MSS Lesson 6: Adam And Jesus


Myanmar Sabbath School Lesson 6: Adam And Jesus, သင်ခန်းစာ (၆) အာဒံနံနံနှင့်ယေရှု နိုဝင်ဘာ ၄ - ၁ဝ
သင်ခန်းစာ (၆)
အာဒံနံနံနှင့်ယေရှု
နိုဝင်ဘာ ၄ - ၁ဝ
ဥပုသ်နေ့ မွန်းလွှဲပိုင်း နိုဝင်ဘာ ၄
ဖတ်ရန်ကျမ်းချက်။ ရောမ ၅။
အလွတ်ကျမ်းချက်
‘‘ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ ’’- (ရောမ ၅း၁၊၂)။

ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်၏လက်ခံခြင်းသည် ယေရှု ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာ ရရှိသည်ဟူသောအချက်ကို ပေါလု တည်ဆောက်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသာ လျှင် ကျွန်ုပ်တို့၏သခင်ဘုရားနှင့်အတူ မှန်ကန်သောရပ်တည်မှုကိုပေးစွမ်း နိုင်သည်။ ထိုမဟာသမ္မာတရားပေါ်တွင်တည်ဆောက်ကာ၊ ပေါလုသည် ယခု တွင်ဤအာဘော်ကို သာ၍အသေးစိတ်ရှင်းပြသည်။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာဖြစ်ရမည်ဖြစ်ကြောင်း၊ အကျင့်အားဖြင့်မဟုတ်၊ အာဗြဟံ ကဲ့သို့ ‘‘ဖြောင့်မတ်သူ’’ တစ်စုံတစ်ဦးအတွက်ပင်မဟုတ်ကြောင်းပြသပြီး အပြစ် တရား၊ ဝေဒနာခံစားခြင်းနှင့်သေခြင်းကို မည်သည့်အရာကဖြစ်စေကြောင်း၊ ၎င်း၏အဖြေကိုခရစ်တော်၌မည်သို့တွေ့ရှိရကြောင်းနှင့် ကိုယ်တော်သည်လူသား မျိုးနွယ်အတွက် မည်သည့်အရာဦပလုပ်ပြီးခဲ့ကြောင်း စသည့်သာ၍ကြီးမားသော ရုပ်ပုံကားချပ်ကို နောက်ကြောင်းပြန်မီးမောင်းထိုးပြသည်။ 

တစ်စုံတစ်ယောက်သောသူအာဒံကျရံှုးခြင်းအားဖြင့် လူသားအားလုံး သည် အပြစ်စီရင်ခြင်း၊ အဆက်ဖြတ်ခြင်းနှင့်သေခြင်းကိုရင်ဆိုင်ရကာ တစ်စုံ တစ်ဦးသောသူယေရှု၏အောင်မြင်ခြင်းအားဖြင့် ကမ္ဘာကြီးတစ်ခုလုံးသည် ဘုရားသခင်၏ရှေ့တော်တွင် နေရာသစ်ရရှိသည်။ ယေရှုကိုယုံကြည်ခြင်းအား ဖြင့်၊ သူတို့၏အပြစ်များမှတ်တမ်းနှင့် ၎င်းအပြစ်များ၏ပြစ်ဒဏ်များကို လျှော်ပစ်၍ ခွင့်လွတ်နိုင်ကာ၊ ၎င်းမှထာဝရလွတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်သည်။

ပေါလုသည် အာဒံနှင့်ယေရှုကိုနှိုင်းယှဉ်၍ ခရစ်တော်သည် အာဒံ ဦပလုပ်ခဲ့သည်အရာကို မည်သို့ပျက်ပြယ်စေကြောင်းနှင့် ယုံကြည်ခြင်းအားဖြင့် အာဒံအပြစ်၏သားကောင်သည် ကယ်တင်ရှင်ယေရှုအားဖြင့်ကယ်တင်နိုင်ကြောင်း ကိုပြသသည်။ ဤအရာအားလုံး၏အခြေအမြစ်မှာ လူသားတိုင်း၊ ယုဒလူ သို့မဟုတ် တစ်ပါးအမျိုးသားတို့ကို မိမိကိုလက်ခံသူအပေါင်းတို့အား ဖြောင့်မတ် ခြင်းကိုယူဆောင်လာပေးသည့် ယေရှု၏အသွေးတော်အားဖြင့် ကယ်တင်နိုင် ရန်လမ်းဖွင့်ပေးသော ခရစ်တော်၏လက်ဝါးကပ်တိုင်နှင့် သူ၏အစားထိုး အသေခံခြင်းပင်ဖြစ်သည်။

အမှန်ပင် ဤအာဘော်ကိုအသေးစိတ်ရှင်းပြထိုက်သည်အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့မျှော်လင့်ချက်အားလုံး၏အုတ်မြစ်ဖြစ်သည်။ 

တနင်္ဂနွေ နိုဝင်ဘာ ၅
ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာရောက်သည်
ရောမ ၅း၁-၅ ကိုဖတ်ပါ။ ပေါလု၏သတင်းစကားကိုအကျဉ်းချုပ် ပါ။ ထိုအထဲမှ ယခုသင့်အတွက် မည်သည့်အရာကိုရယူနိုင်သနည်း။

‘‘ဖြောင့်မတ်ရာသို့ရောက်’’ သည်ဆိုသည်မှာ ‘‘ဖြောင့်မတ်စေပြီးဖြစ် သည်’’ ဟုဆိုလိုသည်။ ၎င်းစကားလုံး၏Greekု ြကိယာသည် လုပ်ေဆာင် ပြီးသွားသည့်အလုပ်ကိုပုံဆောင်သည်။ ကျွန်ုပ်တို့အားဖြောင့်မတ်သူများအဖြစ် ကြေညာပြီးခြင်း သို့မဟုတ် ဖြောင့်မတ်သူများကဲ့သို့မှတ်ယူခြင်းမှာ မည်သည့် ပညတ်တရားကျင့်ခြင်းအားဖြင့်မျှမဟုတ်ဘဲ၊ ယေရှုခရစ်တော်ကို လက်ခံပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ဤလောကတွင် ယေရှုအသက်ရှင်တော်မူခဲ့သည့် ပြည့်စုံသောအသက်တာ၊ ကိုယ်တော်၏စုံလင်သောပညတ်စောင့်ခြင်းကို ကျွန်ုပ် တို့အားပေးအပ်ပြီးဖြစ်သည်။

တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယေရှုအပေါ်၌ ချထားပြီးဖြစ်သည်။ ထိုအပြစ်များကိုကျွန်ုပ်တို့မဟုတ်ဘဲ ယေရှုကကျူးလွန် ခဲ့သကဲ့သို့ ဘုရားသခင်လက်ခံတော်မူကာ၊ ထိုသို့ဖြင့် ကျွန်ုပ်တို့ထိုက်တန် သည့်အပြစ်ဒဏ်မှချမ်းသာခွင့် ကျွန်ုပ်တို့ရရှိနိုင်သည်။ ထိုအပြစ်ဒဏ်သည် ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့ကိုယ်စားခရစ်တော်အပေါ်သို့ကျရောက်ကာ၊ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် ၎င်းပြစ်ဒဏ်ကိုမိမိတို့ကိုယ်တိုင် ဘယ်သော အခါမျှမရင်ဆိုင်ရချေ။ အပြစ်သားအတွက် ဤအရာထက်သာ၍မွန်မြတ်သော သတင်းစကားရှိနိုင်ပါမည်နည်း။

ရောမ ၅း၂ မှ ‘‘ဘုန်းတော်’’ ဟုပြန်ဆိုသော ဂရိစကားလုံးကို ရောမ ၅း၃ တွင် ‘‘ဝမ်းမြောက်ခြင်း’’ ဟုပြန်ဆိုထားသည်။ အကယ်၍ ထိုဂရိစကားလုံးကို ရောမ ၅း၂ တွင် ‘‘ဝမ်းမြောက်ခြင်း’’ ဟု (အခြား ဘာသာပြန်ကျမ်းစာမှာကဲ့သို့) ပြန်ဆိုသော်၊ ရောမ ၅း၂ နှင့် ရောမ ၅း၃ အကြားဆက်စပ်မှုသည် သာ၍ရှင်းလင်းစွာမြင်ရမည်။ ဖြောင့်မတ်ရာသို့ရောက် ရှိပြီးသောသူတို့သည် အတိဒုက္ခထဲ၌ဝမ်းမြောက်နိုင်ကြသည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည် မိမိတို့၏ယုံကြည်ခြင်းနှင့်ကိုးစားမှုကို ယေရှုခရစ်တော် ၌တည်စေခဲ့ပြီးသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူတို့၏အကျိုး အတွက် အရာရာကိုဦပတော်မူမည်ဟု သူတို့၌စိတ်ချယုံကြည်မှုရှိသည်။ ခရစ်တော်ကြောင့်ဒုက္ခခံခြင်းကို ဂုဏ်ယူစရာအဖြစ်သူတို့မှတ်ယူကြလိမ့်မည် (၁ပေ ၄း၁၃ ကိုဖတ်ပါ)။

ရောမ ၅း၃-၅ မှတိုးတက်မှုဖြစ်စဉ်ကိုလည်းသတပြုပါ။ ၁။ သည်းခံခြင်း။ ဂရိစကားလုံး hupomone သည် ‘‘တည်ကြည် ခိုင်မာစွာသည်းခံနိုင်ရည်’’ ဟုဆိုလိုသည်။ ဤသည်းခံနိုင်ရည်သည် တစ်ခါတစ်ရံ အသက်တာကိုစိတ်မချမ်းမြေ့စေသည့်အခက်အခဲများခံစားနေရစဉ်မှာပင် ယုံကြည် ခြင်းကိုထိန်းသိမ်းလျက် ခရစ်တော်၌သူထားရှိသောမျှော်လင့်ချက်ကို မျက်ခြည် မပြတ်သောသူအထဲ၌ အတိဒုက္ခမှဦပပြင်ကြီးထွားလာသောခံနိုင်ရည်မျိုးဖြစ်သည်။ 

၂။ သက်သေထင်ရှားခြင်း။ Greek စကားလုံး dokime သည် ‘‘ထောက်ခံချက်ပေးနိုင်သည့်အရည်အချင်း’’ ဟုဆိုလိုသည်။ ထိုကြောင့် ‘‘အကျင့် စာရိတ္တ’’ သို့တည်းမဟုတ် တိတိကျကျဆိုသော် ‘‘နှစ်သက်ဖွယ်အကျင့်စာရိတ္တ’’ ဖြစ်သည်။ အခက်အခဲများကို စိတ်ရှည်စွာသည်းခံသောသူသည် နှစ်သက်ဖွယ် အကျင့်စာရိတ္တကို တိုးတက်ပြောင်းလဲစေနိုင်သည်။

၃။ မျှော်လင့်ခြင်း။ သည်းခံခြင်းနှင့်သက်သေထင်ရှားခြင်းသည် သဘာဝအလျောက် ယေရှု၌တွေ့ရသည့်မျှော်လင့်ခြင်းနှင့် ကိုယ်တော်အားဖြင့် ကတိဦပထားသောကယ်တင်ခြင်းတို့ကို မျှော်လင့်ချက်ပေးစွမ်းနိုင်သည်။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်း၊ နောင်တတရားနှင့်နားထောင်ခြင်းတို့ဖြင့် ယေရှုကို တွယ်ဖက်ထားသရွေ့၊ ကျွန်ုပ်တို့သည် အရာရာကိုမျှော်လင့်နိုင်သည်။ 

သင့်အသက်တာတစ်ခုလုံးတွင် အခြားအရာများထက် သင်သာ၍ မျှော်လင့်သောအရာတစ်ခုမှာအဘယ်နည်း။ ထိုမျှော်လင့်ခြင်းသည် ယေရှု၌ မည်ကဲ့သို့ပြည့်စုံနိုင်မည်နည်း။ သို့တည်းမဟုတ် ပြည့်စုံနိုင်ပါသလား။ အကယ်၍ မပြည့်စုံနိုင်သော် ၎င်းကိုဆက်လက်မျှော်လင့်ရန် သင်သေချာပါသလား။ 

တနင်္လာ နိုဝင်ဘာ ၆ 
အပြစ်သားများဖြစ်နေစဉ်မှာပင်
ရောမ ၅း၆-၈ ကိုဖတ်ပါ။ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏စာရိတ္တ တော်အကြောင်း ဘာပြောသနည်း။ ကျွန်ုပ်တို့အတွက် ထိုအထဲတွင်အဘယ် ေြကာင့်ေမျှာ်လင့်ချက်နှင့်ြပည့်ေနသနည်း။

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

Previous Post Next Post