MMSL သင်ခန်းစာ (၇) ယုံကြည်ခြင်းသို့သွားရာလမ်း

သင်ခန်းစာ (၇) ယုံကြည်ခြင်းသို့သွားရာလမ်း

သင်ခန်းစာ (၇) ယုံကြည်ခြင်းသို့သွားရာလမ်း                                 သြဂုတ် ၅ - ၁၁

ဥပုသ်နေ့ မွန်းလွဲပိုင်း  သြဂုတုတုတ် ၅
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၃း၂၁-၂၅။ ၀တ်ပြု ၁၈း၅။ ရောမ ၃း၉-၁၉။ ၁ကော ၉း၂၀။ ရောမ ၃း၁၊၂။ ၈း၁-၄။

အလွတ်ကျမ်းချက်။  ။ “ယုံကြည်သောသူတို့သည် ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကိုရိုရမည်အ်အကြောင်း၊ ကျမ်းစာသည် လူအူအပေါင်း တို့ကို အပြစ်၌ချုပ်ထား၏” (ဂလာတိ ၃း၂၂)။

အိမ်ပြန်တတ်အောင်ကျင့်ထားသောခိုများသည် တစ်ရက်အတွင်း မိုင်ပေါင်းရာချီပျံသန်းပြီး၊ မိမိနေရာကိုတိတိကျကျပြန်ရောက်ရှိနိုင်သည့် အံ့ဖွယ်ကောင်းသောသူတို့၏စွမ်းရည်ကို နှစ်ပေါင်းများစွာကပင်သိရှိပြီးဖြစ်သည်။ သို့သော် ““အတော်ဆုံးကျင့်ထားသည့်ခိုများပင်လျှင် တစ်ခါတစ်ရံမျက်စိလည်ကာ မိမိတို့စတင်ပျံသန်းသည့်နေရာသို့ ဘယ်သောအခါမျှပြန်မလာကြသည်များ လည်းရှိသည်။ ထိုသို့သောဖြစ်ရပ်မျိုး အင်္ဂလန်နိုင်ငံတွင်ဖြစ်ပျက်ခဲ့ကာ (ဒေါ်လာခြောက်သိန်းမကတန်ဖိုးရှိသော) ခိုအကောင်နှစ်သောင်းကိုလွှတ်ခဲ့ ကာ သူတို့သည် မိမိတို့၏အိမ်အမိုးအောက်သို့ ဘယ်သောအခါမျှပြန်မလာ ကြတော့ချေ။

ကျွန်ုပ်တို့အများစုသည် ထိုသို့သောဖြစ်ရပ်မျိုး မျက်စိလည်လမ်းမှား (သို့မဟုတ်) ပျောက်ဆုံးခြင်းကို တစ်နည်းမဟုတ်တစ်နည်းဩကံတွေ့ခြင်းသည် ပျော်စရာမကောင်းလှချေ။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းနှင့်စိုးရိမ်မှုဖြင့်ပြည့်ကာ ထိတ်ထိတ်ပျာပျာဖြစ်သွားသည့်အချိန်အခါမျိုးသို့ပို့ဆောင်နိုင်သည်။ ၀ိညာဉ်ရေးနယ်ပယ်တွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ် တို့သည် ခရစ်တော်ကိုလက်ခံပြီးနောက်ပိုင်းတွင်ပင်၊ ပျောက်ဆုံး (သို့မဟုတ်) မျက်စိလည်လမ်းမှားကာ သခင်ဘုရားထံတော်သို့ ဘယ်သော အခါမျှပြန်မရောက် သည် များပင်ရှိ တတ်သည်။
သို့သော်ငြားလည်း သတင်းကောင်းမှာ ဘုရားသခင်သည် ကျွန်ုပ် တို့ချည်းသာမချန်ထားခြင်းဖြစ်သည်။ ဧ၀ံဂေလိတရားတွင်ဖော်ပြသကဲ့သို့ ကိုယ်တော်သည် ယုံကြည်ခြင်းသို့သွားရာလမ်းကိုပြင်ဆင်တော်မူကာ၊ ၎င်းင်းလမ်း တွင်ပညတ်တော်လည်းပါဝင်သည်။ လူအများသည် ပညတ်တော်ကို ဧ၀ံဂေလိ တရားမှ သီးသန့်ခွဲထုတ်ချင်ကြသည်။ လူတချို့သည် ၎င်းင်းတို့မှာဆန့်ကျင် နေကြသည်ဟုပင် ရှုမြင်ကြသည်။ ဤအမြင်သည်မှားရုံသာမက၊ ၀မ်းနည်း ဖွယ်အကျိုးဆက်များပင်ရှိနိုင်သည်။ ပညတ်တော်မရှိလျှင် ကျွန်ုပ်တို့ ၌ ဧ၀ံဂေလိတရားရှိ မည်မဟုတ်ချေ။ ပညတ်တော်မပါသော ဧ၀ံဂေလိတရားကို နားလည်ရန် အမှန်ပင်ခက်ခဲသည်။ 

တနင်္ဂနွေ သြဂုတုတုတ် ၆
ပညတ်တော်နှင့်ကတိတော်

“ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့်ဆန့်ကျင်ဘက် ဖြစ်သလော” (ဂလာတိ ၃း၂၁)။ မိမိ၏မှတ်ချက်များသည် မိမိကိုဆန့်ကျင်သူတို့အား သူသည် ပညတ်တော်ကိုချိုးနှိမ်ပြောဆိုသည်ဟု ကောက်ချက်ချစေနိုင်သည်ကိုလည်း ကောင်း၊ (သို့မဟုတ်) ဘုရားသခင်၏ကတိတော်များကိုဦးစားပေးသည့် မိမိ ၏မှတ်ချက်များသည် မောရှေနှင့်မောရှေဩပစုသောကျမ်းငါးကျမ်းကိုဖုံးကွယ် သည်ဟူ၍ ကောက်ချက်ချနိုင်သည်ကိုလည်းကောင်း သိနေသောကြောင့်၊ ပေါလုသည် သူတို့စဉ်းစားနေသည့် “ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့်ဆန့်ကျင်သည်ဟု သင်ပြောဆိုပါသလော” ဟူသောမေးခွန်းကို မေးလိုက်သည်။ ဤမေးခွန်းကိုပင် ပေါလုသည် “မဟုတ်ပါ” ဟုအလေး  အနက်တုံ့ပြန်သည်။ ထိုသို့ကောက်ချက်ချခြင်းသည်မဖြစ်နိုင်ရာ၊ အဘယ် ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိကိုယ်ကိုဆန့်ကျင်ခြင်းမရှိချေ။ ဘုရားသခင်သည် ကတိတော်နှင့်ပညတ်တော်နှစ်ခုစလုံးကို ပေးတော်မူခဲ့သည်။ ပညတ်တော်သည် ကတိတော်နှင့်ဆန့်ကျင်မနေပါ။ ၎င်းင်းတို့သည် ဘုရားသခင် ၏အလုံးစုံသောကယ်တင်ခြင်းစီမံကိန်းတွင် မတူညီသောအခန်းကဏ္ဍနှင့်လုပ်ငန်း တာဝန်ရှိနေခြင်းမျှသာဖြစ်သည်။
 ပေါလုကိုဆန့်ကျင်သူတို့သည် ပညတ်တော်၏အခန်းကဏ္ဍအကြောင်း မည်သည့်မှားယွင်းသောအယူအဆရှိကြသနည်း။ ဂလာတိ ၃း၂၁။ ၀တ်ပြု ၁၈း၅ နှင့် တရားဟော ၆း၂၄ တို့ကိုနှိုင်းယှဉ်ပါ။
ဤသူတို့သည် ၀ိညာဉ်ရေးအသက်တာကို ပညတ်တရားက သူတို့ အားပေးနိုင်သည်ဟု ယုံကြည်ကြသည်။ သူတို့၏ရှုမြင်သုံးသပ်ချက်သည် ဘုရားသခင်၏ပဋိညာဉ်၌တည်နေသောသူတို့သည် မည်ကဲ့သို့အသက်ရှင်
နေထိုင်ရမည်ဟု ပညတ်တော်ကညွှန်ကြားသည့် ၀တ်ဩပရာကျမ်း ၁၈း၅ နှင့် တရားဟောရာကျမ်း ၆း၂၄ ကဲ့သို့သော ဓမ်္မဟောင်းကျမ်းမှကျမ်းပိုဒ်များကို မှားယွင်းစွာအနက်ပြန်ဆိုခြင်းကြောင့်ဖြစ်နိုင်သည်။ ပညတ်တော်သည် ပဋိညာဉ် အတွင်းအသက်ရှင်နေထိုင်မှုကို ထိန်းကျောင်းပေးသည်။ သို့သော် ပညတ် တော်သည် လူတစ်ဦး၏ဘုရားသခင်နှင့်ဆက်ဆံရေး၏အရင်းအမြစ်ဖြစ်သည် ဟု သူတို့ကောက်ချက်ချကြသည်။ သို့ရာတွင် သမ်္မာကျမ်းစာသည် အသက် ရှင်စေနိုင်သောအစွမ်းသတ်္တိမှာ ဘုရားသခင်နှင့်မိမိ၏၀ိညာဉ်တော်တန်ခိုးအား ဖြင့်သာဖြစ်ကြောင်း ရှင်းနေပေသည် (၄ရာ ၅း၇။ နေဟမိ ၉း၆။ ယောဟန် ၅း၂၁။ ရောမ ၄း၁၇)။ ပညတ်တော်သည် မည်သူ့ကိုမျှဝိညာဉ်ရေး၌အသက် မရှင်စေနိုင်ချေ။ သို့ရာတွင် ဤအချက်သည် ပညတ်တော်က ဘုရားသခင် ၏ကတိတော်ကိုဆန့်ကျင်သည်ဟုမဆိုလိုချေ။

ပညတ်တော်သည် အသက်ပေးနိုင်စွမ်းမရှိကြောင်း သက်သေပြရန် ဩကိးစားရာမှာ ပေါလုသည် ဂလာတိ ၃း၂၂ တွင် ““ကျမ်းစာသည် လူအပေါင်း တို့ကိုအပြစ်၌ချုပ်ထား၏”” ဟုရေးသားသည်။ ရောမ ၃း၉-၁၉ တွင် ပေါလုသည် ဤသဘောတရားပါရှိသည့် ဓမ်္မဟောင်းကျမ်းမှကျမ်းချက်တချို့ ကိုဆွဲထုတ်ကာ ကျွန်ုပ်တို့သည် မည်မျှဆိုးကြောင်းပြသသည်။ ထိုကျမ်းပိုဒ် များသည် စနစ်တကျသီကုံးသည့်ပုံစံမျိုးမရှိချေ။ သူသည် အပြစ်ပြဿနာ၏ အရင်းဖြစ်သော လူ့စိတ်ကိုကပ်ဆိုးဆိုက်စေသည့် တစ်ကိုယ်ကောင်းဆန်သော စိတ်သဘောထားမှစတင်၍၊ ထိုနောက် အပြစ်တရားပျံ့နှံ့ခြင်းနှင့်အဆုံးတွင် တစ်လောကလုံးသို့ပျံ့နှံ့ကြောင်း ဖော်ပြသည့်ကျမ်းချက်များကို ဆက်လက် ဖော်ပြသည်။ 

သူ၏ဆိုလိုရင်းမှာအဘယ်နည်း။ အပြစ်၏ပမာဏအတိုင်းအတာနှင့် ပညတ်တော်၏အကန့်အသတ်များကြောင့် ထာဝရအသက်နှင့်ဆိုင်သောကတိ တော်သည် ကျွန်ုပ်တို့ကိုယ်စား ခရစ်တော်၏သစ်္စာစောင့်သိခြင်းအားဖြင့်သာ လျှင် ကျွန်ုပ်တို့ထံသို့ရောက်ရှိနိုင်သည်။ တစ်ဖန် ဤကြီးမြတ်သောသမ်္မာတရားသည် ဘာသာရေးဩပပြင်ပြောင်းလဲခြင်းကို မောင်းနှင်ပေးသောအရာ ဖြစ်သည်။

ပညတ်တော်သည် ကျွန်ုပ်တို့ကိုမကယ်တင်နိုင်သော်လည်း ၎င်းင်းကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့အတွက်မည်သည့်ကြီးမားသောအကျိုးရှိ သနည်း။ ဘုရားသခင်၏ပညတ်တော်ကိုစောင့်ခြင်းဖြင့် မည်သည့်လက်တွေ့ ကျသောကောင်းသောအရာကို သင်တွေ့ဩကံရသနည်း။

တနင်္လာ သြဂုတ် ၇
ပညတ်တရားအောက်၌ချုပ်ထားခြင်း

ဂလာတိ ၃း၂၃ တွင် ပေါလုသည် “ယုံကြည်ခြင်းတရားမရောက် မှီ ပညတ်တရား (အောက်၌). . .ငါတို့သည်. . . ချုပ်ထားလျက်ရှိကြ ၏” ဟုရေးသားသည်။ ပေါလုက “ငါတို့သည်” ဟုဆိုရာတွင် ဂလာတိ အသင်းတော်မှ ယုဒလူယုံကြည်သူများကိုညွှန်းဆိုသည်။ သူတို့သည် ပညတ် တရားနှင့်ရင်းနှီးသောသူများဖြစ်  ကြကာ၊ ပေါလုသည် ဂလာတိ ၂း၁၅ မှစပြီး သူတို့ကိုသီးခြားပြောနေခဲ့သည်။ ဂလာတိ ၃း၂၃ မှ “ငါတို့သည်” နှင့်  ဂလာတိ ၃း၂၆ မှ “သင်တို့အပေါင်းသည်” တို့သည် မတူညီ၊ ခြားနား ကြောင်းတွေ့မြင်နိုင်သည်။
ဂလာတိ ၃း၂၃ မှ “ယုံကြည်ခြင်းတရားမရောက်မီ” မှာ မူရင်း Greek ကျမ်းစာတွင် “ထိုယုံကြည်ခြင်းမရောက်မီ” ဟု တိုက်ရိုက်အဓိပ်္ပါယ် ရှိသည်။ ပေါလုသည် ခရစ်တော်မတိုင်မီနှင့်ခရစ်တော်နောက်ပိုင်း ပညတ် တော် ၏အခန်းကဏ္ဍကိုနှိုင်းယှဉ်ပြသောကြောင့် (ဂလာတိ ၃း၂၄) “ထိုယုံကြည် ခြင်း” မှာ ယေဘုယျအားဖြင့် ခရစ်ယာန်ယုံကြည်ခြင်းကိုညွှန်းဆိုခြင်းမဟုတ် ဘဲ၊ ခရစ်တော်ကိုယ်တော်တိုင်ကို ညွှန်းဆိုခြင်းဖြစ်ဟန်ရှိသည်။
ပေါလုပြောဆိုသည်မှာ ယုဒလူတို့သည် ခရစ်တော်မကြွလာမီ ပညတ်တရား၏အောက်တွင် ချုပ်ထားခြင်းခံရသည်ဟူ၍ဖြစ်သည်။ “ပညတ် တရားအောက်တွင်” ဟုဆိုရာတွင် သူသည်မည်သည့်အရာကိုဆိုလိုသနည်း။ ဂလာတိ ၃း၂၂၊၂၃ ကို ရောမ ၆း၁၄၊၁၅။ ၁ကော ၉း၂၀။ ဂလာတိ ၄း၎၊၅၊၂၁။ ၅း၁၈ တို့နှင့်နှိုင်းယှဉ်ပါ။
ပေါလုသည် “ပညတ်တရားအောက်၌” ဟူသောစကားစုကို သူ၏ သြ၀ါဒစာများတွင် တစ်ဆယ့်နှစ်ကြိမ်အသုံးဩပသည်။ ဤအချက်ကိုကြည့် လျှင် ၎င်းင်းသည် အဓိပ်္ပါယ်အမျိုးမျိုးရှိနိုင်သည်။
၁။ ““ပညတ်တရားအောက်၌”” သည် ကယ်တင်ခြင်း၏အခြားတစ်ဖက် မှရွေးစရာလမ်း (ဂလာတိ ၄း၂၁)။ ဂလာတိဩမိ့မှဆန့်ကျင်ဘက်ဩပသူတို့သည် နားထောင်ခြင်းဖြင့်အသက်ပေးသောဖြောင့်မတ်ခြင်းကိုရရှိရန် ဩကိးစားခဲ့ကြ သည်။ သို့သော်လည်း၊ ပေါလုက ရှင်းလင်းခဲ့ပြီးသကဲ့သို့ ဤအရာမှမဖြစ် နိုင်ချေ။ (ဂလာတိ ၃း၂၁၊၂၂)။ နောက်ပိုင်းတွင်လည်း ပေါလုသည် ပညတ် တရားအောက်၌နေလိုခြင်းအားဖြင့် ဂလာတိလူတို့သည် အမှန်ပင်ခရစ်တော် ကိုငြင်းပယ်ကြသည်ဟုပင် ထောက်ပြမည်ဖြစ်သည်။ (ဂလာတိ ၅း၂-၄)။
၂။ “ပညတ်တရားအောက်၌” ရှိခြင်းသည် ၎င်းင်း၏အပြစ်စီရင်ချက် ခံနေရခြင်းအဓိပ်္ပါယ်ရသည် (ရောမ ၆း၁၄၊၁၅)။ အဘယ်ကြောင့်ဆိုသော် ပညတ်တော်သည် အပြစ်တရားကိုမပြေစေနိုင်ချေ။ ၎င်းင်းကိုချိုးဖောက်ခြင်းသည် အဆုံးတွင် အပြစ်စီရင်ခြင်းကိုခံရမည်ဖြစ်သည်။ လူသားအားလုံးသည် ဤ  အခြေအနေကိုဩကံရကြမည်ဖြစ်သည်။ ပညတ်တော်သည် ထောင်မှူးကဲ့သို့ လုပ်ဆောင်ကာ ချိုးဖောက်သူအားလုံးကိုချုပ်ထားပြီး၊ ၎င်းင်းတို့သည် မိမိတို့ ကိုယ်ကိုသေခြင်းပြစ်ဒဏ်ကျရောက်စေကြသည်။ မနက်ဖြန်လေ့လာရမည့်
သင်ခန်းစာတွင် ဂလာတိ ၃း၂၃ တွင် “အထိန်း” ဟူသောစကားလုံးအသုံးပြု ခြင်းသည် ဤကျမ်းပိုဒ်တွင်ပေါလုက “ပညတ်တရား၏အောက်၌” ဟုဆိုလို သောအရာဖြစ်သည်။

“ပညတ်တရားအောက်၌” ဟုဘာသာပြန်နေကျ၊ မူရင်း Greek စကားလုံးမှာ ennomos ဖြစ်၍၊ “ပညတ်တရားဘောင်အတွင်း” ဟူသော တိုက်ရိုက်အဓိပ်္ပါယ်ရှိပြီး၊ ခရစ်တော်နှင့်အတူပေါင်းစည်းကာ ပညတ်တရား ၏ဘောင်အတွင်း အသက်ရှင်နေထိုင်ခြင်းကိုညွှန်းဆိုသည် (၁ကော ၉း၂၁)။ ခရစ်တော်မပါရှိဘဲ ပညတ်တရားကိုစောင့်ထိန်းရန်ကြိးစားခြင်းဖြစ်သော “ပညတ်တရား၏အကျင့်” အားဖြင့် ဖြောင့်မတ်ရာသို့မရောက်ရှိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူတို့သာ လျှင် အသက်ရှင်ရကြမည် (ဂလာတိ ၃း၁၁)။ ဤသမ်္မာတရားသည် ပညတ် တော်ကိုမပယ်ဖျက်ချေ။ ပညတ်တော်သည် ထာဝရအသက်ကိုမပေးနိုင်ကြောင်း ပြသခြင်းမျှသာဖြစ်သည်။

အင်္ဂါ သြဂုတ် ၈
ကျွန်ုပ်တို့၏အထိန်းပညတ်တော်

ပေါလုသည် ပညတ်တော်နှင့်ပတ်သက်၍ အခြေခံအဆုံးသတ် ကောက်ချက်နှစ်ခုတင်ပြထားသည်။ ၎င်းင်းတို့မှာ (၁) ပညတ်တရားကို အာဗြဟံအားပေးသော ဘုရားသခင်၏ကတိတော်ကိုပယ်ဖျက်ခြင်းမရှိ (ဂလာတိ ၃း၁၅-၂၀)။ (၂) ပညတ်တရားသည် ထိုကတိတော်ကိုဆန့်ကျင်ခြင်းမရှိ (ဂလာတိ ၃း၂၁၊၂၂) တို့ဖြစ်သည်။
ထိုသို့ဆိုသော် ပညတ်တရားသည် အမှန်တကယ်မည်သည့်အခန်း ကဏ္ဍတွင်ပါဝင်သနည်း။ “ဒုစရိုက်များကြောင့်”” ပညတ်တရားကိုထပ်၍ပေးသည် (ဂလာတိ ၃း၁၉) ဟုပေါလုရေးသားသည်။ ပြီးနောက် ဤအတွေးအခေါ် ကိုထပ်၍ချဲ့ရန် ပညတ်တရားနှင့်ဆက်စပ်၍မတူညီသောစကားလုံးသုံးခုကို အသုံးဩပထားသည်။ ၎င်းင်းတို့မှာ “စောင့်နေသည်” (အခန်းငယ် ၂၃) “ချုပ်ထားသည်” (အခန်းငယ် ၂၃) နှင့်အထိန်း (အခန်းငယ် ၂၄) တို့ ဖြစ်သည်။
ဂလာတိ ၃း၁၉-၂၄ ကိုဆုတောင်းပြီးဂရုတစိုက်ဖတ်ပါ။ ပေါလု သည် ပညတ်တော်အကြောင်းဘာပြောသနည်း။
အများစုခေတ်သစ်ဘာသာပြန်ဆိုမှုများသည် ဂလာတိ ၃း၁၉ မှ ပေါလု၏ပညတ်တော်အပေါ် မှတ်ချက်များကိုလုံးလုံးဆန့်ကျင်ဘက်ဝေါဟာရ များဖြင့် အနက်ပြန်ဆိုကြသည်။ သို့သော် မူရင်း Greek တွင် တစ်ဖက်သက် နီးပါးမျှပုံစံမရှိချေ။ “စောင့်နေသည်” (အခန်းငယ် ၂၃) ဟုပြန်ဆိုသော Greek မူရင်းစကားလုံးသည် “စောင့်ရှောက်သည်”” ဟူသော တိုက်ရိုက် အဓိပ်္ပါယ်ရသည်။ ၎င်းင်းသည် “ဖမ်းဆီးသည်” (သို့မဟုတ်) “စာင့်ကြည့် သည်” (၂ကော ၁၁း၃၂) ဟူသော အပျက်သဘောအဓိပ်္ပါယ်ကောက်ယူနိုင် သော်လည်း၊ ဓမ်္မသစ်ကျမ်းတွင် ၎င်းင်းသည် ယေဘုယျအားဖြင့် “ကာကွယ် သည်” (သို့မဟုတ်) “စောင့်ထိန်းသည်” ဟူသော သာ၍အပြုသဘောဆောင် သောအဓိပ်္ပါယ်မျိုးသက်ရောက်သည် (ဖိလိပ်္ပိ ၄း၇။ ၁ပေ ၁း၅)။ “ချုပ်ထား သည်” (ဂလာတိ ၃း၂၃) ဟူ၍ ဘာသာပြန်ဆိုသော မူရင်းစကားလုံး သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ၎င်းင်းကို “ပိတ်သည်” (ကမ်္ဘာ ၂၀း၁၈။ ထွက် ၁၄း၃။ ယောရှု ၆း၁။ ယေရမိ ၁၃း၁၉)၊ “အထဲတွင်ထည့်သည်” (လုကာ ၅း၆)၊ (သို့မဟုတ်) “ချုပ်ထားသည်” (ရောမ ၁၁း၃၂) ဟူ၍ ပြန်ဆိုနိုင်သည်။ ဤနမူနာများမှပြသသကဲ့သို့ အခြေအနေပေါ်မူတည်၍ ဤစကားလုံးသည် အဩပသဘော (သို့မဟုတ်) အပျက်သဘောဆောင်သော အဓိပ်္ပါယ်မျိုးရှိနိုင်သည်။
ပညတ်တရား (၁၀ ပါးနှင့်ဝိနည်းထုံးဖွဲ့ပညတ်) တို့သည် ဣသရေလ များအတွက် မည်သည့်အကျိုးကိုပေးသနည်း။ ရောမ ၃း၁၊၂။ တရားဟော ၇း၁၂-၂၄။ ၀တ်ဩပ ၁၈း၂၀-၃၀။
ပေါလုသည် ပညတ်တရားအကြောင်းကို အပျက်သဘောဆောင် သောဝေါဟာရဖြင့် ပြောဆိုနိုင်သော်လည်း (ရောမ ၇း၆။ ဂလာတိ ၂း၁၉)၊ ပညတ်တရားအကြောင်းကိုလည်း အဩပသဘောဆောင်ပြီး များစွာပြောဆိုသည် (ရောမ ၇း၁၂၊၁၄။ ၈း၃၊၄။ ၁၃း၈ တို့ကိုဖတ်ပါ)။ ပညတ်တရားသည် ဣသရေလအပေါ် ဘုရားသခင်၏ကျိန်ခြင်းမဟုတ်ဘဲ၊ ကောင်းချီးအဖြစ်ရည်ရွယ် ပြီးပေးတော်မူခြင်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် အပြစ်ကိုအဆုံးစွန် မဖယ်ရှားနိုင်သော်လည်း၊ ၎င်းင်းသည် အပြစ်ဖယ်ရှားနိုင်သည့် ကတိပေးထားသော မေရှိယကိုညွှန်ပြကာ၊ ၎င်းင်းစနစ်နှင့်ဆိုင်သောပညတ်များသည် ရှေးလူမျိုးစုများ စွာကိုဒုက်္ခပေးသည့်မကောင်းမှုများမှ ဣသရေလတို့ကိုအကာအကွယ်ပေးထား သည်။ အခြားတစ်နေရာမှာ ပညတ်တရားအကြောင်းအဩပသဘောဆောင်သည့် ပေါလု၏မှတ်ချက်မှကြည့်သော်၊ ဤကျမ်းချက်မှပေါလု၏မှတ်ချက်များကို အပျက် သဘောဘက်မှနားလည်မည်ဆိုလျှင် မှားပါလိမ့်မည်။
ကောင်းသောအရာတစ်ခုကို အလွဲသုံးစားလုပ်သည်ကိုတွေးကြည့်ပါ။ ဥပမာ၊ ရောဂါကုသရန်တီထွင်ထုတ်လုပ်သောဆေးဝါးကို မူးယစ်ဆေးဝါးအဖြစ် လူတချို့ကအသုံးဩပနိုင်သည်။ သင့်အသက်တာတွင် ဤနိယာမမျိုးမည်သည့် နမူနာများတွေ့ရှိထားသနည်း။ ကောင်းသောအရာကိုအလွဲသုံးစားဩပလုပ်နိုင် ကြောင်း နားလည်သဘောပေါက်ခြင်းသည် အထက်ပါကျမ်းမှ ပေါလု၏ ဆိုလိုချက်ကိုနားလည်ရန် မည်ကဲ့သို့ကူညီပေးသနည်း။

ဗုဒ်္ဓဟူး သြဂုတ် ၉
ကျွန်ုပ်တို့၏ကိုယ်ပိုင်ကျောင်းဆရာဖြစ်သောပညတ်တရား

ဂလာတိ ၃း၂၃ တွင်ပေါလုသည် ပညတ်တရားကိုစောင့်ကြပ် ကာကွယ်ပေးသောစွမ်းအားအဖြစ်ဖော်ပြသည်။ အခန်းငယ် ၂၄ တွင် ၎င်းင်းကို မည်သည့်အရာနှင့်ခိုင်းနှိုင်းသနည်း။ ပြီးနောက် ထိုအရာသည် မည်သည့် အရာကိုဆိုလိုသနည်း။
“ကိုယ်ပိုင်ကျောင်းဆရ” ဟုပြန်ဆိုသော Greek မူရင်းစကားလုံးမှာ paidagogos ဖြစ်သည်။ တချို့သောဘာသာပြန်ကျမ်းစာများတွင် “စည်းကမ်း ကြီးကြပ်သူ” (NRSV)၊ “နည်းပြဆရာ” (NKJV) သို့မဟုတ် “အုပ်ထိန်းသူ” (ESV) ဟူ၍ပြန်ဆိုသော်လည်း၊ မည်သည့်စကားလုံးကမျှ ၎င်းင်း၏အဓိပ်္ပါယ် ကို ပြည့်ပြည့်၀၀ခြုံငုံနိုင်ခြင်းမရှိချေ။ Paidagogos ဆိုသည်မှာ ရောမလူမျိုး အဖွဲ့အစည်းတွင် ကျွန်တစ်ဦးဖြစ်သည်။ ထိုကျွန်မှာ သခင့်၏သားခြောက်နှစ်၊ ခုနစ်နှစ်အရွယ်မှစ၍ လူလားမြောက်သည်အထိအုပ်ထိန်းရန် အခွင့်အာဏာ  ရှိသောရာထူးကို ပေးအပ်ခံရသူဖြစ်သည်။ ကိုယ်ကာယလိုအပ်ချက်ဖြစ်သော ရေချိုးပေးခြင်း၊ အစာကျွေးခြင်းနှင့်အ၀တ်အစားများလဲလှယ်ဝတ်ဆင်ပေးခြင်း၊ မည်သည့်အန်္တရာယ်မှမဆိုကာကွယ်ပေးခြင်း စသည့်တာဝန်များအပြင်၊ ထိုကျွန် (စငေိေါသါသ်) သည် သခင်၏သားကျောင်းမှန်မှန်သွားခြင်းနှင့် အိမ်စာများ ပြုလုပ်ခြင်းများရှိမရှိသေချာအောင် လုပ်ဆောင်ရန်တာဝန်လည်းရှိသည်။ ထို့ပြင်မက၊ သူသည် မွန်မြတ်သောကိုယ်ကျင့်တရားကို လေ့ကျင့်သင်ကြား ပေးခြင်းသာမက၊ သခင့်သားတို့သည် ၎င်းင်းမွန်မြတ်သောကိုယ်ကျင့်တရားတို့ကို သင်ယူပြီး၊ မိမိတို့ကိုယ်တိုင်ကျင့်သုံးခြင်းရှိမရှိကိုလည်း သေချာအောင်လုပ်ဆောင် ရန်တာဝန်ရှိသည်။
တချို့သောထိုကျွန်များသည် အမှန်တကယ်ကြင်နာမှုရှိကြပြီး၊ သူတို့ အုပ်ထိန်းသောကလေးများကလည်းချစ်ကြသော်လည်း၊ ရှေးစာပေများတွင် သူတို့ အကြောင်းကိုရေးသားရာ၌ အလွန်စည်းကမ်းကြီးသူများအဖြစ် ရေးသားဖော်ပြ လေ့ရှိသည်။ ကလေးများက စကားနားထောင်ရန် ကြမ်းတမ်းသောခြိမ်းခြောက် မှုများနှင့် ပြင်းထန်သောအပြစ်တင်ခြင်းများဩပကြသည်သာမက၊ ကြိမ်ဒဏ် များလည်းပေးကြသည်ဟု ဖော်ပြခြင်းခံရကြသည်။
ပေါလုသည် ပညတ်တရားကို သခင်၏ကလေးများကိုအုပ်ထိန်း သောကျွန်ကဲ့သို့ ခိုင်းနှိုင်းဖော်ပြခြင်းသည် ပညတ်တရား၏အခန်းကဏ္ဍ မိမိ၏နားလည်မှုကို ထပ်၍ရှင်းပြခြင်းဖြစ်သည်။ ပညတ်တရားကို အပြစ် ဖော်ပြရန်နှင့်ညွှန်ကြားချက်ပေးရန် ထပ်၍ပေးခြင်းဖြစ်သည်။ ဤလုပ်ငန်း၏ စင်စစ်သဘောသဘာဝမှာ ပညတ်တရားသည် အပျက်သဘောဆောင်သော အသွင်လည်းရှိသည်ဟုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ပြစ်တင်မောင်းမဲကာ၊ ကျွန်ုပ်တို့အား အပြစ်သားများဟုစွပ်စွဲသည်။ သို့သော်လည်း ဤ “အပျက်သဘောဆောင်သော” အသွင်းမျိုး၌ပင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်အသုံးဩပသည်။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား၏အပြစ်တင်စွပ်စွဲခြင်းသည် ကျွန်ုပ်တို့အား ခရစ်တော်ထံသို့ မောင်းပို့ပေးသည်။ ထိုအကြောင်းကြောင့် ပညတ်တရားနှင့်ဧ၀ံဂေလိတရား တို့သည် ဆန့်ကျင်ခြင်းမရှိကြပါ။ ၎င်းင်းတို့သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်း အတွက် အတူတကွလုပ်ဆောင်ရန် ဘုရားသခင်တမင်ရည်ရွယ်တော်မူသည်။
“သမ်္မာကျမ်းစာ (ဂလာတိ ၃း၂၄) တွင် သန့်ရှင်းသောဝိညာဉ်တော် သည် တမန်တော် (ပေါလု) မှတစ်ဆင့် အထူးသဖြင့်ပညတ်တော်အကြောင်း ကို ပြောတော်မူသည်။ ပညတ်တော်သည် ကျွန်ုပ်တို့အား အပြစ်ကိုဖော်ပြ ကာ ခရစ်တော်အားလိုအပ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်ထံနောင်တရ ပြီး၊ သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းနှင့်ငြိမ်သက် ခြင်းအတွက် ကိုယ်တော်ထံသို့ပေးရန်လိုအပ်ခြင်းကိုလည်းကောင်း ကျွန်ုပ်တို့ အားစိတ်ထဲ၌ခံစားစေသေည်။ (Selected Messages, book 1, p. 234).
သင်၏အဩပအမူ၊ စကားများနှင့်အတွေးများကို ပညတ်တော်နှင့် နောက်ဆုံးနှိုင်းယှဉ်သောအချိန်သည် အဘယ်နည်း။ ယခုပင် ပညတ်တော် ၏စာသားနှင့်မျှသာမက၊ ပညတ်တော်၏ဆိုလိုရင်းနှင့်လည်းနှိုင်းယှဉ်ပါ (မဿဲ ၅း၂၈။ ရောမ ၇း၆)။ သင်မည်မျှတိုးတက်မှုရှိသနည်း။ သင့်အဖြေသည် ဤသြ၀ါဒစာမှ ပေါလု၏ဆိုလိုရင်းကို သင့်အားမည်ကဲ့သို့ပြောပြသနည်း။

ကြာသပတေး သြဂုတ် ၁၀
ပညတ်တော်နှင့်ယုံကြည်သူ (ဂလာတိ ၃း၂၅)

များစွာသောသူတို့သည် ဂလာတိ ၃း၂၅ မှ ပေါလု၏ရေးသား ချက်ကို ပညတ်တော်ကိုလုံးဝထုတ်ပယ်ခြင်းကဲ့သို့ အနက်ပြန်ဆိုကြသည်။ သို့ရာတွင် အခြားကျမ်းချက်များမှ ပညတ်တော်အကြောင်းနှင့်ပတ်သက်ပြီး
ပေါလု၏အဩပသဘောဆောင်သောရေးသားချက်ကိုထောက်ရှုသော်၊ ဤအရာ မှာအဓိပ်္ပါယ်မရှိချေ။
ထိုသို့ဆိုသော် သူသည် မည်သည့်အရာကိုဆိုလိုသနည်း။
ပထမအနေဖြင့် ကျွန်ုပ်တို့သည် ပညတ်တရား၏အပြစ်တင်စွပ်စွဲ ခြင်းကို မခံကြရတော့ချေ။ (ရောမ ၈း၃)။ ယုံကြည်သူများအနေဖြင့်၊ ကျွန်ုပ် တို့သည် ခရစ်တော်၌ရှိကာ ကရုဏာတရားအောက်၌နေရသောအခွင့်ကို မွေ့လျော်နေကြသည် (ရောမ ၆း၁၄၊၁၅)။ ဤအရာသည် ကျွန်ုပ်တို့အား ခရစ်တော်၏အစေကိုစိတ်နှလုံးအကြွင်းမဲ့ခံယူရန် လွတ်လပ်မှုကိုပေးကာ၊ ထိုလွတ်လပ်မှုအောက်တွင် အမှားဩပလုပ်မိခြင်းအတွက် အပြစ်တင်ခြင်းကို ကြောက်နေရန်မလိုတော့ချေ။ ၎င်းင်းသည် ဧ၀ံဂေလိတရား၌ စစ်မှန်သောလွတ်လပ်မှုနှင့်လွတ်လပ်ခွင့်ဖြစ်ကာ၊ လူတချို့က ခရစ်တော်၌လွတ်လပ်ခြင်းသည် ပညတ်တ်ာကိုစောင့်ထိန်းရန်မလိုတော့ချေဟူသောပြောဆိုချက်နှင့် လုံးဝခြားနားသည်။ ထို့အစား၊ ပညတ်တော်ကိုမလိုက်လျှောက်ခြင်းသည် အပြစ်ဖြစ်ကာ၊ အပြစ် တရားသည် လွတ်လပ်ခြင်းကိုမပေးနိုင်ချေ (ယောဟန် ၈း၃၄)။
ရောမ ၈း၁-၃ ကိုဖတ်ပါ။ ပညတ်တော်၏အပြစ်စီရင်ခြင်းမခံရ တော့ပြီဆိုသည်မှာအဘယ်နည်း။ ဤအံ့ဖွယ်သမ်္မာတရားသည် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ပုံကို မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသနည်း။
ခရစ်တော်အားဖြင့် ခွင့်လွှတ်ခြင်းခံရပြီးသောအခါ၊ ပညတ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ယခုတွင်ခြားနားသွားပြီဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ကိုယ်တော်နှစ်သက်သည့်အသက်တာမျိုးဖြင့်အသက်ရှင်ရန် ခေါ်တော်မူခြင်းခံရကြသည် (၁သက် ၄း၁)။ ပေါလုသည် ဤအရာကို ၀ိညာဉ်တော်အလိုသို့လိုက်ခြင်းဟုညွှန်းဆိုသည် (ဂလာတိ ၅း၁၈)။ ဤအချက်က ပညတ်တော် (၁၀) ပါးကိုကျင့်သုံးရန်မလိုတော့ပါဟူသော အဓိပ်္ပါယ်မသက် ရောက်ချေ။ ပညတ်စောင့်ရန်လိုမလိုဟူသောပြဿနာမဟုတ်ချေ။ ပညတ် တော်သည် အပြစ်တရားကိုရှင်းလင်းစွာပေါ်လွင်စေသည်ကို ကျွန်ုပ်တို့မြင်တွေ့ ပြီးသောအခါ မည်ကဲ့သို့ဖြစ်မည်နည်း။
ထို့အစား၊ ပညတ်တော်သည် ဘုရားသခင်၏စာရိတ်္တတော်ကို ဖော်ပြနေခြင်းကြောင့် ပညတ်တော်ကိုလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏စာရိတ်္တတော်ကို အလွယ်တကူရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ထိုထက်မက၊ စည်းကမ်းအစုံကိုလိုက်လျှောက်နေခြင်းသာမက၊ ပညတ်တော် သည် မစွမ်းဆောင်နိုင်သောအရာကို ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးတော် မူသော ယေရှု၏ပုံနမူနာကိုလိုက်လျှောက်ခြင်းဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့စိတ်နှလုံးထဲတွင် ပညတ်တော်ကိုရေးသားကာ (ဟေဗြဲ ၈း၁၀)၊ ပညတ်တော်၏တရားသဖြင့်တောင်းဆိုချက်ကို ကျွန်ုပ်တို့၌ပြည့်စုံစေရန် ကိုယ်တော်ဖြစ်နိုင်စေတော်မူသည် (ရောမ ၈း၎)။ ဆိုလိုသည်မှာ ယေရှုနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအားဖြင့် ယခင်အချိန်ထက်၊ ကျွန်ုပ်တို့သည် ယခု တွင်ပညတ်တော်ကိုလိုက်လျှောက်ရန် တန်ခိုးကိုရရှိကြသည်။
ရောမ ၈း၎ ကိုဖတ်ပါ။ ပေါလုဘာပြောနေသနည်း။ ဤကတိ တော်သည် သင့်အသက်တာ၌သိသာထင်ရှားသည်ကို မည်ကဲ့သို့တွေ့မြင်ခဲ့ သနည်း။ တစ်ချိန်တည်းတွင်၊ မည်သည့်အဩပသဘောဆောင်သောပြောင်းလဲ မှုများ သင်ဩကံတွေ့နေစေကာမူ၊ အဘယ်ကြောင့်ကယ်တင်ခြင်းသည် ကျွန်ုပ် တို့အတွက် ခရစ်တော်လုပ်ဆောင်ခဲ့ပြီးသောအရာအပေါ် တစ်ခုတည်း၌သာ လျှင် အမြဲတမ်းအခြေခံရမည်နည်း။

သောကြာ သြဂုတ် ၁၁
ထပ်ဆင့်လေ့လာရန်။

“ဂလာတိသြ၀ါဒစာမှ ပညတ်တရားနှင့်ပတ်သက်၍ ကျွန်မအမေးခံရ သည်။ ခရစ်တော်ထံသို့ ကျွန်ုပ်တို့ကိုယူဆောင်သော ကိုယ်ပိုင်ကျောင်းဆရာ သည် အဘယ်ပညတ်ဖြစ်သနည်း။ ကျွန်မ၏အဖြေမှာ ၀ိနည်းထုံးဖွဲ့ပညတ်များ နှင့်ပညတ်တော် (၁၀) ပါးဖြစ်သည် ဟူ၍ဖြစ်သည်။
“ခရစ်တော်သည် ယုဒအဖွဲ့အစည်းတစ်ခုလုံး၏အခြေခံအုတ်မြစ်ဖြစ် သည်။ အာဗေလ၏သေခြင်းသည် ခရစ်တော်ကိုညွှန်ပြသည့် ယဇ်ကောင်ပူဇော် ခြင်းဖြင့် သရုပ်ဖော်ပြသောယေရှုခရစ်တော်၏အသွေးတော်အားဖြင့် ကယ်တင် ခြင်းရရှိရန် ဘုရားသခင်၏အကြံအစည်တော်ကို ကာဣနမှငြင်းပယ်ခြင်း၏ရလဒ် ဖြစ်သည်။ ဤလောကအတွက်သွန်းလောင်းမည့် ခရစ်တော်၏အသွေးတော်ကို ပုံဆောင်သောသွေးသွန်းခြင်းကို ကာဣနငြင်းပယ်ခဲ့သည်။ ဤအစီအစဉ်တစ်ခု လုံးကို ဘုရားသခင်ပြင်ဆင်တော်မူခဲ့ကာ၊ ခရစ်တော်သည် ထိုစနစ်တစ်ခုလုံး ၏အခြေအမြစ်ဖြစ်လာတော်မူခဲ့သည်။ ဤအရာမှာ အပြစ်ရှိသောလူသားများ ကို ယုဒအဖွဲ့အစည်းတစ်ခုလုံး၏အုတ်မြစ်ဖြစ်တော်မူသော ခရစ်တော်ထံသို့ ခေါ်ဆောင်ရန် ကိုယ်ပိုင်ကျောင်းဆရာကဲ့သို့ ပညတ်တရား၏လုပ်ငန်းအစပင် ဖြစ်ချေသည်။
“တဲတော်နှင့်ဆက်စပ်၍ လုပ်ငန်းထမ်းဆောင်သူအားလုံးကို လူသား မျိုးနွယ်ကိုယ်စား ခရစ်တော်၏ကြားဝင်ရောက်စွက်ဖက်ခြင်းနှင့်သက်ဆိုင်၍ အမြဲတမ်းပညာပေးသည်။ ဤတဲတော်လုပ်ငန်းသည် ကိုယ်တော့်နိုင်ငံတော်၏ ပညတ်တော်ဖြစ်သော ဘုရားသခင်၏ပညတ်တော်ကိုချစ်သောစိတ်နှလုံးများ ဖန်တီးပေးရန် ပုံစံရေးဆွဲခြင်းဖြစ်သည်။ (E. G. White, Selected Messages, book 1, p. 233).
““ပညတ်တော် (၁၀) ပါးကို သနားခြင်းကရုဏာဘက်မှရှုမြင်သကဲ့ သို့ တားမြစ်ခြင်းရှုထောင့်မှကြည့်ရန်မဟုတ်ချေ။ ၎င်းင်း၏တားမြစ်ချက်များ သည် နားထောင်သူအတွက် ပျော်ရွှင်ခြင်းကိုသေချာစေသည့်အာမခံသောအရာ များဖြစ်သည်။ ခရစ်တော်၌လက်ခံရရှိသောအခါ၊ ထာဝရကာလပတ်လုံး ကျွန်ုပ် တို့အားပျော်ရွှင်ခြင်းပေးမည့် စင်ကြယ်သောအသက်တာသို့ ပို့ဆောင်လိမ့်မည်။  နားထောင်သောသူတို့အတွက် ၎င်းင်းသည် အကာအကွယ်ပေးသောနံရံတံတိုင်း ဖြစ်သည်။ (E. G. White, Selected Messages, book 1, p. 235).

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

Previous Post Next Post