Myanmar Sabbath School Lesson: Salvation by Faith Alone: The Book of Romans

Myanmar Sabbath School Lesson: Salvation by Faith Alone: The Book of Romans

Adult Sabbath School Lesson

မြန်မာလူကြီးတန်း

ယုံကြည်ခြင်းအားဖြင့်သာကယ်တင်ခြင်း။
ရောမသြဝါဒစာ


လူကြီးတန်းသမ္မာကျမ်းစာလေ့လာမှုလမ်းညွန်အဖွဲ့


အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ
၂ဝ၁၇ ခုနှစ်
ပထမအကြိမ်


မာတိကာ
၁။ ရောမဦမိ့တွင်တမန်တော်ပေါလု -------------------- ၇
၂။ ထိုတိုက်လှန်ပွဲ ----------------------------- ၁၉
၃။ လူသား၏အခြေအနေ ------------------------- ၃၁
၄။ ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်း ---------------- ၄၂
၅။ အာဗြဟံ၏ယုံကြည်ခြင်း ----------------------- ၅၅
၆။ အာဒံနှင့်ယေရှု ----------------------------- ၆၇
၇။ အပြစ်ကိုအောင်နိုင်ခြင်း ------------------------ ၈ဝ
၈။ ရောမ (၇) က လူသည်အဘယ်သူနည်း ------------ ၉၃
၉။ အပြစ်စီရင်ခြင်းနှင့်လွတ်ခြင်း -------------------- ၁ဝ၆
၁ဝ။ ကတိတော်နှင့်ဆိုင်သောသားသမီးများ -------------- ၁၁၈
၁၁။ ရွေးချယ်ခံသူများ --------------------------- ၁၃ဝ
၁၂။ အဆိုးကိုအကောင်းဖြင့်အနိုင်ယူခြင်း --------------- ၁၄၂
၁၃။ ခရစ်ယာန်လူနေမှု -------------------------- ၁၅၅
-ဝ-

ကျွန်ုပ်တို့၏ရပ်တည်ချက်။ ရောမသြဝါဒစာအပေါ်လူသာ၏အမြင် လွန်ခဲ့သောနှစ်ပေါင်း (၅ဝဝ) က ယခုလတွင်၊ အသက် (၃၃) နှစ်အရွယ် ဓမ္မတက္ကသိုလ်ပါမောက္ခမာတင်လူသာသည် မိမိ၏စာတမ်း (၉၅) ခုကို ကြော်ငြာကပ်ခဲ့သည်။ ပထမတွင် အပြစ်ဖြေရာလက်မှတ်များကိုရောင်း ခြင်းဖြင့် လူသာ၏သိုးစုကိုငွေညှစ်နေသည့် ရဟန်းမင်းထံမှလာသောဆရာ ယောင်ဆောင်သူတို့ကို ချေပရန်သာရည်ရွယ်ထားခဲ့သော်လည်း၊ လူသာ၏ အာဏာဖီဆန်သည့်လုပ်ရပ်သည် ပရိုတက်စတင့်ဘာသာရေးဦပပြင်ပြောင်းလဲ ခြင်းကို လောင်စေသည့်မီးပွားဖြစ်လာကာ၊ ကမ္ဘာသည် မပြန်လမ်းကြောင်းပေါ် ရောက်ရှိသွားခဲ့ရသည်။ 

အမှန်မှာ ၁၅၁၇ ခုနှစ်၊ ထိုနေ့ရက်ကတည်းက ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် မပြောင်းလဲသောအရာမှာ ရောမအသင်းတော်ကို စိန်ခေါ်ရန်နှင့် ယုံကြည်ခြင်းအားဖြင့်သာကယ်တင်ခြင်းတည်းဟူသော မဟာ သတင်းစကားကို လူသန်းပေါင်းများစွာထံဟောကြားရန် လူသာသည် ယုံကြည်မှု အခြေခံဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် နှုတ်ကပတ်တော်ထဲက သမ္မာတရားများပင်ဖြစ်သည်။ 

 ယခုသုံးလပတ်တွင် ဤအခြေမြစ်၏အချက်အချာဖြစ်သည့် ရောမ သြဝါဒစာကို ကျွန်ုပ်တို့လေ့လာကြပါမည်။ လူသာသည် မိမိ၏ရောမသြဝါဒစာ အနက်ဖွင့်ကျမ်းတွင် ‘‘ဤသြဝါဒစာသည် အမှန်ပင်ဓမ္မသစ်ကျမ်း၏အဓိက အစိတ်အပိုင်းဖြစ်၍၊ အလွန်အသန့်ရှင်းဆုံးသောဧဝံဂေလိတရားဖြစ်ကာ ခရစ်ယာန်တိုင်းသည် ဤသြဝါဒစာကို စာလုံးတစ်ခုချင်းအလွတ်ရထိုက်သည် သာမက၊ အသက်ဝိညာဉ်၏နေ့စဉ်အစာကဲ့သို့ ထိုသူအားနေ့စဉ်သိမ်းပိုက်ရမည်’’ ဟုရေးသားခဲ့သည်။ (Martin Luther, Commentary on Romans, p. 8).

မှန်ပါသည်၊ လူသာသည် ‘‘ယုံကြည်ခြင်းအားဖြင့်သာဖြောင့်မတ်ခြင်း’’ ဟူသော မဟာသမ္မာတရားကို ရောမသြဝါဒစာတွင် တွေ့ရှိခဲ့သည်။ ကယ်တင် ခြင်း၏အာမခံချက်အတွက်ရုန်းကန်နေရသူ ဤသူသည် ရောမသြဝါဒစာ၊ ဓမ္မသစ်ကျမ်းတို့၌သာမက၊ သမ္မာကျမ်းစာတစ်ခုလုံး၏မဟာသမ္မာတရားဖြစ် သော ‘‘ရှေးကပ်ကာလမရောက်မီ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ကြံစည်တော် မူသော’’ (၂တိ ၁း၉)၊ ကယ်တင်ခြင်းစီမံကိန်းအကြောင်းသမ္မာတရားကို တွေ့ရှိ သောနေရာမှာ ရောမသြဝါဒစာပင်ဖြစ်သည်။ ၎င်းမှာ ခရစ်တော်၏ဖြောင့်မတ် ခြင်း၌သာလျှင် ကယ်တင်ခြင်းကိုတွေ့ရှိနိုင်သည်ဟူသော သမ္မာတရားပင်ဖြစ် သည်။ ၎င်းမှာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားပေးသောဖြောင့်မတ်ခြင်း၊ ပညတ်တော်စောင့်ခြင်းကြောင့်မဟုတ်ဘဲ ကျွန်ုပ်တို့အားပေးသောဖြောင့်မတ် ခြင်းဖြစ်သည်။ သို့တည်းမဟုတ် ပေါလုသည် ရောမသြဝါဒစာတွင် ၎င်းကို ရှင်းလင်းစွာဖော်ပြထားသည်။ ‘‘ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား ၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟု ယူရ၏’’ (ရောမ ၃း၂၈)။

ဤသမ္မာတရားနှင့်ပတ်သက်၍ လူသာသည် ဤလောကနှင့်ရောမ အသင်းတော်ခေါင်းဆောင်တို့၏အာဏာကိုဖီဆန်မှုကြောင့် ၁၅၂၁ ခုနှစ်တွင် ဆင့်ခေါ်ခံရစဉ်က ‘‘ကျွန်တော်နောက်ကြောင်းမပြန်နိုင်ဘူး၊ နောက်ကြောင်းပြန် မှာလည်းမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ သြတ္တပ္ပစိတ်ကိုဆန့်ကျင်ပြီးစကားပြောတယ်ဆိုတာ လုံဦခံမှုမရှိပါဘူး. . . . ဒါဟာကျွန်တော့်ရဲ့ရပ်တည်ချက်ဖြစ်တယ်။ အခြားဟာကိုကျွန်တော်မလုပ်နိုင် ဘူး’’  (J. H. Mede D’Aubigne D. D., History of the Reformation, p. 249).

ထိုနောက် ယနေ့သစ္စာရှိသောပရိုတက်စတင့်တို့သည် ဘုရားသခင် ၏နှုတ်ကပတ်ပေါ်ရပ်တည်၍၊ သမ္မာကျမ်းစာနှင့်မကိုက်ညီသောဓလေ့များနှင့် တရားသေအယူဝါဒ အားလုံးကို ဆန့်ကျင်ရန်မှတစ်ပါး အခြားဘာမျှမလုပ်နိုင်ချေ။ 

ဧဝံဂေလိတရားကိုတလွဲထင်မှားစေသည်သာမက၊ ၎င်းကိုဖျက်ဆီးသည့် ရာစုနှစ်ချီသောအယူသီးခြင်းနှင့် မှားယွင်းသောယုံကြည်ချက်တို့မှလွတ်မြောက် ခြင်း၌ ခရစ်ယာန်ဘာသာသည် လူသာအချိန်မှစ၍ များစွာရှေ့သို့ချီနေသည်မှာ သံသယပွားဖွယ်မရှိချေ။

သို့ရာတွင် နှစ်ပေါင်းများစွာဦပပြင်ပြောင်းလဲခြင်းသည် အချိန်ဆွဲနေ ခဲ့သည်။ တချို့နေရာများတွင် တိုးတက်မှုကို သာမန်အရာကိုအလေးပေးမှုက အစားထိုးလာခဲ့ကာ၊ တချို့နေရာများတွင် လူတို့သည် ရောမအသင်းတော်သို့ အမှန်တကယ်နောက်ကြောင်းပြန်ခဲ့ကြသည်။ ယခုခရစ်ယာန်ဂိုဏ်းအားလုံး ပေါင်းစည်းရေးဝါဒနှင့်မူမတူယှဉ်တွဲနေနိုင်မှုဝါဒကြီးစိုးသောခေတ်တွင် ဦပပြင် ပြောင်းလဲခြင်းကိုလှုံ့ဆော်ခဲ့သော ကွဲပြားသည့်သမ္မာတရားများသည် မှုန်ဝါး လာကာ အခြေခံခြားနားမှုများကိုဖုံးကွယ်ရန်ဦကိးစားသည့် တရစပ်အယုံသွင်း ပြောဆိုမှုအောက်တွင် အုပ်ထားခြင်းခံရပြီး မာတင်လူသာအချိန်ကထက် ယခု တွင်ခြားနားမှုမရှိတော့ချေ။ ဒံယေလ ၇း၂၃-၂၅။ ၈း၉-၁၂ နှင့် ဗျာဒိတ်ကျမ်း ၁၃၊၁၄ တို့မှအနာဂတ္ တိဟောပြောချက်များနှင့် ရောမသြဝါဒစာ တွင်တွေ့ရသည့် ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်း မဟာ သတင်းတို့သည် မိမိတို့အသက်ကို ပင်မငဲ့ညှာဘဲ ကျွန်ုပ်တို့၏ဦပပြင်ပြောင်းလဲရေးဘိုးဘေး များကာကွယ်ခဲ့ကြသည့် သမ္မာတရားများကို သမ္မာကျမ်းစာအပေါ်သစ္စာစောင့်သူများက မြဲမြံစွာအဘယ် ကြောင့်ကိုင်ဆွဲရမည်ကို ပြသလျက်ရှိသည်။

ကျွန်ုပ်တို့သည် သတ္တမနေ့မြော်လင့်ခြင်းအသင်းသားများဖြစ်ကြ၍၊ သမ္မာကျမ်းစာသာဟူသည့်အခြေခံစည်းမျဉ်းပေါ်တွင် ရပ်တည်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ခရစ်ယာန်တို့အား ရောမအသင်းတော်နှင့်ဦပပြင် ပြောင်းလဲခြင်းမတိုင်မီကယုံကြည်ခြင်းသို့ နောက်ပြန်ဆွဲမည့်ဦကိးစားမှုအားလုံး ကို အပြတ်ငြင်းပယ်သည်။ အမှန်မှာ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အား ၎င်းနှင့်ဆန့်ကျင်သည့်လားရာကိုညွန်ပြပြီး (ဗျာ ၁၈း၄)၊ ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝ က လူသာကိုလံှု့ဆော်ခဲ့သော အလားတူဧဝံဂေလိ တရားဖြစ်သည့် ‘‘ထာဝရဧဝံဂေလိတရား’’ (ဗျာ ၁၄း၆) ကို ကမ္ဘာသို့ေြကွးေြကာ် ရင်း ထိုဦးတည်ရာသို့ချီတက်ေနြကသည်။

-ဝ-

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

Previous Post Next Post