်းမေတ်္တာ၏အရသာပျော်ဝင် ပျံ့နှံ့သည့်အခါ ဩပပြင်ပြောင်းလဲသည့်ကိုယ်စားလှယ်ဖြစ်အံ့သောငှာ တစ်ပါး သူများနှင့်ရောနှောခြင်းဖြင့်လည်းကောင်း၊ သူတို့၏အသက်တာတွင် အကောင်း ဘက်မှခြားနားမှုဩပလုပ်နိုင်ရန်သော်လည်းကောင်း၊ သူတစ်ပါးအားအသက်တာ ၏အလွန်အရေးပါသည့် ယေရှု၌ကယ်တင်ခြင်းသို့ပို့ဆောင်ခြင်းဖြင့်သော် လည်းကောင်း ကျွန်ုပ်တို့သည် “အပြင်လူများ” တို့နှင့်အတူတကွ “အတွင်း လူများ” ဖြစ်ရန် ဆန်္ဒရှိလာကြမည်ဖြစ်သည်။
ဗုဒ္ဓဟူး ဇူလိုင် ၂၇
လယ်သမားဖြစ်ခြင်း။
ယောဟန် ၄း၃၅-၃၈ ကိုဖတ်ပါ။ ၀ိညာဉ်များထံသို့ရောက်ရှိရန် လိုအပ်သည့်ခြားနားသောခြေလှမ်းများအကြောင်းကို ယေရှုသည်မည်သို့ မိန့်တော်မူပါသနည်း။
လယ်သမား၏လယ်လုပ်ငန်းတွင် ကဏ္ဍများစွာပါဝင်သည်။ များစွာ သောရိတ်သိမ်းခြင်းမဩပမီ အမျိုးမျိုးသောလယ်လုပ်ငန်းကိုလုပ်ဆောင်ရပါသည်။ (မဿဲ ၉း၃၅-၃၈)။ ရိတ်သိမ်းသောလူတို့ကိုသာ ဘုရားသခင်၏လယ်မြေ တွင်လိုအပ်သည်မဟုတ်။ လယ်သမားတစ်ဦးက ရိတ်သိမ်းရာကာလတွင် လယ်လုပ်သားများအား “ရိတ်သိမ်းချိန်ရောက်ပြီ၊ ဒါကြောင့်မျိုးစေ့ကြဲကြ ရအောင်” ဟုပြောဆိုမည်ကို စဉ်းစားလို့ရပါသလား။ လယ်လုပ်ငန်းအားလုံး ပြီးစီးပြီးမှ ရိတ်သိမ်းခြင်းကိုအကောင်းဆုံးလုပ်ဆောင်နိုင်ပါသည်။
လယ်လုပ်ငန်းတွင် မြေကြီးကိုဩပပြင်ခြင်းလည်းပါဝင်သည်။ အကြောင်းမှာ မြေကြီးအားလုံးသည် အစပိုင်းစိုက်ပျိုးရန်မကောင်းကြချေ။ (မဿဲ ၁၃း၃-၉ ကိုဖတ်ပါ။) သင်၏အသင်းတော်သည် သင်၏ရပ်ကွက် ထဲတွင် “မြေမာ” ကိုပျော့စေပြီး၊ “ကျောက်ခဲ” နှင့် “ဆူးပင်များ” ကိုမည်သို့ဖယ်ထုတ်နိုင်မည်နည်း။
လုပ်သားများသည် ခက်ခဲသောလယ်လုပ်ငန်းကို မရိတ်သိမ်းမီပြီးစီး စေကြပြီး အခြားလုပ်သားများက သူတို့လုပ်အား၏အကျိုးအမြတ်ကိုရိတ်သိမ်း ကြသည်။ တစ်ခါတစ်ရံ တရားဟောပွဲနည်းဗျူဟာများသည် လယ်မြေဩပပြင် ခြင်းထက် ရိတ်သိမ်းခြင်းကိုသာ၍အာရုံစိုက်ကြသည်။ ထိုသို့မဩပလုပ်ရပါ။ တရားဟောဆရာသည်ပေါ်လာ၍၊ ၀ိညာဉ်ရိတ်သိမ်းရန်မျှော်လင့်ချက်ဖြင့် တရားဟောခြင်းမစတင်မီ အချိန်ကြာမြင့်စွာကပင် မြေသားကိုဩပပြင်ထားနှင့် ရမည်။
လယ်၌ရိတ်သိမ်းခြင်းအလုပ်ကို လုပ်ငန်းစဉ်တစ်ခု (မြေသားစမ်းသပ် ခြင်း၊ ဩပပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးခြင်း၊ မြေသြဇာထည့်ခြင်း၊ ပိုးသတ် ခြင်း၊ စောင့်ဆိုင်းခြင်း၊ ရိတ်သိမ်းခြင်းနှင့်ထိန်းသိမ်းခြင်း) ကဲ့သို့ ကျွန်ုပ်တို့သည် ပြန့်ကျဲနေသောလုပ်ဆောင်မှုများတွင် သာမှီတွယ်နေလျှင်၊ ပေါက်လာသောအပင်များသည် ရိတ်သိမ်းချိန်အထိအသက်ရှင်နိုင်ချေနည်းပါးသည်။
ကြာသပတေး ဇူလိုင် ၂၈
အသင်းတော်တည်ထောင်ခြင်း။
မဿဲ ၁၀း၅-၁၀ ကိုဖတ်ပါ။ မည်သည့်ငွေကြေးမျှမပါဘဲလျက်၊ အဘယ်ကြောင့်ယေရှုသည် တပည့်တော်များအား ပတ်ဝန်းကျင်ရှိဩမိ့၊ ရွာများသို့ စေလွှတ်တော်မူသနည်း။
ယေရှု၏တပည့်တော်များသည် အသက်ဆက်ရန်အနည်းငယ်သော ငွေကြေးဖြင့် မိမိတို့သာသနာနယ်ထဲသို့ဝင်ရန် တိုက်ရိုက်အမိန့်ပေးခံရသည် မှာ ထူးဆန်းနေသယောင်ရှိသည်။ ဘုရားသခင်အပေါ်မှီခိုခြင်းနှင့် ၎င်းင်းနယ် တွင်နေထိုင်သူများအား ၀န်ဆောင်မှုပေးခြင်းဖြင့် မိတ်ဆွေဖွဲ့ရန်အရေးကြီး ကြောင်းတို့ကိုသင်ပေးရန် ယေရှုသည် သူ၏တပည့်တော်တို့အား ထိုအခြေ အနေတွင်ထားခဲ့သည်မှာ ထင်ရှားပါသည်။ ထိုနယ်ခံများသည် တပည့်တော် တို့၏၀န်ဆောင်ပေးမှုကို ကောင်းကောင်းတန်ဖိုးထားပြီး နောက်တွင်သာသနာ အတွက်အထောက်အပံ့ကို ပြင်ဆင်ပေးကြလိမ့်မည်ဖြစ်သည်။
Pastor Frank ကို သူ၏ကွန်ဖရင့်က မြော်လင့်ခြင်းအသင်းတော် မရှိသောဩမိ့ကြီး၏ရပ်ကွက်တစ်ခုထဲတွင် အသင်းတော်တည်ထောင်ရန် တောင်းဆိုခဲ့ပါသည်။ အစပိုင်းတွင် လုပ်ငန်းစတင်ရန်ငွေကြေးမရှိခဲ့ပါ။ မြိ့မြေပုံကိုလေ့လာကာ၊ မြိ့ကိုနယ်မြေပိုင်းခြားပြီး နယ်ခံလူတို့၏အကြောင်းကို လေ့လာခဲ့ပါသည်။ ထိုနောက် လူအရှုပ်ဆုံးအိမ်နီးနားတွင် ကားကိုရပ်ထား ပြီး၊ ၎င်းင်းနယ်ရှိလူတို့၏ဘ၀အကြောင်းကို စတင်မေးမြန်းခဲ့ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ လူမှုရေးကိုယ်စားလှယ်ခေါင်းဆောင် များအား ရပ်ကွက်နေလူထု၏အလိုအပ်ဆုံးအကြောင်းအရာများကို မေးမြန်း ခဲ့သည်။ သူ့အားရပ်ကွက်လူမှုရေးအဖွဲ့တွင်ပါဝင်ရန်ဖိတ်ခေါ်သော ဒေသခံ တချို့နှင့်မိတ်ဆွေဖွဲ့ခဲ့သည်။ ထိုအခြေအနေတွင် Presbyterian ဘုရားကျောင်း နှင့်ဆက်နေသောအခန်းကိုငှားရမ်းနိုင်ရန် အခြားခေါင်းဆောင်များကလမ်းဖွင့် ပေးကြောင်းကိုတွေ့ရှိခဲ့သည်။ လူမှုရေးအဖွဲ့ဝင်များသည် ရပ်ကွက်အကျိုး ဆောင်လုပ်ငန်းများအတွက် ထိုတိုက်ခန်းကိုပြန်လည်မွမ်းမံရန်၊ ပစ်္စည်းများ ကိုဆေးသုတ်ရန်နှင့် သန့်ရှင်းရေးဩပလုပ်ရန် ငွေကြေးစိုက်ထုတ်ပေးကြသည်။ ရပ်ကွက်လူကြီးများနှင့်တွေ့ဆုံမေးမြန်းခြင်းက ရပ်ကွက်လူထု၏အရေးကြီး သည့်လိုအပ်ချက်မှာ ကျန်းမာရေးဖြစ်ကြောင်းပြသနေပါသည်။ Pastor Frank သည် စေတနာ့ဝန်းထမ်းတစ်ဖွဲ့ကိုခေါ်ဆောင်လာကာ၊ ကျန်းမာ ရေးစစ်ဆေးပေးသည့်အစီအစဉ်များနှင့် နောက်ဆက်တွဲတွေ့ဆုံမှုများကို ထိုတိုက်ခန်းတွင် ရပ်ကွက်သူ/သားများအတွက် လုပ်ဆောင်ပေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်မှ အကျိုးခံစားရသူများသည် ကုန်ကျ စရိတ်များကာမိစေရန် ငွေများစွာပံ့ပိုးပေးခဲ့ကြသည်။ မကြာမီ ဥပုသ်စာဖြေ တန်းခွဲတစ်ခုကို စတင်နိုင်ခဲ့ပြီး၊ ဒေသခံတချို့လည်း စတင်တက်ရောက်ခဲ့ ကြသည်။
မကြာမီ Pastor Frank က အသင်းတော်တည်ထောင်ရန်အကောင်း ဆုံးသောနည်းလမ်းတစ်ခုမှာ ရပ်ကွက်၏လိုအပ်ချက်များကိုဖြည့်ဆည်းပေး သော လုပ်ငန်းတည်ထောင်ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် အသင်းတော် တစ်ခုကို ထိုသာသနာလုပ်ငန်းဖြင့်ကြီးထွားလာခြင်းဖြစ်ကြောင်းကို သိရှိ နားလည်လာခဲ့သည်။ ရပ်ကွက်အခြေဩပသာသနာလုပ်ငန်းသည် အသင်းသား အယောက် ၁၄၀ ထက်ပိုသော မြော်လင့်ခြင်းအသင်းတော်တစ်ခုကို တိုးပွား လာစေခဲ့သည်။
Pastor Frank ၏ဖြစ်ရပ်က ကျွန်ုပ်တို့သည် မိမိရပ်ကွက်လူထုထဲ ကိုရောက်ရှိနိုင်ရန် ယေရှု၏သွန်သင်ချက်များကိုလိုက်လျှောက်ခြင်းဖြင့် မည်သည့်အရာဖြစ်လာနိုင်သည်ကို ပြသနေပါသည်။ လာမည့်အပတ်တွင် “လူများထံသို့ရောက်ရှိနိုင်ရန် စစ်မှန်သောအောင်မြင်ခြင်း၊ ခရစ်တော်၏ သာသနာပြုနည်း" (Ministry of Healing, p. 143) ကို စူးစမ်းလေ့လာကြမည်။
သောကြာ ဇူလိုင် ၂၉
ထပ်ဆင့်လေ့လာရန်။
ရပ်ကွက်လူထု၌ အသင်းတော်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ယေရှု ၏သွန်သင်ချက်များကို အောက်ပါကျမ်းချက်များတွင်ဖတ်ပါ။ မဿဲ ၇း၁၂။ ၂၃း၂၃။ ၂၅း၃၁-၄၆။ မာကု ၄း၁-၃၄။ ၆း၁-၁၃။ လုကာ ၆း၃၆။ ၁၁း၄၂။ ၁၂း၁၃-၂၁။ ၁၄း၁၆-၂၄။ ၁၆း၁၃။ ၁၈း၁၈-၂၇။ ၁၉း၁-၁၀။ ယောဟန် ၁၀း၁၀။ ၁၂း၈။ ၁၇း၁၃-၁၈။
“အသင်းတော်သည် ဤလောက၏အလင်းမဖြစ်ခဲ့သော်၊ ၎င်းင်းသည် မှောင်မိုက်ဖြစ်နေပါလိမ့်မည်” (E. G. White, Signs of the Times, Sept 11, 1893). ဤပြောဆိုချက်မှာ စဉ်းစားဆင်ခြင်စရာကောင်းလှသည်။ ၎င်းင်းသည် “ငါ့ဘက် ၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏” (မဿဲ ၁၂း၃၀) ဟူသော ယေရှု၏နှုတ်တော်ထွက် စကားကိုသတိရစေသည်။ ယေရှုကရှင်းလင်းစွာမိန့်တော်မူခဲ့သည်။ မဟာ တိုက်လှန်ပွဲတွင် ကြားနေမရှိနိုင်ချေ။ ကျွန်ုပ်တို့သည် ခရစ်တော်ဘက် (သို့မဟုတ်) နတ်ဆိုးဘက်တွင်ရှိနေကြသည်။ ကြီးမားသောအလင်းပေးအပ် ခြင်းခံရပြီးနောက်၊ ဘာမျှလုပ်ဆောင်ခြင်းမရှိခဲ့ပါသော် အမှန်တကယ်၎င်းင်းအလင်း နှင့်ဆန့်ကျင်၍လုပ်ဆောင်နေခြင်းဖြစ်သည်။ လောက၏အလင်းဖြစ်ရန် ကျွန်ုပ် တို့သည် ခေါ်တော်မူခြင်းကိုခံရကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် အလင်း မဖြစ်ခဲ့သော်၊ မှောင်မိုက်ဖြစ်နေကြပါမည်။ ဤနေရာမှပြောသော နောက်ခံ သမိုင်းသည်ခြားနားသော်လည်း အခြေခံသဘောတရားမှာ အတူတူပင်ဖြစ် သည်။ “မျက်စိမြှေးရှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွာတကား” (မဿဲ ၆း၂၃)။ ဤအရာအားလုံးကို အောက်ပါကျမ်းချက်ဖြင့်အကျဉ်းချုံး နိုင်ပါလိမ့်မည်။ “အကြင်သူသည် များသော ကျေးဇူးကိုခံ၏၊ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌များစွာသောဥစ္စာကိုအပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်” (လုကာ ၁၂း၄၈)။
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.