MSS Lesson 5: The Faith of Abraham


Myanmar Sabbath School  Lesson 5: The Faith of Abraham

သင်ခ်ခ်ခန်း်းစာ (၅)အာဗြဟံ၏ယုံံကြည်ခြင်း

အောက်တိုဘာ ၂၈ - နိုဝင်ဘာ ၃

ဥပုသ်နေ့ မွန်းလွှဲပိုင်း အောက်တိုဘာ ၂၈

ဖတ်ရန်ကျမ်းချက်များ။ ကမ္ဘာ ၁၅း၆။ ၂ရာ ၁၁၊၁၂။ ရောမ ၃း၂ဝ၊၃၁။ ၄း၁-၁၇။ ဂလာတိ ၃း၂၁-၂၃။ ၁ယော ၃း၄။
အလွတ်ကျမ်းချက်
‘‘ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကိုပယ်ကြသလော၊ အလျှင်းမပယ်၊ သာ၍တည်စေကြ၏’’ (ရောမ ၃း၃၁)။
နည်းလမ်းများစွာဖြင့် ရောမ (၄) သည် ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းဟူသော သမ္မာကျမ်းစာသွန်သင်ချက်၏အခြေအမြစ်နှင့်ပြုပြင် ပြောင်းလဲခြင်းစတင်ရာနှလုံးသားအဖြစ် ရပ်တည်လျက်ရှိသည်။ အမှန်မှာ လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝ က၊ ယခုလိုဤအပတ်တွင် လူသားနှင့်အစ့်ပြု ခဲ့ကာ၊ သစ္စာရှိသောပရိုတက်စတင့်တို့သည် ဘယ်တော့မှနောက်ကြောင်းပြန် မလှည့်ကြတော့ပါ။

သန့်ရှင်းခြင်းနှင့်သီလ၏စံတင်လောက်သောအာဗြဟံကို ပညတ်တရား ၏အကျင့်မပါဘဲ ကျေးဇူးတော်အားဖြင့်ကယ်တင်ရန် လိုအပ်သောသူတစ်ဦး ၏ဥပမာတစ်ခုအဖြစ်အသုံးဦပခြင်းသည် စာဖတ်ပရိသတ်အတွက် တလွဲ အဓိပ္ပါယ်ကောက်ယူခြင်းမရှိနိုင်ရန် ပေါလုထားခဲ့ပေးသည်။ အကယ်၍ တစ်စုံ တစ်ဦး၏အကျင့်များနှင့်ပညတ်စောင့်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ သူ့အား ဖြောင့်မတ်ရာသို့ရောက်စေရန်မလုံလောက်သော်၊ မည်သည့်မျှော်လင့်ချက်ရှိပါ မည်နည်း။ အကယ်၍ အာဗြဟံသည် ကျေးဇူးတော်အားဖြင့်သာဖြစ်လျှင်  ယုဒလူ၊ ဟေလသလူ မည်သူမဆိုထိုနည်းအတိုင်းပင်ဖြစ်ရပါမည်။

ရောမ (၄) တွင် ပေါလုသည် ကယ်တင်ခြင်းစီမံကိန်းတွင် အဓိက အဆင့်သုံးခုကိုဖော်ပြသည်။ (၁) ဘုရားကောင်းချီးအတွက်ကတိတော် (ကျေးဇူး တော်အတွက်ကတိတော်)၊ (၂) ထိုကတိတော်ကို လူတို့၏တုံ့ပြန်မှု (ယုံကြည် ခြင်းဖြင့်တုံ့ပြန်ခြင်း) နှင့် (၃) ယုံကြည်သူတို့အား ဖြောင့်မတ်သူများအဖြစ် ဘုရား၏ကြေညာချက် (ဖြောင့်မတ်ခြင်း) တို့ဖြစ်သည်။ ကယ်တင်ခြင်းစီမံကိန်း သည် အာဗြဟံ၌ ထိုအဆင့်အတိုင်းလုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့နှင့်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

ပေါလုအတွက် ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့်ဖြစ်၍၊ ကျွန်ုပ်တို့သည် မည်မျှပင်မထိုက်တန်သော်လည်း ကျွန်ုပ်တို့အားပေးသော အရာဖြစ်ကြောင်း သတိရနေရန်အရေးကြီးသည်။ အကယ်၍ ကျွန်ုပ်တို့ထိုက်တန် လျှင်၊ ကျွန်ုပ်တို့အကြွေးတင်နေလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့အကြွေးတင် နေလျှင် ၎င်းသည် လက်ဆောင်မဟုတ်ဘဲ အကြွေးသာဖြစ်လိမ့်မည်။ ပျက်စီး ပြီးကျရံှုးသူကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းသည် ဆုလက်ဆောင်ဖြစ်ရပါမည်။

ယုံကြည်ခြင်း အားဖြင့်သာ ကယ်တင်ခြင်းရကြော င်းကိုသက်သေပြရန်  ပေါလုသည် ကမ္ဘာဦး ကျမ်းအထိသွားကာ၊ ကမ္ဘာဦးကျမ်း ၁၅း၆ ‘‘အာဗြဟံ သည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ၏’’ ကို ကိုးကားခဲ့သည်။ ဤကျမ်းချက်သည် ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်ကြောင်းဖော်ပြသည့် အဦးဆုံးသောကျမ်းပိုဒ် တစ်ခုဖြစ်သည်။

တနင်္ဂနွေ အောက်တ်တ်တိုဘိုဘိုဘာ ၂၉ပညတ်တရား


ယုံကြည်ခြင်းသည် ဘုရားသခင်၏ပညတ်တရားကိုမပျက်ပြယ်စေ ကြောင်း ပေါလုသည် ဤကျမ်းချက်တွင်အလေးအနက်ပြောဆိုသည်။ သို့ရာတွင် ပညတ်စောင့်သောသူများ၊ ဓမ္မဟောင်းတစ်ခုလုံးမှပညတ်တရားအားလုံးကို စောင့်သောသူတို့သည် ထိုသို့စောင့်ခြင်းအားဖြင့် ဘယ်သောအခါမျှကယ်တင် ခြင်းမရရှိချေ။ ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်နည်းတူပင်၊ ယုံကြည်ခြင်းအား ဖြင့် အပြစ်သားကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် အမြဲ ပင်ဖြစ်သည်။

ရောမ ၄း၁-၈ ကိုဖတ်ပါ။ ဓမ္မဟောင်းအချိန်၌ပင်လျှင် ကယ်တင် ခြင်းသည် ပညတ်တရား၏အကျင့်အားဖြင့်မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ဖြစ်ကြောင်း ဤကျမ်းချက်သည် မည်ကဲ့သို့ပြသသနည်း။

ဤဓမ္မဟောင်းဇာတ်လမ်းအရ၊ ‘‘အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်’’ သောကြောင့် သူ့ကို ဖြောင့်မတ်သူဟုမှတ်ယူခဲ့သည်။ ထိုကြောင့် ဓမ္မဟောင်း ကျမ်းကိုယ်၌က ယုံ ကြည်ခြင်း အားဖြင့်ဖြောင့် မတ်ခြင်းကို သင်ပေးထားသည်။ ဤအကြောင်းကြောင့် ယုံကြည်ခြင်းသည် ပညတ်တရား ကိုပျက်ပြယ်စေသည် ဟူသော မည်သည့်ဆိုလိုချက်မဆိုမှားယွင်းသည်။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသည် ဓမ္မဟောင်းကျမ်း၏များစွာသောအစိတ်အပိုင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း တစ်လျှောက် ကျေးဇူးတော်ကိုသင်ပေးသည်။ ဥပမာ၊ တဲတော် လုပ်ငန်းတစ် ခုလုံး သည် မိမိတို့၏ကိုယ်ပိုင်အကျင့်အားဖြင့်မဟုတ်ဘဲ မိမိတို့  ကိုယ်စားအစားထိုးအသေခံခြင်း အားဖြင့် အပြစ်သား များသည်  ကယ်တင်ခြင်း ရသည်ကိုပုံဆောင်ခြင်းမရှိခဲ့သော်၊ အဘယ်အရာဖြစ်မည်နည်း။

ဗာသရှေဘနှင့်ပြစ်မှားပြီးနောက် ဒါဝိဒ်သည် မည်ကဲ့သို့ခွင့်လွတ်  ခြင်းတို့ရရှိကြောင်းကိုလည်း မည်သည့်အရာသည် ရှင်းပြနိုင်မည်နည်း။ သူသည် ပညတ်စောင့်ခြင်းဖြင့် ကယ်တင်ခြင်း မရသည်မှာ သေချာသည်။ အကြောင်းမှာ သူ့အားပြစ်မှုများစွာကျူးလွန်သည်ဟုစွပ်စွဲသော ပညတ်၏အခြေခံစည်းမျဉ်း များစွာကို ကျူးလွန်သောကြောင့်ဖြစ်သည်။ အကယ်၍ ဒါဝိဒ်သည် ပညတ် အားဖြင့်ကယ် တင်ခြင်း ရမည်ဆို လျှင်၊ ဒါဝိဒ်သည် လုံးဝကယ်တင်ခြင်းရလိမ့် မည်မဟုတ်ချေ။

ဒါဝိဒ်သည် ဘုရားသခင်၏မျက်နှာသာကို ပြန်ရရှိခြင်းသည် ယုံကြည် ခြင်းအားဖြင့်ဖြောင့် မတ်ခြင်း၏ပုံနမူနာအဖြစ် ပေါလုတင်ဆက်ထားသည်။ ခွင့်လွတ်ခြင်းသည် ဘုရားသခင့်ကျေးဇူးတော်၏ လုပ်ဆောင်မှုဖြစ်သည်။ ဤ နေရာတွင် ဓမ္မဟောင်းကျမ်းမှယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာ သို့ရောက်သည့် အခြားဥပမာ တစ်ခုဖြစ်သည်။ အမှန်မှာ ရှေးဣသရေလများသည် ပညတ် တရား ကိုအဓိက ထားသူမည်မျှပင်များပြားသော်လည်း၊ ယုဒဘာသာသည် အမြဲတမ်းကျေးဇူး တော်နှင့် ဆက်နွယ်နေသည်။ ပညတ်ကိုသာအဓိကထားသော ဝါဒသည် ကျေးဇူးတော်ကို သွေဖည်စေ သောအရာဖြစ်သည်။

ဒါဝိဒ်၏အပြစ်နှင့်နဂိုမူလလိုဘဝမျိုးပြန်ရရှိခြင်းကို အချိန်အနည်းငယ် ယူပြီးစဉ်းစားပါ (၂ရာ ၁၁၊၁၂။ ဆာလံ ၅၁)။ ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်မှ သင့်အတွက်မည်သည့်မျှော်လင့်ချက်ရယူမည်နည်း။ အပြစ်ဦပမိသောသူတို့ကို
အသင်းတော်ထဲတွင်မည်သို့ဆက်ဆံရမည်အကြောင်း သင်ခန်းစာရှာတွေ့ပါ သလား။

တနင်္လာ အောက်တိုဘာ ၃ဝကြွေးမြီ သို့မဟုတ် ကျေးဇူးတော်

ဤနေရာတွင် ပေါလုဖြေရှင်းနေ သောအရေးကိစ္စမှာ ဘာသာရေး ယုံကြည်မှုဆိုင်ရာ လေ့လာမှုထက်ပိုသည်။ ၎င်းမှာ ကယ်တင်ခြင်းနှင့်ကျွန်ုပ် တို့၏ဘုရားသခင် နှင့်ဆက်ဆံရေးတို့ ၏အသည်းနှလုံးထိပင်ရော က်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဖြောင့်မတ်ခြင်းနှင့်ခွင့်လွ တ်ခြင်းမရရှိမီ သန့်ရှင်း ခြင်းစံချိန်တစ်ခု အထိရောက်ရှိ ရမည်ဟူသော လက်ခံမှုရရှိ ရန်လုပ်ဆောင်ရမည် ဟုယုံကြည်ခဲ့လျှင် မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိအ ကျင့်ကိုသော်လည်း ကောင်း ပြန်ြကည့်သည်မှာ သဘာဝကျေပသည်။

ဤအရာနှင့်ဆန့်ကျင်ပြီး တစ်စုံတစ်ဦးက ဖြောင့်မတ်ခြင်းသည် ဘုရားသခင် ထံမှလာသော ဆုလက်ဆောင်ဖြစ်ကြောင်း လုံးလုံးလျားလျားကုသိုလ် မဟုတ် မထိုက် တန်ကြောင်း ကို သိရှိနားလည် လျှင်၊ မိမိကိုယ်ကိုမဟုတ်ဘဲ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ကရုဏာအပေါ်အာရုံပြု ရန်မှာ မည်မျှသာ ၍လွယ်ကူပြီး သဘာဝကျလိမ့်မည်နည်း။

အဆုံးတွင် မိမိကိုယ်ကိုဦးစားပေးသူနှင့် ဘုရားသခင်ကိုဦးစားပေးသူတို့ တွင် မည်သူသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်စာရိတ္တတော်ကို သာ၍ ရောင်ပြန်ဟပ်သူဖြစ်မည်နည်း။

ရောမ ၄း၆-၈ ကိုဖတ်ပါ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ဟူသောအာဘော်ကို ပေါလုသည် မည်ကဲ့သို့အကျယ်ချဲ့သနည်း။

‘‘အပြစ်သားသည် ခရစ်တော်ထံသို့ယုံကြည်ခြင်းဖြင့်လာ၍၊ သူ၏ ကုသိုလ်ကိုကိုင်ဆွဲကာ၊ အပြစ်သယ်ဆောင်သူ၏အပေါ်တွင် မိမိအပြစ်ကိုတင် ပြီး၊ သူ၏အပြစ်လွတ်ခြင်းကိုရယူရမည်။ ဤအကြောင်းတရားအတွက် ခရစ်တော်သည် ဤလောကသို့ကြွလာတော်မူခြင်းဖြစ်သည်။ ထိုကြောင့် ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုနောင်တရ၍ ယုံကြည်သောအပြစ်သားအားပေး အပ်သည်။ သူသည် တော်ဝင်မိသားစုဝင်ဖြစ်လာသည်’’ (1SM, p. 215).

ထိုနောက်ပေါလုက ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းသည် ယုဒ လူတို့အတွက်သာမဟုတ်ဘဲ တစ်ပါးအမျိုးသားများအတွက်လည်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည် (ရောမ ၄း၉-၁၂)။ အကယ်၍သင်သည် ဤအချက် ကိုနားလည်ချင်သော်၊ အာဗြဟံသည် ယုဒလူမဟုတ်ချေ။ သူသည် တစ်ပါး ဘုရားကိုကိုးကွယ်သည့်မျိုးရိုးမှဆင်းသက်ခဲ့သည် (ယောရှု ၂၄း၂)။ သူ့အချိန် ၌ ဟေလသလူ၊ ယုဒလူခွဲခြားမှုမရှိခဲ့ချေ။ အာဗြဟံသည် ဖြောင့်မတ်ရာသို့ ရောက်ခဲ့ချိန်က (ကမ္ဘာ ၁၅း၆) အရေဖျားလှီးခြင်းပင် မဦပခဲ့သေးချေ။ ထိုကြောင့် အာဗြဟံသည် အရေဖျားမလှီးသူများနှင့်အရေဖျားလှီးသူတို့၏ဖခင်ဖြစ်လာခဲ့ သည်။ ကယ်တင်ခြင်းသည် လူအားလုံးအတွက်ဖြစ်ကြောင်း မိမိ၏တင်ပြ ချက်တွင်အသုံးဦပရန်လည်း ပေါလုသည် သူ့အားမဟာဥပမာအဖြစ်အသုံး ပြုသည်။ လူမျိုး သို့မဟုတ် နိုင်ငံသားကိုပဓာနမထားဘဲ ခရစ်တော်၏သေခြင်း သည် လူတစ်ဦးချင်းစီအတွက်ဖြစ်သည်။ (ဟေဗြဲ ၂း၉)။

လက်ဝါးကပ်တိုင်တော်သည် လူတိုင်းအတွက်ဖြစ်သည်ကိုလည်း ကောင်း၊ လူသားတစ်ဦးချင်းစီ၏တန်ဖိုးကို ကပ်တိုင်တော်သည် ကျွန်ုပ်တို့ အားမည်သည့်အရာပြောသည်ကိုလည်းကောင်း စဉ်းစားရင်း၊ လူမျိုးရေး သို့မဟုတ် နိုင်ငံရေးအစွဲအလမ်းသည် အဘယ်ကြောင့်ကြောက်မက်ဖွယ်ဖြစ် သနည်း။ ကျွန်ုပ်တို့အထဲကအစွဲအလမ်းရှိနေခြင်းကို အသိအမှတပြုကာ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ၎င်းကိုကျွန်ုပ်တို့စိတ်ထဲမှနုတ်ပယ်ရန် မည်ကဲ့သို့သင်ယူနိုင်မည်နည်း။

အင်္ဂါ အောက်တိုဘာ ၃၁ကတိတော်

လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝ၊ ယနေ့လိုအချိန်တွင် မာတင်လူသာသည် မိမိ၏စာတမ်းဦပစုချက် (၉၅) ချက်ကို ဝတ်သင်းဘတ် (Wittenberg) ဘုရားကျောင်း၏နံရံတွင် ချိတ်ဆွဲခဲ့သည်။ ယနေ့ကျွန်ုပ် တို့လေ့လာရမည့် အကြောင်းအရာသည်လည်း ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း၏အဓိက အရာဖြစ်နေသည်မှာ စိတ်ဝင်စားစရာကောင်းသည်။

ရောမ ၄း၁၃ တွင် ‘‘ကတိတော်’’ နှင့် ‘‘ပညတ်တရား’’ တို့ကို နှိုင်းယှဉ်ထားသည်။ ပေါလုသည် ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်း၊ မိမိ ၏သွန်သင်ချက်ကို ဓမ္မဟောင်းကျမ်း မှဆွဲယူရန်ဦကိးစား နေသည်။ ယုဒလူတို့ သည် မိမိတို့၏ဘိုးအေအဖြစ်လက်ခံကြသည့်အာဗြဟံကို ဥပမာပေးရန် ပေါလုရှာကြံနေသည်။ လက်ခံခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းကိုအာဗြဟံ သည် ပညတ်တရားအားဖြင့်ရရှိခဲ့ခြင်းမဟုတ်ချေ။ ဘုရားသခင်သည် အာဗြဟံ အား ‘‘လောကကိုအမွေခံ’’ သူဖြစ်စေခြင်းငှာ ကတိေပးေတာ်မူခဲ့သည်။ အာဗြဟံသည် ထိုကတိတော်ကိုယုံကြည်ခဲ့ကာ၊ ၎င်းနှင့်တွဲပါလာသည့်အခန်း ကဏကိုလည်းသူလက်ခံခဲ့သည်။ ရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံတော်မူကာ၊ ကမ္ဘာလူသားများကိုကယ်တင်ရန် သူ့အားဖြင့်လုပ်ဆောင် တော်မူခဲ့သည်။ ဤအချက်သည် ဓမ္မဟောင်းကျမ်းတွင် ကျေးဇူးတော်သည် မည်ကဲ့သို့လုပ်ဆောင်ကြောင်း အလွန်ကောင်းသည့်ဥပမာတစ်ခုဖြစ်ကာ၊ ပေါလု သည်လည်း ၎င်းကိုအသုံးပြုခြင်းပင်ဖြစ်သည်။

ရောမ ၄း၁၄-၁၇ ကိုဖတ်ပါ။ ယုံကြည်ခြင်းအား ဖြင့် ကယ်တင်ခြင်း သည် ဓမ္မဟောင်းကျမ်း ၏အနှစ်ချုပ်ဖြစ် ကြောင်းကို ပေါလုသည် ဤကျမ်းချက် တွင်မည်ကဲ့သို့ ဆက်လက် ပြသသနည်း။ ဂလာတိ ၃း၇-၉ ကိုလည်းဖတ်ပါ။

အစမှပြောခဲ့သကဲ့သို့ ပေါလုသည် မည်သူတို့အားစာရေးသည်ကို သတိရရန်အရေးကြီးသည်။ ဤယုံကြည်သူယုဒလူတို့သည် ဓမ္မဟောင်းကျမ်း ပညတ်တရားတွင် စိတ်နှစ်ထားကြသူများဖြစ်ကြကာ ဓမ္မဟောင်းကျမ်း၏ သွန်သင်ချက်မဟုတ်သော်ငြားလည်း များစွာသောသူတို့က မိမိတို့၏ကယ်တင် ခြင်းသည် မိမိတို့ပညတ်တရားကို မည်မျှကောင်းစွာစောင့်ထိန်းခြင်းအပေါ် တည်မှီသည်ဟု ယုံကြည်ခဲ့ကြသည်။

 ဤနားလည်မှုလွဲခြင်းကိုကုစားရန်ဦကိးစားရာ၌ ပေါလုက သိနာတောင် ပေါ်တွင် ပညတ်တရားကိုမပေးမီကပင် အာဗြဟံသည် ပညတ်တရား၏အကျင့် အားဖြင့်မဟုတ်ဘဲ (ထိုအချိန်က မောရှေစီရင်သောပညတ်တရားများနှင့် ယဇ်ပူဇော်ခြင်းစနစ်များမပေါ်သေးချေ)၊ ယုံကြည်ခြင်းအားဖြင့် ကတိတော် များကိုရရှိခဲ့သည်။

အကယ်၍ ပေါလုသည် ဤနေရာတွင်သိနာတောင်မတိုင်မီက အခြေခံသဘောတရားဖြင့်ရှိနေခဲ့သော ပညတ်တော် (၁ဝ) ပါးကိုသာရည်ညွန်း နေသော် ဆိုလိုရင်းသည် အတူတူပင်ရှိနေလိမ့်မည်။ ထိုထက်မကဖြစ်နိုင်ပေ သည်။ ပညတ်တရားအားဖြင့် ဘုရားသခင်၏ကတိတော်များကိုရယူရန် ဦကိးစားမှုသည် ယုံကြည်ခြင်းကိုပထုတ်ရာရောက်ကာ၊ အသုံးမဝင်ဖြစ်စေသည်ဟု သူပြောသည်။ ထိုစကားသည် ပြင်းထန်သော်လည်း သူ၏ဆိုလိုချက်မှာ ယုံကြည်ခြင်းသည်ကယ်တင်ကာ၊ ပညတ်တရားသည် အပြစ်ဒဏ်စီရင်သည်။ အပြစ်ဒဏ်စီရင်ခြင်းသို့ပို့ဆောင်သောပညတ်တရားအားဖြင့် ကယ်တင်ခြင်းကို ရှာခြင်း၏အချည်းနှီးအဖြစ်ကိုသင်ပြရန် သူဦကိးစားနေသည်။ ယုဒလူ၊ ဟေလသလူ၊ ကျွန်ုပ်တို့အားလုံးသည် ပညတ်တရားကိုကျူးလွန်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် အာဗြဟံလိုအပ်သည့်အလားတူအရာကို လိုအပ်နေကြသည်။ ၎င်းမှာ ပရိုတက် စတင့် ဘာသာ ရေး ဦပပြင်ပြောင်းလဲခြင်း သို့ အဆုံး၌ပို့ဆောင်ပေး သောသမ္မာတရားဖြစ်သည့် ယုံကြည်ခြင်းအားဖြင့် ယေရှုကကျွန်ုပ်တို့အားပေးသော ကယ်တင်သည့်ဖြောင့်မတ်ခြင်းတရားပင် ဖြစ်သည်။

ဗုဒ္ဓဟူး နိုဝင်ဘာ ၁ပညတ်တရားနှင့်ယုံကြည်ခြင်း

ယမန်နေ့ကလေ့လာခဲ့သကဲ့သို့ ကယ်တင်ခြင်းသည် ပညတ်တရား အားဖြင့်မဟုတ်ဘဲ ကတိထား တော်မူ သောကျေးဇူး တော်အားဖြင့်ဖြစ်ကြောင်းကို ဘုရားသခင်ကအာဗြဟံ အားကိုင်တွယ် ပုံက သက်သေပြကြောင်းပေါလုပြသ ခဲ့သည်။ ထိုကြောင့်အကယ်၍ ယုဒလူတို့သည် ကယ်တင်ခြင်းခံလိုလျှင်၊ ကယ်တင်ခြင်းအတွက် မိမိတို့အကျင့်အားကိုးခြင်းကို သူတို့စွန့်ပစ်ပြီး၊ မေရှိယကြွလာခြင်း၌ပြည့်စုံလာသော အာဗြဟံအားပေးသည့်ကတိတော်ကို လက်ခံရကြမည်ဖြစ်သည်။ ထိုနည်းအတိုင်း မိမိတို့၏ ‘‘ကောင်းသော’’ အကျင့် များသည် ဘုရားသခင်နှင့်သင့်မြတ်စေရန်လိုအပ်သောအရာဖြစ်သည်ဟု ယူဆ နေကြသောယုဒလူ သို့မဟုတ် တစ်ပါးအမျိုးသားတစ်ဦးချင်းစီသည် ပြုလုပ် ရပါလိမ့်မည်။

‘‘မိမိအကျင့်အားဖြင့် မိမိကိုယ်ကို ကယ်တင်နိုင်သည်ဟူသော အခြေခံ သဘော တရားသည် အခြား ဘာသာ ကိုးကွယ်မှုတိုင်း၏အေြခခံပင်ြဖစ်ေချသည်။ . . . .ဤအရာကိုဆုပ်ကိုင်ထားသောနေရာတိုင်းတွင် လူတို့သည် အပြစ်ဦပခြင်းမှ အရံအတားမရှိကြတော့ချေ’’ (ီဗယ စစ. ၃၅ယ၃၆). ဤစာပိုဒ်သည် မည်သည့် အရာကိုဆိုလိုသနည်း။ မိမိအကျင့်အားဖြင့် မိမိတို့ ကိုယ်ကိုကယ်တင်နိုင်သည် ဟူသောအယူအဆသည် အဘယ်ကြောင့်ကျွန်ုပ်တို့အား အပြစ်ပြုရန်နှိုးဆော် သနည်း။

ဂလာတိ သြဝါဒစာတွင် ပညတ်တရားနှင့် ယုံကြည်ခြင်း၏ဆက် စပ်မှု ကို ပေါလု သည် မည်ကဲ့ သို့ရှင်းပြ သနည်း။ ဂလာတိ ၃း၂၁-၂၃။

အကယ်၍ အသက်ကိုပေးနိုင်သော ပညတ်တရားရှိခဲ့မည်ဆိုလျှင်၊ ၎င်းသည် အမှန်ပင် ဘုရားသခင်၏ပညတ်တရားဖြစ်လိမ့်မည်။ သို့သော်လည်း ပေါလုက၊ ဘုရားသခင်၏ပညတ်တရားကပင် အသက်ကိုမပေးနိုင်ကြောင်း၊ အကြောင်းမှာ လူအားလုံးသည် ထိုပညတ်တရားကိုကျူးလွန်သောကြောင့် အပြစ်ဒဏ်သင့်ကြသည်ကို ပေါလုပြောဆိုသည်။

သို့သော် ခရစ်တော်အားဖြင့် သာ၍ပြည့်စုံစွာဖော်ပြသောယုံကြည်ခြင်း  ကတိတော်သည် ယုံကြည်သူအားလုံးကို ပညတ်တရားကပေးသောပြစ်ဒဏ် စီရင်ခြင်းနှင့် ၎င်းအားဖြင့်ကယ်တင်ခြင်းရရှိရန်ဦကိးစားသည့်ဝန်ထုပ်တည်းဟူ သော ‘‘ပညတ်တရား၏အောက်မှ’’ လွတ်ခြင်းအခွင့်ပေးသည်။ ယုံကြည်ခြင်း နှင့်ကျေးဇူးတော်မပါလျှင် ပညတ်တရားသည်ဝန်ထုပ်ဖြစ်လာသည်။ အဘယ် ကြောင့်ဆိုသော် ယုံကြည်ခြင်း၊ ကျေးဇူးတော်၊ ယုံကြည်ခြင်းအားဖြင့်ရရှိသည့် ဖြောင့်မတ်ခြင်းတို့မပါလျှင် ပညတ်တရားအောက်၌ရှိခြင်းမည်သည်မှာ အပြစ် တရား၏ဝန်ထုပ်နှင့် ပြစ်ဒဏ်စီရင်ခြင်းအောက်၌ရှိနေခြင်းဖြစ်သည်။

ဘုရားသခင်နှင့်အတူလျှောက်လှမ်းရာ၌ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ် ခြင်းသည် မည်မျှအဓိကကျသနည်း။ ဤအရေးပါသောသွန်သင်ချက်ကို မျက်ခြည်ပြတ်စေရန် အခြားသမ္မာတရားရှုထောင့်များက သင့်အမြင်ကိုမဝေဝါး စေရန် မည်ကဲ့သို့သေချာအောင်ဦပနိုင်မည်နည်း။ ဤအရာမပါဘဲ အခြားမည်သည့် ကောင်းသောသွန်သင်ချက်များရှိပါသနည်း။

ကြာသပတေး နိုဝင်ဘာ ၂ ပညတ်တရားနှင့်အပြစ်တရား

ပဋိညာဉ်အသစ်တွင် ပညတ်တရားကိုပယ်ဖျက်ပြီးဟု လူများပြော သည်ကို ကျွန်ုပ်တို့မကြာခဏကြားရသည်။ ပြီးနောက်သူတို့သည် သူတို့၏ ပြောဆိုချက်ကိုထောက်ပံ့သည်ဟု ယုံကြည်သောကျမ်းချက်များကို ကိုးကား ကြသည်။ သို့သော်ငြားလည်း သူတို့ပြောဆိုချက်၏ကျိုးကြောင်းဆီလျော်မှု သည် အမှန်ပင်ခိုင်လုံမှုမရှိဘဲ၊ ကျမ်းစာနှင့်လည်းကွဲလွဲနေသည်။

၁ယော ၂း၃-၆။ ၃း၄ နှင့် ရောမ ၃း၂ဝ တို့ကိုဖတ်ပါ။ ဤကျမ်းချက် တို့သည် ပညတ်တရားနှင့်အပြစ်၏ဆက်စပ်မှုအကြောင်းကို မည်ကဲ့သို့ပြောပြ ကြသနည်း။

လွန်ခဲ့သောရာစုနှစ်အနည်းငယ်က၊ အိုင်ယာလန်စာရေးဆရာJonathan Swift က၊ ‘‘အရက်သောက်ခြင်း၊ လှည့်စားခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်းတို့ ကို ပါလီမန်၏ဆုံးဖြတ်ချက်အားဖြင့် အင်္ဂလိပ်စကားနှင့်အဘိဓာန်တို့မှထုတ် ပစ်ခဲ့သော်၊ ကျွန်ုပ်တို့အားလုံးသည် နောက်တစ်နေ့နံနက်တွင် စိတ်ရှည်၊ ရိုးသားဖြောင့်မတ်ပြီး အမှန်တရားကိုမြတ်နိုးသူများအဖြစ် နိုးလာကြမည်ဟု အဘယ်သူပြောနိုင်မည်နည်း။ ဤအရာသည် သင့်လျော်သောအကျိုးရလဒ်ဖြစ်ပါ သလား’’ (Jonathan Swift, A Modest Proposal and Other Satires, p. 205).

အလားတူထိုနည်းအတိုင်းပင်၊ အကယ်၍ ဘုရားသခင်၏ပညတ် တရားသည် ပယ်ဖျက်ပြီးခြင်းခံရသော် အဘယ်ကြောင့်လိမ်လည်မှု၊ လူသတ်မှု၊ ခိုးမှုတို့သည် အပြစ်ဖြစ်နေသေးသနည်း။ အကယ်၍ ဘုရားသခင်၏ပညတ် တရားသည် ပြောင်းလဲခဲ့ပြီးဖြစ်သော်၊ အပြစ်တရား၏အနက်အဓိပ္ပါယ်သည် လည်း ပြောင်းလဲသွားလိမ့်မည်။ သို့တည်းမဟုတ် အကယ်၍ ဘုရားသခင် ၏ပညတ်တရားသည် ချေဖျက်ခြင်းခံရသော်၊ အပြစ်သည်လည်း ဖျက်ဆီး ခြင်းခံရမည်။ ဤအရာကိုမည်သူယုံသနည်း။ (၁ယော ၁း၇-၁ဝ။ ယာကုပ် ၁း၁၄၊၁၅ တို့ကိုလည်းဖတ်ပါ။)

ဓမ္မသစ်ကျမ်းတွင် ပညတ်တရားနှင့်ဧဝံဂေလိတရားနှစ်ခုစလုံးကိုတွေ့ ရသည်။ ပညတ်က အပြစ်သည် မည်သည့်အရာဖြစ်သည်ကိုပြသကာ၊ ဧဝံ ဂေလိတရားသည် အပြစ်တရားအတွက်ဆေးဖြစ်သော ယေရှု၏သေခြင်းနှင့် ထမြောက်ခြင်းကို ညွန်ပြပေးသည်။ အကယ်၍ ပညတ်တရားမရှိသော်၊ အပြစ် တရားမရှိပါ။ ထိုသို့ဆိုသော် မည်သည့်အရာမှကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရသနည်း။ ပညတ်တရားရှိနေခြင်းနှင့်ဆက်လက်ပြီးတရားဝင်နေခြင်းတို့က ဧဝံဂေလိတရားကို အဓိပ္ပါယ်ရှိ စေသည်။

လက်ဝါးကပ်တိုင်တော်သည် ပညတ်တရားကိုပယ်ဖျက်ပြီဖြစ်ကြောင်း မကြာခဏကြားရသည်။ ၎င်းသည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် လက်ဝါးကပ်တိုင်သည် ပညတ်တရားမပယ်ဖျက်မပြောင်းလဲ နိုင်ကြောင်းပြသသည်။ အကယ်၍ ဘုရားသခင် သည် လက်ဝါး ကပ်တိုင် တွင် ခရစ်တော် အသေမခံမီ ပညတ်တရားကို မပယ်ဖျက်မပြောင်းလဲခဲ့သော်၊ အဘယ် ကြောင့်ကပ်တိုင်နောက်ပိုင်းတွင်ပြောင်းလဲပြီး သို့မဟုတ် ပယ်ဖျက်ရမည်နည်း။ ပညတ်တရား ကျူးလွန်ခြင်း၏ပြစ်ဒဏ်မှလွတ်မြောက်ရန် လူသားတို့အပြစ်ဦပ ပြီးနောက်ပိုင်း အဘယ်ကြောင့်ပညတ် တရားကိုမပယ်ဖျက်သနည်း။ ထိုအခါ ယေရှုသည် ဘယ်သောအခါမျှ အသေခံစရာ လိုအပ်မည်မဟုတ်ချေ။ အကယ်၍ ပညတ်တရားသည် ပြောင်းလဲပယ်ဖျက် ၍ရခဲ့သော်၊ လက်ဝါးကပ်တိုင်နောက်ပိုင်း ၌မဟုတ်ဘဲ၊ ၎င်းမတိုင်မီပြောင်းလဲ ပယ်ဖျက်မည်ဖြစ်ကြောင်း ယေရှု၏သေခြင်းက ပြသလျက်ရှိသည်။ ထိုကြောင့် ပညတ်တရား မပြောင်းလဲ နိုင်ခြင်းကြောင့်သာ ဖြစ်ပျက်ခဲ့သော ယေရှု၏သေခြင်းထက် ပညတ် တရားဆက်လက်ပြီးတရားဝင် နေကြောင်း မည်သည့်အရာက မျှမပြသနိုင်ချေ။ ကျွန်ုပ်တို့၏ကျရံှုးပြီးအခြေအနေ နှင့်ကိုက်ညီအောင် ပညတ်တရားကိုပြောင်းလဲ၍ရခဲ့သော်၊ ထိုအရာသည် ယေရှု သေခြင်းထက် သာ၍ ကောင်းသောအပြစ်၏ ပြသနာကိုဖြေရှင်းသည့်အရာဖြစ် မည်မဟုတ်ပါလော။

အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုတားမြစ်သည့် ဘုရားသခင်၏ပညတ် တော်မရှိသော်၊ ယခုအချိန်တွင် ၎င်း၏သားကောင်များဖြစ်နေရသူတွေအတွက် သာ၍နာကျင်မှုဝေဒနာသက်သာမည်မဟုတ်လော။ သင့်အဖြေက အဘယ်ကြောင့် ဘုရားသခင်၏ပညတ်သည် အကျိုးရှိနေသေးကြောင်း သင့်အားမည်ကဲ့သို့ နားလည်စေသနည်း။ ဘုရားသခင်၏ပညတ်ကျူးလွန်ခြင်း၏အကျိုးဆက်ကို သင်မည်ကဲ့သို့ခံစားဖူးပါသနည်း။

သောကြာ နိုဝင်ဘာ ၃

ထပ်ဆင့်လေ့လာရန်။

‘‘အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့်အကျိုးကိုခံရသည် မဟုတ်။ ခံထိုက်သော အား ဖြင့်ခံရ၏ (ရောမ ၄း၄)။ ဤကျမ်းချက်တွင် တမန်တော် (ပေါလု) သည် ဖြောင့်မတ်ခြင်းသည် အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်ဖြစ်ကြောင်း နိဂုံးချုပ်ပြီးသက်သေပြရန်ကိုးကားသော ကျမ်းပိုဒ် (ကမ္ဘာ ၁၅း၄-၆) ကိုရှင်းပြသည်။ ‘သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ၏’ ဟူသောစကား၏အဓိပ္ပါယ်ကို အလျင်ဦးဆုံးရှင်းပြ ထားသည်။ ဤစကားက ဘုရားသခင်သည် အပြစ်သားများကို သူတို့၏ အကျင့်ကြောင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့်လက်ခံတော်မူကြောင်းရှင်းပြ ထားသည်’’ (Martin Luther, Commentary on Romans, p. 82).

‘‘အကယ်၍စာတန်သည် လူအားမိမိ၏အကျင့်များကို ကုသိုလ်ကောင်းမှု နှင့်ဖြောင့် မတ်ခြင်းအကျင့် ကဲ့သို့တန်ဖိုးထားစေရန် သွေးဆောင်နိုင်သော်၊ သူသည် ထိုသူအားမိမိ၏ စုံစမ်းခြင်းများ အားဖြင့် အောင်နိုင်ကြောင်းသိရှိကာ၊ ထိုသူအား မိမိ၏သားကောင်ဖြစ်သွားစေသည်။ တံခါးထုပ်တိုင်များကို ကရာနီသိုးသငယ် ၏အသွေးဖြင့်သုတ်လိမ်းလိုက်ပါ၊ သင်သည် လုံဦခံသွားြပီြဖစ်သည်’’  (Ellen G . White, Advent Review and Sabbath Herald, Sept. 3, 1889).

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

Previous Post Next Post