သင်ခန်းစာ (၇)
အပြစ်ကို အောင်နိုင်ခြင်း
နိုဝင်ဘာလ ၁၁-၁၈
ဥပုသ်နေ့ မွန်းလွှဲ ပိုင်း နိုဝင်ဘာလ ၁၁
ဖတ်ရန်ကျမ်းချက်များ။ ရောမ ၆။ ၁ယော ၁း၈-၂း၁။
အလွတ်ကျမ်းချက်
‘‘သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက် ၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကိုမအုပ်စိုးရ’’ (ရောမ ၆း၁၄)။
အကျင့်တို့သည် ကျွန်ုပ်တို့အားမကယ်တင်နိုင်သော်၊ အဘယ်ကြောင့် အကျင့်ကျင့်ရမည်နည်း။ အဘယ်ကြောင့်အပြစ်ကိုဆက်မလုပ်ဘဲနေရမည်နည်း။
အခန်းကြီး (၆) သည် ဤအရေးကြီးသောမေးခွန်းအတွက် ပေါလု ၏အဖြေဖြစ်သည်။ ပေါလုသည် ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့သည် အပြစ် တရားကိုကျော်လွားအောင်နိုင်ပြီး၊ ခရစ်တော်၏ အကျင့်စာရိတ္တကို သာ၍သာ၍ ရောင်ပြန်ဟပ်ခြင်းတည်းဟူသော ‘‘သန့်ရှင်းခြင်း’’ အကြောင်းကိုဖော်ပြထား သည်။ ‘‘သန့်ရှင်းခြင်း’’ ဟူသောစကားလုံးကို ရောမသြဝါဒစာတွင် နှစ်ကြိမ်
သာဖော်ပြသည်။ ၎င်းကို ရောမ ၆း၁၉၊၂၂ တွင်တွေ့ရှိနိုင်ကာ၊ ဂရိမူရင်း စကားလုံးမှာ ့ါေငျောသျ ဖြစ်ပြီး၊ သန့်ရှင်းခြင်းဟူသောအဓိပ္ပါယ်ရသည်။
၎င်းကိုအင်္ဂလိပ်လို ‘‘သန့်စင်မွန်မြတ်ခြင်း’’ ဟူ၍ ဘာသာပြန်ဆိုသည်။ သန့်ရှင်းခြင်းဟုအများနားလည်ကြသောအကြောင်းအရာကို ပေါလု သည် ဘာမျှပြောစရာမရှိပြီလော။ လုံးဝမဟုတ်ရပါ။
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.