သင်ခန်းစာ (၃)
လူသား၏ အခြေအနေ
အောက်တိုဘာ ၁၄ - ၂ဝ
သပုသ်နေ့ မွန်းလွှဲပိုင်း
ဖတ်ရန်ကျမ်းချက်များ။ ရောမ ၁း၁၆၊၁၇၊၂၂-၃၂။ ၂း၁-၁ဝ၊၁၇-၂၃။ ၃း၁၊၂၊၁ဝ-၁၈၊၂၃။
အလွတ်ကျမ်းချက်။ ။‘‘လူအပေါင်းတို့သည် ဒုစရိုက်ကိုဦပ၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပ’ီ’’ (ရောမ ၃း၂၃)။
ရောမသြဝါဒစာအစပိုင်းတွင် ပေါလုသည် အရေးပါသည့်အမှန်တရား ဖြစ်သော၊ ဧဝံဂေလိတရား၏ အဓိက အရာတစ်ခုလည်းဖြစ်သည့် လူသား၏ ဝမ်းနည်းဖွယ်အခြေအနေကိုတင်ပြရန် ဦကိးစားနေသည်။ ဤအမှန်တရားသည် တည်ရှိနေသည်။ အကြောင်းမှာ အပြစ်ကျရောက်ပြီးနောက်ပိုင်း ကျွန်ုပ်တို့ အားလုံးသည် အပြစ်အားဖြင့်ညစ်ညမ်းကြရသည်။ ၎င်းသည် ကျွန်ုပ်တို့၏ သွေးသားထဲတွင် အမြစ်စွဲနေပြီဖြစ်သည်။
ရောမသြဝါဒစာကို အနက်ဖွင့်ကျမ်း၌ မာတင်လူသာသည် အောက်ပါ အတိုင်းရေးသားခဲ့သည်။ ‘‘လူအပေါင်းတို့သည်အပြစ်ရှိ’’ သည်ဟူသော ရေးသား ချက်ကို ဝိညာဉ်ရေးရှုထောင့်မှကြည့်ရပါမည်။ ဆိုလိုသည်မှာ လူသည် မိမိ တို့ကိုယ်ပိုင်မျက်စိရှေ့ သို့တည်းမဟုတ် အခြားသူတို့၏ရှေ့သို့ပေါ်လာရမည် မဟုတ်ဘဲ၊ သူတို့သည် ဘုရားသခင်၏ရှေ့တွင် လာရောက်စစ်ဆေးခံရပါ မည်။ လူတို့ရှေ့တွင် အပြစ်ကျူးလွန်သူများအဖြစ်ပေါ်လွင်သူများ၊ မိမိ ကိုယ်တိုင်ရှေ့နှင့်အခြားသူတို့ရှေ့တွင် ဖြောင့်မတ်သူကဲ့သို့ပေါ်လွင်သူများတို့ သည်လည်း အပြစ်ရှိသူများဖြစ်ကြသည်။ အပေါ်ယံဟန်ပြပြီး ကောင်းသော အကျင့်ကိုကျင့်သူတို့သည် လိုလိုလားလားစိတ်သဘောဖြင့်မဟုတ်ဘဲ၊ ပြစ်ဒဏ် ကိုကြောက်ခြင်းကြောင့်၊ သို့မဟုတ် အကျိုးအမြတ်နှင့်ဂုဏ်ကျက်သရေကိုလိုချင် သောကြောင့်၊ သို့မဟုတ် အရာတစ်ခုခုကိုနှစ်သက်ခြင်းကြောင့် ဦပလုပ်တတ် ကြသည်။ ဤနည်းလမ်းအားဖြင့် လူသည် ဟန်ရေးပြအပေါ်ယံဖြင့် ကောင်းသောအလုပ်ကိုဆက်လက်လုပ်ဆောင်သော်လည်း၊ အတွင်းထဲ၌မူ ကောင်းသောအလုပ်နှင့်ဆန့်ကျင်သည့် အပြစ်ရှိသောဆန္ဒများနှင့်မကောင်း သောတပ်မက်မှုများသည် လုံးဝဥသုံနစ်ဦမပ်နေသည်’’ (Martin Luther, Commentary on Romans, p. 69).
တနင်္ဂနွေ အောက်တ်တ်တိုဘိုဘိုဘာ ၁၅
ဘုရားသခင်၏တန်ခိုးတော်
‘‘ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်း မရှိ၊ အကြောင်းမူကား၊ ထိုတရားသည်ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။ အဘယ်သို့နည်းဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည် ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း ၌တည်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့ အလို့ငှာ ဧဝံဂေလိတရားအားဖြင့်ထင်ရှားလျက်ရှိ၏’’ (ရောမ ၁း၁၆၊၁၇)။
ဤကျမ်းချက်သည် သင့်အားဘာပြောနေ သနည်း။ ကျမ်းချက်၌ တွေ့ရသော ကတိ တော်များနှင့်မျှော်လင့်ချက် ကို သင်မည်ကဲ့သို့တွေ့ဦကံခံစားဖူးသနည်း။
ဤကျမ်းပိုဒ်၌ပါရှိသောအဓိကစကားလုံးတချို့မှာ-
၁။ ဧဝံဂေလိတရား။ ဤစကားလုံးကို ‘‘ကောင်းသောသတင်း’’ သို့မဟုတ် ‘‘သတင်းကောင်း’’ ဟုတိုက်ရိုက်အဓိပ္ပါယ်ရသော Greek စကားလုံး မှဘာသာပြန်ဆိုခြင်းဖြစ်သည်။ ဤစကားလုံးတစ်ခုတည်းကိုသာကြည့်လျှင် ကောင်းသောသတင်းတစ်ခုခုကိုရည်ညွန်းသော်လည်း၊ ဤကျမ်းချက်တွင် ‘‘ခရစ်တော်၏’’ ဟူသောစကားလုံးနှင့်တွဲဖက်သောအခါ ၎င်းသည် ‘‘မေရှိယ အကြောင်းသတင်းကောင်း’’ ဟူ၍ဆိုလိုသည် (ခရစ်တော်ဟူသောစကားလုံး ကို Greek စကားလုံးမေရှိယမှဘာသာပြန်ဆိုသည်)။ ထိုသတင်းကောင်းမှာ မေရှိယသည် ကြွလာတော်မူကာ၊ လူတို့သည် သူ့ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရနိုင်သည်ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်၏ပညတ်ကိုစောင့်ခြင်းဖြင့်မဟုတ်ဘဲ၊ ယေရှုနှင့်သူ၏ပြည့်စုံသော ဖြောင့်မတ်ခြင်း၌သာ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းကိုရှာတွေ့နိုင်သည်။
၂။ ဖြောင့်မတ်ခြင်း။ ဤစကားလုံးသည် ဘုရားသခင်နှင့်သင့်မြတ် သောအရည်အသွေးကိုရည်ညွန်းသည်။ ဤစကားလုံး၏အထူးအဓိပ္ပါယ်ကို ရောမသြဝါဒစာတွင်တိုးတက်ချဲ့ထွင်ထားသည်။ ၎င်းကိုရှေ့သင်ခန်းစာများတွင် လေ့လာရပါမည်။ ရောမ ၁း၁၇ တွင် ၎င်းစကားလုံးကို ‘‘ဘုရားသခင်၏’’ ဟူသောစကားလုံးနှင့်တွဲဖက်ထားသည်ကို သတိဦပရမည်။ ၎င်းမှာ ဘုရားသခင် ထံမှလာသော၊ ဘုရားသခင်ကိုယ်တော်တိုင်ပြင်ဆင်ပေးသော ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ဆက်လက်လေ့လာရာတွင် ဤဖြောင့်မတ်ခြင်းသည်သာ လျှင် ထာဝရအသက်နှင့်ဆိုင်သောကတိတော်ကို ကျွန်ုပ်တို့ထံသို့ယူဆောင် လာနိုင်သောဖြောင့်မတ်ခြင်းဖြစ်သည်။
၃။ ယုံကြည်ခြင်း။ ဤကျမ်းချက်တွင် ‘‘ယုံကြည်သည်’’ နှင့် ‘‘ယုံကြည်ခြင်း’’ ဟူ၍ပြန်ဆိုသော Greek စကားလုံး သည် ကြိယာပုံစံ pisteuo (ယုံကြည်သည်) နှင့် နာမ်ပုံစံ pistis (ယုံကြည်ခြင်း) တို့ဖြင့်ဖော်ပြသည်။ ကယ်တင်ခြင်းနှင့်ဆက်စပ်သည့် ယုံကြည်ခြင်း၏အဓိပ္ပါယ်သည် ရောမသြဝါဒစာ ကိုဆက်လက်လေ့လာရာတွင် ပေါ်လွင်လာပါလိမ့်မည်။
အာမခံချက်နှင့်ဆိုင်၍ သင်ရုန်းကန်ဖူးပါသလား။ သင်သည် အမှန် တကယ်ကယ်တင်ခြင်းရမရ သို့မဟုတ် ကယ်တင်ခြင်းခံထိုက်ပါသလားဟူသော မေးခွန်းများကို သံသယရှိဖူးပါသလား။ ဤကြောက်ရွံ့မှုကို မည်သည့်အရာက ယူဆောင်လာသနည်း။ ၎င်းတို့သည် မည်သည့်အရာပေါ်အခြေတည်သနည်း။
၎င်းတို့သည် အမှန်တရားအပေါ်အခြေတည်ပါသလား။ သင့်ယုံကြည်ခြင်းနှင့် ဆန့်ကျင်သောအသက်ရှင်နေထိုင်မှုပုံစံဖြင့် အသက်ရှင်၍ရပါသလား။ ထိုသို့ ဆိုသော် ခရစ်တော်၌သင့်အတွက်ထားရှိသောကတိတော်များနှင့်အာမခံချက် များကိုပိုင်ဆိုင်နိုင်ရန် မည်သည့်ရွေးချယ်မှုကိုဦပလုပ်ရမည်နည်း။
တနင်္လာ အောက်တိုဘာ ၁၆
လူအပေါင်းတို့သည်အပြစ်ဦပကြပြီ
ရောမ ၃း၂၃ ကိုဖတ်ပါ။ ဤသတင်းစကားကို ယနေ့ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် ယုံကြည်ရန်အဘယ်ကြောင့်အလွန်လွယ်ကူသနည်း။ တစ်ချိန်တည်းတွင် ဤကျမ်းချက်၏မှန်ကန်မှုကို လူတချို့ကသံသယဝင်စေရန် မည်သည့်အရာကဖြစ်စေသနည်း။
လူတချို့က လူသား၏အပြစ်ရှိခြင်းအယူအဆကိုစိန်ခေါ်ကာ၊ လူတို့ သည် ပင်ကိုယ်အားဖြင့်ကောင်းကြသည်ဟုငြင်းဆိုကြသည်မှာ အံ့ဖွယ်ပင်ဖြစ် သည်။ သို့ရာတွင် ဤပြသနာမှာ စစ်မှန်သောကောင်းခြင်းမှာ အဘယ်အရာ ဖြစ်သည်ကိုနားမလည်ခြင်းမှအရင်းခံသည်။ လူတို့သည် မိမိကိုယ်ကိုအခြားသူ တစ်ဦးနှင့်နှိုင်းယှဉ်ပြီး မိမိကိုယ်ကိုဂုဏ်ယူတတ်ကြသည်။ အမှန်မှာ ကျွန်ုပ် တို့နှိုင်းယှဉ်သောသူသည် ကျွန်ုပ်တို့ထက်သာ၍ဆိုးသည်ဟု အမြဲတွေ့တတ် သည်။ သို့သော် ထိုအရာသည် ကျွန်ုပ်တို့ကိုနည်းနည်းမျှကောင်းအောင်မဦပ ချေ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဘုရားသခင်နှင့်သော်လည်း ကောင်း၊ ဘုရားသခင် ၏သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းနှင့်သော်လည်းကောင်း နှိုင်းယှဉ်သောအခါ မိမိကိုယ်ကိုစက်ဆုပ်မှုနှင့်မနှစ်ဦမိ့မှုမှလွဲ၍ မည်သည့်အရာမျှကျွန်ုပ်တို့ခံစားရ မည်မဟုတ်ချေ။
ရောမ ၃း၂၃ သည် ‘‘ဘုရားသခင်၏ဘုန်းအသရေ’’ အကြောင်းကိုလည်းဖော်ပြသည်။ ဤစာစုကိုအမျိုးမျိုးအနက်ြပန်ဆိုြကသည်။ အရိုးရှင်းဆံုး သောအနက်ပြန်ဆိုမှုမှာ ၁ကော ၁၁း၇ မှ၊ ‘‘ယောကျ်ားသည် ဘုရားသခင်၏ ပုံသဏဥာန်၊ ဘုန်းအသရေတော်ဖြစ်သည် ဟူသောအရာဖြစ်နိုင်သည်။ ‘‘ဘုန်းအသရေ’’ ဟုပြန်ဆိုသော Greek စကားလုံးကို ‘‘ပုံသဏဥာန်’’ ဟုရိုးရိုး ပြန်ဆိုနိုင်သည်။ အပြစ်တရားသည် လူ၌ဘုရား သခင်၏ပုံ သဏဥာန်ကို ရုပ်ပျက် စေခဲ့ပြီးဖြစ်သည်။ အပြစ်ရှိသောလူသားသည် ဘုရား သခင် ၏ပုံ သဏဥာန် သို့မဟုတ် ဘုန်းအသရေကိုရောင်ပြန်ဟပ်နိုင်ခြင်းမရှိတော့ချေ။
ရောမ ၃း၁ဝ-၁၁ ကိုဖတ်ပါ။ ယနေ့တစ်စုံတစ်ခုပြောင်းလဲပါသလား။ မည်သည့်အရာသည် သင့်ကိုအကောင်းဆုံးပုံဖော်ပေးနိုင်သနည်း။ သို့တည်းမဟုတ် သင့်အသက်တာတွင် ခရစ်တော်အတွက်မဟုတ်ခဲ့သော် သင်သည် မည်သည့် အရာနှင့်တူမည်နည်း။
ကျွန်ုပ်တို့အခြေအနေသည် လွန်စွာဆိုးရွားသော်လည်း မျှော်လင့်ခြင်း မကင်းမဲ့ချေ။ ပထမခြေလှမ်းအနေဖြင့် ကျွန်ုပ်တို့၏လုံးလုံးအပြစ်ရှိခြင်း၊ အကူ အညီမဲ့နေခြင်း၊ ၎င်းအတွက်ဘာမျှမဦပလုပ်နိုင်ခြင်းတို့ကို အသိအမှတ်ဦပရမည်။ ထိုကဲ့သို့သောယုံကြည်ခံယူချက်ကိုဖြစ်ပေါ်စေသည်မှာ သန့်ရှင်းသောဝိညာဉ် တော်၏အလုပ်ဖြစ်သည်။ အကယ်၍ အပြစ်သားသည် သူ့ကိုအတိုက်အခံ မဦပလုပ်ခဲ့သော်၊ ဝိညာဉ်တော်သည် ထိုအပြစ်သားကို မိမိကိုယ်ကိုဆင်ခြေပေး ခြင်း၊ ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကိုဖြောင့်မတ်ခြင်းတို့မှရုန်းထွက်ကာ မိမိ ကိုယ်ကိုခရစ်တော်ထံပုံအပ်၍၊ ‘‘အိုဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားခြင်းကရုဏာရှိတော်မူပါ’’ (လုကာ ၁၈း၁၃) ဟု ကိုယ်တော်သနားခြင်း ကရုဏာကိုတောင်းခံလိမ့်မည်။
သင့်စိတ်သဘောထား၊ အကျင့်နှင့်ခံစားချက်တို့ကို မိမိကိုယ်ကို ကောင်းကောင်းမည်သည့်အချိန်က နောက်ဆုံးစစ်ဆေးခဲ့သနည်း။ ဤအရာသည် အလွန်စိတ်ဆင်းရဲစေသောအရာဖြစ်နိုင်သည်မဟုတ်ပါလော။ သင်၏တစ်ခုတည်း သောမျှော်လင့်ချက်သည် အဘယ်နည်း။
အင်္ဂါ အောက်တိုဘာ ၁၇
အခြေအနေတိုးတက်သလား
နှစ်ဆယ်ရာစုသို့ရောက်ရှိလာချိန်တွင် လူတို့သည် လူ့သဘောသဘာဝ သည်တိုးတက်လာကြောင်း၊ ကိုယ်ကျင့်တရားသည်မြင့်တက်လာကြောင်း၊ သိပ္ပံ အတတ်နှင့်နည်းပညာသည် စိတ်ကူးယဉ်ကမ္ဘာထဲကိုပို့ဆောင်နေကြောင်း ဟူသော အယူအဆဖြင့် အသက်ရှင်နေခဲ့ကြသည်။ ထိုသို့ယုံကြည်ခဲ့ကြသကဲ့သို့ လူသား တို့သည် အခြေခံအားဖြင့် ပြည့်စုံခြင်းလမ်းသို့လျှောက်နေကြသည်။ မှန်ကန် သော ပညာရေးနှင့်ကိုယ်ကျင့်တရားသင်တန်းများအားဖြင့် လူသားသည် မိမိ တို့ကိုယ်ကိုနှင့် မိမိတို့အသိုက်အဝန်းကို များစွာတိုးတက်စေနိုင်သည်ဟု တွေးတော ကြသည်။ ကျွန်ုပ်တို့သည် နှစ်ဆယ့်တစ်ရာစု၏ကမ္ဘာသစ်ကို ချင်းနင်းဝင်ရောက် ချိန်တွင် ဤအရာအားလုံးသည် အလုံးအရင်းဖြင့်စတင်မည်ဟု ယူဆခဲ့ကြသည်။
ကံမကောင်းစွာဘဲ ထိုသို့ဖြစ်မလာခဲ့ချေ။ ၂၁ ရာစုသည် သမိုင်း တစ်လျှောက် အကြမ်းဦကတ်ဆုံးနှင့်အရိုင်းစိုင်းဆုံးဖြစ်ကာ၊ သိပ္ပံပညာတိုးတက် မှုသည် ရှေးယခင်က စိတ်ကူး၍ရနိုင်ရုံမျှသာရှိသော လူအများအပြားသတ် ဖြတ်နိုင်သည့်အဆင့်သို့ ပို့ဆောင်ပေးသည်။
ရောမ ၁း၂၂-၃၂ ကိုဖတ်ပါ။ ပထမရာစုကရေးသားချက်သည် ယနေ့ ၂၁ ရာစုတွင်ထင်ရှားလာသည်ကို မည်ကဲ့သို့ထင်မြင်သနည်း။
ခရစ်ယာန်ဘာသာ၏သွန်သင်ချက်များမှ သေသောသူထမြောက်ခြင်း၊ ဒုတိယအကြိမ်ကြွလာခြင်းနှင့် ကောင်းကင်သစ်မြေကြီးသစ်အကြောင်းတို့ကို လက်ခံနိုင်ရန် ကျွန်ုပ်တို့၌ယုံကြည်ခြင်းလိုအပ်နိုင်ပေသည်။ သို့ရာတွင် လူသား ၏ကျရံှုးသောအခြေအနေကိုလက်ခံရန် အဘယ်သူသည် ယုံကြည်ခြင်းလိုအပ် သနည်း။ ယနေ့ကျွန်ုပ်တို့အယောက်စီတိုင်းသည် ထိုကျရံှုးသောအခြေအနေ ၏အကျိုးဆက်ကို ခံစားနေကြရသည်။
အထူးသဖြင့် ရောမ ၁း၂၂၊၂၃ ကိုအာရုံဦပပါ။ ဤအခြေခံသဘော တရားသည် ယခုပင်ပေါ်လွင်နေသည်ကို သင်မည်ကဲ့သို့နားလည်သနည်း။
ဘုရားသခင်ကိုငြင်းပယ်ခြင်းအားဖြင့် ကျွန်ုပ်တို့ရာစုမှလူသားတို့သည် မည်သည့် အရာကိုကိုးကွယ်ကြလိမ့်မည်နည်း။ ထိုသို့ဦပခြင်းဖြင့် သူတို့သည်မည်ကဲ့သို့ မိုက်မဲရာရောက်သနည်း။ ဆွေးနွေးပါ။
ဗုဒ္ဓဟူး အောက်တိုဘာ ၁၈
ယုဒလူတို့နှင့်တစ်ပါးအမျိုးသားတို့၏တူညီချက်
ရောမ (၁) တွင် ပေါလုသည် အထူးသဖြင့်တစ်ပါးအမျိုးသားများ၊ ဘာသာခြားများ၊ ကြာမြင့်စွာကပင် ဘုရားသခင်ကိုမျက်ခြည်ပြတ်သူတို့၏ အပြစ်များနှင့် ထိုအပြစ်များကြောင့် အနှိမ့်ကျဆုံးသောကျင့်စဉ်များထဲသို့ ကျရောက်ကြသည်ကို ရေးသားဖော်ပြသည်။
သို့သော်လည်း သူသည် မိမိ၏လူမျိုး၊ နိုင်ငံသားများကိုလည်း အလွတ်မပေးချေ။ သူတို့အားအကျိုးအမြတ်အားလုံးကိုပေးခဲ့ပြီးဖြစ်လင့်ကစား (ရောမ ၃း၁၊၂)၊ သူတို့ သည် လည်း ဘုရား သခင်၏ ပညတ်က ပြစ်ဒဏ်စီရင် ပြီး၊ ခရစ်တော်၏ကယ်တင်သောကျေးဇူးတော်ကို လိုအပ်သည့် အပြစ်သားများ ဖြစ်ကြ သည်။ အပြစ်သား များဖြစ်နေခြင်း၊ ဘုရားသခင်၏ပညတ်ကိုကျူးလွန် ခြင်း၊ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ကျေးဇူးတော်ကိုလိုအပ်ခြင်းတို့၌ ယုဒလူနှင့်တစ်ပါးအမျိုးသားတို့သည် အတူတူပင်ဖြစ်သည်။
ရောမ ၂း၁-၃၊၁၇-၂၄ ကိုဖတ်ပါ။ ဤကျမ်းချက်တွင် ပေါလုသည် မည်သည့်အရာကိုသတိပေးသနည်း။ ယုဒလူ၊ တစ်ပါးအမျိုးသား၊ ကျွန်ုပ်တို့ အားလုံးသည် ဤသတိပေးချက်မှ မည်သည့်သတင်းစကားကိုရရှိကြသနည်း။ ‘‘သာသနာပလူအားလုံးတို့သည် အပြစ်သားများဖြစ်ကြကြောင်း တမန်တော်က ပြသပြီးနောက်၊ ယခုတွင် သူသည်အထူးနှင့်အပြတ်သားဆုံးနည်းဖြင့် ယုဒလူ တို့သည်လည်း အပြစ်၌ကျင်လည်နေကြကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုအပြစ်တကာထဲမှသူတို့သည် ပညတ်တရားကို အပေါ်ယံ သာနားထောင်ပြီး၊ ဝိညာဉ်တော်တရားအတိုင်းမကျင့်ဘဲ ကျမ်းစာပါတရားဟောင်းအတိုင်း ကျင့်ကြ သောကြောင့်ဖြစ်သည်’’ (Martin Luther, Commentary on Romans, p. 61).
အခြားသူတို့၏အပြစ်များကိုမြင်ပြီး လက်ညိုးထိုးရန်အလွန်လွယ်ကူ သည်။ သို့သော် ထိုသို့သောအရာ သို့မဟုတ် ထိုထက်မက ဆိုးသောအရာကို အကြိမ်မည်မျှကျူးလွန်ခဲ့ဘူးပါသနည်း။ ပြသနာမှာ ကျွန်ုပ်တို့သည် မိမိကိုယ် ကိုမကြည့်တတ်ကြ၊ သို့တည်းမဟုတ် မိမိတို့ကိုယ်ကို အခြားသူတို့နှင့်နှိုင်းယှဉ် ကာ သူတို့မည်မျှဆိုးကြောင်းကိုကြည့်ခြင်းဖြင့် မိမိတို့ကိုယ်ကိုဂုဏ်ယူတတ် ကြသည်။
ထိုအဖြစ်မျိုးပေါလုလက်မခံချေ။ သူသည် မိမိ၏လူမျိုးတို့အား တစ်ပါးအမျိုးသားများကို အဆောတလျင်အပြစ်မတင်ရန်သတိပေးသည်။ အကြောင်းမှာ သူတို့ယုဒလူရွေးချယ်သောလူမျိုးပင်လျှင် အပြစ်သားများဖြစ် ကြသည်။ တချို့ကိစ္စများတွင် သူတို့သည် တစ်ပါးအမျိုးသားများထက်ပင် မှားတတ်ကြသည်။ တစ်ပါးအမျိုးသားများထက် ယုဒလူတို့သည် အလင်း တရားကိုပိုမိုရရှိသောကြောင့် သူတို့သည် အဆောတလျင်အပြစ်တင်တတ် ကြသည်။
ဤအချက်အားလုံးတွင် ပေါလု၏ဆိုလိုရင်းမှာ ကျွန်ုပ်တို့မည်သူမျှ မဖြောင့်မတ်၊ ဘုရားသခင်၏စံချိန်ကိုမမီ၊ ပင်ကိုယ်ကောင်းသူ သို့မဟုတ် သန့်ရှင်းသူများမဟုတ်ကြောင်းပြသရန်ဖြစ်သည်။ ယုဒလူ သို့မဟုတ် ဟေလသ လူ၊ ယောကျ်ား သို့မဟုတ် မိန်းမ၊ ချမ်းသာသူ သို့မဟုတ် ဆင်းရဲသူ၊ ဘုရားကြောက်ရွံ့သူ သို့မဟုတ် ဘုရားကိုငြင်းပယ်သူ၊ ကျွန်ုပ်တို့အားလုံးသည် အပြစ်စီရင်ခြင်းခံရသည်။ ဧဝံဂေလိတရား၌ဖော်ပြသော ဘုရားသခင်၏ကျေးဇူး တော်ကြောင့်သာမဟုတ်ခဲ့သော် ကျွန်ုပ်တို့မည်သူအတွက်မျှ မျှော်လင့်ချက်ရှိ မည်မဟုတ်ချေ။
သင်ကိုယ်တိုင်မှားမိသောအရာအတွက် အခြားသူတို့ကိုစိတ်ထဲကပင် လျှင် အကြိမ်မည်မျှပြစ်တင်ဘူးသနည်း။ ဤကျမ်းချက်တွင် ပေါလုရေးသား သောအရာကိုသတိဦပရင်း၊ သင်သည်မည်သည့်ပြောင်းလဲမှုဦပလုပ်နုိင်မည်နည်း။
ကြာသပတေး အောက်တိုဘာ ၁၉
ဧဝံဂေလိတရားနှင့်နောင်တတရား
‘‘ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့သွေးဆောင် သည်ကိုမသိမမှတ်ဘဲ ကြွယ်ဝစွာ ကျေးဇူးဦပတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ဦပသလော’’ (ရောမ ၂း၄)။ နောင်တ တရားအရေးတစ်ခုလုံးနှင့်ဆိုင်၍ ကျွန်ုပ်တို့အတွက်မည်သည့်သတင်းစကား ဤကျမ်းချက်တွင်ရှိသနည်း။
ဘုရားသခင်၏ကောင်းမြတ်ခြင်းသည် အပြစ်သားကိုအတင်းအဓမ္မ ဖြင့်မဟုတ်ဘဲ၊ နောင်တတရားသို့ပို့ဆောင်တော်မူကြောင်း သတိဦပရမည်။ ဘုရားသခင်သည် အကျပ်ကိုင်ခြင်းကိုအသုံးမဦပချေ။ ကိုယ်တော်သည် အတိုင်း အဆမဲ့သည်းခံပြီး၊ မိမိ၏ချစ်ခြင်းမေတ္တာဖြင့် လူတို့အားဆွဲယူရန်ဦကိးပမ်းတော် မူသည်။ အတင်းအဓမ္မဖြင့်နောင်တရစေခြင်းမှာ နောင်တတရား၏ရည်ရွယ် ချက်တစ်ခုလုံးကို ဖျက်ဆီးရာရောက်ပေလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် အတင်းနောင်တရစေလျှင်၊ လူတိုင်းကယ်တင်ခြင်းရလိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ ကိုယ်တော်သည် လူတချို့ကိုအတင်းအကျပ်ဦပကာ၊ အခြား သူတို့ကိုမူ အဘယ်ကြောင့်မဦပရမည်နည်း။ နောင်တတရားမှာ ကျွန်ုပ်တို့ အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားခြင်းကို စိတ်သဘောရှိ သည်အတိုင်း တုံ့ပြန်သည့်လုပ်ရပ်သာဖြစ်ရပါမည်။ နောင်တတရားသည် ဘုရားသခင်ထံမှဆုလက်ဆောင်အမှန်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ၎င်းကိုရရှိရန်အဆင်သင့်ဖြစ်ပြီး စိတ်နှလုံးဖွင့်ထားရန်မှာ ကျွန်ုပ်တို့ကသာ မိမိအတွက်ဦပလုပ်နိုင်သည့်ရွေးချယ်မှုဖြစ်သည်။
ဘုရားသခင်၏မေတ္တာကိုငြင်းဆန်သူ၊ နောင်တရရန်ငြင်းပယ်သူ၊ နားမထောင်ဘဲနေသူတို့ထံသို့ မည်သည့်အရာရောက်ရှိလာမည်နည်း။ ရောမ ၂း၅-၁ဝ။
ရောမ ၂း၅-၁ဝ နှင့် ရောမသြဝါဒစာတစ်လျှောက်တွင် မကြာခဏ ပေါလုသည် ကောင်းသောအကျင့်ကိုအလေးပေးပြောဆိုသည်များရှိသည်။ ပညတ် တရား၏အကျင့်မပါဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည် ကို ခရစ်ယာန်အသက်တာ၌ ကောင်းသောအကျင့်သည် နေရာမရှိဟုဘယ် သောအခါမျှအဓိပ္ပါယ်မကောက်ရချေ။ ဥပမာ၊ ရောမ ၂း၇ တွင် ကယ်တင် ခြင်းသည် ‘‘ကောင်းသောအကျင့်ကိုအမြဲကျင့်’’ ရန်ဦကိးစားနေသူတို့ထံသို့ ရောက်ရှိကြောင်း ဖော်ပြထားသည်။ လူသား၏ဦကိးစားအားထုတ်မှုသည် ကယ်တင်ခြင်းကိုမပေးစွမ်းသော်လည်း၊ ၎င်းသည် ကယ်တင်ခြင်းအတွေ့အဦကံ တစ်ခုလုံး၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ဦးသည် ကျမ်းစာကို ဖတ်ကာ ကောင်းသောအကျင့်၊ အလုပ်သည် လုံးဝအရေးမကြီးပါဟူသော အယူအဆကိုဖျက်ပယ်ပစ်ရန်မှာ ခက်ခဲပေလိမ့်မည်။ စိတ်နှလုံးထဲမှလိုလို လားလားထွက်လာသည့် စစ်မှန်သောနောင်တတရားမျိုးကို နောင်တရရန် လိုအပ်သည့်အရာများကိုဖယ်ရှားပြီးအောင်နိုင်ရန် ခိုင်မာသောဆုံးဖြတ်ချက်က
အမြဲနောက်မှလိုက်လာရမည်။
နောင်တရလိုသောစိတ်သဘောမျိုး အကြိမ်မည်မျှရရှိဘူးသနည်း။ ရိုးရိုးသားသားရှိပါသလား၊ သို့တည်းမဟုတ် မိမိရဲ့အမှား၊ အားနည်းချက် နှင့်အပြစ်များကို ခါချလိုက်ခြင်းသက်သက်လော။ ထိုသို့ခါချလိုခြင်းသက်သက် ဖြစ်သော် သင်မည်ကဲ့သို့ပြောင်းလဲနိုင်မည်နည်း။ အဘယ်ကြောင့်သင်ပြောင်းလဲ ရမည်နည်း။
သောကြာ အောက်တိုဘာ ၂ဝ
ထပ်ဆင့်လေ့လာရန်။
‘‘ထိုကြောင့် သမ္မာကျမ်းစာ၏ဝေါဟာရအပြစ်တရားသည် သတိမမူဘဲ လူသားအပေါ်ကျရောက်လာသောဘေးဒုက္ခမဟုတ်ဘဲ၊ လူသား၏တက်ကြွသော စိတ်နေသဘောထားဖြင့် ရွေးချယ်ခြင်း၏ရလဒ်ပင်ဖြစ်သည်။ ထို့ပြင် အပြစ် တရား၌ ကောင်းမှုကင်းမဲ့နေခြင်းမဟုတ် ဘဲ၊ ၎င်းမှာ ဘုရားသခင်၏ မျှော်လင့်ချက် ကို မပြည့်မီနိုင်ခြင်းဖြစ်သည်။ ၎င်းမှာ လူများက တမင်တကာရွေးချယ်သည့် ဆိုးယုတ်သောလမ်းကြောင်းဖြစ်သည်။ အြပစ်တရားသည် လူသားများက တာဝန်မယူနိုင်သည့်အားနည်းချက်မဟုတ်ချေ။ အကြောင်းမှာ လူသား၏အပြစ် စိတ်သဘောထား သို့မဟုတ် အပြစ်ဦပလုပ်ရာတွင် ဘုရားသခင်ကိုပုန်ကန်ခြင်း ၌လည်းကောင်း၊ ကိုယ်တော်၏ပညတ်ကိုကျူးလွန်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏နှုတ်ထွက်စကားကိုငြင်းဆန်ခြင်းကိုလည်းကောင်း တမင်တကာ ရွေးချယ်ခြင်းဖြစ်သည်။ အပြစ်တရားသည် ဘုရားသခင်သတ်မှတ်ချက်အကန့် အသတ်ကိုကျော်လွန်ရန် ဦကိးစားခြင်းဖြစ်သည်။ အကျဉ်းချုံးရသော်၊ အပြစ်တရား သည် ဘုရားသခင်ကိုပုန်ကန်ခြင်းဖြစ်သည်။’’ (The Handbook of Seventhday Adventist Theology, p. 239).
‘‘ကမ္ဘာ၏ အခြေအနေကြောက်မက်ဖွယ်ပုံရိပ်ကို ကျွန်မ၏ရှေ့၌ထင်ရှား လျက်ရှိ၏။ ကိုယ်ကျင့် တရားပျက်ယွင်းမှုသည် နေရာတကာ၌ပွားများနေသည်။ ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းသည် ယခုခေတ်၏အထူးသောအပြစ်ဖြစ်သည်။ ဒုစရိုက်သည် ယခုအချိန်ကဲ့သို့ ဘယ်သောအခါမျှရဲရင့်စွာဦးမဆောင်ခဲ့ဘူးချေ။ လူတို့သည် မတက်ကြွကြတော့ဘဲ အပြစ်တရား၏ရဲရင့်မှု၊ ခွန်အားနှင့်ပျံ့နှံ့ နေမှုတို့ကြောင့် သီလနှင့်ကောင်းမြတ်ခြင်းတို့ကို ချစ်မြတ်နိုးသူတို့သည် စိတ်ပျက်လုမတတ်ဖြစ်ရကြသည်။ များပြားလှသောဒုစရိုက်သည် မယုံကြည် သူနှင့်လှောင်ပြောင်သရော်သူတို့၌သာ ရှိနေခြင်းမဟုတ်ချေ။ အကယ်၍ ထိုအရာသည်သာပြသနာဖြစ်မည်ဆိုလျှင် ပြသနာမဟုတ်ချေ။ ခရစ်ယာန် ဖြစ်သည်ဟုဝန်ခံသည့် များစွာသောယောကျ်ားမိန်းမတို့သည် အပြစ်ရှိကြသည်။ ကိုယ်တော်ပေါ်ထွန်းမည့်အချိန်ကိုမျှော်လင့်နေသည်ဟု ဝန်ခံသူတချို့ထက်ပင်၊ စာတန်ကိုယ်တိုင်ထက်ပင် ၎င်းဖြစ်ရပ်အတွက် ပြင်ဆင်မှုမရှိကြတော့ချေ။ သူတို့သည် မိမိတို့ကိုယ်ကိုညစ်ညမ်းမှုအပေါင်းမှ သန့်ရှင်းခြင်းမဦပကြချေ။ သူတို့သည် မိမိတို့၏ရမ္မက်နောက်သို့ အချိန်ကြာမြင့်စွာလိုက်ကြသောကြောင့် သူတို့၏အတွေးသည်ညစ်ညမ်းကာ၊ သူတို့၏စိတ်ကူးသည် ပျက်စီးလာသည် မှာ သဘာဝပင်ြဖစ်လာေချသည်’’ (2T, p. 346).
-0-
إرسال تعليق
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.