Restoring Dominion: Saabbath School Lesson Myanmar 3rd Quarter Lesson 2

Restoring Domonion Lesson 2, 3rd Quarter 2016

သင်ခန်းစာ (၂)

အုပ်စိုးခွင့်ကို ပြန်လည်ရရှိခြင်း       ဇူလိုင် ၂ - ၈


ဥပုသ်နေ့မွန်းလွဲပိုင်း ဇူလိုင် ၂

ဖတ်ရန်ကျမ်းချက်။ ကမ္ဘာ ၁း၂၆-၂၈။ ဆာလံ ၈း၃-၈။ ကမ္ဘာ ၂း၁၅။ ရောမ ၈း၂၀-၂၂။ ထွက်မြောက် ၂၀း၁-၁၇။ ရောမ ၁း၂၅။ ၂သက်၃း၁၀။

အလွတ်ကျမ်းချက်

“တစ်ဖန်ဘုရုရားသခင်က၊ ငါတို့သဏ္ဌာန်နှင့်တညီ တသဏ္ဌာန် တည်းလူကိုဖန်ဆင်းကြစို့။ သူသည်ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်းအုပ်စိုးစေဟု အမိန့်တော်ရှိ၏” (ကမ္ဘာဦး ၁း၂၆)။

ကျရှုံးခြင်းတွင် ရှေးဦးမိဘတို့သည် မူလဘုရားသခင်၏ပုံသဏ္ဌာန်တော်မက သာ၍ဆုံးရှုံးခဲ့ကြသည်။ “လူသားများသာမက၊ ကမ္ဘာကြီးသည် အပြစ်ကြောင့်ဆိုးညစ်သော သူတစ်ဦး၏ထိန်းချုပ်မှုအောက်တွင်ရောက်ရှိသွားပြီး ကယ်တင်ခြင်းစီမံကိန်းအားဖြင့် နဂိုအတိုင်းပြန်ဖြစ်စေရန်ဖြစ်သည်။ သူ့အားဖန်ဆင်းချိန်တွင် ဤကမ္ဘာကိုအုပ်စိုးရန် အာဒံကိုချထားခဲ့သည်။ သို့သော် စုံစမ်းခြင်းနောက်သို့ လိုက်ပါသွားသောအခါ သူသည် စာတန်၏တန်ခိုးအောက်တွင် ဆွဲသွင်းခြင်း ခံရပြီး၊ သူ၌ရှိခဲ့သောအုပ်စိုးခြင်းအာဏာကို သူ၏အောင်နိုင်သူအား လက်လွှဲလိုက်ရသည်။ ထိုကြောင့် စာတန်သည် ဤလောက၏ဘုရားဖြစ်လာခဲ့ပါသည်။ မူလတွင် အာဒံအားပေးအပ်ခဲ့သော ဤကမ္ဘာအုပ်စိုးခွင့်ကို စာတန်သည လုယူခဲ့ပါသည်။ သို့ရာတွင် ခရစ်တော်သည် အသေခံခြင်းအားဖြင့် အပြစ် ဒဏ်ကိုပေးဆပ်ကာ လူသားတို့အားရွေးနုတ်ရုံသာမက လက်လွှတ်ဆုံးရှုံးခဲ့သော အုပ်စိုးခွင့်ကို ပြန်လည်ရရှိစေခဲ့ပါသည်။ ပထမအာဒံမှလက်လွှတ်ဆုံးရှုံးခဲ့ပြီးသောအရာအားလုံးကို ဒုတိယအာဒံမှပြန်လည်ရရှိစေမည်ဖြစ်သည်””
(Ellen G. White, Signs of the Times, Nov. 4, 1908).

ကျရှုံးခြင်းနောက်ပိုင်းတွင် လူသား၏ဆုံးရှုံးမှုသည် အလွန်ကြီးမား လှပြီး ကျွန်ုပ်တို့အား မူလပေးအပ်ခဲ့ပြီးသော “အုပ်စိုးခြင်း” လည်းပါဝင် ကြောင်း မေးစရာမလိုပေ။
ဤပျောက်ဆုံးသောအုပ်စိုးခွင့်သည် အဘယ်နည်း။ ယနေ့တွင် “အုပ်စိုးခွင့်အာဏာ” ဟူသောစကားသည် အနုတ်လက်္ခဏာဆောင်သော်လည်း ဧဒင်ဥယျာဉ်တွင် ထိုသို့မဟုတ်ခဲ့သည်မှာအမှန်ဖြစ်သည်။ ကမ္ဘာအားအုပ်စိုးခွင့်ပထမပေးအပ်ခြင်းမှာ မည်သည့်အရာကိုဆိုလိုပါသနည်း။ ကျွန်ုပ်တို့၏ရှေးဦးမိဘတို့သည် ဧဒင်ဥယျာဉ်တွင်ကျရှုံးပြီးနောက် ဆုံးရှုံးခဲ့သောအရာကိုလူတို့မှပြန်လည်ရရှိစေရန် အသင်းတော်ကမည်ကဲ့သို့ကူညီပေးနိုင်သနည်း။

တနင်္ဂနွေ ဇူလိုင် ၃

အုပ်စိုးရန်ဖန်ဆင်းခြင်း။

လူတစ်ဦးသည် ဘုရားမရှိဟု အတိအလင်းခံယူသောသူငယ်ချင်းက အောက်ပါအတိုင်းပြောခဲ့သည်ကို ဤသို့ရေးသားခဲ့သည်။ “ညဥ့်နက်သန်းခေါင်အချိန်မှာ ခေါင်းထဲမှာမေးခွန်းများစွာနဲ့လန့်နိုးခဲ့တယ်။ ဒီလောကဟာမတော်တဆစကြ၀ဠာပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာတာလား။ ဒီစကြ၀ဠာကြီးဟာ ပုံစံဒီဇိုင်းမရှိ၊ ရည်ရွယ်ချက်မဲ့ပြီး ငါတို့ရှိနေခြင်းဟာလည်းအဓိပ္ပါယ်ရှိသလား။ ငါ့ဘ၀၊ ငါ့ယောက်ျားနဲ့ကလေးများရဲ့ဘ၀ စတဲ့သက်ရှိတိုင်းဟာ ဘာနဲ့မှမသက်ဆိုင်ဘဲ အဓိပ်္ပါယ်မဲ့နေပါသလား။ ငါ့ဘ၀ဟာရည်ရွယ်ချက်မဲ့၊ ရည်ရွယ်ချက်မရှိဖြစ်နေပါသလား” ဟူ၍။ကျရှုံးခြင်းပြီးနောက် လူသားသည် မြောက်မြားစွာဆုံးရှုံးခဲ့ပါသည်။
ကျရှုံးခြင်းသမိုင်းကပြသသကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သာမက၊ တစ်ဦးနှင့်တစ်ဦး လည်းစိမ်းကားခဲ့ကြရသည်။ ကမ္ဘာကြီးနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးမှာပင်လျှင် ပြောင်းလဲသွားခဲ့ပါသည်။ အထက်ပါအမျိုးသမီးမှမေးခဲ့သောမေးခွန်းများကဖော်ပြသကဲ့သို့ ကျွန်ုပ်တို့သည် မည်သူဖြစ်၍၊မည်သည့်ရည်ရွယ်ချက်ဖြင့်အသက်ရှင်ရန်အကြောင်းသိရှိနိုင်ရန် ရုန်းကန်နေကြရသည်။ လူအများအတွက် သာ၍ဆိုးရွားသောပြဿနာမှာ ဖန်ဆင်းရှင်ဘုရားသခင်သည် ရည်ရွယ်ချက်မရှိ၊ မထင်မမှတ်ဘဲ တည်ရှိနေသည်ဟူသော
အယူအဆက သာ၍အားကြီးသောအချက်ပင်ဖြစ်သည်။
လူသားများကိုဖန်ဆင်းရသည့်ရည်ရွယ်ချက်များအကြောင်းကိုအောက်ပါကျမ်းချက်များမှ မည်သို့သင်ပေးပါသနည်း။ (ကမ္ဘာ ၁း၂၆-၂၈။ ဆာလံ ၈း ၃-၈။ ဟေရှာ ၄၃း၆၊၇)။ “ငါ၏ဘုန်းအသရေအဖို့ငါဖန်ဆင်းဩပပြင်” (ဟေရှာ ၄၃း၇) သည်ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုပါသနည်း။ “ငါ (ဘုရားသခင်) ၏ဘုန်းအသရေ” သည် အုပ်စိုး
ခြင်းနှင့်မည်သို့ဆက်စပ်သနည်း။
ကမ္ဘာဦးကျမ်းမှကျွန်ုပ်တို့မြင်တွေ့နိုင်သကဲ့သို့ မည်သည့်ရည်ရွယ် ချက်များကြောင့် ဘုရားသခင်သည် အာဒံနှင့်ဧ၀ကိုဖန်ဆင်းသည်ဖြစ်စေ၊ သူတို့သည် ကမ်္ဘာကိုအုပ်စိုးရန်အတွက်လည်း ဖန်ဆင်းတော်မူခဲ့သည်။ (ကမ္ဘာ ၁း၂၆-၂၈)။ အလုံးစုံသောဘုန်းအသရေနှင့်အုပ်စိုးသူဖြစ်၍၊ သူ၏ဖန်ဆင်း
တော်မူသောအရာကို ကျွေးမွေး၊ ပြုစု၊ အုပ်စိုးသောကိုယ်တော်မှတစ်ဆင့် ဘုရားသခင်၏ဘုန်းတော်နှင့်စာရိတ်္တတော်ကို ရောင်ပြန်ဟပ်စေရန် ရှေးဦး မိဘတို့သည် လမ်းကြောင်းဖြစ်နေရမည်ဖြစ်သည်။ (ဗျာဒိတ် ၁း၅၊၆)။ အကယ်၍သူတို့သည် အပြစ်ထဲမကျရောက်ခဲ့သော်၊ သူတို့၏ကမ္ဘာကိုအုပ်စိုးခြင်းသည် မည်မျှပင်ဘုရားသခင်၏ဘုန်းတော်ကိုဖော်ပြလိမ့်မည်ကို အဘယ်သူသိနိုင်ပါမည်နည်း။
ယခုအချိန်တွင် ယေရှုအားယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့အသက်တာကို ကိုယ်တော်၌ယုံကြည်ခြင်း၊ နားထောင်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့နှင့်အပ်နှံခြင်းအားဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့သည် ဒါဝိဒ်ကဲ့သို့ “ဘုရားသခင်သည် ငါ့အတွက်သူ၏အကြံအစည်ကိုပြီးစီးစေတော်မူမည်” (ဆာလံ ၁၃၈း၈)။ ကျွန်ုပ်တို့တစ်ဦးချင်းအတွက်ဘုရားသခင်သည် ရည်ရွယ်ချက်ရှိကြောင်းကိုသိရှိခြင်းသည် ယုံကြည်စိတ်ချခြင်းနှင့်ပျော်ရွှင်ခြင်းအတွက် အဓိကအကြောင်းရင်းဖြစ်ကာ အထူးသဖြင့်၊ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဆက်ကပ်အပ်နှံသောအခါ လိုအင်ဆန္ဒများပြည့်စုံနိုင်မည်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးကသင့်အား “ဟုတ်ပြီ၊ သင်ဟာခရစ်ယာန် တစ်ဦးအနေဖြင့် ဘ၀၏ရည်မှန်းချက်သည်အဘယ်နည်း” ဟုမေးခဲ့သော်၊ ဘယ်ကဲ့သို့တုံ့ပြန်မည်နည်း။ အဘယ်ကြောင့်နည်း။

တနင်္လာ ဇူလိုင် ၎

အုပ်စိုးခြင်း၏အခွင့်ထူး။

ကမ္ဘာဦးကျမ်း ၁း၂၆-၂၈ တွင်ဖော်ပြသကဲ့သို့ လူသားများအား ပေးထားသောကမ်္ဘာကို “အုပ်စိုး” ခွင့်သည်အဘယ်နည်း။
ဤကျမ်းစကား “အုပ်စိုးခြင်း” သည် ဟေဗြဲစကား၊ ကြိယာ radah မှဆင်းသက်လာသည်။ ဤစကားလုံးသည် အုပ်စိုးပိုင်ခွင့်နှင့်အုပ်ချုပ်ရေးတာဝန်ဝတ်္တရားတို့ကို ညွှန်ပြပါသည်။ အထက်ပါကျမ်းချက်အရ တန်ခိုး နှင့်အာဏာဖြင့် အထက်အောက်ဆက်ဆံရေးမျိုးကိုညွှန်းဆိုပြီး လူသားကိုအခြားဖန်ဆင်းသောအရာအားလုံး၏အထက်တွင် ထားရှိကြောင်းဖော်ပြပါသည်။ ဓမ္မဟောင်းကျမ်းတွင်ဖော်ပြသကဲ့သို့ radah ဟူသောစကားလုံး(ကြိယာ) သည် ဤအုပ်စိုးခွင့်အာဏာကို အသားပေးစေလိုခြင်း (သို့မဟုတ်) မည်သို့ကျင့်သုံးရမည်ဟူသောအနက်ဖွင့်ဆိုချက်မျိုးမဟုတ်ချေ။ အပြစ်ကင်း၍မကျရှုံးသောဖန်ဆင်းခြင်းအခြေအနေသည် ၎င်းင်းအုပ်စိုးခွင့်အာဏာကို သဘာဝတရားအားဖြင့် အကျိုးဩပလိုသောရည်ရွယ်ချက်ရှိရမည်ဖြစ်သည်။ကမ္ဘာဦးကျမ်း ၁း၂၈ မှ ကမ္ဘာကိုအနိုင်ယူအုပ်စိုးခြင်းဟူသော တူညီသည့်ကောက်ချက်မျိုးချနိုင်ပါသည်။ “အနိုင်ယူအုပ်စိုးသည်” ဟူသောကြိယာ(စကားလုံး) သည် ဟေဗြဲစကားလုံး kavash မှဆင်းသက်လာပြီး၊ အထက်အောက်ဆက်ဆံရေးကိုပုံဖော်ထားကာ လူသားကိုကမ္ဘာအထက်တွင်ထားရှိ၍တန်ခိုးကိုပေးပြီး ထိန်းချုပ်ခွင့်ပေးထားသည်ဟူသောအဓိပ္ပါယ်ရသည်။ဓမ္မဟောင်းကျမ်းတစ်နေရာတွင် kavash  သည် radah ထက်သာ၍ပြင်းထန်ကြောင်း စစ်အောင်၍အုပ်ချုပ်မှုအောက်၌ထားရှိသောလုပ်ရပ်မျိုးကို ဖော်ပြရာတွင်အသုံးပြုသည်(တောလည် ၃၂း၂၂၊၂၉။ ယေရမိ ၃၄း၁၁၊၁၆။ ဧသတာ ၇း၈။ နေဟမိ ၅း၅။) များစွာဤဖြစ်ရပ်မျိုးတွင် အာဏာအလွဲသုံးစားမှုမျိုး ကိုတွေ့ရပြီး ထိုအရာကိုဘုရားသခင်မနှစ်သက်ကြောင်းကိုဖော်ပြထားသည်။ သို့ရာတွင် ဖန်ဆင်းခြင်းအကြောင်းနှင့် ကမ်္ဘာကိုအုပ်စိုးရန် အပြစ်မဲ့ဇနီးမောင်နှံကို ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခြင်းအဖြစ်ကို သေချာစဉ်းစားသော်၊ ဤအနိုင်ယူအုပ်စိုးခြင်းမည်သည်မှာ ဖန်ဆင်းရှင်ကိုယ်စား၊ဖန်ဆင်းခံအရာများကို ကျေးဇူးဩပလိုသောကြောင့်သာ ကမ္ဘာကိုအုပ်စိုးသည် ဟုဆိုလိုပါသည်။ ၎င်းသည် ကိုယ်ကျိုးအမြတ်ထုတ်ယူနေခြင်းမဟုတ်သည်မှာသေချာသည်။
အုပ်စိုးခြင်းအယူအဆကို ကမ္ဘာဦးကျမ်း ၂း၁၅ တွင်လည်း အခြား သောရှုထောင့်မှမြင်နိုင်သည်။ ဘုရားသခင်သည် အာဒံအားဥယျာဉ်ကိုပြုစု ရန် (အလုပ်လုပ်ရန်၊ အမှုဆောင်ရွက်ရန်၊ ထွန်ယက်ရန်) နှင့်စောင့်ရှောက်ရန် (ခြံကာရန်၊ ကာကွယ်ရန်၊ ဩပစုရန်၊ အနီးကပ်ကြည့်ရန်၊ စောင့်ထိန်းရန်၊ ပတ်သက်မှုရှိရန်၊ ထိန်းသိမ်းရန်) ထားတော်မူပါသည်။
ဤအရာများကို စိတ်ထဲတွင်ရည်မှတ်ရင်း၊ အုပ်စိုးခြင်းသည် ပြုစု ခြင်းနှင့်ဘဏ္ဍာစိုး (သို့မဟုတ်) စီမံခန့်ခွဲမှုကိုမြတ်နိုးခြင်းကိုဆိုလိုကြောင်းမြင်တွေ့နိုင်သည်။ ရှေးဦးမိဘများသည် ဘုရားသခင်နှင့်ပူးပေါင်း၍ သူတို့၏ အုပ်စိုးခွင့်ကိုကျင့်သုံးနိုင်ရန် လိုအပ်သောအရင်းအမြစ်များနှင့်လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ရမည်ဖြစ်ကာ ၎င်းင်းသည် ဖန်ဆင်းခြင်းအပေါ် ဘုရားသခင်၏မေတ္တာကို ရောင်ပြန်ဟပ်ရန်ဖြစ်သည်။
ယနေ့တွင် အုပ်စိုးခြင်းဟူသောစကားလုံးသည် မကြာခဏ အနုတ် လက္ခဏာဆောင်သောအဓိပ်္ပါယ်မျိုးသက်ရောက်သော်လည်း၊ ကျမ်းစာ၌ ပထမဖော်ပြချိန်တွင် ထိုသို့မဟုတ်သည်မှာသေချာသည်။ အပြစ်မကျမီ ဤစကားအသုံးအနှုန်းမှ မည်သည့်အခြေခံသဘောတရားကိုဆွဲယူနိုင်သနည်း။မည်သူ့ကို (သို့မဟုတ်) မည်သည့်အရာကိုအုပ်ချုပ်သည်တွင် ဤစကားလုံးကိုမည်သို့အသုံးပြုမည်နည်း။

အင်္ဂါ ဇူလိုင် ၅

နယ်နိမိတ်များ။

ဖန်ဆင်းခံအရာအားလုံးအပေါ် လူသား၏အုပ်စိုးပိုင်ခွင့် (ကမ္ဘာ ၁း၂၆) သည် အုပ်စိုးခွင့်အာဏာတွင် အကန့်အသတ်မရှိဟုညွှန်ပြနေပါ သလား။ ကျမ်းစာသမိုင်းကအုပ်စိုးခြင်း (၎င်းကို “ဘဏ္ဍာစိုး” ဟုလည်းနားလည်နိုင်သည်) သည် နယ်နိမိတ်ရှိရမည်ဖြစ်ကြောင်းကို ညွှန်ပြပါသည်။
ဥပမာ၊ ဘုရားသခင်သည်အာဒံအား ကောင်းမကောင်းသိကျွမ်းရာ အပင်ကိုမချဉ်းကပ်ရန် တားမြစ်ထားပါသည်။ (ကမ္ဘာ ၂း၁၅-၁၇)။ ထိုနောက်ပထမအပြစ်မှာ ဘဏ္ဍာစိုးကဏ္ဍနှင့်ပတ်သက်၍ဖြစ်လာခဲ့သည်။ အာဒံနှင့်ဧ၀သည် သူတို့၏အုပ်စိုးခွင့်အပေါ် ဘုရားသခင်သတ်မှတ်ထားသောစည်းကိုကျော်လွန်သွားခဲ့ကြသည်။ ဖန်ဆင်းခံအရာအားလုံးသည် ၎င်းင်းစည်းကျော်ခြင်း၏ရလဒ်ဝေဒနာကို ခံစားနေကြရဆဲဖြစ်သည်။ (ရောမ ၈း၂၀-၂၂ ကို ဖတ်ပါ။)
ထွက်မြောက် ၂၀း၁-၁၇ ကိုဖတ်ပါ။ ဘုရားသခင်၏ပညတ်တော် တွင် ကျွန်ုပ်တို့အတွက် မည်ကဲ့သို့သောစည်းမျဉ်းများကိုချထားသနည်း။ပညတ်တော်သည် လူသား၏အုပ်စိုးခြင်းကန့်သတ်ချက်ကို မည်သို့ဖော်ပြသနည်း။
လူ့သမိုင်းတစ်လျှောက် (ဥပမာ၊ ထွက် ၁-၁၄ မှ ဖာရောဘုရင်။ မဿဲ ၂ မှဟေရုဒ်မင်း)၊ ခေတ်ကာလကုန်ဆုံးချိန်အထိ (ဗျာဒိတ် ၁၃ ကိုဖတ်ပါ)။ စာတန်ထိန်းချုပ်သည့်ခေါင်းဆောင်များသည် သူတို့၏ထိန်းချုပ် ပိုင်ခွင့်မရှိသောသူများအပေါ် အုပ်ချုပ်ရန်ဩကိးစားအားထုတ်ကြခြင်းကြောင့်နာမည်ဆိုးများဖြင့်ကျော်စောခဲ့ကြသည်။ သူတို့သည် တန်ခိုးအာဏာကိုကိုင်ဆွဲ၍ မိမိတို့ကိုယ်ကို “ဤလောကကိုအစိုးရသောမင်း” (ယောဟန်၁၂း၃၁) အဖြစ်ခံယူသောစာတန်ကို တုပနေကြသည်။ အုပ်စိုးခြင်းသည်လွှဲချော်ကာ အုပ်ချုပ်ခြင်း၊ ချုပ်ချယ်ခြင်းဖြစ်လာပါသည်။
အခြားတစ်ဖက်တွင် သူတို့၌ရှိသင့်သောအုပ်စိုးခြင်းကို လက်ခံရန် ငြင်းပယ်သောသူအချို့လည်းရှိနေပြန်သည်။ (မဿဲ ၂၅း၁၄-၃၀။ လုကာ ၁၉း၁၂-၂၇ ကိုဖတ်ပါ။)
အပြစ်သည် လူသား၏အုပ်စိုးပိုင်ခွင့်ကို အနည်းနှင့်အများဆုံးရှုံးစေ သော်လည်း၊ မူလအုပ်စိုးခြင်းအခွင့်ကို အပြစ်ကြောင့်လုံးလုံးလျားလျားမဆုံးရှုံးချေ။ ကျွန်ုပ်တို့၏လက်ရှိဝတ်္တရား၏နယ်နိမိတ်အတွင်း လုပ်စရာများစွာရှိသည်။ ဥပမာ၊ ခရစ်တော်ပေးသောပင်ကိုယ်စွမ်းရည် (၁ကော ၉း၂၅-၂၇။ဂလာတိ ၅း၂၂၊၂၃)၊ ကမ်္ဘာနှင့်သတ်္တ၀ါများကိုဩပစုစောင့်ရှောက်ခြင်းနှင့် ဘုရားသခင်က ကျွန်ုပ်တို့အားပေးအပ်ခဲ့သောအရာများအားလုံး (ယာကုပ် ၁း၁၇။ မဿဲ ၂၅း၁၄-၃၀) စသည်ဖြင့်။ ကျွန်ုပ်တို့သည် ခရစ်ယာန်များ အနေဖြင့် မိမိတို့၏နယ်နိမိတ်ကိုသိပြီး ၎င်းင်းစည်းအတွင်း သစ္စာရှိသောဘဏ္ဍာစိုးကဲ့သို့လုပ်ဆောင်ရန်ဖြစ်သည်။
မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ဆောင်ဖက်များ စသည့်တစ်ပါး သူများနှင့်သက်ဆိုင်၍ သင်ရိုသေရမည့် တိကျသောစည်းမျဉ်းများသည်အဘယ်နည်း။ မည်သည့်အခြေခံသဘောတရားများသည် ဤစည်းမျဉ်းများကို နားလည်စေနိုင်ပါသနည်း။

ဗုဒ္ဓဟူး     ဇူလိုင် ၆

ကမ္ဘာမြေကိုပြုစုခြင်း။

“ထိုအခါထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ် ကိုပြုစုစောင့်နေစေခြင်းငှာထားတော်မူ၏”” (ကမ်္ဘာ ၂း၁၅)။ ဤကမ်္ဘာဂြိုဟ်ကိုပြုစုခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့တာဝန်ကို ဤကျမ်းချက်မှမည်သည့်အခြေခံစည်းမျဉ်းများဖြင့် ကျွန်ုပ်တို့အားလွှမ်းမိုးသင့်ပါသနည်း။
အပြစ်မရှိမီ၊ ဘုရားသခင်သည် သူတို့အားယုံကြည်အပ်နှံသော အရာအားလုံးကိုအုပ်စိုးရန် အာဒံနှင့်ဧ၀အား ဘဏ္ဍာစိုးတာဝန်ကိုပေးအပ်ခဲ့သည်။ သူတို့သည် အပင်များနှင့်တိရစ်္ဆာန်များအပေါ် အုပ်စိုးရသောအခွင့်ရရှိခဲ့ကြသည်။ သို့ရာတွင် အပြစ်ဝင်လာသောအခါ သူတို့သည် ဘုရားသခင်ကိုပုန်ကန်ခဲ့ကြသကဲ့သို့ သဘာဝတရားအားလုံးသည် သူတို့အားပုန်ကန်နေသယောင်ရှိသည်။ သဘာဝတရား (ရာသီဥတု၊ စိုက်ပျိုးသည့်အရာ၊ တိရစ်္ဆာန်များ) ကိုရင်ဆိုင်ရန် လူသား၌တန်ခိုးမရှိကြောင်း စတင်မြင်တွေ့လာကြသည်။
“သာ၍အဆင့်နိမ့်သောသတ်္တ၀ါများကြားတွင် အာဒံသည် ဘုရင် တစ်ပါးကဲ့သို့မတ်တတ်ရပ်နေပြီး ဘုရားသခင်အပေါ်သစ်္စာစောင့်သိနေသရွေ့ကာလပတ်လုံး၊ သဘာဝတရားအားလုံးသည် သူ၏အုပ်စိုးခြင်းကိုအသိအမှတ်ပြုခဲ့ကြသည်။ သို့ရာတွင် သူသည်အပြစ်ကျူးလွန်သောအခါ ဤအုပ်စိုးခွင့်ကိုဆုံးရှုံးခဲ့သည်။ သူကိုယ်တိုင်တွေ့ဩကံခဲ့ပြီးသော ပုန်ကန်သည့်စိတ်ဓာတ်သည် တိရစ်္ဆာန်များဆီသို့တိုင်အောင် ပျံ့နှံ့သွားခဲ့သည်။ ထိုကြောင့် လူ့အသက်တာ၌သာမက၊ သားရဲများ၏သဘောသဘာဝသော်လည်းကောင်း၊တောထဲမှသစ်ပင်များသော်လည်းကောင်း၊ ကွင်းပြင်မှမြက်ပင်များသော်လည်းကောင်း၊ ရှူရှိုက်သောလေသော်လည်းကောင်း အားလုံးသောအရာတို့သည်အပြစ်တရား၏၀မ်းနည်းဖွယ်သင်ခန်းစာများကို ဖော်ပြကြပါသည်” (Ed., pp. 26,27).
ယနေ့တွင် အချို့သောနေရာများ၌ သဘာဝဘေးဒဏ်များနှင့် သက်ရှိ ပတ်ဝန်းကျင်သဟဇာတဖြစ်ခြင်းသည် အခြေအနေဆိုးဝါးလာခြင်းကြောင့်ကျွန်ုပ်တို့သည် ပျက်စီးခြင်းခံနေရသည်။ ထိုကြောင့် မိမိကိုယ်ကိုကာကွယ်ရန် နည်းပညာနှင့်စက်မှုပညာကို အကြီးအကျယ်အသုံးဩပ၍ ကျွန်ုပ်တို့  ကြိုးစားနေကြသည်။ သို့သော်ငြားလည်း ထိုနည်းပညာနှင့်စက်မှုပညာတို့သည် ကျွန်ုပ်တို့ကိုကာကွယ်နိုင်လိမ့်မည်ဖြစ်သော်လည်း တစ်ခါတစ်ရံ၎င်းင်းတို့က ဤဂြိုဟ်ကမ္ဘာကိုပျက်စီးစေနိုင်သည်။ သက်ရှိများဆက်စပ်မှုလေ့လာရေးပညာသည် ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်နှင့်ယုံကြည်မှုအရေးတို့နှင့်သက်ဆိုင်ပြီး၊ အထူးသဖြင့် ကမ္ဘာမြေကိုအလွဲသုံးစားဩပခြင်းသည်သူတစ်ပါးအတွက် ကြီးမားသောအခက်အခဲကိုဖြစ်စေသည်။
“မြော်လင့်ခြင်းအသင်းသားများသည် မထိန်းသိမ်းနိုင်လောက်အောင်ဖြစ်နေသော များများထုတ်၊ များများသုံးဝါဒ၊ ကုန်ပစ္စည်းရယူခြင်းနှင့်စွန့်ပစ်ပစ္စည်းထုတ်လုပ်ခြင်းတို့၏ငြီးငွေ့ဖွယ်ထပ်တလဲလဲဩပလုပ်သော ငြီးငွေ့ဖွယ်အလုပ်တို့ကိုရှောင်ရှားပြီး၊ ရိုးစင်းပြီးကျန်းမာသောလူနေမှုပုံစံကို ထောက်ခံအားပေးသည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းသည့်အရာများကိုရိုသေရန်၊ ကမ္ဘာ့အရင်းအမြစ်များကို ချွေတာစွာအသုံးဩပရန်၊ တစ်စုံတစ်ဦး၏လိုအပ်ချက်များကို ပြန်လည်သုံးသပ်ရန်၊ ဖန်ဆင်းသည့်သက်ရှိများ၏ဂုဏ်သိက္ခာကို ပြန်လည်အတည်ပြုရန် ဖိတ်ခေါ်ပါသည်။” (Official Statement of the Seventh-day
Adventist Church on Environment, 1995).

ကြာသပတေး   ဇူလိုင် ၇ 

အုပ်စိုးခြင်းကိုအသက်သွင်းခြင်း။

အပြစ်သို့ကျရှုံးခြင်းအားဖြင့် ကျွန်ုပ်တို့လူသားများသည် ဧဒင်ဥယျာဉ် ၌ရှေးဦးမိဘများပိုင်ဆိုင်ခဲ့သော အုပ်စိုးခြင်းမျိုးအပါအ၀င် မြောက်မြားစွာဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ဆုံးရှုံးခဲ့သောအရာကို ပြန်လည်ရရှိရန်
ခရစ်တော်ကြွလာခဲ့သည်။
ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ဩပလုပ်ခဲ့သောအရာကြောင့်၊ ခရစ်တော်သည် ကျွန်ုပ်တို့အားပေးခဲ့သောအရာကို တစ်ပါးသူများမှလည်း ပြန်လည်ရရှိစေရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခေါ်တော်မူသည်။ ဤလုပ်ငန်းစဉ်သည် ခရစ်တော်မကြွလာမီအချိန်ထိ ပြည့်စုံလိမ့်မည်မဟုတ်သော်လည်း ဆင်းရဲသားများ၊ ပျောက်ဆုံးသူများနှင့် လောက၏လွှမ်းမိုးခြင်းခံရသူတို့ထံသို့ရောက်ရှိရန် ယခုလုပ်ပြုနိုင်သောအရာများစွာရှိသည်။ယခုပင်လျှင် ၎င်းင်းအသစ်ပြုပြင်ခြင်းကိုစတင်နိုင်ရန် လိုအပ်ချက်ရှိနေသူများထံရောက်ရှိ၍ကူညီခြင်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုအသုံးပြုနိုင်ပါသည်။
အပြစ်ကြောင့်ပျောက်ဆုံးသော အုပ်စိုးခွင့်တချို့ကို တစ်ပါးသူများ မှပြန်လည်ရရှိစေရန် အောက်ပါကျမ်းချက်များကို မည်သို့အသုံးဩပမည်နည်း။
တရားဟော ၁၅း၇-၁၂ ----------------------------------------------
လုကာ ၁၄း၁၂-၁၄ ----------------------------------------------
၁ပေ ၃း၁၅ ----------------------------------------------
ယာကုပ် ၁း၂၇ ----------------------------------------------
ဟေရှာ ၅၈း၇ ----------------------------------------------
၂သက် ၃း၁၀ ----------------------------------------------
အသင်းတော်အဖွဲ့အစည်းအနေဖြင့် လိုအပ်ချက်ရှိသူများထံရောက် ရှိရန် ကျွန်ုပ်တြို့ပုလုပ်နိုင်သောအရာ၊ ပြူလုပ်ရမည့်အရာ၊ ပြုလုပ်ရန်ခေါ်တော်မူသောအရာ၊ အမြောက်အမြားရှိသည်။ ၎င်းင်းတို့မှာ တစ်ခါတစ်ရံ အခြေခံလိုအပ်ချက်ဖြစ်သော အလျင်စလိုလိုအပ်သည့်အစားအစာ၊ အ၀တ်အစား(သို့မဟုတ်) နေစရာတို့ကို ပြင်ဆင်ပေးခြင်းတို့ဖြစ်သည်။ လတ်တလောသက်သာခြင်းကိုပေးကမ်းခြင်းသည်လိုအပ်ပါသော်လည်း ထိုအရာထက်လူတို့၏အသက်တာတွင် အုပ်စိုးခွင့်ကိုပြန်လည်ရရှိစေရန်လည်းလိုအပ်ပါသည်။
ကျွန်ုပ်တို့၌ရှိသောမျှော်လင့်ခြင်းအတွက် အကြောင်းပြချက်ကိုပေး နိုင်ရန် အမြဲအဆင်သင့်ရှိနေရမည်ဖြစ်သော်လည်း၊ အချိန်နေရာမရွေး လူတို့၏ကိုယ်ကာယလိုအပ်ချက်များနှင့် သာ၍ကောင်းသောအသက်တာကို ညွှန်ပြရန်လိုအပ်ပါသည်။
အခြေအနေတစ်ခုချင်းစီနှင့်လိုအပ်ချက်များသည် ခြားနားကြသော် လည်း အလင်းဖြစ်ရန်သော်လည်းကောင်း၊ ရောဂါငြိမ်းစေခြင်း၏အရင်းအမြစ်ဖြစ်ရန်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိလူတို့၏မျှော်လင့်ချက်ဖြစ်ရန်သော်လည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အားခေါ်တော်မူသည်။ ကျွန်ုပ်တို့အလုပ်အကျွေးဩပသည့် ချစ်ဖွယ်၊ ကယ်တင်ရှင်ဘုရားသခင်၏လောကအတွက်သက်သေဖြစ်ရန်မှာ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ကျွန်ုပ်တို့သည် အချက်ပြမီးအဖြစ်နှင့်လိုအပ်ချက်ရှိသူများအတွက် မျှော်လင့်ချက်ဖြစ်ရန် ဘုရားသခင်၏ခွန်အားဖြင့် လုပ်စရာအားလုံးကိုလုပ်ဆောင်ရမည်ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် လျှော့ပေါ့လုပ်ဆောင်၍မရပါ။ ဤလုပ်ငန်းစဉ်ကိုဖြည့်စွက်နေချိန်တွင် ဘုရားသခင်သည် မည်သို့သောဘုရားဖြစ်သည်ကို သူတို့အားသင်ပေးရာရောက်ပါသည်။ သူတို့၏ကိုယ်ကာယလိုအပ်ချက်ဖြည့်တင်းခြင်းအားဖြင့်လည်း သန့်ရှင်းသောဝိညာဉ်တော်သည်သူတို့စိတ်နှလုံးထဲသို့ရောက်ရှိရန် လမ်းပြင်ဆင်ပေးရာရောက်သည်။ ဤအလုပ်သည် ယေရှုပြုလုပ်ခဲ့သောအရာဖြစ်ပြီး ကျွန်ုပ်တို့အားလည်း ထိုသို့ပြုလုပ်ရန်ခေါ်တော်မူပါသည်။

သောကြာ ဇူလိုင် ၈

ထပ်ဆင့်လေ့လာရန်။
လောက၏အပြစ်တွင်းနက်ကြီးထဲတွင် နစ်မြှုပ်နေသော ယနေ့ ကျွန်ုပ်တို့၏ရှုထောင့်မှကြည့်သော်၊ အပြစ်ကြောင့်ကျွန်ုပ်တို့ဆုံးရှုံးခဲ့သော အရာကို ပြန်လည်စဉ်းစားရန်မလွယ်ကူချေ။ ဤဆိုးသွမ်းသောလောကကိုသာ ကျွန်ုပ်တို့သိရှိကြရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်ုပ် တို့၏မူလအစနှင့်အပြစ်၊ သေခြင်းတရား၊ ဆိုးသွမ်းခြင်းတို့၏မူလအရင်းကို မဖော်ပြပေးခဲ့ပါသော် ဤအရာများအားလုံးသည် အသက်တာ၏ဖြစ်ရိုး ဖြစ်စဉ်ဟုသာ သဘောပေါက်နားလည်ကြရမည်ဖြစ်သည်။ သို့သော် ကျရှုံးခြင်းပုံပြင်သည် ဤကဲ့သို့မဖြစ်ပျက်သင့်ကြောင်း ဖော်ပြပေးပါသည်။ ကမ္ဘာဦးကျမ်းက အာဒံနှင့်ဧ၀သည် ဤလောကကိုအုပ်စိုးရန်ဖြစ်ကြောင်း ဖော်ပြပါသည်။ ထိုနောက် အပြစ်ကျူးလွန်ပြီးပြီးချင်း သူတို့ပြောင်းလဲသွားသောကြောင့် လောကနှင့်သူတို့၏ဆက်ဆံရေးသည်လည်း ပြောင်းလဲလာခဲ့သည်။ဤလောကကြီးပင်လျှင် ရုပ်အင်္ဂါပြောင်းလဲလာခဲ့သည်။ သူတို့သာယာခဲ့သောအုပ်စိုးခွင့်သည်လည်း ချက်ချင်းပျောက်ဆုံးသွားပြီး အကျိုးရလဒ်သည် အလွန်ကြီးမားခဲ့သည်။ “ဆူးပင်အမျိုးမျိုး (ကမ္ဘာ ၃း၁၇၊၁၈)၊ ရေလွှမ်းမိုးခြင်း၏အနိဌာရုံနောက်ဆက်တွဲ (ကမ္ဘာ ၇း၁၂)၊ သဲကန္တာရနှင့်တောရိုင်းများ၊ ရွေးနုတ်ဖို့ရန်ညည်းတွားနေသောကမ္ဘာမြေကြီး (ရောမ ၈း၁၉-၂၂) တို့သည် ဤလောကတွင် အပြစ်၏အကျိုးသက်ရောက်ပုံကို ကျမ်းစာ မှပုံဖော်ပေးသော ပုံရိပ်လွှာများဖြစ်သည်။” (Handbook of Seventh-day Adventist Theology, vol. 12, p. 254). လက်လွှတ်ဆုံးရှုံးခဲ့ပြီးသောအရာများကိုပြန်လည်ရရှိပြီး၊ အတိတ် (သို့မဟုတ်) လက်ရှိအခြေအနေထက်သာ၍ကောင်းမွန်သောအနာဂတ်ကို ကျွန်ုပ်တို့အားကတိပေးထားသောကယ်တင်ခြင်းစီမံကိန်းအတွက် အထူးကျေးဇူးတင်ရမည်ဖြစ်သည်။

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

Previous Post Next Post