သင်ခန်းစာ (၉) ပေါလု၏အသင်းအုပ်ဆရာလေသံဖြင့် တောင်းခံချက် သြဂုတ် ၁၉-၂၅
ဥပုသ်နေ့ မွန်းလွဲ ပိုင်း သြဂုတ် ၁၉
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၄း၁၂-၂၀။ ၁ကော ၁၁း၁။ ဖိလိပ်္ပိ၃း၁၇။ ၁ကော ၉း၁၉-၂၃။ ၂ကော ၄း၇-၁၂။
အလွတ်ကျမ်းချက်
“ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့သင်တို့ဖြစ်ကြလော့ဟု ငါတောင်းပန်၏” (ဂလာတိ ၄း၁၂)။
ယခုအချိန်ထိ ကျွန်ုပ်တို့လေ့လာခဲ့သမျှတွင် ပေါလုသည် ဂလာတိ လူတို့ကိုတဲ့တိုးပြောခြင်းမရှိသေးချေ။ သို့သော်လည်း သူ၏ပြင်းထန်သော စကားများသည် သူတည်ထောင်ခဲ့သောအသင်းတော်၏၀ိညာဉ်ရေးကောင်းစား ရေးနှင့်သက်ဆိုင်၍ သူခံစားရသောစိတ်ထက်သန်ပြင်းပြမှုကို ရောင်ပြန်ဟပ် ခြင်းသာဖြစ်သည်။ ပေါလုကိုင်တွယ်နေသော အရေးပါသည့်ဘာသာရေး သွန်သင်မှုအရေးကိစ်္စအပြင်၊ အကြမ်းအားဖြင့် ဂလာတိ လူတို့အားပေးပို့သော သြ၀ါဒစာသည် မှန်ကန်သောယုံကြည်ချက် မည်မျှအရေးကြီးကြောင်းကိုလည်း ပြ သသည်။ အကယ်၍ ကျွန်ုပ်တို့ယုံကြည်သည့်အရာသည် ထိုသို့အရေး မကြီးသော်၊ အကယ်၍ ယုံကြည်ချက်၏မှန်ကန်မှုသည် ထိုမျှလောက်အရေး မပါခဲ့သော်၊ အဘယ်ကြောင့်ပေါလုသည် သူ၏သြ၀ါဒစာတွင် အလွန်စိတ်အား ထက်သန်ပြီး၊ အလျှော့မပေးဘဲနေသနည်း။ ကျွန်ုပ်တို့ယုံကြည်သောအရာသည် အလွန်ပင်အရေးကြီးသည်မှာ အမှန်အကန်ဖြစ်သည်။ အထူးသဖြင့် ဧ၀ံဂေလိ တရားကိစ္စတစ်ခုလုံးအတွက် အရေး ကြီးသည်။
ပေါလုသည် မိမိ၏ချဉ်းကပ်ပုံအနည်းငယ်ပြောင်းလဲသော်လည်း ဂလာတိ ၄း၁၂-၂၀ တွင် မိမိ၏အကျယ်တ၀င့်ဟောပြောချက်ကို ဆက်ပြော နေသည်။ ပေါလုသည် ဂလာတိလူတို့အား သူတို့အမှားဖျောင်းဖျရန်အသေးစိတ်ပြီး၊ ဘာသာရေးသွန်သင်မှုကျွမ်းကျင်စွာဖြင့် အကျိုးကြောင်းသင့်ဆွေးနွေး ခဲ့ပြီးဖြစ်ကာ၊ ယခုတွင်မူ သူသည် ပုဂိ္ဂုလ်ရေးဆန်သော တရားဟောဆရာ ၏လေသံဖြင့် မေတ်္တာရပ်ခံလာသည်။ ဂလာတိလူတို့အပေါ် အမှန်တကယ် စိတ်ဝင်စားမှုမရှိသော မိစ်္ဆာဆရာများကဲ့သို့မဟုတ်ဘဲ၊ ပေါလုသည် ထိန်းကျောင်း ရခက်ခဲသော မိမိ၏သိုးစုအတွက် ကောင်းသောသိုးထိန်း၏စစ်မှန်သော စိတ်ဝင်စားမှု၊ ပူပန်သောက၊ မျှော်လင့်ချက်နှင့် ချစ်ခြင်းတို့ကိုဖော်ပြသည်။ သူသည် ဘာသာရေးသွန်သင်ချက်ကို ပြန်တည့်မတ်ပေးသည်သာမက၊ သူချစ်သောသူတို့အားဩပစုရန် ဩကိးစားနေသည်။
တနင်္ဂနွေ သြဂုတ် ၂၀
ပေါလု၏စိတ်နှလုံး
ဂလာတိ ၄း၁၂-၂၀ ကိုဖတ်ပါ။ ဤကျမ်းချက်မှပေါလုသတင်း စကား၏ဆိုလိုရင်းသည်အဘယ်နည်း။
_______________________________________________
ပေါလု၏စိတ်နှလုံးကို လေးလံစွာဖိစီးသော ပူပင်သောကအစမှာ အခန်းငယ် ၁၂ မှ မိမိ၏ကိုယ်ရေးကိုယ်တာတောင်းခံချက်ဖြစ်သည်။ ထိုတောင်းခံချက်သည် “ငါကဲ့သို့သင်တို့ဖြစ်ကြလော့” ဟူသော ပေါလု၏ ဂလာတိလူတို့အား မလျှော့တမ်းပြောဆိုချက်နောက်တွင် ကပ်ပါလာသည်။ “အနူးအညွတ်တောင်းပန်သည်” (သို့မဟုတ်) “တိုးလျှိုးတောင်းပန်သည်” ဟူသော စကားလုံး၏အရေးပါမှုကို တချို့သောဘာသာပြန်ချက်တို့တွင် အဓိပယ်ပြည့်ပြည့်၀၀ မဖော်ပြချေ။ ၎င်းင်း၏မူရင်း Greek စကားလုံးမှာ deomai ဖြစ်သည်။ ၎င်းင်းကို “တိုက်တွန်းသည်” (သို့မဟုတ်) “အနူးအညွတ်တောင်းပန် သည်” ဟု ဘာသာပြန်ဆိုနိုင်သော်လည်း၊ ၎င်း Greek စကားလုံးသည် သာ၍ပြင်းထန်လေးနက်သောအဓိပ်္ပါယ်ရှိသည် (၂ကော ၅း၂၀။ ၈း၎။ ၁၀း၂ တို့ကိုဖတ်ပါ)။ ပေါလုသည် “သင်တို့အားငါအနူးအညွတ်တောင်းပန်နေသည်” ဟု ပြောနေခြင်းဖြစ်သည်။
ပေါလုသည် ဘာသာရေးသွန်သင်မှုနှင့်ဆိုင်သောအယူအဆနှင့် ယုံကြည်ချက်ရှုထောင့်တို့ကို စိတ်ဝင်စားနေရုံမျှသာမဟုတ်ချေ။ မိမိသာသနာ ပြုခင်းမှ ခရစ်တော်ထံသို့ခေါ်ဆောင်လာသော သူတို့၏အသက်တာအကြောင်း သူ့စိတ်နှလုံးပူပန်နေခြင်းဖြစ်သည်။ သူသည် မိမိကိုယ်ကိုမိတ်ဆွေအဆင့်ထက် မက၊ သူတို့၏၀ိညာဉ်ရေးဖခင်ဖြစ်ကာ၊ သူတို့သည် မိမိ၏သားသမီးများ အဖြစ်သဘောထားသည်။ ထိုထက်မက၊ ပေါလုသည် ဂလာတိလူတို့အတွက် စိတ်ပူပန်မှုကို ကလေးမွေးသောမိခင်၏စိုးရိမ်ပူပန်မှုနှင့် မချိတင်ကဲဝေဒနာ တို့နှင့်ပုံခိုင်းလေ့ရှိသည် (ဂလာတိ ၄း၁၉)။ သူသည် အသင်းတော်တည်ထောင် စဉ်က မိမိ၏ယခင် “ကြိုးပမ်းမှု” များသည် သူတို့၏ “ဘေးကင်းသော မီးဖွားခြင်း”” အတွက် လုံလောက်မှုရှိသည်ဟု ပေါလုတွေးခဲ့သည်။ သို့သော် လည်းယခုတွင် ဂလာတိလူတို့သည် သမ်္မာတရားမှလမ်းလွဲသွားသည့်အတွက် ပေါလုသည် သူတို့၏ကောင်းစားရေးသေချာစေရန်အလို့ငှာ ၎င်းင်းမီးဖွားခြင်း ဝေဒနာကို နောက်တစ်ခါပြန်ခံစားနေရသည်။
ဂလာတိလူတို့အတွက် ပေါလုစိတ်ထဲတွင်မည်သည့်ပန်းတိုင်ရှိသနည်း။ သူတို့ကိုယ်စား မိမိ၏ “ဩကိးစားမှု” မှ မည်သည့်ရလဒ်ကိုသူမြင်ချင်သနည်း။ ဂလာတိ ၄း၁၉။
_________________________________________
ဂလာတိလူတို့အား သားအိမ်ထဲ၌သနေ်္ဓတည်လာခြင်းဖြစ်ကြောင်း ပထမအကြိမ်ဖော်ပြ ပြီးနောက်၊ ပေါလု သည်ယခုတွင်မူ ဂလာတိလူတို့အား ကိုယ်တိုင်မိခင်များဖြစ်သည့်အလား စကားပြောဆိုသည်။ “သန္ဓေတည်သည်” ဟူ၍ပြန်ဆိုသောစကားလုံးကို ဆေးပညာအရ သနေ်္ဓသားကြီးထွားရင့်သန်မှုကို ညွှန်းဆိုသည်။ ဤဥပမာအားဖြင့် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အသင်းတော် အနေဖြင့်ဖြစ်စေ၊ ခရစ်ယာန်ဖြစ်ရခြင်း၏ဆိုလိုရင်းမှာ မည်သည့်အရာဖြစ်သည် ကို ပေါလုဖော်ပြသည်။ ခရစ်တော်၏နောက်လိုက်ဖြစ်ခြင်းသည် ယုံကြည်ခြင်း ကိုဆွဲကိုင်ရုံထက်မကပိုသည်။ ခရစ်တော်နောက်လိုက်တစ်ဦးသည် ခရစ်တော် နှင့်တူရန် ကြီးမားသောပြောင်းလဲမှုရှိရမည်။ ပေါလုသည် ဂလာတိလူတို့၌ အနည်းငယ်သောအသေးအဖွဲပြောင်းလဲမှုကို ရှာဖွေနေခြင်းမဟုတ်ဘဲ၊ ခရစ်တော် ကိုတွေ့ရသည့်အလား သူတို့ကိုတွေ့မြင်နိုင်ရန် ပြောင်းလဲခြင်းကိုရှာဖွေနေသည်။” (Leon Morris, Galatians, p. 142).
မည်သည့်နည်းလမ်းဖြင့် ခရစ်တော်၏စာရိတ်္တတော်ကို သင့်အသက်တာ ၌ဖော်ပြသည်ကို မြင်တွေ့ခဲ့သနည်း။ မည်သည့်အပိုင်းတွင် သင်သည် များစွာ ဆက်လက်လုပ်ဆောင်ရန်ရှိသေးသနည်း။
တနင်္လာ သြဂုတ် ၂၁
ဖြစ်လာရန်စိန်ခေါ်ချက်
၁ကော ၁၁း၁။ ဖိလိပ်္ပိ ၃း၁၇။ ၂သက် ၃း၇-၉ နှင့်တမန်တော် ၂၆း၂၈၊၂၉ တို့ကိုဖတ်ပါ။ ဂလာတိ ၄း၁၂ ကိုရောင်ပြန်ဟပ်သည့်အရာ ဤကျမ်းချက်များတွင် ပေါလုသည် မည်သည့်အရာကိုပြောဆိုသနည်း။ သူ၏ ဆိုလိုရင်းကို မည်ကဲ့သို့နားလည်ရမည်နည်း။
___________________________________________________________
ပေါလု၏သြ၀ါဒစာများတွင် ခရစ်ယာန်တို့အား မိမိ၏အပြုအမူကို အတုခိုးရန် ကြိမ်ဖန်များစွာအားပေးထားသည်။ အခြေအနေတစ်ခုချင်းစီတွင် ပေါလုသည် ယုံကြည်သူများလိုက်လျှောက်ရမည့် ယုံကြည်လောက်သော ပုံပမာအဖြစ် မိမိကိုယ်ကိုတင်ဆက်ထားသည်။ ၂သက် ၃း၇-၉ တွင်၊ သက်သာလောနိတ်လူတို့သည် သူများအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ၊ မိမိတို့ ကိုယ်တိုင်ဝမ်းစာအတွက် မည်ကဲ့သို့ဝင်ငွေရှာလုပ်ကိုင်ရမည်ကိုပြောရာ၌ မိမိကိုယ်ကို ပုံနမူနာအဖြစ်တင်ဆက်သည်။ ၁ကော ၁၁း၁ တွင်ပေါလုသည် သူတစ်ပါး၏ကောင်းကျိုးကို ပထမဦးစားပေးရာတွင် သူ့အားအတုခိုးရန် ဖိတ်ခေါ်သည်။ ဂလာတိသြ၀ါဒစာတွင် ပေါလုအလေးထားသောအရာမှာ တစ်နည်းတစ်ဖုံခြားနားနေသည်။
ဂလာတိ ၄း၁၂ တွင် ပေါလုသည် ဂလာတိလူတို့အား သူ့ကို “အတုခိုး” ရန်မတောင်းဆိုချေ။ ထို့အစားသူ “ကဲ့သို့ဖြစ်ရန်” တောင်းဆို သည်မှာ အပြင်ပန်းအဩပအမူမဟုတ်ဘဲ ဖြစ်ခြင်းအကြောင်းကိုဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဂလာတိဩမိ့ကပြဿနာမှာ ကောရိန်သုမြိ့မှအသင်းတော် ကဲ့သို့ ကျင့်ဝတ်သွေဖည်သောအဩပအမူ (သို့မဟုတ်) ဘုရားတရားမဲ့အသက် ရှင်နေထိုင်ပုံမျိုးမဟုတ်ချေ။ ဂလာတိဩမိ့ကပြဿနာမှာ ခရစ်ယာန်ဘာသာ၏ အနှစ်သာရကိုယ်၌အရင်းခံသည်။ ၎င်းင်းမှာ “အပြုအမူ” ဆိုသည်ထက် သာ၍ “ဖြစ်ခြင်း” အကြောင်းပင်ဖြစ်သည်။ ပေါလုသည် ငါ့လိုကျင့်ပါဟုပြောနေ ခြင်းမဟုတ်ဘဲ၊ ငါကဲ့သို့ဖြစ်ပါဟုပြောနေခြင်းဖြစ်သည်။ ဂလာတိ ၄း၁၂ တွင် အသုံးဩပသောဝေါဟာရအတိအကျကို တမန်တော် ၂၆း၂၉ တွင် အဂြပ္ပမင်းအား ပေါလု၏မေတ်္တာရပ်ခံချက်တွင်အသုံးဩပသည်။ “ကိုယ်တော်မှစ၍ ယနေ့တွင်အကျွန်ုပ်၏စကားကိုကြားသောသူအပေါင်းတို့သည် ဤသံဩကိးကို ထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှာ ဘုရားသခင်ကိုအကျွန်ုပ်ဆုတောင်းပါသည”” ဟု ပေါလုမေတ်္တာရပ်ခံခဲ့သည်။ တစ်နည်းအားဖြင့် မိမိ၏ပညတ်တရားကျင့်ခြင်းမဟုတ်ဘဲ သူ့အတွက် ခရစ်တော်လုပ်ဆောင်ခဲ့ပြီးသောအရာကို ကိုးစားသည့်ယုံကြည်ခြင်းဖြစ်သော ခရစ်တော်တစ်ပါးတည်းအပေါ်၌သာတည်သည့်အခြေခံကို ခရစ်ယာန်တစ်ဦး အနေဖြင့် မိမိ၏အတွေ့အဩကံကိုဆိုလိုခြင်းဖြစ်သည်။ ဂလာတိလူတို့သည် ခရစ်တော်၌ မိမိတို့၏ကိုယ်ပိုင်လက်္ခဏာထက် မိမိတို့၏အဩပအမူကို သာ၍ တန်ဖိုးထားကြသည်။
ပေါလုသည် ဂလာတိလူတို့အား သူ့ကဲ့သို့မည်သို့ဖြစ်ရမည်ကို အတိအကျပြောဆိုခြင်းမရှိသော်လည်း ပေါလုသည် မိမိအသက်တာ၏အရာရာ၊ အသေးစိတ်များ၌ သူ့ကဲ့သို့ဖြစ်ရန်ပြောနေခြင်းမဟုတ်ကြောင်းကို ဂလာတိ လူတို့၏အခြေအနေကပြသနေသည်။ သူအဓိကအလေးထားသောအရာမှာ ဂလာတိလူတို့၏ပညတ်တရားကိုဗဟိုဩပသော ဘာသာရေးဖြစ်နေသောကြောင့် ပေါလုသည် စိတ်ထဲတွင်အံ့ဖွယ်မေတ်္တာ၊ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်းများနှင့် ခရစ်တော်၌သူတွေ့ရှိခဲ့ပြီးသော ကယ်တင်ခြင်း၏ဧကန်သေချာခြင်းတို့အမှန်ပင် ရှိနေခဲ့သည်။ ခရစ်တော်၏သာလွန်သောအံ့ဖွယ်ကိုထောက်၍ အရာရာကို အမှိုက်ကဲ့သို့ထင်မှတ်ရန် သင်ယူခဲ့ပြီးဖြစ်သည် (ဖိလိပ်္ပိ ၃း၅-၉)။ ပြီးနောက် သူသည် ဂလာတိလူတို့အားလည်း အလားတူအတွေ့အဩကံမျိုးရှိစေရန် တောင့်တနေခဲ့သည်။
သင်သည် ပုံနမူနာကောင်းယူထိုက်သောသူ (ယေရှုမပါ) တစ်စုံ တစ်ဦးရှိပါသလား။ အကယ်၍ရှိခဲ့သော် သင်တွေ့သောအတုယူထိုက်သည့် သူ၏အရည်အချင်းများကားအဘယ်နည်း။ ၎င်းင်းအရည်အချင်းများကို သင့်အသက်တာတွင် မည်ကဲ့သို့သာ၍ကောင်းအောင်ပြသနိုင်မည်နည်း။
အင်္ဂါ သြဂုတ် ၂၂
သင်တို့ကဲ့သို့ငါဖြစ်၏
၁ကော ၉း၁၉-၂၃ ကိုဖတ်ပါ။ ဂလာတိ ၄း၁၂ ၏ပထမအပိုင်း (မြန်မာကျမ်းစာ) တွင် မိမိ၏ဆိုလိုရင်းကို ကျွန်ုပ်တို့သာ၍နားလည်နိုင်စေ ရန် ဤကျမ်းချက်တွင်ပေါလုသည် မည်သည့်အရာကိုပြောဆိုသနည်း။ (တမန်တော် ၁၇း၁၆-၃၄။ ၁ကော ၈း၈-၁၃။ ဂလာတိ ၂း၁၁-၁၄ တို့ကို လည်းဖတ်ပါ။)
________________________________________________________
ဂလာတိ ၄း၁၂ သည် အနည်းငယ်ရှုပ်ထွေးနိုင်ချေရှိသည်။ အကယ် ၍ပေါလုသည် သူတို့ကဲ့သို့ဖြစ်ပြီးခဲ့ပြီဆိုလျှင် အဘယ်ကြောင့်ဂလာတိလူတို့ သည် သူ့ကဲ့သို့ဖြစ်လာရမည်နည်း။
__________________________________________________________
မန်နေ့က ကျွန်ုပ်တို့လေ့လာခဲ့သကဲ့သို့၊ ကယ်တင်ခြင်းအတွက် ခရစ်တော်သည် ပြည့်စုံလုံလောက်ခြင်း၌ မိမိ၏လုံးလုံးယုံကြည်စိတ်ချခြင်း အရာ၌ သူနှင့်တူရန် သူတို့ကိုပေါလုအလိုရှိခဲ့သည်။ သူတို့ကဲ့သို့ဖြစ်ခြင်း အပေါ် ပေါလု၏မှတ်ချက်မှာ သူသည် ယုဒလူဖြစ်သော်လည်း “ပညတ် တရားမဲ့သော”” တစ်ပါးအမျိုးသားကဲ့သို့ဖြစ်လာခြင်းကိုဆိုလိုသည်။ ထိုကြောင့် သူသည် ဧ၀ံဂေလိတရားအားဖြင့် တစ်ပါးအမျိုးသားများထဲသို့ရောက်ရှိနိုင် မည်ဖြစ်သည်။ တစ်ပါးအမျိုးသားများနယ်တွင် ထူးချွန်သောသာသနာပ တစ်ဦးအနေဖြင့် ပေါလုသည် ယုဒလူတို့နှင့်တစ်ပါးအမျိုးသားများထံသို့ မည်သို့ဧ၀ံဂေလိတရားဟောရမည်ကို သင်ယူခဲ့ပြီးဖြစ်သည်။ အမှန်မှာ၊ ၁ကော ၉း၁၉-၂၃ အရ၊ ဧ၀ံဂေလိတရားသည် အမြဲတမ်းအတူတူဖြစ်နေသော်လည်း၊ သူချဉ်းကပ်သည့်လူတို့အပေါ်မူတည်၍ ပေါလု၏နည်းလမ်းများသည် ပြောင်းလဲ ခဲ့သည်။
“ပေါလုသည် ယနေ့ပြောဆိုနေကြသောအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲခြင်းကို ရှေ့ဆောင် သူဖြစ်ခဲ့ သည်။ ဧ၀ံဂေလိတရားကိုကြားနာမည့် သူတို့၏အခြေအနေပေါ်မူတည်၍ ပြောပြနိုင်ရန် ဤနည်းလမ်းလိုအပ်သည်။” (Timothy George, The New American Commentary: Galatians, p. 321).
၁ကော ၉း၂၁ မှ ပေါလု၏ကိုယ်တိုင်မှတ်ချက်သည် ဧ၀ံဂေလိတရား ကို အခြေအနေဒေသနှင့်အညီဟော ကြား ရာတွင် မည်သည့်အတိုင်းအတာအထိ ညှိနှိုင်းရန်မှာ အကန့်အသတ်ရှိသည်ဟု သူယုံ ကြည်ကြောင်ြး ပသသည်။ ဥပမာ၊ တစ်စုံတစ်ဦးသည် ယုဒလူတို့နှင့်တစ်ပါးအမျိုးသားတို့အား မတူညီသော နည်းလမ်းဖြင့် လွတ်လပ်စွာချဉ်းကပ်နိုင်သော်လည်း ဤလွတ်လပ်မှုတွင် ဥပမဒေမဲ့နေပုံထိုင်ပုံမျိုးဖြင့် အသက်ရှင်ရန်အခွင့်အရေးမပါဝင်ချေ။ အကြောင်း မှာ ခရစ်ယာန်တို့သည် “ခရစ်တော်၏ပညတ်တရား” အောက်၌ရှိသူများ ဖြစ်သောကြောင့်ဖြစ်သည်။
အခြေအနေပေါ်မူတည်ပြောင်းလဲခြင်းမှာ အမြဲတမ်းလွယ်ကူမနေသော် လည်း၊ “ကျွန်ုပ်တို့သည် ဧ၀ံဂေလိတရား၏အဓိကသော့ချက်ကို ယဉ်ကျေးမှု အရှုပ်အထွေးထဲမှခွဲထုတ်နိုင်သရွေ့၊ ခရစ်တော်၏သတင်းစကားကို အထဲ၌ ပါရှိသောအကြောင်းအရာကို အပေးအယူလုပ်ညှိနှိုင်းခြင်းမရှိဘဲ၊ အခြေအနေ အရဟောပြောခြင်းမှာ ကျွန်ုပ်တို့သည် ပေါလုအားအတုခိုးသူများဖြစ်လာကြ သည်” (Timothy George, Galatians, pp. 321,322).
အပေးအယူလုပ်ညှိနှိုင်းရန်မှာ အလွန်လွယ်ကူသည်မဟုတ်လော။ တစ်စုံတစ်ဦးသည် ခရစ်ယာန်ဖြစ်သည်မှာ ကြာလာသည်နှင့်အမျှ၊ အပေး အယူလုပ်ညှိနှိုင်းရန်လည်း သာ၍လွယ်ကူလေဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်နိုင်သနည်း။ မိမိကိုယ်ကိုရိုးရိုးသားသားကြည့်ပါ။ အပေးအယူလုပ် ညှိနှိုင်းခြင်းသည် သင့်အသက်တာတွင် မည်မျှဖြစ်ပေါ်လာသနည်း။ ၎င်းင်းတို့ကို မည်ကဲ့သို့အကြောင်းပြချက်ပေးသနည်း။ ဤအရာမှလိုအပ်သောနေရာတွင် မည်ကဲ့သို့လှည့်ထွက်ရမည်နည်း။
ဗုဒ္ဓဟူး သြဂုတ် ၂၃
ယခင်နှင့်ယခု
ဂလာတိယုံကြည်သူတို့နှင့် ပေါလု၏ဆက်ဆံရေးသည် ယခုကဲ့သို့ အမြဲခက်ခဲမှုနှင့်အေးတိအေးစက်ဖြစ်မနေခဲ့ချေ။ အမှန်မှာ၊ ဂလာတိဩမိ့တွင် ဧ၀ံဂေလိတရားကို ပထမအကြိမ်ဟောပြောစဉ်အချိန်ကို ပေါလုသည် ပြန်လည် ပုံရိပ်ထင်စေရာတွင် သူ့အားမည်မျှကောင်းစွာဩပစုကြကြောင်း ပီတိဖြာသော စကားလုံးများဖြင့်ပြောဆိုသည်။ မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ မည်သည့်ဖြစ်ရပ်ကြောင့် ဂလာတိဩမိ့တွင် ဧ၀ံဂေလိတရားဟောပြော ရန် ပေါလုအားစိတ်ဆုံးဖြတ်စေဟန်ရှိသနည်း။ ဂလာတိ ၄း၁၃။
______________________________________________________________
ကြည့်ရသည်မှာ ပေါလု၏မူလရည်ရွယ်ချက်မှာ ဂလာတိဩမိ့တွင် ဧ၀ံဂေလိတရားကိုဟောပြောရန် မဟုတ်ခဲ့ချေ။ သို့ရာတွင် ခရီးသွားစဉ် အဖျားရောဂါရလာသောကြောင့် ဂလာတိဩမိ့တွင်ကြာကြာတည်းနေရန်၊ (သို့မဟုတ်) ရောဂါကုသရန်၊ ဂလာတိဩမိ့သို့သွားရန် အကြောင်းဖန်လာခဲ့ သည်။ ပေါလု၏ရောဂါခြေအနေအတိအကျကိုမသိရချေ။ တချို့က ငှက်ဖျား ခံရသည်ဟုဆိုကြသည်။ အခြားသူတို့ကလည်း (ဂလာတိလူတို့သည် မိမိ တို့၏မျက်လုံးကိုထုတ်၍ သူ့အားပေးရန်ဆန်္ဒရှိကြသည်ကိုထောက်ရှုပြီး) မျက်စိ ရောဂါဖြစ်နိုင်သည်ဟုဆိုကြသည်။ သူ၏နာမကျန်းဖြစ်ခြင်းသည် ၂ကော ၁၂း၇-၉ တွင်ဖော်ပြသည့် “ကိုယ်၌စူးသောဆူး” နှင့်လည်း ဆက်စပ်မှုရှိ နိုင်သည်။
ပေါလုသည် မည်သည့်အရာပင်ခံစားရသည်ဖြစ်စေ၊ ၎င်းင်းသည် အလွန် အဆင်မပြေသောကြောင့် ဂလာတိလူတို့အတွက် စမ်းသပ်ခြင်းဖြစ်စေကြောင်း သူပြောသည်။ ဖျားနာခြင်းကို ဘုရားသခင်မနှစ်သက်မှု၏လက်္ခဏာအဖြစ် ရှုမြင်သောပတ်ဝန်းကျင်တွင် (ယောဟန် ၉း၁၊၂။ လုကာ ၁၃း၁-၄)၊ ပေါလု ၏ဖျားနာခြင်းသည် ဂလာတိလူတို့က သူတို့ကိုလည်းကောင်း၊ သူ၏သတင်း စကားကိုလည်းကောင်း ငြင်းပယ်ရန်အလွယ်တကူဆင်ခြေဖြစ်သွားနိုင်သည်။ သို့သော်၊ သူတို့သည် ပေါလုကိုလှိုက်လှိုက်လှဲလှဲဩကိဆိုခဲ့ကြသည်။ အဘယ် ကြောင့်နည်း။ သူတို့၏စိတ်နှလုံးသည် ကပ်တိုင်တော်အကြောင်းဟောပြော ခြင်းနှင့် (ဂလာတိ ၃း၁)၊ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းတို့ကြောင့် ဖြစ်သည်။ ယခုသူတို့၏စိတ်သဘောထားပြောင်းလဲခြင်းအတွက် မည်သည့် အကြောင်းပြချက်ကိုပေးနိုင်ကြမည်နည်း။
ပေါလုဝေဒနာခံစားရန်ခွင့်ဩပရသည့် ဘုရားသခင်၏အကြောင်းပြချက် ကား မည်သည့်အရာဖြစ်နိုင်မည်နည်း။ မိမိကိုယ်ပိုင်ပြဿနာနှင့်ရုန်းကန်နေ ရစဉ် ပေါလုသည် သူတစ်ပါးတို့အား မည်ကဲ့သို့သာသနာဩပနိုင်သနည်း။ ရောမ ၈း၂၈။ ၂ကော ၄း၇-၁၂။ ၁၂း၇-၁၀။
___________________________________________________________
ပေါလု၏ဖျားနာခြင်းသည် မည်သည့်အရာပင်ဖြစ်စေ၊ ပြင်းထန်သည် မှာအမှန်ပင်ဖြစ်သည်။ ထိုကြောင့် မိမိ၏ပြဿနာအတွက် ဘုရားသခင်အပြစ် တင်နိုင်သလို၊ ဧ၀ံဂေလိတရားဟောခြင်းကိုလည်း အလွယ်တကူအလျှော့ပေး နိုင်သည်။ ပေါလုသည် မည်သည့်အရာတစ်ခုခုဖြင့် ဆင်ခြေမပေးခဲ့ချေ။ မိမိ၏အခြေအနေကို မိမိအတွက်အကောင်းဆုံးအသုံးချမည့်အစား၊ ပေါလု သည် ၎င်းင်းပြဿနာကို ဘုရားသခင်၏ကရုဏာအပေါ် သာ၍လုံးလုံးလျားလျား မှီခိုအားထားရန် အခွင့်အရေးအဖြစ်အသုံးဩပသည်။ “ကြိမ်ဖန်များစွာဘုရားသခင် သည် အသက်တာ၏ဘေးဒုက်္ခဖြစ်သော ဖျားနာခြင်း၊ ညှဉ်းဆဲခြင်း၊ ဆင်းရဲ ခြင်း၊ သဘာဝဘေးဒဏ်များနှင့် နားလည်ရခက်ခဲသောအဖြစ်ဆိုးများကိုပင် လျှင် မိမိ၏သနားကြင်နာခြင်းနှင့်ကျေးဇူးကရုဏာကိုဖော်ပြရန်နှင့် ဧ၀ံဂေလိ တရားပြန့်ပွားလာစေရန် အသုံးဩပတော်မူသည်။” (Timothy George, Galatians, pp. 323,324).
သင်၏ဒုက္ခများနှင့်ဝေဒနာခံစားခြင်းတို့သည် သခင်ဘုရားအပေါ်သာ၍ မှီခိုရန် မည်ကဲ့သို့သင်ပေးသနည်း။ (အခြားမည်သည့်ရွေးစရာရှိသနည်း။)
ကြာသပတေး သြဂုတ် ၂၄
သမ္မာတရားကိုဟောပြောခြင်း
ဂလာတိ ၄း၁၆ ကိုဖတ်ပါ။ ပေါလုသည် မည်သည့်အရေးပါသော အချက်ကိုဖော်ပြသနည်း။ အလားတူအရာကို သင်ကိုယ်တိုင်မည်သည့်နည်းလမ်း အားဖြင့် တွေ့ကြုံဖူးသနည်း။ (ယောဟန် ၃း၁၉။ မဿဲ ၂၆း၆၄၊၆၅။ ယေရမိ ၃၆း၁၇-၂၃)။
__________________________________________________________
“သမ္မာတရား (အမှန်တရား) ကိုဟောပြောခြင်း” ဟူသောအသုံး အနှုန်းသည် အထူးသဖြင့် ယနေ့ကျွန်ုပ်တို့အချိန်တွင် မကြာမကြာအပျက် သဘောဆောင်တတ်သည်။ အကြောင်းမှာ ဤအသုံးအနှုန်းသည် မည်မျှပင် ဆိုးပြီး၊ မလိုချင်စရာဖြစ်စေကာမူ ထိထိမိမိဖြင့်စိတ်တိုင်းကျတစ်ဖက်သားကို ချေမှုန်းတိုက်ခိုက်ပြောဆိုသည့်ပုံစံမျိုးဖြစ်နေတတ်သောကြောင့်ဖြစ်သည်။ အကယ်၍ ဂလာတိ ၄း၁၂-၂၀ နှင့် တချို့ကျမ်းချက်များ (ဂလာတိ ၆း၉၊၁၀) မှ ပေါလု၏မှတ်ချက်များသည် ထိုသို့သောအဓိပ္ပါယ်မျိုးမရှိခဲ့သော်၊ ပေါလု သည် မည်သည့်ချစ်ခြင်းမေတ်္တာအသုံးအနှုန်းထက် ဧ၀ံဂေလိတရား၏မှန်ကန် မှုကို ပေါလုသည် သာ၍စိတ်ဝင်စား၊ အလေးပေးသည်ဟု မှားယွင်းစွာ မှတ်ချက်ချနိုင်ပေသည်။ ကျွန်ုပ်တို့လေ့လာခဲ့သကဲ့သို့ “မှန်သောဧ၀ံဂေလိ တရား” (ဂလာတိ ၂း၅၊၁၄ ကိုဖတ်ပါ) ကို ဂလာတိလူတို့သည် သိကြသည် အကြောင်းကို ပေါလုသည် စိုးရိမ်မိသော်လည်း၊ ထိုစိုးရိမ်မှုသည် သူတို့ကို ချစ်သောကြောင့်ဖြစ်လာရသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မိမိတို့ မကြားလိုသောရိုးရိုးအမှန်တရား (သို့မဟုတ်) ဝေဖန်ပြစ်တင်ခြင်းခံရသော အခါ မည်မျှနာကျင်သည်ကို မခံစားဖူးသောသူရှိပါသလား။ သို့သော် လတ်တလောကျွန်ုပ်တို့၏စကားလုံးများသည် တစ်ဖက်သားကိုနာကျင်စေ၍ လည်းကောင်း၊ (သို့မဟုတ်) ကျွန်ုပ်တို့ပေါ် စိတ်ဆိုးဒေါသထွက်စေသော် လည်း၊ ကျွန်ုပ်တို့သည် နာကျင်စေလိုသောကြောင့်မဟုတ်ဘဲ ထိုသူအား ဂရုစိုက်သောကြောင့် ထိုသို့ဩပလုပ်ကြသည်။ ဤသို့သောလုပ်ရပ်မျိုးကို မည်မျှ ပင်မလုပ်လိုပါသော်လည်း တစ်စုံတစ်ဦးသည်ကြားရန်လိုအပ်သည့်အရာဖြစ် သည်ကို ကျွန်ုပ်တို့သိရှိနေသောကြောင့် ပြောကိုပြောရမည်ဖြစ်သည်။
ဂလာတိ ၄း၁၇-၂၀ တွင်၊ ပေါလုသည် မိမိအားဆန့်ကျင်သူများ အကြောင်း မည်သည့်အရာပြောသနည်း။ သူတို့၏ဘာသာရေးသွန်သင်ချက် အပြင်၊ မည်သည့်အရာကိုသူစိန်ခေါ်သနည်း။
_________________________________________________________
ပေါလုဟောသောဧ၀ံဂေလိတရား၏ပွင့်လင်းမှုသည် ဂလာတိလူတို့ ၏အမျက်ဒေါသကို နှိုးဆွနိုင်ခြေရှိနေစဉ်၊ သူ့ကိုဆန့်ကျင်သူတို့သည် ဂလာတိ လူတို့အားချစ်၍မဟုတ်ဘဲ၊ မိမိတို့၏တစ်ကိုယ်ကောင်းဆန်သောရည်ရွယ်ချက် ဖြင့် ဂလာတိလူတို့၏မျက်နှာသာရရှိစေရန် တက်တက်ကြွကြွလုပ်ဆောင်နေ ကြသည်။ ပေါလုက မိမိကိုဆန့်ကျင်သူတို့သည် “သင်တို့ကိုပယ်ခြင်းငှာ အလိုရှိကြ၏” ဟူသောပြောဆိုချက်မှာ တစ်ပါးအမျိုးသားတို့သည် အရေဖျား လှီးခြင်းမခံမီတိုင်အောင် ဧ၀ံဂေလိတရားကြားရသောအခွင့်မရှိစေရန်၊ အဆက် အသွယ်ဖြတ်ရန်ဟု ဆိုလိုဟန်ရှိသော်လည်း ပေါလုသည် မည်သည့်အရာ အတိအကျဆိုလိုသည်မှာ ရှင်းလင်းမှုမရှိချေ။
သင့်စကားသည် မည်မျှပင်မှန်ကန်ပြီးလိုအပ်စေကာမူ၊ တစ်စုံတစ်ဦး အားစိတ်ဆိုးစေခဲ့သောဖြစ်ရပ်တချို့ကိုစဉ်းစားပါ။ အလားတူဖြစ်ရပ်မျိုး နောက်တစ်ဖန်ဩပလုပ်ရန်လိုအပ်ကြောင်း ထိုအတွေ့အဩကံမှ မည်သည့်အရာကို သင်ယူသနည်း။
သောကြာ သြဂုတ် ၂၅
ထပ်ဆင့်လေ့လာရန်။
“ဂလာတိအသင်းတော်များထဲတွင် ပွင့်ပြီးဖုံးကွယ်မထားသည့်အမှား သည် ဧ၀ံဂေလိသတင်းကို အစားထိုးနေရာဝင်ယူနေသည်။ ယုံကြည်ခြင်း၏ အခြေအမြစ်ဖြစ်သောခရစ်တော်သည် ယုဒ၀ါဒ၏အသုံးမ၀င်တော့သည့်ဝိနည်း ကျင့်စဉ်များအတွက် စွန့်လွှတ်ရလုနီးပါးဖြစ်နေခဲ့သည်။ ဂလာတိဩမိ့မှယုံကြည် သူတို့အား သူတို့ကိုခြိမ်းခြောက်နေသည့် အန်္တရာယ်ကြီးသောသြဇာလွှမ်းမိုး မှုမှ ကယ်တင်နိုင်ခဲ့မည်ဆိုလျှင်၊ တိကျပြတ်သားသောဆောင်ရွက်မှုကို ဆောင်ရွက်ရမည်ဖြစ်ကာ အပြတ်သားဆုံးသောသတိပေးချက်များကို ပေးရ မည်ဖြစ်ကြောင်း တမန်တော်ကမြင်နေခဲ့သည်။
“ခရစ်တော်၏အမှုတော်ဆောင်တိုင်းအတွက် သင်ယူရမည့်အရေးကြီး သောသင်ခန်းစာမှာ သူကောင်းကျိုးပြုရန် ဩကိးစားသောသူတို့၏အခြေအနေပေါ် မူတည်ပြီး သူ၏လုပ်ဆောင်မှုနှင့်ကိုက်ညီအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ကြင်နာသနားခြင်း၊ စိတ်ရှည်ခြင်း၊ ပြတ်သားမှုနှင့်ခိုင်ခံ့မှုတို့သည် အတူတကွ လိုအပ်သည်။ သို့သော် ၎င်းင်းတို့ကိုလျော်ကန်စွာရွေးချယ်ပြီးအသုံးဩပရမည် ဖြစ်သည်။ ခြားနားသောလူအဆင့်အတန်းအလွှာကို ကွဲပြားခြားနားသော အခြေအနေနှင့်လက်ရှိအနေအထားအောက်တွင် အမြော်အမြင်ရှိရှိကိုင်တွယ်ရန် မှာ ချင့်ချိန်ဆင်ခြင်တတ်ခြင်း၊ အသိအမြင်ကြွယ်သော ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဘုရားသခင်၏၀ိညာဉ်တော်အားဖြင့် စင်ကြယ်စေခြင်းတို့လိုအပ်သည်။
“တစ်ချိန်က ဘုရားသခင်၏တန်ခိုးတော်ကို မိမိတို့အသက်တာတွင် တွေ့ဩကံခံစားဖူးသောသူတို့အား၊ ဧ၀ံဂေလိတရားအမှန်တရားကိုချစ်သော ယခင်အချစ်သို့ပြန်လှည့်လာရန် ပေါလုတောင်းပန်ခဲ့သည်။ သူတို့သည် ခရစ်တော်၌ လွတ်လပ်သောလူယောက်ျား၊ မိန်းမများဖြစ်လာရသောအခွင့်အရေး ကို ပြန်၍မချေပနိုင်လောက်အောင် သူတို့ရှေ့၌သူချပြသည်။ ခရစ်တော်၏ အပြစ်ပြေစေသောကျေးဇူးကရုဏာအားဖြင့် လုံးလုံးအပ်နှံသူအားလုံးသည် ဖြောင့်မတ်ခြင်းဝတ်လုံဖြင့်လွှမ်းဩခံခြင်းခံရကြသည်။ ကယ်တင်ခြင်းခံရမည့် ၀ိညာဉ်တိုင်းသည် ဘုရားသခင်၏အရာ၌ စစ်မှန်သောကိုယ်တိုင်ကိုယ်ကျ အတွေ့အဩကံရှိရမည်ဟူသောအချက်သည် သူ၏ရပ်တည်ချက်ဖြစ်သည်။
“ပေါလု၏လေးနက်သောတောင်းပန်တိုးလျှိုးမှုသည် အချည်းနှီးမဟုတ် ချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် အားကြီးသောတန်ခိုးဖြင့်လုပ်ဆောင် တော်မူကာ၊ လမ်းမှားထဲတွင်လျှောက်လှမ်းခဲ့ကြသည့် များစွာသောလူတို့သည် ဧ၀ံဂေလိတရားကို ယခင်ယုံကြည်ခြင်းသို့ပြန်လှည့်လာခဲ့ကြသည်။ ဤအချိန် မှစ၍ နောင်တွင်ခရစ်တော်သည် သူတို့အားလွတ်မြောက်စေခဲ့ပြီးသော လွတ်လပ်ခြင်း၌မြဲမြံနေခဲ့ကြသည်။” (AA, pp. 385,386,388).
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.