သင်ခန်းစာ (၁၀)
ပဋိညာဉ်နှစ်ခု
သြဂုတ် ၂၆ - စက်တင်ဘာ ၁
ဥပုသ်နေ့ မွန်းလွဲပိုင်း သြဂုတ် ၂၆
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၄း၂၁-၃၁။ ကမ်္ဘာ ၁း၂၈။ ၂း၂၊၃။
၃း၁၅။ ၁၅း၁-၆။ ထွက် ၆း၂-၈။ ၁၉း၃-၆။
အလွတ်ကျမ်းချက်
“အပေါ်မှာရှိေိသောယေရုရှလှလင်မြိ့မူကား၊ ခပ်သိမ်းသောငါတို့၏အမိတည်းဟူသော ကျွန်မဟုတ်သောမိန်းမဖြစ်သတည်း” (ဂလာတိ၎း၂၆)။
ဓမ္မဟောင်းကျမ်း၏အခွင့်အာဏာကို ငြင်းပယ်သောခရစ်ယာန်တို့သည် သိနာတောင်ပေါ်တွင်ပေးသောပညတ်တော်သည် ဧ၀ံဂေလိတရားနှင့်ကွဲလွဲသည်ဟု မကြာခဏမြင်တတ်ကြသည်။ သူတို့ကောက်ချက်ချသည်မှာ သိနာတောင်ပေါ်တွင်ပေးသောပဋိညာဉ်သည် ပညတ်တော်ကိုလိုက်လျှောက် ခြင်းအပေါ် ကယ်တင်ခြင်းအခြေခံသည့်အချိန်၊ လူ့သမိုင်းမှခေတ်တစ်ခေတ်
ကိုပုံဆောင် သည်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် ပညတ်တော်၏တောင်းဆိုချက်အတိုင်း အသက်မရှင်နိုင်သောကြောင့်၊ ဘုရားသခင်သည် ယေရှုခရစ်တော်၏ကောင်းမှုအားဖြင့် ကျေးဇူးတော်ပဋိညာဉ်၊ အသစ်သော ပဋိညာဉ်တစ်ရပ်ကိုဖွင့်ပေးတော်မူသည်ဟု သူတို့ဆိုကြသည်။ ထိုကြောင့် ပဋိညာဉ်နှစ်ခုကို သူတို့နားလည်ပုံမှာ ပညတ်တော်အပေါ်အခြေခံသည့် ပဋိညာဉ်ဟောင်းနှင့် ကျေးဇူးတော်အပေါ်အခြေခံသည့်ပဋိညာဉ်သစ်ဟူ၍ ဖြစ်သည်။
ဤရှုမြင်မှုသည် မည်မျှပင်တွေ့နေကျဖြစ်သော်လည်း မှားနေသည်။ ကယ်တင်ခြင်းသည် ဘယ်သောအခါမျှ ပညတ်တော်လိုက်လျှောက်ခြင်းကြောင့် မဟုတ်ချေ။ သမ်္မာကျမ်းစာမှယုဒအယူဝါဒသည် အစကပင်ကျေးဇူးတော်၌ အမြဲမှီတည်သည့်ဘာသာရေးဖြစ်သည်။ ဂလာတိမြိ့၌ ပေါလုရင်ဆိုင်ရသော ပညတ်တရားကိုသာအရေးပေးမှုသည် ခရစ်ယာန်ဘာသာ၌သာမက၊ ဓမ္မဟောင်း ကျမ်းကိုယ်၌ပင်လျှင် ပျံ့နှံ့နေသောအရာဖြစ်သည်။ ပဋိညာဉ်နှစ်ခုမှာ အချိန် အခါနှင့်သက်ဆိုင်မှုမရှိချေ။ ထို့အစား ၎င်းင်းတို့သည် လူတို့၏စိတ်သဘော ထားများကို ရောင်ပြန်ဟပ်သောအရာဖြစ်သည်။ ၎င်းင်းတို့သည် ကာဣနနှင့် အာဗေလထံသို့နောက်ကြောင်းပြန်သည့် ဘုရားသခင်နှင့်ပတ်သက်ရန်ဩကိးစား သည့် မတူညီသောနည်းလမ်းနှစ်ခုကိုပုံဆောင်သည်။ ပဋိညာဉ်ဟောင်းသည် ကာဣနကဲ့သို့ ဘုရားသခင်ကျေနပ်စေရန် မိမိတို့၏နားထောင်မှုအပေါ် မှားယွင်း စွာမှီခိုသူတို့ကိုပုံဆောင်သည်။ ဤအချက်နှင့်ခြားနား၍၊ ပဋိညာဉ်အသစ်သည် အာဗေလကဲ့သို့ ကိုယ်တော်ကတိထားတော်မူသောအရာအားလုံးကို လုပ်ဆောင် ပေးရန် ဘုရားသခင်၏ကျေးဇူးတော်အပေါ် လုံးလုံးမှီခိုသောသူတို့ကို ပုံဆောင်သည်။
တနင်္ဂနွေ သြဂုတ် ၂၇
ပဋိညာဉ်အခြေခံတရားများ
လူအများသည် ဂလာတိ ၄း၂၁-၃၁ မှ ဣသရေလတို့၏ရာဇ၀င် ကို ပေါလု၏အနက်ပြန်ဆိုချက်သည် သူ၏သြ၀ါဒစာများထဲတွင် အခက်ခဲ ဆုံးကျမ်းပိုဒ်ဖြစ်သည်ဟု မှတ်ယူကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မဟောင်း ကျမ်းမှလူတို့နှင့်ဖြစ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်သိခြင်းလိုအပ်သည့် အလွန် ခက်ခဲရှုပ်ထွေးသောအငြင်းပွားမှုဖြစ်သောကြောင့်ဖြစ်သည်။ ပထမအဆင့်အနေ ဖြင့် ဤကျမ်းပိုဒ်ကိုနားလည်နိုင်ရန်အတွက် ပေါလု၏ဆွေးနွေးတင်ပြချက် ဖြစ်သော ဓမ်္မဟောင်းကျမ်းမှအဓိကအယူအဆဖြစ်သော ပဋိညာဉ်နှင့်ဆိုင်သည့် အမြင်သဘောထားကို အခြေခံသိရှိနားလည်ရန်ဖြစ်သည်။
“ပဋိညာဉ်” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးမှာ berit ဖြစ်သည်။ ၎င်းင်းသည် ဓမ်္မဟောင်းကျမ်းတွင် အကြိမ်သုံးရာနီးပါးဖော်ပြခံရကာ၊ သဘောတူ စာချုပ် (သို့မဟုတ်) နိုင်ငံအချင်းချင်းသဘောတူစာချုပ်ကိုဆိုလိုသည်။ နှစ်ပေါင်း ထောင်ချီ၍၊ ပဋိညာဉ်သည် ရှေးယခင်က အရှေ့အလယ်ပိုင်းတစ်လျှောက် လူအချင်းချင်းသော်လည်းကောင်း၊ လူမျိုးအချင်းချင်းကြား၌သော်လည်းကောင်း ဆက်ဆံရေးကိုသတ်မှတ်သည့် အရေးပါသောအခန်းကဏ္ဍတွင်ရှိနေခဲ့သည်။ ပဋိညာဉ်စာချုပ်လုပ်ငန်းစဉ်၏တစ်စိတ်တစ်ဒေသအဖြစ် တိရစ္ဆာန်သတ်ခြင်း သည်လည်း မကြာခဏပါဝင်သည်။ တိရစ္ဆာန်သတ်ခြင်းသည် ပဋိညာဉ်နှင့် ဆိုင်သောကတိများနှင့်ဝတ်္တရားများကို စောင့်ထိန်းရန်ပျက်ကွက်သူဘက်မှ ဖြစ်ပျက်မည့်အရာကိုပုံဆောင်သည်။
“အာဒံအချိန်မှစ၍ ယေရှုအချိန်တိုင်အောင် ဘုရားသခင်သည် ကြွလာ မည့်ရွေးနုတ်ရှင်အပေါ်ဗဟိုဩပပြီး ဒါဝိဒ်၌ဩပသောပဋိညာဉ်၌ အထွတ်သို့ရောက်ရှိ သွားသည့်ပဋိညာဉ်ကတိတော်တသီတတန်းတည်းများဖြင့် လူသားများနှင့် အပေးအယူလုပ်တော်မူခဲ့သည်။ (ကမ္ဘာ ၁၂း၂၊၃။ ၂ရာ ၇း၁၂-၁၇။ ဟေရှာ ၁၁)။ ဗာဗုလုန်အဖမ်းအဆီးခံဣသရေလတို့အား ဒါဝိဒ်အမျိုးမှကြွလာမည့် မေရှိယနှင့်ဆက်စပ်၍ ဘုရားသခင်သည် သာ၍ထိရောက်သော “ပဋိညာဉ် သစ်” (ယေရမိ ၃၁း၃၁-၃၄) ကို ကတိထားတော်မူသည်” (ယေဇကျေလ ၃၆း၂၆-၂၈။ ၃၇း၂၂-၂၈)။ (Hans K. LaRondelle, Our Creator Redeemer, p. 4).
အပြစ်မ၀င်မီ ဧဒင်ဥယျာဉ်၌အာဒံနှင့်ဩပသော ဘုရားသခင်၏မူလ ပဋိညာဉ်၏အခြေခံသည်အဘယ်နည်း။ ကမ္ဘာ ၁း၂၈။ ၂း၂၊၃၊၁၅-၁၇။ ထိမ်းမြားမင်္ဂလာကာယအလုပ်နှင့်ဥပုသ်နေ့တို့သည် ဖန်ဆင်းခြင်း ပဋိညာဉ်၏အထွေထွေအထောက်အပံ့များ၏တစ်စိတ်တစ်ပိုင်းဖြစ်နေစဉ်၊ ဘုရားသခင်၏အဓိကညွှန်ကြားချက်မှာ တားမြစ်သောအသီးကိုမစားရန်ဖြစ် သည်။ ပဋိညာဉ်၏အခြေခံသဘောသဘာဝမှာ “နားထောင်ပြီးအသက်ရှင်ပါ” ဟူ၍ဖြစ်သည်။ ဘုရားသခင်နှင့်သဟဇာတဖြစ်အောင်ဖန်ဆင်းသော သဘာဝ တရားနှင့်အတူ ထာဝရဘုရားသည် မဖြစ်နိုင်သောအရာကိုမတောင်းဆိုချေ။ နားထောင်ခြင်းသည် လူသား၏သဘာဝလိုအင်ဆန်္ဒဖြစ်သည်။ သို့ရာတွင် အာဒံနှင့်ဧ၀တို့သည် ထိုကဲ့သို့သဘာဝမဟုတ်သည့်အရာကိုရွေးချယ်ခဲ့ကာ၊ ထိုလုပ်ရပ်ကြောင့်သူတို့သည် ဖန်ဆင်းခြင်းပဋိညာဉ်တရားမှ ခွဲထွက်သွားသည် သာမက၊ သူတို့သည် ယခုတွင် အပြစ်အားဖြင့်ပျက်စီးသောလူသားမျိုးနွယ် အတွက် မဖြစ်နိုင်သောအရာကိုဖန်တီးခဲ့ကြသည်။ အာဒံနှင့်ဧ၀တို့လက်လွှတ် ဆုံးရှုံးခဲ့သောဆက်ဆံရေးကို ဘုရားသခင်ကိုယ်တော်တိုင် ပြန်လည်အစပျိုး တော်မူမည်။ ကယ်တင်ရှင်ကိုပေးမည်ဟူသော ထာဝရကတိတော်အခြေခံသည့် ကျေးဇူးတော်ပဋိညာဉ်ကို ကိုယ်တော်ထုတ်ပြန်တော်မူခဲ့သည် (ကမ္ဘာ ၃း၁၅)။
သမ္မာကျမ်းစာမှပထမဆုံးသောဧ၀ံဂေလိကတိတော်ကို ကမ္ဘာဦးကျမ်း ၃း၁၅ တွင်ဖတ်ပါ။ ဤကျမ်းချက်၏မည်သည့်နေရာတွင် ခရစ်တော်၌ရှိသော မျှော်လင့်ချက်အရိပ်အမြွက်သင်မြင်သနည်း။
တနင်္လာ သြဂုတ် ၂၈
အာဗြဟံနှင့်ဩပသောပဋိညာဉ်
ကမ္ဘာဦးကျမ်း ၁၂း၁-၅ တွင် ဘုရားသခင်သည် အာဗြံအားမည်သည့် ပဋိညာဉ်ကတိတော်များကို ဩပလုပ်တော်မူခဲ့သနည်း။ အာဗြံ၏တုံ့ပြန်မှုသည် အဘယ်နည်း။
အာဗြံအားပေးသော ဘုရားသခင်၏ကနဦးကတိတော်များသည် ဓမ္မဟောင်းကျမ်းတွင် သာ၍အားကောင်းသောကျမ်းပိုဒ်တစ်ခုဖြစ်သည်။ ဤ ကျမ်းချက်တို့သည် ဘုရားသခင်၏ကျေးဇူးတော်အကြောင်းချည်းသာဖြစ်သည်။ ကတိများပေးသူမှာ အာဗြံမဟုတ်ဘဲ၊ ဘုရားသခင်သာဖြစ်တော်မူသည်။ အာဗြံ သည် ဘုရားသခင်၏မျက်နှာသာရရှိရန် မည်သည့်လုပ်ဆောင်မှု (သို့မဟုတ်) ကုသိုလ်ကောင်းမှုမျှမရှိ၊ ဤသဘောတူညီမှုရရှိရန် ဘုရားသခင်နှင့်အာဗြံတို့ သည် တစ်နည်းနည်းဖြင့်လုပ်ဆောင်ကြသည်ဟူသော အဆိုဩပချက်များပြညွှန် သည့်အရာလည်းမရှိခဲ့ချေ။ ဘုရားသခင်ဘက်ကသာကတိပေးတော်မူသည်။ ဤအချက်နှင့်ဆန့်ကျင်၍၊ အာဗြံသည် ကျိုးပဲ့လွယ်သည့်ယုံကြည်ခြင်းမျိုး မဟုတ်ဘဲ၊ မိမိ၏ဆွေမျိုးသားချင်းတို့ကို (အသက် ၇၅ နှစ်တွင်) ချန်ထား ခဲ့ကာ၊ ဘုရားသခင်ကတိထားတော်မူသည့်ပြည်သို့ ရှေးရှုသွားခြင်းဖြင့် ဖော်ပြ သောယုံကြည်ခြင်း၊ ဘုရားသခင်၏ကတိတော်သေချာမှုအပေါ်ယုံကြည်ခြင်း မျိုးရှိရန် ခေါ်တော်မူခြင်းခံခဲ့ရသည်။ “အာဗြဟံအပေါ်၌လည်းကောင်း၊ သူ့ အားဖြင့် လူသားမျိုးနွယ်အားလုံးအပေါ်၌လည်းကောင်း ကြေညာခဲ့သော “ကောင်းချီးမင်္ဂလာ”” နှင့်အတူ ဖန်ဆင်းရှင်သည် မိမိ၏ကယ်တင်သည့် ရည်ရွယ်ချက်ကို ပြန်စတော်မူခဲ့သည်။ ကိုယ်တော်သည် အာဒံနှင့်ဧ၀ကို ပါရဒိသုဘုံ၌ကောင်းချီးပေးခဲ့သည် (ကမ်္ဘာ ၁း၂၈။ ၅း၂)။ ပြီးနောက် ရေလွှမ်းမိုး ပြီးနောက် နောဧနှင့်သူ၏သားများကို ကောင်းချီးပေးတော်မူခဲ့သည် (၉း၁)။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူသားများကိုကယ်တင်၍ မကောင်းမှု ကိုဖျက်ဆီးကာ၊ ပရဒိသုဘုံကိုပြန်ထူထောင်မည့် မိမိအစောပိုင်းက ကတိပေး တော်မူသောရွေးနုတ်ရှင်ကို ရှင်းလင်းပြတော်မူသည် (ကမ္ဘာ ၃း၁၅)။ လူတကာထံသို့ရောက်ရှိခြင်းဖြင့် ဘုရားသခင်သည် “လူသားအားလုံး” ကို ကောင်းချီးပေးမည်ဟူသော ကတိတော်ကိုတည်စေတော်မူသည်။ (Hans K. LaRondelle, Our Creator Redeemer, pp. 22,23).
ကတိပေးတော်မူသောသားဖွားမြင်ရန် ဆယ်နှစ်ကြာစောင့်ဆိုင်း ပြီးနောက် ဘုရားသခင်၏ကတိတော်အကြောင်း အာဗြံသည် မည်သည့်မေးခွန်း ထုတ်ခဲ့သနည်း။ ကမ္ဘာ ၁၅း၁-၆။
အာဗြံအား ဘယ်သောအခါမှမေးခွန်းမထုတ်၊ သံသယကင်းသော ယုံကြည်ခြင်းအားကြီးသူကဲ့သို့ မကြာခဏလွယ်လွယ်ကူကူချီးမွမ်းတတ်ကြ သည်။ သို့သော်ငြားလည်း သမ်္မာကျမ်းစာသည် ၎င်းင်းနှင့်မတူခြားနားသည့် ရုပ်ပုံကိုဖော်ပြသည်။ အာဗြံသည်ယုံကြည်ခဲ့သည်၊ သို့သော် အသက်တာတွင် သံသယများလည်းရှိခဲ့သည်။ သူ၏ယုံကြည်ခြင်းမှာ ကြီးထွားနေသောယုံကြည် ခြင်းဖြစ်သည်။ မာကု ၉း၂၄ ၌ဖော်ပြသောဖခင်ကဲ့သို့၊ အာဗြံသည် ကမ္ဘာ ၁၅း၈ မှ ဘုရားသခင်အား “အကျွန်ုပ်ယုံကြည်ပါ၏၊ မယုံကြည်သည်ကို မစတော်မူပါ” ဟူ၍ ပြောနေသကဲ့သို့ရှိသည်။ ဘုရားသခင်သည် ပြန်၍ တုံ့ပြန်ရာ၌ အာဗြံနှင့်သတ်သတ်မှတ်မှတ်ပဋိညာဉ်ဩပခြင်းဖြင့် မိမိ၏ကတိတော် သေချာကြောင်း သူ့အားကြင်နာစွာအခိုင်အမာပြောဆိုသည်။ (ကမ်္ဘာ ၁၅း၇- ၁၈)။ ဤကျမ်းက အလွန်တအံ့တသြဖြစ်သောအရာမှာ ဘုရားသခင်သည် အာဗြဟံနှင့်ပဋိညာဉ်ဩပတော်မူသည့်အချက်မဟုတ်ဘဲ၊ သားစဉ်မြေးဆက်အထိ တိုင်အောင် ဘုရားသခင်၏လိုအင်ဆန်္ဒသာဖြစ်သည်။ မိမိတို့၏ကျွန်များဖြင့် ကတိများကိုတရားဝင်တာဝန်ခံစေရန်ဟူသောခံယူချက်၌ တုံ့ဆိုင်းနေတတ်သည့် ရှေးအရှေ့အလယ်ပိုင်းမှအုပ်ချုပ်သူတို့ကဲ့သို့မဟုတ်ဘဲ ဘုရားသခင်သည် ကတိ ပေးသည်သာမက၊ ပုံဆောင်သောအားဖြင့် သတ်သောတိရစ်္ဆာန်၏အသားစ များကိုဝေငှခြင်းဖြင့် ကိုယ်တော်သည် မိမိ၏အသက်ကိုပင် ကတိတော်အပေါ် တွင်လောင်းကြေးထပ်တော်မူသည်။ အမှန်ပင်ယေရှုသည် မိမိ၏ကတိတော် အမှန်တကယ်ဖြစ်လာစေရန် ကရာနီကုန်းတွင် မိမိအသက်ကိုအဆုံး၌စွန့်တော် မူခဲ့သည်။
ယခုတွင် သင်သည်မည်သည့်ကဏ္ဍများကိုယုံကြည်ခြင်းဖြင့် လှမ်းကိုင် ရမည်ဖြစ်ကာ၊ မဖြစ်နိုင်ဟုထင်ရသောမည်သည့်အရာကို ယုံကြည်ရမည်နည်း။မည်သည့်အရာပင်ဖြစ်စေကာမူ ဆက်လက်ဆွဲကိုင်ရန်မည်ကဲ့သို့သင်ယူနိုင် မည်နည်း။
အင်္ဂါ သြဂုတ် ၂၉
အာဗြဟံ၊ စာရာနှင့်ဟာဂရ
ဟာဂရ၏ဖြစ်ရပ်တွင် အဘယ်ကြောင့်ပေါလုသည် ချိုးနှိမ်သည့်အမြင် မျိုးရှိသနည်း။ ဂလာတိ ၄း၂၁-၃၁။ ကမ္ဘာဦးကျမ်း ၁၆။ ဤဓမ္မဟောင်း ကျမ်းမှဖြစ်ရပ်ကိုအသုံးဩပခြင်းဖြင့် ကယ်တင်ခြင်းအကြောင်း ပေါလုသည် မည်သည့်အရေးကြီးသောအချက်ကိုဖော်ပြသနည်း။
ကမ္ဘာဦးကျမ်းသမိုင်းမှ ဟာဂရ၏အခန်းကဏ္ဍသည် ဘုရားသခင်၏ ကတိတော်ကိုယုံကြည်ရန် အာဗြံပျက်ကွက်ခြင်းနှင့်တိုက်ရိုက်ဆက်စပ်သည်။ အာဗြံ၏အိမ်ထောင်တွင် အီဂျစ်ကျွန်မတစ်ဦးဖြစ်သောဟာဂရသည် ဘုရားသခင် ၏ကတိတော်ကို မယုံကြည်သည့်အာဗြံ၏ပထမလုပ်ရပ်နှင့်ဆက်စပ်သည့်ဖြစ်ရပ် မှ စာရဲနှင့်လှဲလှယ်ရန် ဖာရောဘုရင်သည် အာဗြံ၏ဥစ်္စာအဖြစ်ပေးသော လက်ဆောင်များစွာထဲမှ တစ်ခုဖြစ်နိုင်ခြေရှိနေသည် (ကမ္ဘာ ၁၂း၁၁-၁၆)။
ကတိထားတော်မူသောကလေးမွေးဖွားရန် ဆယ်နှစ်ကြာစောင့်ဆိုင်း ပြီးနောက်၊ အာဗြံနှင့်စာရဲတို့သည် ကလေးမရသေးချေ။ ဘုရားသခင်သည် မိမိတို့၏အကူအညီလိုအပ်သည်ဟု ကောက်ချက်ချကာ၊ စာရဲသည် ဟာဂရ ကို အာဗြံ၏မယားငယ်အဖြစ်ပေးအပ်ခဲ့သည်။ ယနေ့အမြင်ဖြင့်ထူးဆန်းသော် လည်း၊ စာရဲ၏အစီအစဉ်သည် အလွန်ကောင်းသည်။ ရှေးထုံးစံအရ၊ ကျွန်မ တစ်ဦးသည် မိမိ၏ဩမံသောသခင်မအတွက်ကိုယ်စား မိခင်အဖြစ်တရားဝင် လုပ်ဆောင်နိုင်ခွင့်ရှိသည်။ ထိုအကြောင်းကြောင့် စာရဲသည် မိမိ၏ယောက်ျား နှင့်ဟာဂရတို့မှမွေးဖွားလာသောကလေးကို မိမိကိုယ်ပိုင်အဖြစ်မှတ်ယူနိုင်သည်။ ထိုအကြံအစည်မှ ကလေးတစ်ဦးမွေးဖွားလာသော်လည်း၊ သူသည် ဘုရားသခင် ကတိပေးတော်မူသောကလေးမဟုတ်ချေ။
ဤဖြစ်ရပ်သည် တုန်လှုပ်ဖွယ်အခြေအနေများနှင့်ရင်ဆိုင်ရသောအခါ၊ ကြီးမြတ်သောဘုရားသခင်၏လူပင်လျှင် ယုံကြည်ခြင်းပျက်ယွင်းနိုင်သော ပြသသည့်အားကောင်းဆုံးသောဥပမာဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁၇း၁၈၊၁၉ တွင် ဣရှမေလအား မိမိ၏အမွေခံကဲ့သို့လက်ခံရန် အာဗြဟံသည် ဘုရားသခင်ကို တောင်းဆိုခဲ့သည်။ ထာဝရဘုရားသည် ထိုတောင်းဆိုမှုကိုဧကန်ငြင်းပယ် တော်မူခဲ့သည်။ ဣရှမေလမွေးဖွားခြင်း၌ တစ်ခုတည်းသော “အံ့ဖွယ်” အရာ မှာ စာရာသည် မိမိ၏ယောက်ျားကို အခြားမိန်းမတစ်ဦးနှင့်မျှဝေရန် လိုလိုလားလားရှိခြင်းဖြစ်သည်။ “ဓမ္မတာအတိုင်း” မိန်းမတစ်ဦးသည် ကလေး မွေးဖွားခြင်း၌ မည်သည့်ထူးထူးခြားခြားအရာတစ်ခုမျှမရှိချေ။ အာဗြဟံသည် အခြေအနေများက ယုံကြည်ကိုးစားမှုကိုအောင်နိုင်ရန်အခွင့်မပေးဘဲ မိမိအား ဘုရားသခင်ကတိထားတော်မူသည့်အရာကို ယုံကြည်ကိုးစားခဲ့မည်ဆိုလျှင်၊ ဤအရာတစ်ခုမျှဖြစ်လာမည်မဟုတ်ဘဲ၊ ၀မ်းနည်းဖွယ်အမြောက်အမြားကို ရှောင်လွဲနိုင်မည်ဖြစ်သည်။
ဣရှမေလမွေးဖွားခြင်းနှင့်မတူဘဲ၊ ဣဇာက်မွေးဖွားခြင်း၌အခြေအနေ များကိုလေ့လာပါ။ ကမ္ဘာ ၁၇း၁၅-၁၉။ ၁၈း၁၀-၁၃။ ဟေဗြဲ ၁၁း၁၁၊၁၂ ဤအခြေအနေမျိုးဖြစ်ရန် အဘယ်ကြောင့်အာဗြဟံနှင့်စာရာတို့၌ အားကြီး သောယုံကြည်ခြင်းလိုအပ်သနည်း။
ဘုရားသခင်၏ကတိတော်ကိုယုံကြည်ရန် ပျက်ကွက်ခြင်းသည် မည်သည့်နည်းအားဖြင့် နာကျင်မှုဖြစ်စေသနည်း။ မည်သည့်အရာပင်ဖြစ်စေ၊ ဘုရားသခင်၏ကတိတော်များကိုယုံကြည်ရန် ဤအမှားများမှမည်ကဲ့သို့သင်ယူ သနည်း။ ဘုရားသခင်၏ကတိတော်များကိုယုံကြည်ကိုးစားရန် သင့်စွမ်းရည် ကိုအားဖြစ်စေမည့် မည်သည့်ရွေးချယ်မှုမျိုးကို ဩပလုပ်ရမည်နည်း။
ဗုဒ္ဓဟူး သြဂုတ် ၃၀
ဟာဂရနှင့်သိနာတောင် (ဂလာတိ ၄း၂၁-၃၁)
သိနာတောင်တွင် ဘုရားသခင်သည် မိမိလူတို့နှင့်အတူ မည်သည့် ပဋိညာဉ်ဆက်ဆံမှုမျိုးကို တည်ထောင်လိုတော်မူခဲ့သနည်း။ ၎င်းင်းပဋိညာဉ်နှင့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောကတိများသည် မည်သည့်တူညီ ချက်များရှိသနည်း။ ထွက် ၆း၂-၈။ ၁၉း၃-၆။ တရားဟော ၃၂း၁၀-၁၂။
ဘုရားသခင်သည် အာဗြဟံနှင့်ဩပခဲ့သော အလားတူပဋိညာဉ်ဆက်ဆံ ရေးမျိုးကို သိနာတောင်တွင် ဣသရေလများနှင့်မျှဝေခံစားရန် အလိုရှိတော် မူခဲ့သည်။ အမှန်မှာ ကမ်္ဘာဦးကျမ်း ၁၂း၁-၃ မှ အာဗြဟံအားပေးသော ဘုရားသခင်၏ကတိစကားများနှင့် ထွက်မြောက်ရာကျမ်း ၁၉ မှ မောရှေ အားပြောသောစကားများအကြားတွင် တူညီသည့်အချက်များရှိသည်။ ဤဖြစ်ရပ် နှစ်ခုစလုံးတွင် ဘုရားသခင်သည် မိမိလူတို့အတွက်ဩပမည့်အရာကို အလေးပေး တော်မူခဲ့သည်။ မိမိ၏ကောင်းချီးများ ကိုရရှိနိုင်ရန် တစ်ခုခုလုပ်ရမည်ဟု ကိုယ်တော်မတောင်းဆိုခဲ့ချေ။ ထို့အစား၊ ထိုကောင်းချီးမင်္ဂလာများကိုနားထောင် ခြင်းဖြင့် တုံ့ပြန်ရန်ဖြစ်သည်။ ထွက်မြောက်ရာကျမ်း ၁၉း၅ မှ “နားထောင် သည်” ဟုဘာသာပြန်ဆိုသော ဟေဗြဲစကားလုံးသည် “ကြားသည်” ဟု တိုက်ရိုက်ဆိုလိုသည်။ ဘုရားသခင်၏မိန့်တော်မူချက်များသည် အကျင့်အား ဖြင့် ဖြောင့်မတ်ရာရောက်သည်ဟုမဆိုလိုချေ။ ထိုသို့မဟုတ်ဘဲ၊ ကိုယ်တော် အလိုရှိသည်မှာ မိမိ၏ကတိတော်များကိုတုံ့ပြန်သည့် အလားတူအာဗြဟံ၏ ယုံကြည်ခြင်းမျိုးဖြစ်သည်။
အကယ်၍ သိနာတောင်မှာဘုရားသခင်ပေးတော်မူသော ပဋိညာဉ် ဆက်ဆံရေးသည် အာဗြဟံအားပေးသောအရာနှင့်တူနေခဲ့သော်၊ အဘယ်ကြောင့် ပေါလုသည် သိနာတောင်ကို ဟာဂရ၏အပျက်သဘောဆောင်သောအတွေ့ အကြုံနှင့် တန်းတူသဘောထားသနည်း။ ထွက် ၁၉း၇-၂၅။ ဟေဗြဲ ၈း၆၊၇။
သိနာတောင်တွင်ပေးသောပဋိညာဉ်သည် လူသားတို့၏အပြစ်ရှိခြင်း နှင့် တဲတော်လုပ်ငန်းများကပုံဆောင်သော အပြစ်တရားကိုကုစားသည့် ဘုရားသခင်၏အလွန်ကြွယ်ဝသောကရုဏာတို့ကို ညွှန်ပြရန်ရည်ရွယ်ခဲ့သည်။ သိနာတောင်မှပဋိညာဉ်တရား၏ပြဿနာမှာ ဘုရားသခင်၏အပိုင်းမှမဟုတ်ဘဲ၊ လူတို့၏အလွန်အကျွံကတိပေးမှုများပင်ဖြစ်သည် (ဟေဗြဲ ၈း၆)။ ဘုရားသခင်၏ကတိတော်များကို နှိမ့်ချခြင်းနှင့်ယုံကြည်ခြင်းဖြင့်တုံ့ပြန်ရမည့်အစား၊ ဣသရေလတို့သည် မိမိတို့ကိုယ်ကိုယုံကြည်စိတ်ချမှုဖြင့် တုံ့ပြန်ခဲ့ကြသည်။“ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ဩပပါမည်” (ထွက် ၁၉း၈) ဟု တစ်သံတည်းပြန်လျှောက်ခဲ့ကြသည်။ ကျွန်ဘ၀ဖြင့် အီဂျစ်ပြည်တွင် နှစ်ပေါင်းလေးရာကျော်နေထိုင်ခဲ့ကြပြီးနောက်၊ ဘုရားသခင်၏ဘုန်းတန်ခိုး မှန်ကန်သောအမြင်သဘောထားကိုလည်းကောင်း၊ မိမိတို့အပြစ်၏အတိုင်းအတာ ကိုလည်းကောင်း မသိရှိကြတော့ချေ။ အာဗြဟံနှင့်စာရာတို့သည် ဘုရားသခင် ၏ကတိတော်များပြည့်စုံစေရန် ဩကိးစားလုပ်ဆောင်ခဲ့ကြသည်နည်းတူ၊ ဣသရေလလူတို့သည် ဘုရားသခင်၏ကရုဏာပဋိညာဉ်ကို အကျင့်ကိုအခြေဩပသည့်ပဋိညာဉ်အဖြစ် ပြောင်းရန်ဩကိးစားခဲ့ကြသည်။ ထိုသို့အကျင့်အားဖြင့် ကယ်တင်ခြင်းရရှိရန် လူသား၏ဩကိးစားမှုနှစ်ခုစလုံး၌ ဟာဂရသည် သိနာ တောင်ကိုပုံဆောင်ပါသည်။
သိနာတောင်တွင်ပေးခဲ့သောပညတ်တရားသည် မကောင်း (သို့မဟုတ်) ဖျက်သိမ်းပြီဟုပြောဆိုနေခြင်းမဟုတ်ပါ။ သူသည် ဂလာတိလူတို့၏ပညတ် တရားကိုအဓိကထားသော မှားယွင်းသည့်အယူအဆကိုစိုးရိမ်ခဲ့သည်။ “ပညတ် တရားစောင့်ရှောက်ခြင်းအားဖြင့် ဘုရားသခင်ကိုကျေနပ်စေရန် လုံးဝမဖြစ်နိုင် သည်ကို ယုံကြည်သက်ဝင်စေမည့်အစား၊ ဘုရားသခင်ကိုကျေနပ်အားရစေရန် အလိုငှာ၊ ကိုယ်ပိုင်လုပ်ရည်ကိုင်ရည်အပေါ်မှီခိုအားထားရန် နက်နက်နဲနဲအမြစ် တွယ်သောဆုံးဖြတ်ချက်များဖြင့် ပညတ်တရားကို သူတို့အထဲ၌ထိန်းသိမ်း စောင့်ရှောက်ကြသည်။ ထိုကြောင့် ပညတ်တရားသည် ယုဒ၀ါဒကိုင်စွဲသူ တို့အား ခရစ်တော်ထံသို့ပို့ဆောင်ရန် ကရုဏာအခြေဩပရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ချေ။ ထို့အစား၊ ၎င်းင်းသည် သူတို့အား ခရစ်တော် နှင့်အဆက်ပြတ်စေခဲ့သည်” (O Palmer Robertson, The Christ of the Covenants, p. 181).
ကြာသပတေး သြဂုတ် ၃၁
ဣရှမေလနှင့်ယနေ့ဣဇာက်
ပေါလုသည် ဣသရေလသမိုင်းကိုအတိုချုံးအကြမ်းဖျင်းဖော်ပြခြင်း မှာ မိမိကိုဆန့်ကျင်သူတို့က သူတို့သည် အာဗြဟံ၏စစ်မှန်သောအမျိုးအနွယ် ဖြစ်ကြောင်းနှင့် ယုဒခရစ်ယာန်ဘာသာနှင့် ပညတ်တရား၏ဗဟိုဖြစ်သော ယေရုရှလင်ဩမိ့သည် သူတို့၏မိခင်ဖြစ်ကြောင်း ငြင်းခုံချက်များကိုချေပရန် တမင်ကြံစည်ခြင်းဖြစ်သည်။ တစ်ပါးအမျိုးသားတို့သည် တရားဝင်များမဟုတ် ကြောင်း၊ အကယ်၍ သူတို့သည် ခရစ်တော်၏စစ်မှန်သောနောက်လိုက်များ ဖြစ်လိုလျှင် သူတို့သည် အရေဖျားလှီးခြင်းဖြင့် အာဗြဟံ၏သားအလျင်ဖြစ်ရ မည်ဖြစ်ကြောင်း သူတို့ညွှန်ကြားချက်ပေးခဲ့ကြသည်။
သမ္မာတရားသည် ၎င်းင်း၏ဆန့်ကျင်ဘက်ဖြစ်သည်ဟု ပေါလုပြောဆို သည်။ ဤပညတ်ကိုသာအဓိကထားသူတို့သည် အာဗြဟံ၏သားများမဟုတ် ကြဘဲ၊ ဣရှမေလကဲ့သို့ တရားမ၀င်သားများဖြစ်ကြသည်။ အရေဖျားလှီး ခြင်းအပေါ် သူတို့ယုံကြည်ကိုးစားခြင်းအားဖြင့် စာရာသည် ဟာဂရ၌ဩပသကဲ့သို့ လည်းကောင်း၊ ဣသရေလတို့သည် သိနာတောင်တွင် ဘုရားသခင်၏ပညတ် တရား၌ဩပသကဲ့သို့လည်းကောင်း သူတို့သည် “ဇာတိပကတိ” ၌ မှီခိုကိုးစား နေကြသည်။ သို့သော်လည်း ယုံကြည်သူတစ်ပါးအမျိုးသားတို့သည် အာဗြဟံ ၏သဘာဝသားများမဟုတ်ခဲ့ကြသော်လည်း ဣဇာက်ကဲ့သို့ သဘာဝလွန်အား ဖြင့်အာဗြဟံ၏သားများဖြစ်ကြသည်။ “ဣဇာက်ကဲ့သို့သူတို့သည် အာဗြဟံ ၌ဩပသောကတိတော်ပြည့်စုံခြင်းဖြစ်ကြသည်။. . . ဣဇာက်ကဲ့သို့ လွတ်လပ် ခြင်းနှင့်မွေးဖွားလာခြင်းသည် ဘုရားသခင့်ကျေးဇူးတော်၏အကျိုးသက်ရောက် မှုဖြစ်သည်။ ဣဇာက်ကဲ့သို့သူတို့သည် ပဋိညာဉ်ကတိတော်၏အဆက်နှင့် သက်ဆိုင်ကြသည်” ((James D. G. Dunn, The Epistle to the Galatians, p. 256).
စစ်မှန်သောအာဗြဟံ၏အမျိုးအနွယ်သည် ဤလောကတွင်မည်သည့် အရာကိုရင်ဆိုင်ရမည်နည်း။ ဂလာတိ ၄း၂၈-၃၁။ ကမ္ဘာ ၂၁း၈-၁၂။
ကတိထားတော်မူသောသားဖြစ်ခြင်းကြောင့် ဣဇာက်သည် ကောင်းချီး မင်္ဂလာများသာမက၊ အတိုက်အခံနှင့်ညှဉ်းဆဲခြင်းတို့ကိုလည်း ယူဆောင်လာ ခဲ့သည်။ ညှဉ်းဆဲခြင်းကိုညွှန်းဆိုရာ၌ ပေါလုသည် ကမ္ဘာဦးကျမ်း ၂၁း၈- ၁၀ မှဣဇာက်ကိုဂုဏ်ဩပချိန်တွင် ဣရှမေလသည် သူ့အားပြက်ရယ်ဩပခြင်းကို ဆိုလိုသည်။ ကမ္ဘာဦးကျမ်း ၂၁း၉ မှဟေဗြဲစကားလုံးသည် “ရယ်သည်” ဟု အဓိပ်္ပါယ်ရသော်လည်း၊ စာရာ၏တုံ့ပြန်မှုက ဣရှမေလသည် ဣဇာက်ကို “ပြက်ရယ်ဩပသည်” (သို့မဟုတ်) “လှောင်ပြောင်သည်” ဟူသောအဓိပ္ပါယ် မျိုးသက်ရောက်နေသည်။ ဣရှမေလ၏အဩပအမူသည် ယနေ့ကျွန်ုပ်တို့အတွက် အရေးကြီးဟန်မရှိသော်လည်း၊ မိသားစု၏သားဦးအခွင့်အရေးကို ရယူပိုင်ဆိုင် ခြင်းနှင့်ပတ်သက်လာသောအခါ သာ၍နက်နဲသောရန်လိုမှုမျိုးပါဝင်သည်ကို ဖော်ပြနေသည်။ ရှေးအချိန်ကအုပ်ချုပ်သူအများသည် မိမိတို့၏ရာထူးခိုင်မြဲစေ ရန် ညီအစ်ကိုများအပါအ၀င် ဩပိင်ဘက်ဖြစ်နိုင်ခြေရှိသောသူတို့ကို ဖယ်ထုတ်၊ ရှင်းပစ်တတ်ကြသည် (တရားသူကြီး ၉း၁-၆)။ ဣဇာက်သည် ဆန့်ကျင်ဘက် ဩပခြင်းခံရသော်လည်း၊ သူသည် မိမိဖခင်၏အမွေခံဖြစ်ခြင်းနှင့်အတူတွဲပါလာ သောချစ်ခြင်း၊ အကာအကွယ်၊ မျက်နှာသာပေးခြင်း စသောအခွင့်အရေးများ ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။
ဣဇာက်၏၀ိညာဉ်ရေးမျိုးဆက်များအနေဖြင့် ကျွန်ုပ်တို့သည် အသင်းတော်ထဲကပင်လျှင် အခက်အခဲနှင့်ဆန့်ကျင်မှုများရင်ဆိုင်ရသောအခါ အံ့အား သင့်ရန်မဟုတ်ချေ။
သင့်ယုံကြည်ခြင်းကြောင့် အထူးသဖြင့် သင့်အရင်းနှီးဆုံးလူတို့ထံမှ မည်သည့်နည်းများအားဖြင့် ညှဉ်းဆဲခြင်းခံရသနည်း။ (သို့မဟုတ်) ဤခက်ခဲ သောမေးခွန်းကို ကိုယ့်ကိုကိုယ်မေးပါ။ အခြားသူတို့အား သူတို့၏ယုံကြည် ခြင်းကြောင့် သင်သည် အမြဲတစေနှောင့်ယှက်နေသလား။ စဉ်းစားပါ။
သောကြာ စက်တင်ဘာ ၁
ထပ်ဆင့်လေ့လာရန်။
“သို့ရာတွင် အာဗြဟံနှင့်ဩပသောပဋိညာဉ်တွင် ကယ်တင်ခြင်းနှင့် စပ်ဆိုင်သောကတိတော်ပါဝင်ခဲ့လျှင် အဘယ်ကြောင့်သိနာတောင်တွင် အခြား ပဋိညာဉ်တစ်ခုကိုချုပ်ဆိုတော်မူသနည်း။ ဣသရေလများသည် ကျွန်ဘ၀တွင် ဘုရားသခင်ကိုလည်းကောင်း၊ အာဗြဟံနှင့်ဩပသောပဋိညာဉ်ပါစည်းမျဉ်းများကို လည်းကောင်း အတော်များများမေ့လျော့သွားခဲ့ကြသည်။. . .
“ဘုရားသခင်သည် သူတို့အားသိနာတောင်သို့ခေါ်ဆောင်လာကာ၊ မိမိ၏ဘုန်းတော်ကိုဖော်ပြတော်မူခဲ့သည်။ ထိုနောက် နားထောင်လိုက်လျှောက် မှုအပေါ်မူတည်၍ ပေးမည့်ကောင်းချီးမင်္ဂလာနှင့်ပတ်သက်သည့်ကတိတော်နှင့် အတူ ပညတ်တော်ကိုလည်းပေးတော်မူခဲ့သည်။ “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်လျှောက်လျှင်. . .မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်” (ထွက် ၁၉း၅၊၆) ဟုမိန့်တော်မူခဲ့သည်။ ထိုသူများသည် မိမိတို့စိတ်နှလုံး၏အပြစ်များခြင်းကို လည်းကောင်း၊ ခရစ်တော်မပါလျှင် ပညတ်တော်ကိုစောင့်ထိန်းရန်မဖြစ်နိုင် ကြောင်းကိုလည်းကောင်း ကောင်းစွာမသိရှိကြဘဲ ဘုရားသခင်နှင့်အလျင်တဆော ပဋိညာဉ်ဩပခဲ့ကြသည်။ . . .သို့သော်လည်း ရက်သတ်္တပတ်အနည်းငယ်အကြာ တွင် ထိုပဋိညာဉ်ကိုချိုးဖောက်ကာ ရုပ်တုတစ်ခုကိုဦးချဝတ်ဩပခဲ့ကြသည်။ ထိုကြောင့် သူတို့သည် မိမိတို့ချိုးဖောက်လိုက်သောပဋိညာဉ်အားဖြင့် ဘုရားသခင် ၏မျက်နှာသာပေးခြင်းကိုခံရဖို့ မျှော်လင့်ချက်မရှိတော့ချေ။ ယခုတွင် မိမိတို့ ၏အပြစ်ဒုစရိုက်များကိုလည်းကောင်း၊ အပြစ်လွှတ်ခံရဖို့လိုအပ်ကြောင်းကိုလည်း ကောင်း၊ သူတို့အားမြင်တွေ့စေလျက် အာဗြဟံနှင့်ဩပသောပဋိညာဉ်တွင်လည်းကောင်း၊ ယဇ်ပူဇော်ခြင်းအစီအစဉ်များတွင်လည်းကောင်း ပုံရိပ်ဖော်ပြခဲ့သော ကယ်တင်ရှင်ကို လိုအပ်နေပြီဖြစ်ကြောင်း သိရှိလာစေခဲ့သည်။ ယခုတွင် သူတို့သည် ယုံကြည်ခြင်းနှင့်ချစ်ခြင်းအားဖြင့် အပြစ်၏ကျွန်ဘ၀မှကယ်နုတ်ရှင် အဖြစ် ဘုရားသခင်ကိုသံယောဇဉ်တွယ်ခဲ့ကြသည်။ ယခုတွင် သူတို့သည် ပဋိညာဉ်သစ်၏ကောင်းချီးများကို ကျေးဇူးတင်တန်ဖိုးထားရန်ပြင်ဆင်ခဲ့ကြသည်” (Ellen G. White, Patriarchs and Prophets, pp. 371,372).
-၀-သင်ခန်းစာ (၁၁)
ခရစ်တော်၌လွတ်လပ်ခြင်း
စက်တင်ဘာ ၂ - ၈
ဥပုသ်နေ့ မွန်းလွဲပိုင်း စက်တ်တ်တင်ဘ်ဘ်ဘာ ၂
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၅း၁-၁၅။ ၁ကော ၆း၂ဝ။ ရောမ
၈း၁။ ဟေဗြဲ ၂း၁၄၊၁၅။ ရောမ ၈း၄။ ၁၃း၈။
အလွတ်ကျမ်းချက်
‘‘ညီအီအစ်က်ကိိုုတုတိိုု့ု့၊ သင်တ်တိိုု့ု့သည် လွတွတ််ြခြင်း်းအခွငွင့့််က်ကိိုုရုရသောသူူြဖြစ်
ကြ၏။ သို့သော်လည်း ဇာတိပကတိအားအခွင့်ကိုပေး၍ ထိုလွတ်ခြင်း
ကိုမသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကိုဆောင်ရွက်ကြလော့’့’’
(ဂလာတိ ၅း၁၃)။
ဂလာတိ ၂း၄ တွင် ပေါလုသည် ခရစ်တော်ယေရှု၌ ကျွန်ုပ်တို့
ပိုင်ဆိုင်သော ‘‘လွတ်လပ်ခြင်း’’ ကိုကာကွယ်ရန်အရေးကြီးကြောင်း အနည်းငယ်
ပြောဆိုခဲ့သည်။ သို့သော် သူမကြာခဏပြောလေ့ရှိသည်။ ‘‘လွတ်လပ်ခြင်း’’
အကြောင်းပြောဆိုရာတွင် ပေါလုသည် မည်သည့်အရာကိုဆိုလိုသနည်း။
ဤလွတ်လပ်ခြင်း၌ မည်သည့်အရာပါဝင်သနည်း။ ဤလွတ်လပ်ခြင်းသည်
မည်မျှအတိုင်းအတာအထိသွားသနည်း။ ၎င်း၌အကန့်အသတ်ရှိပါသလား။
ခရစ်တော်၌လွတ်လပ်ခြင်းသည် ပညတ်တရားနှင့်မည်သည့်ဆက်စပ်မှုရှိသနည်း။
ပေါလုသည် ဂလာတိလူတို့အား အန္တရာယ်နှစ်ခုကိုသတိပေးရန်
အထက်ပါမေးခွန်းများကိုမေးထားသည်။ ပထမမှပညတ်သည်သာ အဓိကဝါဒ
ဖြစ်သည်။ ဂလာတိဦမိ့မှပေါလုကိုဆန့်ကျင်သူတို့သည် မိမိတို့အကျင့်အား
ဖြင့် ဘုရားသခင်၏မျက်နှာသာကိုရရှိရန် ဦကိးစားနေကြသောကြောင့်
ခရစ်တော်လုပ်ငန်း၏လွတ်မြောက်ခြင်းသဘောသဘာဝနှင့် ယုံကြည်ခြင်းအားဖြင့်
ခရစ်တော်၌သူတို့ရရှိပြီးဖြစ်သောကယ်တင်ခြင်းကို မမြင်နိုင်ဖြစ်ခဲ့ကြသည်။
ဒုတိယခြိမ်းခြောက်မှုမှာ ကျွန်ုပ်တို့အတွက် ခရစ်တော်ဝယ်ပေးခဲ့ပြီးသော
လွတ်လပ်ခြင်းကို အပြစ်ဦပလုပ်နိုင်ခွင့်အဖြစ်ဖြင့်အဆုံးသတ်ကာ၊ အလွဲသုံးစား
လုပ်ခြင်းဖြစ်သည်။ ဤရှုထောင့်ကိုကိုင်ဆွဲသောသူတို့က လွတ်လပ်ခြင်းသည်
ပညတ်တရားနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည်ဟု မှားယွင်းစွာယူဆကြသည်။
ပညတ်သည်သာအဓိကဝါဒနှင့်အပြစ်ဦပနိုင်ခွင့်နှစ်ခုစလုံးသည် လွတ်လပ်
ခြင်းကိုဆန့်ကျင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့အား
ထောက်ခံသူတို့ကို ကျွန်ပုံစံဖြင့်ထိန်းသိမ်းသည်။ သို့သော်လည်း ဂလာတိ
လူတို့အား ပေါလု၏မေတ္တာရပ်ခံချက်မှာ ခရစ်တော်၌မိမိတို့၏ရပိုင်ခွင့်အဖြစ်
ပိုင်ဆိုင်သည့် စစ်မှန်သောလွတ်လပ်ခြင်း၌ ခိုင်မြဲစွာရပ်တည်ရန်ဖြစ်သည်။
တနင်္ဂနွေ စက်တ်တ်တင်ဘ်ဘ်ဘာ ၃
ခရစ်တော်သည်ကျွန်ုပ်တို့အားလွတ်လပ်စေပြီ
‘‘ထိုကြောင့် ခရစ်တော်သည် ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်း
အခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကိုတစ်ဖန်
မခံကြနှင့်’’ (ဂလာတိ ၅း၁)။
မိမိ၏တုန်လှုပ်နေသောစစ်သည်တို့အား စစ်တပ်ခေါင်းဆောင်၏
လံှု့ဆော်စည်းရုံးသည့်အမိန့်ကဲ့သို့၊ ပေါလုသည် ဂလာတိလူတို့အား ခရစ်တော်
၌မိမိတို့၏လွတ်လပ်ခြင်းကိုမစွန့်လွတ်ရန် ညွန်ကြားနေသည်။ ပေါလုလေသံ
၏အားမာန်ပါမှုနှင့်ပြင်းပြမှုတို့သည် စာရွက်ကိုပင်ထခုန်လှုပ်ရှားလုမတတ်ဖြစ်
စေသည်။ အမှန်မှာ ဤအရာသည် ပေါလုလိုချင်သည့်အရာအတိအကျဖြစ်
ဟန်ရှိသည်။ ဤကျမ်းချက်သည် အလျင်ကျသောအရာနှင့်နောက်လိုက်လာ
သောအရာတို့ကို အကြောင်းအရာလိုက်ဖက်စွာဆက်ပေးသော်လည်း၊ ွမနနု
ကျမ်းစာတွင် ၎င်းသည် ပြတ်တောင်းဖြစ်နေခြင်းနှင့်ဆက်စပ်မှုရှိမနေခြင်းသည်
ပေါလုကဤကျမ်းချက်ကို ဧရာမလမ်းဘေးကြော်ငြာဆိုင်းဘုတ်ကဲ့သို့ ထင်ရှားစေ
လိုကြောင်းဖော်ပြသည်။ ခရစ်တော်၌လွတ်လပ်ခြင်းသည် ေပါလု၏ြငင်းခံု
ခရစ်တော်၌လွတ်လပ်ခြင်း
စက်တင်ဘာ ၂ - ၈
ဥပုသ်နေ့ မွန်းလွဲပိုင်း စက်တ်တ်တင်ဘ်ဘ်ဘာ ၂
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၅း၁-၁၅။ ၁ကော ၆း၂ဝ။ ရောမ
၈း၁။ ဟေဗြဲ ၂း၁၄၊၁၅။ ရောမ ၈း၄။ ၁၃း၈။
အလွတ်ကျမ်းချက်
‘‘ညီအီအစ်က်ကိိုုတုတိိုု့ု့၊ သင်တ်တိိုု့ု့သည် လွတွတ််ြခြင်း်းအခွငွင့့််က်ကိိုုရုရသောသူူြဖြစ်
ကြ၏။ သို့သော်လည်း ဇာတိပကတိအားအခွင့်ကိုပေး၍ ထိုလွတ်ခြင်း
ကိုမသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကိုဆောင်ရွက်ကြလော့’့’’
(ဂလာတိ ၅း၁၃)။
ဂလာတိ ၂း၄ တွင် ပေါလုသည် ခရစ်တော်ယေရှု၌ ကျွန်ုပ်တို့
ပိုင်ဆိုင်သော ‘‘လွတ်လပ်ခြင်း’’ ကိုကာကွယ်ရန်အရေးကြီးကြောင်း အနည်းငယ်
ပြောဆိုခဲ့သည်။ သို့သော် သူမကြာခဏပြောလေ့ရှိသည်။ ‘‘လွတ်လပ်ခြင်း’’
အကြောင်းပြောဆိုရာတွင် ပေါလုသည် မည်သည့်အရာကိုဆိုလိုသနည်း။
ဤလွတ်လပ်ခြင်း၌ မည်သည့်အရာပါဝင်သနည်း။ ဤလွတ်လပ်ခြင်းသည်
မည်မျှအတိုင်းအတာအထိသွားသနည်း။ ၎င်း၌အကန့်အသတ်ရှိပါသလား။
ခရစ်တော်၌လွတ်လပ်ခြင်းသည် ပညတ်တရားနှင့်မည်သည့်ဆက်စပ်မှုရှိသနည်း။
ပေါလုသည် ဂလာတိလူတို့အား အန္တရာယ်နှစ်ခုကိုသတိပေးရန်
အထက်ပါမေးခွန်းများကိုမေးထားသည်။ ပထမမှပညတ်သည်သာ အဓိကဝါဒ
ဖြစ်သည်။ ဂလာတိဦမိ့မှပေါလုကိုဆန့်ကျင်သူတို့သည် မိမိတို့အကျင့်အား
ဖြင့် ဘုရားသခင်၏မျက်နှာသာကိုရရှိရန် ဦကိးစားနေကြသောကြောင့်
ခရစ်တော်လုပ်ငန်း၏လွတ်မြောက်ခြင်းသဘောသဘာဝနှင့် ယုံကြည်ခြင်းအားဖြင့်
ခရစ်တော်၌သူတို့ရရှိပြီးဖြစ်သောကယ်တင်ခြင်းကို မမြင်နိုင်ဖြစ်ခဲ့ကြသည်။
ဒုတိယခြိမ်းခြောက်မှုမှာ ကျွန်ုပ်တို့အတွက် ခရစ်တော်ဝယ်ပေးခဲ့ပြီးသော
လွတ်လပ်ခြင်းကို အပြစ်ဦပလုပ်နိုင်ခွင့်အဖြစ်ဖြင့်အဆုံးသတ်ကာ၊ အလွဲသုံးစား
လုပ်ခြင်းဖြစ်သည်။ ဤရှုထောင့်ကိုကိုင်ဆွဲသောသူတို့က လွတ်လပ်ခြင်းသည်
ပညတ်တရားနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည်ဟု မှားယွင်းစွာယူဆကြသည်။
ပညတ်သည်သာအဓိကဝါဒနှင့်အပြစ်ဦပနိုင်ခွင့်နှစ်ခုစလုံးသည် လွတ်လပ်
ခြင်းကိုဆန့်ကျင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့အား
ထောက်ခံသူတို့ကို ကျွန်ပုံစံဖြင့်ထိန်းသိမ်းသည်။ သို့သော်လည်း ဂလာတိ
လူတို့အား ပေါလု၏မေတ္တာရပ်ခံချက်မှာ ခရစ်တော်၌မိမိတို့၏ရပိုင်ခွင့်အဖြစ်
ပိုင်ဆိုင်သည့် စစ်မှန်သောလွတ်လပ်ခြင်း၌ ခိုင်မြဲစွာရပ်တည်ရန်ဖြစ်သည်။
တနင်္ဂနွေ စက်တ်တ်တင်ဘ်ဘ်ဘာ ၃
ခရစ်တော်သည်ကျွန်ုပ်တို့အားလွတ်လပ်စေပြီ
‘‘ထိုကြောင့် ခရစ်တော်သည် ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်း
အခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကိုတစ်ဖန်
မခံကြနှင့်’’ (ဂလာတိ ၅း၁)။
မိမိ၏တုန်လှုပ်နေသောစစ်သည်တို့အား စစ်တပ်ခေါင်းဆောင်၏
လံှု့ဆော်စည်းရုံးသည့်အမိန့်ကဲ့သို့၊ ပေါလုသည် ဂလာတိလူတို့အား ခရစ်တော်
၌မိမိတို့၏လွတ်လပ်ခြင်းကိုမစွန့်လွတ်ရန် ညွန်ကြားနေသည်။ ပေါလုလေသံ
၏အားမာန်ပါမှုနှင့်ပြင်းပြမှုတို့သည် စာရွက်ကိုပင်ထခုန်လှုပ်ရှားလုမတတ်ဖြစ်
စေသည်။ အမှန်မှာ ဤအရာသည် ပေါလုလိုချင်သည့်အရာအတိအကျဖြစ်
ဟန်ရှိသည်။ ဤကျမ်းချက်သည် အလျင်ကျသောအရာနှင့်နောက်လိုက်လာ
သောအရာတို့ကို အကြောင်းအရာလိုက်ဖက်စွာဆက်ပေးသော်လည်း၊ ွမနနု
ကျမ်းစာတွင် ၎င်းသည် ပြတ်တောင်းဖြစ်နေခြင်းနှင့်ဆက်စပ်မှုရှိမနေခြင်းသည်
ပေါလုကဤကျမ်းချက်ကို ဧရာမလမ်းဘေးကြော်ငြာဆိုင်းဘုတ်ကဲ့သို့ ထင်ရှားစေ
လိုကြောင်းဖော်ပြသည်။ ခရစ်တော်၌လွတ်လပ်ခြင်းသည် ေပါလု၏ြငင်းခံု
إرسال تعليق
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.