သင်ခန်းစာ (၇)
ယေရှုသည်သူတို့အားကောင်းကျိုးပြုချင်သည်။
သြဂုတ် ၆ - ၁၂
ဥပုသ်နေ့မွန်းလွဲပိုင်း သြဂုတ် ၆
ဖတ်ရန်ကျမ်းချက်။ ယောန ၃း၎-၄း၆။ လုကာ ၁၉း၃၈-၄၂။ မဿဲ ၅း၄၃-၄၇။ ၁ကော ၁၃။ မာကု ၈း၂၂-၂၅။ ဖိလိပ်္ပိ ၂း၃-၅။ ယာကုပ် ၂း၁၄-၁၇။
အလွတ်ကျမ်းချက်
“အိုယေရုရှလလင်မြိ့၊ ယေရုရှလင်မြိ့၊ သင်သည် ပုရောဖက်တို့ ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံုးးသကဲ့သ့သို့ သင်၏သားတို့ကိုစုစုရုံုးးစေခြင်းငှာ ကြိမ်ဖန်များစွာာငါအလိုရုရှိ ပြီ။ သင်မူကားအလိုမရှိ” (မဿဲ ၂၃း၃၇)။
ဥပုသ်နေ့နံနက်တစ်ခုတွင် ဥပုသ်စာဖြေကျောင်းနှင့်ဝတ်ပြုကိုးကွယ် ချိန်အတွင်း စကိတ်ဘုတ်စီးသည့်လူငယ်များကို သတ်္တမနေ့မြော်လင့်ခြင်းဘုရားကျောင်းအရှေ့ဖြတ်သွားသည်ကို တံခါးပေါက်များမှမကြာခဏမြင်တွေ့ရသည်။
အဘယ်ကြောင့်နည်း။ အကြောင်းမှာ စကိတ်ဘုတ်ခြံဝင်ဘေးရှိ လူငယ်ဌာနအဆောက်အဦးတွင် ဤအသင်းတော်သည် ဘုရားရှိခိုးနေသော ကြောင့်ဖြစ်သည်။ အကယ်၍ ဤစကိတ်ဘုတ်စီးသူများသည် မမျှော်လင့်သည့်အနှောင့်အယှက်ဟုတွေးထင်ခဲ့လျှင် ထပ်မံစဉ်းစားပါ။
ထို့အစား၊ လူငယ်ရာဇ၀တ်မှုနှုန်းတက်လာခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရသည် ဩမိ့ထဲတွင်လူငယ်များသည် ကျန်းမာသော ဖျော်ဖြေမှုမျိုး၌ပါဝင်လာစေရန် စီစဉ်သည့်အနေဖြင့် ပန်းခြံတစ်ခုကိုဆောက် လုပ်ပေးခဲ့သည်။ လူငယ်ဌာနနှင့်စကိတ်ဘုတ်ပန်းခြံပြီးစီးသောအခါ၊ ရပ်ကွက် ထဲရှိလူငယ်ဌာနအဆောက်အဦတွင် အသင်းတော်တစ်ခုခုက ၀တ်ပြုကိုးကွယ်ခြင်းများကျင်းပရန် အစိုးရကလိုချင်နေခဲ့သည်။ ရပ်ကွက်လူကြီးများသည် အသင်းတော်တစ်ခုရှိနေခြင်းက ပန်းခြံကိုအသုံးဩပသောလူငယ်များအပေါ် အကောင်းဘက်မှကိုယ်ကျင့်သိက်္ခာပိုင်းဆိုင်ရာအရှိန်သြဇာလွှမ်းလိမ့်မည်ဟု ခံစားခဲ့ကြသည်။ ခရစ်ယာန်အသင်းတော်အမျိုးမျိုးကို ဖိတ်ခေါ်ခဲ့သော်လည်း၊ စနေနေ့မနက်ပိုင်းတွင် ဥပုသ်စာဖြေကျောင်းနှင့်နေ့လယ်ဝတ်ဩပကိုးကွယ်ခြင်း ပြုလုပ်သည့် အသင်းတော်တစ်ခုကသာလက်ခံခဲ့သည်။
၎င်းမြော်လင့်ခြင်းအသင်းသားများသည် ထိုလူငယ်ဌာနအဆောက် အဦးထဲသို့ပြောင်းရွှေ့ရန် စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ စကိတ်ဘုတ်စီးသမားများသည် သူတို့သာသနာပြုချင်သည့်အဖွဲ့ဖြစ်နေသောကြောင့်ဖြစ်သည်။
“အသင်းတော်” ၏အနက်အဓိပ္ပါယ်ကို မိမိအတွက်မဟုတ်သည့် အဖွဲ့အစည်းဟု ၎င်းအသင်းတော်ကဖွင့်ဆိုထားပါသည်။ ဤအနက်ဖွင့်ဆို ချက်သည် အသင်းတော်အားလုံးအတွက်လည်းဖြစ်စေသင့်သည်။
တနင်္ဂနွေ သြဂုတ် ၇
နိနေဝေမြိ့မှာယောန။
ယောန ၃း၎-၄း၆ ကိုဖတ်ပါ။ ဤပုရောဖက်သည် မည်သည့်ကြောက်မက်ဖွယ်စိတ်သဘောထားပြဿနာရှိပါသနည်း။
ယောန၀တ္ထု (၄) တွင် ပုရောဖက်ယောနသည် နိနေဝေမြိ့၏အရှေ့ဘက်တွင်ထိုင်နေပါသည်။ သူသည် ဘုရားသခင်ကသူ့အားယုံကြည်စွာပေးအပ်ခဲ့သော အပြစ်စီရင်ခြင်းသတင်းစကားကို ဟောကြားခဲ့ပြီးဖြစ်သည်။သူ၏ခရီးစဉ်၊ နိနေဝေဩမိ့သို့လာရန်တုံ့ဆိုင်းခဲ့ခြင်း၊ ထွက်ပြေးခဲ့သည့်နည်းများ၊ ဘုရားသခင်ကသူ့အားထပ်တလဲလဲတာဝန်ပေးအပ်ခြင်း၊ ငါးကြီးဝမ်းထဲတွင် သုံးရက်ပတ်လုံးနေခဲ့ခြင်း၊ ကမ်းခြေမှကုန်းလမ်းခရီးရှည် စသည့်အကြောင်းအရာများကို သူသည်ပြန်လည်စဉ်းစားနေသည်။ မည်သည့်အတွက်နည်း။ အကြောင်းမှာ ဘုရားသခင်သည် စိတ်တော်ပြောင်းလဲ၍ ဤစက်ဆုပ်ဖွယ် သောလူတို့အား သူ၏ကျေးဇူးတော်ကိုပြတော်မူမည်လော။ ဤလူများနောင်တ ရကြသော်လည်း၊ ယောနသည် သစ္စာဖောက်ခြင်းခံရသည်ဟု ခံစားနေသည်။ သူသည်ဂုဏ်ပြုခြင်းမခံရဘဲ၊ အသုံးချခြင်းခံရသည်ဟုခံစားသည်။ သာသနာပ လူ ၁၂၀,၀၀၀ နေထိုင်သည့်ဩမိ့ကို ဖျက်ဆီးခြင်းဖြင့်၊ ကိုယ်တော်ရွေးချယ် သည့်လူမျိုးအတွက် ဘုရားသခင်၏သာ၍ မျက်နှာသာပေးခြင်းနှင့် နိနေဝေမြိ့သားများကို ယောန၏မုန်းတီးခြင်းသည် မှန်ကန်ကြောင်းပြသရာရောက် မည်ဟု ယောနမျှော်လင့်နေခဲ့သည်။
လုကာ ၁၉း၃၈-၄၂ ကိုဖတ်ပါ။ ဤကျမ်းချက်တွင် မည်သည့် အရာဖြစ်ပျက်ပါသနည်း။ ယေရှုရှလင်မြိ့အပေါ် ယေရှု၏စိတ်သဘောထား သည်အဘယ်နည်း။
ယောနအချိန်ပြီးနောက် နှစ်ပေါင်း ၈၀၀ အကြာတွင်၊ ယေရှုသည်မြည်းပေါ်စီးလျက် တောင်ကုန်းထိပ်မှ ယေရုရှလင်မြိ့ကိုစီး၍ကြည့်နေသည်။ “ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင် ဘ၀ဂ်ဝယ် ဘုန်းကြီးပါစေသတည်း” (လုကာ ၁၉း၃၈) ဟူသောကြွေးကြော် သံကိုကြားရသည်။ ယေရှုသည် အောင်ပွဲခံသောဩမိ့အ၀င်တွင် မြိ့နားသို့ ချဉ်းကပ်လာသောအခါ ရပ်၍ငိုကြွေးပြီး၊ “အချင်းမြိ့၊ သင်၏ငြိမ်သက်ခြင်း နှင့်စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက်ယခုကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏” (လုကာ ၁၉း၄၂) ဟုမိန့်တော်မူခဲ့သည်။
ကွာခြားချက်ကိုသတိဩပပါ။ ယောနသည် နိနေဝေမြိ့သားတို့၏ ကောင်းကျိုးအတွက် စိုးစဉ်းမျှသာဂရုစိုက်သည့်အတွက် ဘုရားသခင်၏အမိန့် တော်ကိုနားထောင်ရန် တုံ့ဆိုင်းနေခဲ့သည်။ တန်ဖိုးကြီးစွာဖြင့်ကမ်းပေးသော ကယ်တင်ခြင်းကိုသူတို့ရရှိရန် ဟူသောစိတ်ထဲမှဝန်ထုပ်နှင့် ယေရှုသည် ယေရုရှလင်မြိ့ကိုချဉ်းကပ်လာသည်။
မြိ့နှစ်မြို့၊ နိနေဝေမြိ့နှင့်ယေရုရှလင်မြိ့၊ သတင်းပေးသူနှစ်ဦး၊ ယောန နှင့်ယေရှု၊ ခြားနားချက်မှာထင်ရှားလှသည်။ ယေရှုသည် ကိုယ်ကျိုးစွန့်ခြင်း ဟူသောလူတို့၏ကောင်းကျိုးအတွက် စိတ်ဆန္ဒပြင်းပြပြီး၊ ပြစုစောင့်ရှောက် လိုသောစိတ်သဘောထားကို ပုံနမူနာပြသပါသည်။ ဘုရားသခင်၏ကျေးဇူး တော်ကြောင့် ကျွန်ုပ်တို့သည် ပျောက်ဆုံးသူတို့ထံသို့ ခရစ်တော်ပြသသော စိတ်သဘောထားမျိုးကို ပြသနိုင်ပါစေ။
တစ်ပါးသူ၏ကယ်တင်ခြင်းအကြောင်းကို တစ်စုံတစ်ဦးကဂရုမစိုက် နိုင်စေရန် တစ်ကိုယ်ကောင်းဆန် သည့်စိတ်သဘောထားကို မည်သို့ပြောင်းလဲ စေနိုင်မည်နည်း။
တနင်္လာ သြဂုတ် ၈
“ဘယ်လိုဖြစ်ဖြစ်” ဟူသောအခြေခံသဘောတရား။
အနာကြီးရောဂါသည်တစ်ဦးသည် ယေရှုကိုချဉ်းကပ်၍ အနာရောဂါ ငြိမ်းစေရန် တောင်းဆိုခဲ့သည်။ ဓလေ့ထုံးတမ်းအရ ဤသူကိုသီးခြားခွဲထား ရမည်ဟုဆိုထားသည်။ သန့်ရှင်းတော်မူသောယေရှုက မည်သို့ပင်ဖြစ်စေ၊ထိုသူအားတို့ထိ၍၊ အနာငြိမ်းစေခဲ့သည်။ (မဿဲ ၈း၁-၄)။ ကိုယ်တော် အားတရားစီရင် နေချိန်တွင် ပေတရုသည် ယေရှုကိုသုံးကြိမ်ငြင်းဆန်ခဲ့ပါ သည်။ (ယောဟန် ၁၈)။ ထမြောက်ခြင်းနောက်ပိုင်း၊ ပေတရု၏စိတ်နှလုံး ကိုစိစစ်ပြီးနောက် ဘယ်လိုဖြစ်ဖြစ်ယေရှုသည် သူ့အားကိုယ်တော်၏လုပ်ငန်းခွင်တွင် ပြန်လည်ခန့်အပ်ခဲ့သည်။ (ယောဟန် ၂၁)။ ကောရိန်သုမြိ့မှ ဘုရားသခင်၏အသင်းတော်သည် ရှင်ပေါလု၏သြဇာအာဏာကို တန်ဖိုး မထားခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ ရှင်ပေါလုသည် သူတို့အားပြစုစောင့်ရှောက် မှုပေးခဲ့သည်။ (၁ကော ၁၂း၁၄၊၁၅)။
“ဘယ်လိုဖြစ်ဖြစ”” (သို့မဟုတ်) “ထိုသို့ဖြစ်လင့်ကစား” ဟူသော အခြေခံသဘောတရားသည် သူတစ်ပါး၏ကောင်းကျိုးအတွက် စိတ်ဆန္ဒ ရှိသူ (ယေရှု) ၏စာရိတ္တတော်ကို ဖော်ပြရန်အရေးပါလှသည်။
“ခရစ်တော်၏မေတ္တာတော်အကြောင်းကို လူပေါင်းများစွာကြားသိ ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အပြစ်၏အနှောင်အဖွဲ့တွင်ကျရောက်ကာ ပျက်စီးခြင်းသို့ရောက်ရန် အသင့်ဖြစ်နေကြသော သန်းနှင့်ချီသည့်လူသားများသည် ၎င်းင်းတို့အပေါ်ထားရှိသည့် ခရစ်တော်၏မေတ္တာတော်ကို တစ်ခါမျှ မကြားဖူးကြသေးချေ။ ကျွန်ုပ်တို့နှင့်သူတို့၏အခြေအနေအသီးသီးကို ပြောင်းပြန် ပြုခဲ့လျှင် ကျွန်ုပ်တို့သည် မိမိတို့အတွက်ထိုသူများအား မည်သည့်အရာကို လုပ်စေချင်ကြလိမ့်မည်နည်း။ ထိုသူများအတွက် တတ်အားသရွေ့ကူညီမစ ရန် ကျွန်ုပ်တို့၌တာဝန်ရှိကြပါသည်။ တရားစီရင်သောအချိန်တွင် ကျွန်ုပ်တို့တစ်ဦးစီအားတရားနိုင်ဖို့ (သို့မဟုတ်) တရားရှုံးဖို့ ဆုံးဖြတ်ပေးမည့်ခရစ်တော် ပေးတော်မူခဲ့သည့် အသက်တာစည်းမျဉ်းမှာ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြစေလိုသည့်အတိုင်း သူတစ်ပါး၌ပြကြလော့” (မဿဲ ၇း၁၂) ဟူ၍ဖြစ်ပါ သည်” (DA, p. 640).
ကျွန်ုပ်တို့အားအကျိုးပြမည့်အရာထက်၊ ကျွန်ုပ်တို့ဝန်ဆောင်မှုပေး နေသောသူတို့အတွက်ကောင်းကျိုးကို ရှေးဦးစွာဦးစားပေးသော သာသနာပြုခြင်း၏စိတ်နေစိတ်ထားအတွက် “ရွှေပညတ်” သည်အခြေခံကျသည်။
မဿဲ ၅း၄၃-၄၇။ လုကာ ၆း၂၇၊၃၅။ ၂၃း၃၄ တို့ကိုဖတ်ပါ။ အချို့သောလူတစ်စုအပေါ် ကျွန်ုပ်တို့၏စိတ်သဘောထားနှင့်သက်ဆိုင်၍ မည်သည့်အရေးပါသောအချက်ကို ယေရှုသည်ဖော်ပြပါသနည်း။
သူတို့သည်သင့်အားမုန်းနေ၍ (သို့မဟုတ်) ရန်သူများဖြစ်နေကြ လင့်ကစား၊ ထိုလူများအပေါ် ချစ်ခြင်းမေတ်္တာပြသ၍၊ ကြင်နာရန်ယေရှုသည် ကျွန်ုပ်တို့အားခေါ်တော်မူသည်။ ယေရှုသည် ဤဩပမူချက်များနှင့်စိတ်သဘော ထားကို ဘုရားသခင်ကိုယ်တိုင်၏စာရိတ္တတော်နှင့်ဆက်စပ်ကြောင်းကိုလည်း သတိပြပါ။ “သင်တို့မူကား၊ ရန်သူကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြလိမ့်မည်” (လုကာ ၆း၃၅)။
ဘုရားသခင်သည် “ကျေးဇူးမသိတတ်သူများနှင့်ဆိုးယုတ်သောသူများကိုကြင်နာသည်” ဟူသောသဘောထားကို ကျွန်ုပ်တို့သည် မည်သို့နားလည်ရမည်နည်း။ (ဥပမာ၊ “အဘယ်ကြောင့်ဆိုးယုတ်သောသူများသည် တစ်ခါတစ်ရံကြီးပွားချမ်းသာကြသနည်း” ဟူသောမေးခွန်းကို အထက်ပါသဘောထားက မည်သို့အဖြေပေးသနည်း။) ရောမ ၂း၎ သည် ဤပုံရိပ်တွင် မည်သို့ပါဝင်သနည်း။
အင်္ဂါ သြဂုတ် ၉
မေတ်္တာသည်ဘယ်သောအခါမျှမကျရှုံးပါ။
ယေရှု၏မိန့်တော်မူချက်အရ အကြီးမားဆုံးသောပညတ်တော်နှစ်ခုမှာ ဘုရားသခင်ကိုချစ်ခြင်းနှင့် အိမ်နီးချင်းကိုချစ်ခြင်းတို့ဖြစ်သည် (လုကာ၊ ၁၀း၂၇၊၂၈)။ ကျွန်ုပ်တို့၏အိမ်နီးချင်းများသည် မည်သူတို့ဖြစ်ကြသည်ကို လည်း ကိုယ်တော်သည် ပြသတော်မူသည် (လုကာ ၁၀း၂၉-၃၇)။ ယေရှု ၏အသက်တာအစမှအဆုံးတိုင်အောင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ဘုရားသခင် (၁ယော ၄း၁၆) ၏သန့်ရှင်းသောမေတ္တာကို ဖော်ပြသည့် အသက်တာဖြစ်သည်မှာ မေးခွန်းထုတ်စရာအကြောင်းမရှိချေ။ ထိုကြောင့် အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏စာရိတ္တတော်ကို ရောင်ပြန်ဟပ် ရမည်ဟူ၍လည်းကောင်း၊ အကယ်၍ ကျွန်ုပ်တို့သည် တစ်ပါးသူအား ဘုရားသခင်အမှန်တကယ်ရှိခြင်းနှင့် မည်သို့သောဘုရားဖြစ်တော်မူသည်ကို ပြသရမည်ဟူ၍လည်းကောင်းဆိုခဲ့သော်၊ ကျွန်ုပ်တို့သည် ချစ်ကြရမည်ဖြစ်သည်။
အခြားနည်းလမ်းကိုလည်းစဉ်းစားကြည့်ပါ။ ခရစ်ယာန်ဘာသာနှင့် ယေရှုကိုငြင်းပယ်ရန်အတွက် လူတို့အသုံးပြတတ်သော “ဆင်ခြေများ” ထဲမှ အကြီးမားဆုံးသောအရာတစ်ခုမှာ ခရစ်ယာန်အမည်ခံများဖြစ်ကြသည်။
သမိုင်းထဲတွင် (သို့မဟုတ်) ယနေ့တွင်ပင်လျှင် ခရစ်ယာန်များ (သို့မဟုတ်) ခရစ်ယာန်အမည်ခံတို့သည် တစ်ခါတစ်ရံ ယေရှု၏နာမတော် အားဖြင့် ကြောက်မက်ဖွယ်သောလုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်ဥပမာတချို့ ကား အဘယ်နည်း။ ဒံယေလကျမ်းသည် (ဒံယေ ၇း၂၄၊၂၅ (သို့မဟုတ်) ရောမ ၂း၂၄) ဤအခြင်းအရာကို သတိပေးထားသည်မဟုတ်လော။
ခေတ်အဆက်ဆက်တွင် ယနေ့ပင်လျှင်၊ ခရစ်ယာန်ဘာသာတစ်ခု လုံးအနေဖြင့် များစွာသောလူတို့အတွက် တံခါးပိတ်ထားသည်မှာ အထူးအဆန်း မဟုတ်ချေ။ ထိုကြောင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်အသက်တာများအားဖြင့် သူတစ်ပါးထံသို့ ခရစ်တော်ကိုဖော်ပြရန် မိန့်တော်မူချက်မှာ အလျင်အချိန်အခါ ထက် သာ၍ပြင်းထန်သင့်ပေသည်။ ယေရှုပြသခဲ့သည့်မေတ္တာမျိုးသည် ကျွန်ုပ် တို့၏အသက်တာတွင်လည်း ဖော်ပြခြင်းအရာထက်သာ၍တန်ခိုးပါပါ လုပ်ဆောင်နိုင်သောအရာတစ်ခုမျှမရှိချေ။
၁ကောရိန်သု (၁၃) ကိုဖတ်ပါ။ ပေါလုက မေတ္တာသည် မည်သည့် အရာဖြစ်သည်ဟုပြောသနည်း။ မည်သည့်အရာသည် မေတ္တာမဟုတ်ဟုပြောသနည်း။ မေတ္တာက မည်သည့်အရာပြလုပ်သည်ဟုပြောသနည်း။ မေတ္တာသည် မည်သည့်အရာကိုမဆောင်ရွက်ဟုပြောသနည်း။ အကျဉ်းအားဖြင့် ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် မေတ်္တာကိုမည်သို့ပြသပါမည်နည်း။ ဤမေတ္တာမျိုးကိုပြသရန် သင်သည်မည်သည့်ပြောင်းလဲမှုမျိုးကို ပြလုပ်ရ မည်နည်း။
ဗုဒ္ဓဟူး သြဂုတ် ၁၀
ဒုတိယအကြိမ်တို့ထိခြင်း။
မာကု ၈း၂၂-၂၅ ကိုဖတ်ပါ။ ယေရှု၏ပထမအကြိမ်တို့ထိခြင်းသည် မျက်ကန်းအား လုံးလုံးမမြင်စေသည့်အချက်မှ မည်သည့်ဝိညာဉ်ရေးသင်ခန်းစာ ကို ကျွန်ုပ်တို့သင်ယူနိုင်မည်နည်း။
ယေရှုသည် ထိုသူ၏မျက်စိတွင် “တံတွေးထွေး” ပြီးနောက်၊ တို့ထိ တော်မူကာ၊ “သင်သည်တစ်စုံတစ်ခုကိုမြင်သလော” (မာကု ၈း၂၃) ဟု မေးခဲ့သည်။ အဘယ်ကြောင့်ယေရှုသည် ထိုသူ၏မျက်စိကို တံတွေးထွေး ခဲ့သနည်း။ ရှေးစာပေများတွင် ဆေးဆရာများမှတံတွေးသုံးခဲ့ကြသည့်သာဓကများကို ဖော်ပြထားသည်။ ဤအံ့ဖွယ်နိမိတ်သည် ၎င်းမတိုင်ခင်က ဒေကာပေါလိ မြိ့တွင် နားပင်းစွံ့အသူအားပျောက်ကင်းစေခြင်း (မာကု ၇း၃၁-၃၇ ကိုဖတ်ပါ) နှင့် တစ်နည်းတစ်ဖုံတူညီမှုရှိနေပါသည်။ သို့ရာတွင် မှတ်တမ်း မတင်ထားသည့် ရောဂါပျောက်ကင်းစေသောအံ့ဖွယ်နိမိတ်များနှင့်မတူဘဲ၊ ဤမျက်ကန်းကို အဆင့်နှစ်ဆင့်ဖြင့်ကုသပေးခဲ့သည်။
မာကု ၈း၂၃၊၂၄ ကိုပြန်ဖတ်ပါ။ “တစ်စုံတစ်ခုကိုမြင်သလော” ဟူသောမေးခွန်းအပေါ် ထိုသူ၏အဖြေကို သင်မည်ကဲ့သို့နားလည်သနည်း။
“လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကိုအကျွန်ုပ်မြင် ပါသည်” (မာကု ၈း၂၄) ဟူသောအဖြေ၏အဓိပ္ပါယ်မှာ ထိုသူသည် လူတို့ ၏လှုပ်ရှားသွားလာမှုကြောင့်သာလျှင် သူတို့ကိုသစ်ပင်နှင့်ခွဲခြားနိုင်သည်။ ဤအဖြစ်အပျက်ကို ၀ိညာဉ်ရေးအမြင်အားဖြင့် ကျွန်ုပ်တို့အသက်တာတွင် မည်သို့အသုံးဩပနိုင်မည်နည်း။ ယေရှုသည် ကျွန်ုပ်တို့အားဝိညာဉ်ရေးအမြင် အာရုံပေးပြီးနောက် ကျွန်ုပ်တို့သည် လုံးလုံးလျားလျားနဂိုမူလအခြေအနေသို့မရောက်ရှိသေးကြောင်း ပြသခြင်းလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် လူတို့ကို ၀တ်္ထုပစ်္စည်း၊ “သစ်ပင်” ကဲ့သို့မြင်နေနိုင်သည်။ ဤအရာသည် လူအစစ်အမှန်နှင့် သူတို့၏လိုအပ်ချက်အမှန်ကို မြင်နိုင်စွမ်းမရှိသေးကြောင်း ဆိုလိုနိုင်ပါသည်။ နှစ်ခြင်းခံလူဦးရေတိုးလာစေရန်သော်လည်းကောင်း၊ ကြည့် ကောင်းစေရန်သော်လည်းကောင်း၊ အသင်းတော်ထဲသို့ပေါင်းထည့်စေချင်သည့် အရာများမှာ ပစ်္စည်းဥစ်္စာများ၊ ကိန်းဂဏန်းလုံးများ၊ ရုပ်ဝတ်္ထုများဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သောကိုယ်ကျိုးရှာသည့်စိတ်သဘောထားကြောင့် များစွာ သောလူတို့သည် အသင်းတော်ထဲတွင်မနေနိုင်ခြင်းဖြစ်နိုင်ပါသည်။
မာကု ၈း၂၅ ကိုဖတ်ပါ။ ဤအခြေအနေတွင် အဘယ်ကြောင့်ယေရှုသည် ထိုသူအားတမင်တကာ အဆင့်နှစ်ဆင့်ဖြင့် ရောဂါပျောက်ကင်း စေပါသနည်း။
ဤအံ့ဖွယ်ပျောက်ကင်းစေခြင်းနိမိတ်မဩပလုပ်မီအချိန်လေးတွင် အခြား သောမျက်စိကန်းခြင်းအမျိုးအစားကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ “ဖာရိရှဲ တို့၏တဆေးကိုကိုလည်းကောင်း၊ ဟေရုဒ်၏တဆေးကိုလည်းကောင်း၊ သတိ နှင့်ကြဉ်ရှောင်ကြလော့” (မာကု ၈း၁၅) ဟူသော ကိုယ်တော်၏ပြောကြားချက်ကို တပည့်တော်များနားမလည်ခဲ့ကြချေ။ သူတို့၏လှေစီးခရီးစဉ်အတွက် ပေါင်မုန့်အလုံအလောက်မရှိဟု သူတို့ထင်မှတ်ခဲ့ကြသည်။ ယေရှုသည် သူတို့ကိုမျက်ကန်းများဟု ခေါ်ဆိုခဲ့သည်၊ “မျက်စိရှိလျက်ပင်မမြင်” (မာကု ၈း၁၈) ဟုမိန့်တော်မူခဲ့သည်။
အသင်းတော်ပြင်ပမှလူများကသာ ယေရှု၏အနာငြိမ်းစေသောတို့ထိ တော်မူခြင်းကို လိုအပ်နေသည်မဟုတ်။ အသင်းတော်ထဲတွင်လည်း မျက်ကန်း များရှိနေပါသည်။ လူတို့အား ကိန်းဂဏန်းများနှင့်ရုပ်ဝတ်္ထုပစ်္စည်းများကဲ့သို့ မြင်သော၊ တစ်ပိုင်းတစ်စသာမြင်သည့် အသင်းသားများသည် ခရစ်တော်အား ယုံကြည်သူအသင်းဝင်အသစ်များသည် ဘုရားကျောင်းအနောက်ပေါက်မှ ပြန်ထွက်သွားကြသည်ကို ဂရုမစိုက်၊ သတိမမူကြပါ။ သူတို့သည် ယေရှု ၏ဒုတိယအကြိမ်အတို့အထိကိုလိုအပ်ပြီး၊ ထိုမှသာလျှင် အရာရာကိုသာ၍ ရှင်းလင်းစွာမြင်ကာ ယေရှုကဲ့သို့ သူတစ်ပါးအားချစ်လာနိုင်ပါလိမ့်မည်။
ကြာသပတေး သြဂုတ် ၁၁
သူတစ်ပါးအားဗဟိုဩပသည့်အသင်းတော်။
“ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ်္တိကိုတပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှမပြကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့ ၌လည်းရှိစေကြလော့” (ဖိလိပ်္ပိ ၂း၃-၅)။ မည်သည့်နည်းလမ်းအားဖြင့် ဤနေရာတွင်ဖော်ပြသောအခြေခံစည်းမျဉ်းသည် ကျွန်ုပ်တို့၏အသက်တာကို အုပ်စိုးပြီး၊ အသင်းသားများသာမက ကျွန်ုပ်တို့အနီးအနားမှ လူထုနှင့်ဆက်ဆံ ပုံကို မည်သို့အကျိုးသက်ရောက်စေသနည်း။
ဤလောကတွင်ရှိနေစဉ် ယေရှုသည် မိမိအကြောင်းကိုမစဉ်းစား ခဲ့ချေ။ ကိုယ်တော်၏လုပ်ငန်းစဉ်သည် သူတစ်ပါးကောင်းစားရေးပင်ဖြစ်သည်။ ကိုယ်တော်၏သာသနာလုပ်ငန်းတွင် ယာဣရုမှသေလုဆဲဆဲလူနာအား ကုသပေးရန် သူ့အိမ်သို့အမြန်ကြွစေခြင်းငှာ တောင်းဆိုခြင်းကဲ့သို့သော ကြားဖြတ်နှောင့်ယှက်မှုများပါဝင်ပါသည်။ ထိုယာဣရု၏ကြားဖြတ်နှောင့်ယှက်ခြင်းကို ၁၂ နှစ်ကြာသွေးသွန်နာစွဲသောအမျိုးသမီးက ထပ်မံကြားဖြတ် နှောင့်ယှက်ခဲ့ပြန်ပါသည် (မာကု ၅း၂၁-၄၃)။
ခရစ်တော်၏အသင်းတော်သည် ဤလောကအတွက် ကိုယ်တော် ၏နှလုံးတော်နှင့်လက်ရုံးတော်ဖြစ်သည်။ ယေရှုသည် လူသားကိုအရာခပ်သိမ်း ထက်သာ၍ချစ်ပြီး ကိုယ်တော်၏စစ်မှန်သောအသင်းတော်သည် ထိုကဲ့သို့ လုပ်ဆောင်ရမည်ဖြစ်သည်။
အသင်းတော်များအနေဖြင့် လုပ်ငန်းအစီအစဉ်နှင့်ပန်းတိုင်များ ထားရှိခြင်းမှာ ကောင်းသောအရာဖြစ်သည်။ လူသားများခြွင်းချက်မရှိချစ်ခြင်း သည် တစ်ခါတစ်ရံကျွန်ုပ်တို့အား ကြိုတင်ကြံစည်သည့်လုပ်ငန်းစဉ်များမှ သွေဖည်စေပြီး၊ အထူးသဖြင့် ထိုလုပ်ငန်းအစီအစဉ်များက သူတစ်ပါးထံသို့ ဘုရားသခင်၏မေတ်္တာကိုဖော်ထုတ်ရန် လမ်းလွဲစေသည့်အခါမျိုးတွင်ဖြစ်သည်။ အသင်းတော်အတွက် နှစ်ခြင်းများစွာပေးခြင်းသည် သာသနာလုပ်ငန်း၏ အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်သည်။ နှစ်ခြင်းပေးခြင်းသည်အလွန်ကောင်းသည်။ နှစ်ခြင်းသည် မဿဲ ၂၈း၁၉ ကိုပြည့်စုံစေသည်။ သို့ရာတွင် နှစ်ခြင်း အတွက်သင့်အသင်းတော်အား တွန်းအားပေးသောအရာသည်အဘယ်နည်း။ မိမိကိုယ်ကျိုးအတွက်လော။ အသင်းတော်နာမည်ကောင်းရန်နှင့် သင်းအုပ်ဆရာအားဂုဏ်ပြုချီးမွမ်းခံစေရန်အတွက်လော။ (သို့မဟုတ်) ခရစ်တော်ကို လက်ခံခြင်းဖြင့် ပြည့်ဝသောအသက်တာကို (ယောဟန် ၁၀း၁၀) သူ့ပတ်ဝန်းကျင်ရှိလူများမှခံစားစေချင်သည့် မှန်ကန်သောစိတ်နှင့် သူတို့အတွက် အကောင်းဆုံးသောအရာကို ဆန်္ဒဩပခြင်းကြောင့် ကိုယ်တော်ပေးတော်မူသော အရာအားလုံးကို လက်ခံရန်လော။
အသင်းတော်တစ်ခုသည် အလွန်လိုအပ်သောစွပ်ဩပတ်ချက်သည့် မီးဖိုချောင်တစ်ခုကို ဆင်းရဲသားရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည်။ အသင်းအုပ် ဆရာက “ဒီမီးဖိုချောင်ကိုပိတ်ပစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ နှစ်ခြင်းခံတဲ့လူမရှိဘူး” ဟုအကြောင်းပြခဲ့သည်။ အခြားသောအသင်းတော် တစ်ခုသည် ဘုရားကျောင်းတစ်ခုတည်ဆောက်ခဲ့သည်။ သူတို့သည် အလွန်ဂုဏ်ယူကြသည်။ အသင်းအုပ်ဆရာသည် နွေရာသီကျမ်းစာကျောင်း (သို့မဟုတ်) ကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်များဖြင့် လူတို့အားအသင်း တော်နှင့်ရင်းနှီးရန်အတွက် ရပ်ကွက်လူတို့အားဖိတ်ခေါ်ရန်အကြံပြသောအခါ၊ အလျင်ဦးဆုံးတွေးပူသည့်အရာမှာ ကော်ဇောအသစ်များ၊ ညစ်ပတ်ဟောင်းနွမ်း သွားမည်ကို စိုးရိမ်ခြင်းပင်ဖြစ်သည်။ ရေချိုးခန်းအသစ်များလည်း ညစ်ပတ် သွားနိုင်ပါသည်။ ဤအသင်းတော်နှစ်ခုကို စကိတ်ဘုတ်ပန်းခြံဘေးတွင် ဘုရားရှိခိုးသည့်အသင်းတော်နှင့်နှိုင်းယှဉ်ကြည့်ပါ။
ယနေ့အတွက် အထက်ပါကျမ်းချက်များကိုထပ်မံဖတ်ပါ။ သူတစ်ပါး အပေါ် သင်ကိုယ်တိုင်၏စိတ်သဘောထားကို မည်သို့ရောင်ပြန်ဟပ်ပါသနည်း။
သာကြာ သြဂုတ် ၁၂
ထပ်ဆင့်လေ့လာရန်။
“လူတန်းစားအလွှာစုံကိုထိုးဖောက်နိုင်ရန် သူတို့ရှိသည့်နေရာတွင် သွားရောက်တွေ့ဆုံရပါမည်။ အကြောင်းမှာ သူတို့သဘောဖြင့် ကျွန်ုပ်တို့ အားလာရောက်ရှာဖွေရန်အကြောင်း မရှိသလောက်ပင်ဖြစ်သည်။ တရားဟော ပလ္လင်ပေါ်ကသာ ဘုရားသခင်၏သမ်္မာတရားဖြင့် တို့ထိနိုင်သည်မဟုတ်။ ခရစ်တော်သည် သူတို့၏စိတ်ဝင်စားမှုကိုနိုးထစေရန် သူတို့၏ကောင်းကျိုး အတွက် စိတ်ဆန်္ဒရှိသူတစ်ဦးအနေဖြင့် သူတို့အထဲတွင်သွားလာပါသည်။ ကိုယ်တော်သည် သူတို့၏နေ့စဉ်သာမန်လုပ်ငန်းတွင် သွားရောက်ရှာဖွေပြီး၊ သူတို့၏တဒင်္ဂအရေးများတွင် ဟန်ဆောင်မှုကင်းသောစိတ်ဝင်စားမှုကို ပြသ ခဲ့သည်” (My Life Today, p. 186).
ယနေ့လူသားများသည် အကြောင်းအမျိုးမျိုး ကြောင့် သူတို့၏သဘောတူခြင်းဖြင့် လာရောက်ရှာမည်မဟုတ်ဆိုသည့် အချက်မှာ မည်မျှပင်မှန်ကန်မှုရှိပါသနည်း။ ယေရှုသည် ဆင်းကြွလာ၍ ကျွန်ုပ်တို့ရှိသည့်နေရာသို့ လာရောက်သည်နည်းတူ ကျွန်ုပ်တို့လည်း သူတစ်ပါးအတွက် ထိုကဲ့သို့ဩပလုပ်ရန်လိုအပ်သည်။ ပထမအဆင့်အနေဖြင့် ဤအရာ သည် အလွန်ခက်ခဲမည်မဟုတ်ချေ။ လိုအပ်ချက်များအပြည့်နှင့် လူများအများအပြားရှိသည်။ ဤလောကသည် နာကြင်၊ ကြေကွဲသောလူတို့နေထိုင် သည့် နာကြင်၊ ကြေကွဲသောကမ်္ဘာဖြစ်သည်။ အချို့သောအခြေအနေများတွင် သူတို့သည် သူတို့အားနားထောင်ပေးမည့်သူ၊ စကားပြောရမည့်သူ၊ ဂရုစိုက်မည့်သူများကို ရိုးရိုးလေးတောင့်တနေကြသည်။ အသင်းတော်အနေဖြင့် ကျွန်ုပ်တို့သည် သူတို့၏လိုအပ်ချက်များကို အတိုင်းအတာတစ်ခုအထိ ကူညီသင့်ပေသည်။ ရှင်ယာကုပ်က “ယုံကြည်ခြင်းရှိသော်လည်း၊ အလုပ် အားဖြင့်ပြသနိုင်ခြင်းမရှိ” ဟူသော သတိပေးချက်ကြောင့် လိပ်ပြာမသန့် မဖြစ်စေရန် ကျွန်ုပ်တို့သတိထားရပါမည်။ သူဖော်ပြသည့်သတိပေးချက် သည် အစားအစာ (သို့မဟုတ်) ကိုယ်ပိုင်အဩပအမူတို့အကြောင်းမဟုတ်ဘဲ၊ ဆင်းရဲသားများအားကူညီခြင်းနှင့်သက်ဆိုင်နေသည်မှာ မည်မျှစိတ်ဝင်စား စရာဖြစ်ပါသနည်း။ (ယာကုပ် ၂း၁၄-၁၇ ကိုဖတ်ပါ။) မည်သူမဆို လူတို့ သည် ယုံကြည်ခြငှိကြောင်း ကိုပြောနိုင်သည်။ ကျွန်ုပ်တို့၏ “အိမ်နီးချင်း” ကို မည်သို့ဆက်ဆံသည်အရာမှာ ယုံကြည်ခြင်းကိုမှန်ကန်သောတိုင်းတာမှု တစ်ခုဖြစ်သည်။
Post a Comment
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.