ဓမ္မဟောင်းကျမ်းမှတရားမျှတခြင်းနှင့်ကရုဏာ (အပိုင်း ၂)
ဇူလိုင် ၁၆ - ၂၂
အလွတ်ကျမ်းချက်
“အသက်ရှင်၍လှုပ်ရှားတတ်သောသတ်္တ၀ါအမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသောအရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါးတို့လည်းရှိကြလိမ့်မည်။ ထြိုမစ်ရေသည်ချိုသောကြောင့်၊ ရောက်သမျှ သောအရပ်တို့၌ သတ္တ၀ါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်” (ယေဇ ၄၇း၉)။
၁၉၅၀ ခုနှစ်ပတ်ဝန်းကျင်နှင့် ၁၉၆၀ ခုနှစ်အစောပိုင်းကာလတွင် ကြွယ်ဝချမ်းသာလာခဲ့သော အိမ်နီးချင်းပတ်ဝန်းကျင်သည် ၁၉၆၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၇၀ ခုနှစ်အစောပိုင်းတွင် စစ်ပွဲဇုန်ဖြစ်လာခဲ့သည်။ မိသားစု အများစုသည် ယိုယွင်း၊ ပျက်စီးပြီး လောင်ကျွမ်းသောတိုက်ခန်းများကို ထားခဲ့ကာ၊ ဝေးသို့ပြောင်းရွှေ့သွားကြသည်။ စီးပွားရေးလုပ်ငန်းများထွက် သွားကြပြီး မူးယစ်ဆေးများနှင့် ရာဇ၀တ်မှုများဝင်လာကာ ၎င်းင်းပတ်ဝန်းကျင် ကို အလွန်မနှစ်မြိ့စရာနေရာဖြစ်လာခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ခရစ်ယာန်မိသားစုတစ်စုသည် သူတို့၏မြိ့ဆင်ခြေဖုံးမှဇိမ်ခံအိမ်ကိုစွန့်ကာ စိတ်ပျက်စရာကောင်းသောမြိ့တွင်းရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့လာကြသည်။ အခြားမြိ့မှတရားဟောဆရာတစ်ပါးက လည်း သူတို့နှင့်အတူလာရောက်ပူးပေါင်းခဲ့သည်။ မီးလောင်ခဲ့သောအဆောက် အဦနှစ်လုံးကို သူတို့နေအိမ်အတွက် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ထိုမိသားစုနှစ်စုသည် လမ်းများပေါ်တွင် ရပ်ကွက်ထဲမှလူများကိုတွေ့ဆုံပြီး၊ ၎င်းင်းနယ်တစ်ဝိုက်တွင်ကျန်ရှိနေသော သူများနှင့်ပေါင်းသင်းရန် အချိန်ကို အသုံးဩပခဲ့ကြသည်။ ဤသေနေသောရပ်ကွက်တွင် အနာငြိမ်းစေခြင်းနှင့် ပြောင်းလဲခြင်းများယူဆောင်လာမည့် အသင်းတော်ကိုစတင်ရန် ဘုရားသခင်သည် ထိုမိသားစုနှစ်စုကိုအသုံးဩပခဲ့သည်။ သူတို့၏လုပ်ဆောင်မှုနှင့်၎င်းင်း၏ အကျိုးသက်ရောက်မှုသည် ယနေ့တိုင်ဆက်လက်ဖြစ်ပေါ်နေပြီး ထိုနေရာမှများစွာသူတို့၏အသက်တာတွင် ကြီးမားသောပြောင်းလဲမှုကို ဩပလုပ်ပေးခဲ့ပါသည်။
ဤကဲ့သို့သောမျှော်လင့်ခြင်းမဲ့အခြေအနေမျိုးတွင် အသင်းတော်၏ အခန်းကဏ္ဍအကြောင်းနှင့်သက်ဆိုင်၍ ဘုရားသခင်သည်ပြောစရာရှိနေပါသည်။ ဤအပတ်သင်ခန်းစာတွင် ဓမ္မဟောင်းကျမ်းမှ ကိုယ်တော်၏ကျေးဇူး ပြသည့်စာရိတ္တတော်ကို ကမ္ဘာသို့ဖော်ပြရန်ခေါ်တော်မူသံကို ဆက်လက် နားထောင်ရန်ဖြစ်သည်။
တနင်္ဂနွေ ဇူလိုင် ၁၇
ခရစ်တော်၌အသက်ရှင်ခြင်း။
အပြစ်၌သေနေသောသူတို့ထံ ပြန်လည်နိုးကြားခြင်းကိုယူဆောင်လာပေးသော ဘုရားသခင်၏ကျေးဇူးတော်ကို ယေဇကျေလ ၃၇ တွင် ပီပီပြင်ပြင်ဖော်ပြထားပါသည်။ ရူပါရုံထဲတွင် ၀ိညာဉ်တော်သည် ပုရောဖက်ယေဇကျေလအား သေပြီး၊ ခြောက်သွေ့ပြန့်ကျဲနေသည့်အရိုးများနှင့်ပြည့်နေသောချိုင့်ဝှမ်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤအရိုးများသည် ဣသရေလတစ်မျိုးလုံးကိုပုံဆောင်ပါသည်။ ဘုရားသခင်က “အချင်းလူသား၊ ဤအရိုးတို့သည်အသက်ရှင်နိုင်သလော” (ယေဇ ၃၇း၃) ဟုမေးတော်မူ၏။ ဤမေးခွန်း၏အဖြေသည် ပုရောဖက်မှထိုအရိုးများအားအမိန့်ပေး သည့်အချိန်တွင် ပေါ်လွင်လာပါသည်။
ယေဇကျေလ ၃၇း၁-၁၄ ကိုဖတ်ပါ။ ဘုရားသခင်သည် သူ၏ လူများအတွက် မည်သည့်အရာက ပြုလုပ်မည်နည်း။
ခြောက်သွေ့သောအရိုးများထံ ပေးသောသတင်းစကား၏ရလဒ် များမှာ (၁) ““သူတို့သည်အသက်ရှင်၍ အလွန်များပြားသောဗိုလ်ခြေဖြစ် လျက်၊ မတ်တတ်နေကြ၏”” (ယေဇ ၃၇း၁၀)။ (၂) ဘုရားသခင်သည် သူ့လူများကို သူတို့နေရပ်တိုင်းပြည်နေရာချတော်မူမည် (ယေဇ ၃၇း၁၄)။(၃) ထိုအရာများကိုပြည့်စုံစေသူသည် ဘုရားသခင်ဖြစ်ကြောင်းကို သူတို့ သိရှိလာလိမ့်မည် (ယေဇ ၃၇း၁၄)။
သို့သော် နိုးကြားနေရုံဖြင့်လုံလောက်မှုမရှိချေ။ ဘုရားသခင်၏လူ များသည် တာဝန်တစ်ခု၊ (သို့မဟုတ်) ရည်ရွယ်ချက်တစ်ခုအတွက် နိုးကြား စေခြင်းခံကြရသည်။ ဣသရေလတို့သည် လူအမျိုးမျိုးအတွက် အလင်းဖြစ်ရကြမည်ဖြစ်သည်။
ဧဖက် ၂း၁၀ ကိုဖတ်ပါ။ ၀ိညာဉ်ရေးပြန်လည်ဖန်ဆင်းခြင်းတည်းဟူသော ခရစ်တော်၌အသက်ရှင်ရန် အဘယ်ကြောင့်ကျွန်ုပ်တို့အားအသက်ရှင် စေပါသနည်း။
“ဘုရားသခင်ကကျွန်ုပ်တို့အားလက်ခံခြင်းသည် ကိုယ်တော်ချစ် တော်မူသောသားတော်အား ဖြင့်သာသေချာနိုင်ပြီး၊ ကောင်းသောအလုပ်များသည် ကိုယ်တော်၏ အပြစ်ဖြေလွှတ်သောချစ်ခြင်း မေတ်္တာ၏လုပ်ဆောင်မှု ရလဒ်ဖြစ်သည်။ ကောင်းမှုကုသိုလ်ကြောင့် ဂုဏ်ယူစရာမရှိချေ။ ကျွန်ုပ်တို့၏၀ိညာဉ်ကယ်တင်ခြင်းတွင် ကျွန်ုပ်တို့ဘက်မှလုပ်ဆောင်သော ကောင်းမှုတစ်စုံတစ်ခုမျှမပါဝင်ချေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယုံကြည်သူ များထံပေးသော အခမဲ့လက်ဆောင်တည်းဟူသော ခရစ်တော်အားဖြင့်သာ ပေးသောလက်ဆောင်ဖြစ်ပါသည်။ ဒုက်္ခရောက်နေသောဝိညာဉ်သည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌ငြိမ်သက်ခြင်းကိုတွေ့ရှိနိုင်ပြီး၊ သူ၏ငြိမ်သက်ခြင်းသည် သူ၏ယုံကြည်ခြင်းနှင့်ကိုးစားခြင်း၏အစိတ်အပိုင်း ဖြစ်နေပါလိမ့်မည်။ သူ့ဝိညာဉ်၏ကယ်တင်ခြင်းအတွက်လျှောက်ထားရန် သူ၏ကောင်းမှုကုသိုလ် ကိုတင်ပြ၍မရချေ။
“ထိုသို့ဆိုသော် ကောင်းသောအလုပ်သည် အမှန်တန်ဖိုးမရှိသလော။ .....သမ္မာကျမ်းစာက ဤသို့အဖြေပေးထားသည်။ “ငါတို့သည် ကောင်းသော အကျင့်ကိုကျင့်ရမည်အကြောင်း၊ ခရစ်တော်၌ဩပပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည်ကျင်လည်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ။”
“ကိုယ်တော်၏အံ့ဖွယ်အစီအမံတွင် ကျွန်ုပ်တို့မထိုက်တန်သောကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ကောင်းမှုကုသိုလ်အတွက်ဆုချပေးမည်ကို ဘုရားသခင်သည် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ကို ခရစ်တော်၏ကုသိုလ်တစ်ခုတည်းကြောင့်သာလက်ခံတော်မူပြီး၊ ကျွန်ုပ်တို့လုပ်ဆောင်သောကရုဏာပြသခြင်းများနှင့် မေတ်္တာဖြင့်လုပ်ဆောင်ချက်များသည် ယုံကြည်
ခြင်း၏အသီးများဖြစ်သည်” (Selected Messages, book 3, pp. 199,200).
တနင်္လာ ဇူလိုင် ၁၈
စီးဆင်းသောမြစ်တစ်စင်း။
ယေဇကျေလ ၄၇း၁-၈ ကိုဖတ်ပါ။ ရူပါရုံတွင် ယေဇကျေလမြင် သောဗိမာန်တော်တွင် မည်သည့်အရာဖြစ်ပျက်နေပါသနည်း။
ဗိမာန်တော်မှရေများယိုထွက်လာဟန်ရှိသည်။ ရေပိုက်ပေါက်နေ သလော။ (သို့မဟုတ်) မည်သည့်အရာနည်းဟု သင်စဉ်းစားနေပါလိမ့်မည်။ ဤအခြေအနေတွင် ၎င်းင်းယိုစီးလာသောအရာသည် ကောင်းသောအရာ ဖြစ်သည်။
ဗိမာန်တော်မှယိုထွက်လာသော၎င်းင်းရေသည် ““အရှေ့ဘက်သို့”” စီးဆင်း နေသည်။ ယေရုရှလင်ဩမိ့၏အရှေ့ဘက်တွင် ဆားပင်လယ် (ပင်လယ်သေ ဟုလည်းခေါ်သည်) ရှိပြီး၊ ၎င်းင်းသည် ကမ်္ဘာ၏အနိမ့်ဆုံးသောရေထုကြီး ဖြစ်သည်။ ယေရုရှလင်ဩမိ့နှင့်ပင်လယ်သေကြားတွင် ၂၁ မိုင်ခန့်ကျယ်ပြန့် သောသဲကန်္တာရရှိနေပြီး၊ ထိုနေရာတွင် အရဗဩမိ့တည်ရှိကာ၊ ထိုဒေသကို ယော်ဒန်မြစ်နှင့်ပင်လယ်သေချိုင့်ဝှမ်းဟုလည်းခေါ်သည်။ ထိုပင်လယ်သည် အလွန်ငန်သောကြောင့် သက်ရှိများမနေနိုင်ချေ။
သို့ရာတွင် ဗိမာန်တော်မှစီးဆင်းလာသောရေသည် ထိုဒေသသို့ ရောက်ရှိသောအခါ၊ ပင်လယ်ရေငန်သည် “ချို” လေ၏။ ဤအခြင်းအရာ သည် အပြစ်ကျူးလွန်ခြင်းထဲ၌သေနေသောသူတို့ထံသို့ရောက်ရှိ၍၊ ကျန်းမာခြင်း နှင့်အနာငြိမ်းခြင်းအတွက်အရင်းအမြစ်ဖြစ်သည့် ဘုရားသခင်၏အသင်းတော်၊ ဗိမာန်တော် (၁ပေ ၂း၎၊၅) ကိုပုံဆောင်သည်ဟုနားလည်ရသည်။
မဿဲ ၅း၁၆ ကိုဖတ်ပါ။ ဤလောက၌ကိုယ်တော်အား မည်ကဲ့သို့ ကိုယ်စားဩပရမည်အကြောင်းကို ယေရှုသည် မည်ကဲ့သို့မိန့်တော်မူသနည်း။
အာဖရိကတိုက်၊ ဇမ်ဘီယာနိုင်ငံရှိ ဇမ်ဘီဇီမြစ်သည် သစ်ပင်တစ်ပင် အောက်မှစီးဆင်းလာသည့် တိမ်သောချောင်းငယ်မှမြစ်ဖျားခံသည်။ ၎င်းင်းသည် ၀ိတိုရိယရေတံခွန်သို့စီးဆင်းရာတွင် ခြေမျက်စိသာဩမပ်သောချောင်းငယ်မှဒူး၊ ခါးအထိ တဖြည်းဖြည်းနက်လာပြီးနောက် လက်ပစ်ကူးရသည်အထိ
နက်သောမြစ်တစ်စင်းဖြစ်လာသည်။ ထိုနည်းအတိုင်း၊ အစပိုင်းတွင်သေး ငယ်သော်လည်း၊ ဗိမာန်တော်မှစီးဆင်းလာသောမြစ်ရေသည် အရှိန်အဟုန် နှင့်ကြီးထွားလာကာ၊ “ခြေထောက်၍မမီဘဲ၊ ကူးရသောမြစ်ဖြစ်လေ၏” (ယေဇ ၄၇း၅)။
အသင်းတော်၏အနာငြိမ်းစေခြင်းအရှိန်သြဇာသည် အစတွင်သေးငယ်နေမည်ဖြစ်သော်လည်း၊ ၎င်းင်းသည် ရပ်ကွက်လူထုကိုပြောင်းလဲစေနိုင်သည် အထိ ကြီးထွားလာနိုင်ပါသည်။ “ကျွန်ုပ်တို့၏လုပ်ဆောင်မှုသည် အစမူလ တွင် မြစ်ငယ်ကဲ့သို့အလွန်သေးငယ်လှသည်” . (7T, p. 171).
မီးနှင့်ရေတို့သည် သူတစ်ပါးအားကူညီရန်၊ ဘုရားသခင်က ကျွန်ုပ် တို့အားဖြင့်လုပ်ဆောင်နိုင်သည့်အရာများကို ပုံဆောင်ပါသည်။ လိုအပ်သူ များအားအလုပ်အကျွေးဩပရန် ကျွန်ုပ်တို့သည် မည်ကဲ့သို့သောသာ၍ကောင်း သည့်ရေသွယ်မြောင်းများဖြစ်နိုင်ပါသနည်း။
အင်္ဂါ ဇူလိုင် ၁၉
အသင်းတော်၊ အသက်၏အရင်းအမြစ်။
“အသက်ရှင်၍လှုပ်ရှားတတ်သောသတ်္တ၀ါအမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသောအရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသောငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည်ချိုသောကြောင့်၊ ရောက်သမျှသောအရပ်တို့ ၌ သတ်္တ၀ါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်” (ယေဇ ၄၇း၉)။
ယေဇကျေလ၏ပုရောဖက်ပြခြင်းက၊ မြစ်ရေမြစ်ဖျားခံသောအသင်းတော်တွင် အသက်ရှိကြောင်းကိုပုံဖော်ထားသည်။ ယေဇကျေလ ၄၇း၁၀ သည် အံ့သြဖွယ်အကောင်းဆုံးသောအရာကို ထပ်ဖြည့်စွက်ပေးသည်။ မည်မျှ ပင်အမြင်ဆန်းနေမည်နည်း။ သက်ရှိများမနေနိုင်ခြင်းကြောင့် ငါးမရှိသော ပင်လယ်ကမ်းပါးများတွင် ချက်ချင်းပင်တံငါသည်များသည် ပိုက်ကွန်ချ၍ များစွာသောငါးများဖမ်း သည့်နေရာဖြစ်လာခဲ့ပါသည်။
အဓိကဆိုလိုရင်းမှာ ဘုရားသခင်၏တန်ခိုးတော်သည် ကိုယ်တော်၏လူများလုပ်ဆောင်လာသောအခါ၊ ယခင်ကအသက်မရှိသည့်နေရာတွင် အသက်ရှိလာသည့်အချက်ပင်ဖြစ်သည်။
“ဘုရားသခင်လုပ်ဆောင်သောနေရာတွင် မျှော်လင့်ခြင်းမဲ့သော အခြေအနေမရှိ၊ မကယ်နိုင်လောက်သော လူစုဟူသည်မရှိ၊ အနာဂတ်တွင် စိတ်ပျက်စေသော မပျော်ရွှင်သည့်အတိတ်ဟူသည်မရှိ” (The Interpreter's Bible, vol. 6, p. 328 ).
ဘုရားသခင်၏အံ့ဖွယ်ကရုဏာတော်သည် ၎င်းင်းကိုလက်ခံသူတိုင်းအတွက် အံ့ဖွယ်သောအရာများကို ဩပလုပ်ပေးပါသည်။ တစ်ဖန်ဤနေရာတွင် ကောင်းသောသတင်းစကားရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် ၀ိညာဉ်ရေးနှင့်ရုပ်ခန်္ဓာတွင် အားငယ်၊ စိတ်ပျက်၊ ခြောက်သွေ့ပြီး သေအံ့ဆဲလူတို့အတွက် မျှော်လင့်ခြင်းကိုပေးစွမ်းနိုင်ပါသည်။
ယေဇ ၄၇း၁၂ နှင့် ဗျာဒိတ် ၂၂း၁၊၂ တို့ကိုနှိုင်းယှဉ်ပါ။ ကိုယ်တော် ၏အသင်းတော်အားဖြင့် ယေရှုကအနာငြိမ်းစေ၍၊ ထိုအနာငြိမ်းသောသူတို့၏ခရီးလမ်းဆုံးကို ဤကျမ်းချက်တို့သည် မည်ကဲ့သို့ဖော်ပြပါသနည်း။
တစ်နေ့တစ်ချိန်တွင် အသင်းသားများကိုယ်ကျိုးစွန့်လုပ်ဆောင်မှုကြောင့် အနာငြိမ်းခြင်းအခွင့်ကိုရရှိသောသူတို့နှင့်အတူ ဘုရားသခင်၏လူများ သည် ဘုရားသခင်၏ပလ်္လင်တော်မှစီးဆင်းသော မြစ်ရှိသည့်ကမ်္ဘာသစ်တွင် စိုးစံကြရလိမ့်မည်။ ထိုနေရာတွင် သဲကန်္တာရများ၊ ခြောက်သွေ့ခြင်းနှင့်သေခြင်းတရားများမရှိတော့ပြီ။
ဤအချိန်၊ မင်္ဂလာရှိပြီးစစ်မှန်သည့်အရာကို ကျွန်ုပ်တို့စောင့်မျှော် နေစဉ်တွင် ဘုရားသခင်သည် သူ၏အသင်းတော်များကို လူ့အဖွဲ့အစည်း ထဲသို့ အနာငြိမ်းစေခြင်းနှင့်ပြည့်စုံသောအသက်တာများ မြစ်ဖျားခံစီးဆင်းသောနေရာများဖြစ်စေချင်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအသုံးဩပ၍ ယေရှု၌ပြည့်စုံသောအသက်တာကို သူတို့ထံသို့ယူဆောင်သွားခြင်းဖြင့် (ယောဟန် ၁၀း၁၀)၊ ကျွန်ုပ်တို့၏နယ်အတွင်း၌ရှိသောသဲကန်္တာရများ၊ ချိုင့်ဝှမ်း များနှင့်ပင်လယ်သေများကို ပြန်လည်အားဖြည့်၍ ပြောင်းလဲပစ်ရန်လုပ်ဆောင် လိုပါသည်။ လိုရင်းတိုရှင်းပြောရလျှင် ၎င်းင်းမှာမြော်လင့်ခြင်းအသင်းတော်၏ အလုံးစုံသောသတင်းစကားဖြစ်သည်။
ယေဇကျေလ ၄၇ နှင့်တူသောရုပ်ပုံလွှာကို ပုရောဖက်အာမုတ် ကလည်း တင်ပြထားပါသည်။ အာမုတ် ၅း၂၄ ကိုဖတ်ပါ။ ဤပုံရိပ်သည် သင်တို့အသင်းတော်၏ရပ်ကွက်အတွင်း လုပ်ငန်းကဏ္ဍနှင့်မည်သို့နှိုင်းယှဉ် ထားသနည်း။ မည်ကဲ့သို့သောတိကျခိုင်မာသည့်နည်းလမ်းအားဖြင့် သင်၏ အသင်းတော်သည် ထိုနေရာတွင် အနာငြိမ်းစေသောမြစ်တစ်စင်းဖြစ်နိုင်ပါသည်။
ဗုဒ္ဓဟူး ဇူလိုင် ၂၀
ဂျူဗလီနှင့်ဆိုင်သောကတိတော်များ။
ဓမ်္မဟောင်းကျမ်း၌ ပစ်္စည်းဥစ်္စာနှင့်ဝိညာဉ်ရေးအားဖြင့် ကောင်းချီး ခံစားရသောလူများက ထိုသို့သောကောင်းချီးများမခံရသည့်လူများထံသို့ သွားရောက်ကူညီရန်ဟူသော အယူအဆများနှင့်ပြည့်နေပါသည်။
ဟေရှာယ ၆၁း၁-၁၁ ကိုဖတ်ပါ။ ဤကျမ်းချက်တွင် ဘုရားသခင် သည် သူ၏လူများကို မည်သည့်အရာမိန့်တော်မူခဲ့သနည်း။ မိမိအတွက်= သော်လည်းကောင်း၊ ကျွန်ုပ်တို့အားခေါ်တော်မူသောအရာ၌သော်လည်းကောင်းဤမိန့်တော်မူသောစကားကို မည်သို့အသုံးဩပရမည်နည်း။ လုကာ ၄း၁၈ ကိုလည်းဖတ်ပါ။
ဟေရှာယ ၆၁ သည် ဘုရားသခင်၏၀ိညာဉ်တော်က ဘိသိက်ခံ တော်မူသောပုဂိ္ဂုလ်တစ်ဦးအားဖြင့် ၀မ်းမြောက်ဖွယ်သတင်းစကားကို ဆင်းရဲသားများ၊ နှလုံးကြေကွဲသောသူများထံသို့ကြားပြော၍ ဖမ်းချုပ်ခံရသောသူတို့အား လွှတ်ခြင်းတရားကိုကြေညာကာ၊ အကျဉ်းကျနေသူများအတွက် အမှောင်နှင့်စိတ်ပျက်ခြင်းမှ ထောင်တံခါးများကိုဖွင့်ပေးတော်မူသည်။ (ဟေရှာ ၆၁း၁)။
ဤကတိတော်၏အချက်များအားလုံးသည် “ထာဝရဘုရား၏မင်္ဂလာနှစ်” တွင် ပြည့်စုံခြင်းသို့ရောက်ကြလိမ့်မည်။ “ထာဝရဘုရား၏မင်္ဂလာနှစ်” သည် ဆင်းရဲသားများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပြည့်စုံစေရသော ဂျူဗလီနှစ်ကိုရည်ညွှန်းထားပါသည်။
ထိုကြောင့် နှစ်သိမ့်ခြင်းခံရသည့် စိတ်မသာညည်းတွားသောသူများ၊ စီမံပေးထားသည့် စိတ်မသာညည်းတွား သောဇိအုန်မြိ့သားများ၊ “ပြာအရာ၌ပေါင်းသရဖူ” နှင့် “၀မ်းနည်းခြင်းအရာ၌၀မ်းမြောက်ခြင်း” ရရှိသောသူများ၊ “ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်းအ၀တ်တန်ဆာကို” ၀တ်ဆင်သောသူတို့သည် (ဟေရှာ ၆၁း၃) ရှေးကာလကအပျက်အစီးများကိုပြန်လည် တည်ဆောက်၍၊ ကာလကြာမြင့်စွာစွန့်ပစ်ထားသောနေရာများ အသစ်ဩပပြင်ကြမည့်သူများဖြစ်ကြသည်။ မေရှိယနှင့်ဆိုင်သောဂျူဗလီကြောင့် ကောင်းချီးခံရသူများသည် လူ့အဖွဲ့အစည်းအားဩပပြင်ပြောင်းလဲစေသူများ၊ ပျက်စီးသောမြိ့များကို ပြန်လည်တည်ဆောက်သူများဖြစ်ကြသည်။ (ဟေရှာ ၆၁း၎)။ ဘုရားသခင်၏ကျွန်များကို ယဇ်ပုရောဟိတ်များ၊ အမှုတော်ထမ်းများဟု ခေါ်ဆိုပြီး သူတို့ကိုပတ်ဝန်းကျင်ရှိတစ်ပါး အမျိုးသားများ၏ကြွယ်ဝမှုဖြင့် ထောက်ပံ့ထားသည်။ (ဟေရှာ ၆၁း၅၊၆)။
ကိုယ်တော်နှင့်ပဋိညာဉ်ဩပသောသူတို့၏ကြွယ်ဝချမ်းသာမှုဖြင့် ပတ်ဝန်းကျင်ရှိလူတို့အားဩပပြင်ပြောင်းလဲမည့် ဘုရားသခင်၏ဘိသိက်ခံတော်မူသော သူကိုဖော်ပြသည့် ဟေရှာယ ၆၁ တွင် ကျွန်ုပ်တို့မြင်တွေ့နိုင်သောပုံရိပ်များသည် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိလူများထံ ယဇ်ပုရောဟိတ်နှင့် အမှုထမ်းများဖြစ်ရန်ခေါ်တော်မူသောသူတို့အား ပုံဆောင်ထားပါသည်။ ဤ ပုရောဖက်ဩပခြင်း၏ဩပပြင်ပြောင်းလဲခြင်းအရှိန်အ၀ါကို ကျွန်ုပ်တို့သည်ထာဝရဘုရား ကြောင့်အလွန်ဝမ်းမြောက်၍၊ ဘုရားသခင်ကြောင့်ရွှင်လန်းကာ ကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းဝတ်လုံကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်အလယ်၌ ၀တ်ဆင်ခြင်းဖြင့် တွေ့ဩကံခံစားစေသည်မဟုတ်လော။ (ဟေရှာ ၆၁း၁၀၊၁၁)။
ဟေရှာယ ၆၁း၉ ကိုဖတ်ပါ။ ဘုရားသခင်သည် သူ၏လူများတွင် လုပ်နိုင်သောအရာအတွက် မည်မျှတန်ခိုးကြီးသော သက်သေခံချက်ဖြစ်ပါသနည်း။ ယနေ့ကျွန်ုပ်တို့အကြောင်းကို ထိုကဲ့သို့အဘယ်ကြောင့်ပြောဆိုနိုင်ပါမည်နည်း။ (သို့မဟုတ်) အဘယ်ကြောင့်မပြောဆိုနိုင်ပါမည်နည်း။
ကြာသပတေး ဇူလိုင် ၂၁
ပြောင်းလဲစေသောအသင်းတော်။
မိက္ခာ ၆ ကိုဖတ်ပါ။ ဘုရားသခင်သည် မည်သည့်အရာကိုဆန့်ကျင် ၍ မိန့်တော်မူပါသနည်း။
မိက္ခာသည်နှိမ့်ချ၍ တရားမျှတခြင်းနှင့်သနားခြင်းကရုဏာကင်းမဲ့ သည့် အပြင်ပန်းဘာသာရေးလုပ်ရိုးလုပ်စဉ်များကို တရားပြီး၊ သနားစုံမက် တတ်သောဘုရားသခင်အတွက် မည်သည့်အခါမျှလက်ခံနိုင်စရာအကြောင်း မရှိဟု အထူးအလေးပေးသော ဓမ္မဟောင်းကျမ်းမှ ပုရောဖက်များနှင့်သဘောထားထပ်တူဖြစ်ပါသည်။
မိက္ခာ ၆း၈ ၏အရေးကြီးသောသတင်းစကားသည်အဘယ်နည်း။
“စစ်မှန်သောဘာသာရေးသည် လက်တွေ့ကျသည်။ ဤအရာသေချာစေရန် ၎င်းင်းတွင်အသင်းတော်၏ ထုံးတမ်းစဉ်လာများနှင့်အခမ်းအနားများပါဝင်ပါသည်။ သို့ရာတွင် ၎င်းင်းသည် ဆာလောင်သူများအားအစားအစာ ဝေမျှပြီး အစာရှောင်ခြင်းမျိုးမဟုတ်ချေ။ လက်တွေ့ကျသောဘုရားတရား ရှိခြင်းမှာ ဘုရားသခင်၏တရားစီရင်ခြင်းခန်းမတွင် အသိအမှတ်ဩပသော ဘာသာရေးမျိုးပင်ဖြစ်သည်။ (မဿဲ ၂၅း၃၄-၄၆)” (SDA Bible Commentary, vol. 4, p. 306).
မိက္ခာ ၆း၈ တွင်ဖော်ပြထားသော လက်တွေ့ဘုရားတရားရှိခြင်းကိုပထုတ်သည့် အပြင်ပန်းဘာသာရေး၏ဖောက်ပြန်မှုကို ယနေ့တွင်ဘုရားသခင်သည် ဆက်လက်ငြင်းပယ်ပါသည်။ ကျွန်ုပ်တို့၏ဘာသာရေးထုံးတမ်းစဉ်လာများသည် ပန်းတိုင်အဆုံးမဟုတ်ဘဲ၊ ၎င်းင်းတို့သည် ပန်းတိုင်အဆုံးဖြစ်သည့် ကျွန်ုပ်တို့၌ထင်ရှားမည့်ခရစ်တော်ထံသို့ရောက်ရှိရန် ပို့ဆောင်ပေးသော နည်းလမ်းများသာဖြစ်သည်။
ဤအပတ်သင်ခန်းစာ၏နိဒါန်းတွင် မိသားစုနှစ်စုသည် မျှော်လင့်ခြင်းကင်းမဲ့သောရပ်ကွက်ထဲသို့ လူတို့၏လိုအပ်ချက်များကိုဖြည့်ဆည်း၍ ပြောင်းရွှေ့ခဲ့ကြသည့်အကြောင်းကို တွေ့ခဲ့ရပြီးဖြစ်သည်။ ၎င်းမိသားစုနှစ်စုတို့သည် သူတို့၏ဧည့်ခန်းတစ်ခုတွင် အိမ်နီးချင်းမိတ်ဆွေသစ်များနှင့်အဖွဲ့ ငယ်တစ်ခုဖွဲ့စည်းခဲ့သည်။ ၎င်းကြီးထွားလာသော အဖွဲ့ငယ်၏အဖွဲ့ဝင်များသည် သူတို့၏ရပ်ကွက်ပြန်လည်နိုးကြားစေမည့်နည်းလမ်းများကိုပြသရန် ဘုရားသခင်ထံတွင် စိတ်အားထက်သန်စွာဆုတောင်းခဲ့ကြသည်။ သူတို့သည် ဖွံ့ဖြိးရေး ခရစ်ယာန်အဖွဲ့ငယ်နှင့်ပူးပေါင်းကာ သူတို့ပတ်ဝန်းကျင်မှယိုယွင်းပျက်စီးနေ သောအိမ်ရာ၊ တိုက်ခန်းများကို ပြန်လည်တည်ဆောက်ခြင်း၌ပါဝင်ရန် စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပေးကြသည်။
အကယ်၍သင်သည် ဤရပ်ကွက်ကိုယနေ့လည်ပတ်မည်ဆိုလျှင်၊ ယခင်အခြေအနေထက် သာ၍ကောင်းသောကြီးပွားတိုးတက်သည့်ရပ်ကွက် သစ်ကို တွေ့ရမည်ဖြစ်သည်။ ဤအရာအမှန်တကယ်ဖြစ်လာရခြင်းမှာ အသင်းတော်ငယ်လေးသည် ယေရှု၏ချစ်ခြင်းမေတ်္တာကို လက်တွေ့ဆန်သော နည်းလမ်းဖြင့်ပြသကာ သူတို့၏ရပ်ကွက်ကိုပြောင်းလဲစေခဲ့ပါသည်။ ဤ လုပ်ဆောင်မှုကိုဖော်ပြသောအရာမှာ လက်တွေ့ကျ၍တန်ခိုးပါသောနည်းလမ်း ဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့အားသူတစ်ပါးထံသို့သွားရောက်ပြီး ကူညီ မစရန်တတ်စွမ်းနိုင်ကြောင်းကို ပြသခြင်းဖြစ်ပါသည်။
ဘုရားသခင်သည် သူ၏လူတို့အား အုပ်စုတစ်စုပုံစံဖြင့်မိန့်တော် မူသော်လည်း၊ အခန်းငယ် (၈) တွင် လူတစ်ဦးချင်း ကိုရည်ညွှန်းသော “သင်” ကိုအသုံးပြုသည်။ ဘုရားသခင်သည် တစ်ဦးချင်းစီကို ကိုယ်တိုင်စကားပြောတော်မူခဲ့ပါသည်။ ဤနေရာမှဘုရားသခင်သည် “ကောင်းသည်” ဟုမိန့်တော်မူသောအရာကို သင်ကိုယ်တိုင်မည်သို့ပေါ်လွင်စေပါသနည်း။
သာကြာ ဇူလိုင် ၂၂
ထပ်ဆင့်လေ့လာရန်။
“အချင်းလူ၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း” (မိက္ခာ ၆း၈)။ ထာဝရဘုရားသည် သူ၏လူတို့အားတောင်းဆို သောအရာနှင့်ပတ်သက်၍ မည်ကဲ့သို့သာ၍ရှင်းလင်းနိုင်မည်နည်း။ ဘုရားသခင်သည် “ကောင်းသော” အရာကိုပြသခဲ့ပြီး၊ ၎င်းင်းကောင်းသောအရာသည်အပြစ်မကျရောက်မီ ဖန်ဆင်းခြင်းကို ကမ္ဘာဦးကျမ်း (၁) တွင် အကြိမ်ကြိမ်အသုံးပြုသော “ကောင်းသည်” ဟူသောစကားနှင့်အတူတူပင်ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည် အစမူလ၌ ကျွန်ုပ်တို့အတွက်ထားရှိသော စံနမူနာနှင့် နောက်ဆုံးတွင် ခရစ်တော်ပြန်ကြွလာပြီးနောက် ကိုယ်တော်မှ အသစ်တစ်ဖန်ဖန်ဆင်းမည့်အရာတို့ကို တစ်နည်းအားဖြင့်ညွှန်ပြပါသည်။
“သင့်အားတောင်းတော်မူသည်” ဟူသောစကားစုကို (သာ၍တိတိကျကျပြောရလျှင်) ““သင့်အထဲတွင်ရှာဖွေသည်”” ဟုလည်း အနက်ဖွင့်ဆိုနိုင်ပါသည်။ ထိုအရာမှာ ဘုရားသခင်သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့်လွှမ်းဩခံ၍ ကိုယ်တော်ကယ်တင်သောကျွန်ုပ်တို့ထံမှ မည်သည့်အရာကိုရှာဖွေသနည်း။၎င်းင်း၏အဖြေကိုကျွန်ုပ်တို့သည် သူတစ်ပါးနှင့်သော်လည်းကောင်း၊ ဘုရားသခင် နှင့်သော်လည်းကောင်း မည်သို့ဆက်ဆံသည့်အရာ၌ ဖော်ပြနေပါသည်။ ရှေးဦးစွာကျွန်ုပ်တို့သည် တရားမျှတစွာကျင့်ကြံရမည်။ မကြာခဏအကူအညီမဲ့သော မတရားမှု၏သားကောင်ဖြစ်ရသူများအား ကျွန်ုပ်တို့သည် မည်ကဲ့သို့ အကူအညီပေးနိုင်ကြောင်းနှင့်ပတ်သက်၍ ဤသုံးလပတ်သင်ခန်းစာခေါင်းစဉ်ကိုပေးထားသည်မှာ သင့်လျော်မှုရှိပါသည်။ ဒုတိယအနေဖြင့် ကရုဏာ တရားကိုချစ်မြတ်နိုးရမည်။ မကြာမကြာ၊ ကရုဏာကင်းမဲ့နိုင်လွန်းသော ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ကြရသည်။ ကျွန်ုပ်တို့၏အသက်တာ၌ကရုဏာတရားကို သူတစ်ပါးထံသို့ဖော်ပြခြင်းအားဖြင့် ကရုဏာတရားကို ချစ်ကြောင်းမည်မျှတန်ခိုးပါသောသက်သေဖြစ်ပါသနည်း။ တတိယအနေဖြင့် ဘုရားသခင်ရှေ့တွင် နှိမ့်ချစွာသွားလာရမည်။ အကယ်၍ ဘုရားသခင်သည် မိက်္ခာ ၆း၎ တွင် အီဂျစ်ပြည်မှသူတို့၏လွတ်မြောက်ခြင်းကြောင့် ကိုယ်တော် ရှေ့တော်တွင်နှိမ့်ချရန်နှင့် သစ်္စာစောင့်ရန်အကြောင်းရင်းအနေဖြင့်ရည်ညွှန်း ခဲ့သော်၊ ယေရှု၏အသွေးတော်အားဖြင့် ရွေးနုတ်ခြင်းခံခဲ့ပြီးသောကျွန်ုပ်တို့ အတွက် မည်မျှပင်သာ၍နှိမ့်ချပြီး၊ သစ္စာစောင့်ရန်လိုအပ်ပါမည်နည်း။ ကပ်တိုင်တော်၏ သမ္မာတရားနှင့်ကယ်တင်ခြင်းအဖိုးအခတို့သည် ဘုရားသခင် ရှေ့တော်တွင်ကျွန်ုပ်တို့ အားအမြဲနှိမ့်ချစေသင့်ပါသည်။
-၀-
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.