သင်ခန်းစာ (၈) ကျွန်အဖြစ်မှအမွေခံအဖြစ်သိို့ု့ သြဂုတ် ၁၂ - ၁၈
ဥပုသ် နေ့ မွန်းလွဲပိုင်း သြဂုတ် ၁၂
ဖတ်ရန်ကျမ်းချက်များ။ ဂလာတိ ၃း၂၆-၄း၂၀။ ရောမ ၆း၁-၁၁။ ဟေဗြဲ ၂း၁၄-၁၈။ ၄း၁၄၊၁၅။ ရောမ ၉း၎၊၅။
အလွတ်ကျမ်းချက်။ ။ “သို့ဖြစ်၍ သင်တို့သည် နောက်တစ်ဖန်အစေအပါးကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏အမွေခံလည်းဖြစ်ကြ၏” (ဂလာတိ ၄း၇)။
ပေါလုသည် ဂလာတိလူတို့အား ကျွန်များကဲ့သို့အသက်ရှင်မပြုမူ တော့ဘဲ၊ ရပိုင်ခွင့်နှင့်အခွင့်အရေးများအားလုံးဖြင့် ဘုရားသခင်၏သားသမီး များကဲ့သို့ အသက်ရှင်ကြရန်ပြောဆိုသည်။ ဤသမ်္မာတရားကို လူငယ်မာတင် လူသာသည် မသိရှိနားမလည်ခဲ့ချေ။ မိမိ၏အပြစ်သည် သာ၍နက်ရှိုင်းလာ သည်ဟု ယုံကြည်လက်ခံလာသောအခါ၊ ဤလူငယ်သည် မိမိ၏အကျင့် အားဖြင့် ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းရရှိရန် ဩကိးစားခဲ့သည်။ သူသည် အစာရှောင်ခြင်း၊ မအိပ်မနေဆုတောင်းပတ်္ထနာရွတ်ဖတ်ခြင်းအားဖြင့် အခက်ခဲ ဆုံးသောအသက်တာနှင့်နေထိုင်ကာ၊ ခရစ်ယာန်ဘုန်းကြီးဘ၀ဖြင့် မိမိ၏ မကောင်းမှုများကိုနှိမ်နင်းရန် မိမိကိုယ်ကိုနှိပ်စက်သော်လည်း လွတ်မြောက်ခြင်း မရရှိခဲ့ချေ။ ဘုရားသခင်ရှေ့မှောက်တွင် သဘောကျစရာဖြစ်စေနိုင်မည့် စင်ကြယ်သောနှလုံးသားရရှိရန်အလို့ငှာ သူ၏စွန့်လွှတ်အနစ်နာခံမှုများကို လက်မလျှော့ခဲ့ချေ။ နောက်ပိုင်းတွင် သူပြောခဲ့သည်မှာ သူသည် မိမိ၏ ဘာသာရေးစည်းမျဉ်းများကို ကျပ်ကျပ်တည်းတည်းလိုက်လျှောက်သော ဘာသာရေးကိုင်းရှိုင်းသူခရစ်ယာန်ဘုန်းကြီးဖြစ်ကြောင်း၊ သို့သော် သူသည် မိမိအထဲ၌ငြိမ်သက်ခြင်းရှာမတွေ့ကြောင်းပြောဆိုခဲ့သည်။ “တကယ်လို့ ဘုန်းကြီးတစ်ပါးဟာ သူ့ရဲ့ဘုန်းကြီးနဲ့ဆိုင်တဲ့အလုပ်တွေကိုလုပ်လို့ ကောင်းကင် နိုင်ငံရောက်မယ်ဆိုရင်၊ ငါတော့တကယ်ကောင်းကင်ရောက်မယ်” သို့ရာတွင် အလုပ်မဖြစ်ခဲ့ချေ။
ဂလာတိသြ၀ါဒစာ၌ဖော်ပြသကဲ့သို့ ခရစ်တော်အားဖြင့် ကယ်တင် ခြင်းရရှိကြောင်း သမ္မာတရားကိုစတင်နားလည်သဘောပေါက်လာသောအခါ မှသာလျှင် သူသည် မိမိ၏၀ိညာဉ်အတွက် ၀ိညာဉ်ရေးလွတ်လပ်မှုနှင့်မျှော်လင့် ခြင်းမျိုးကို စတင်ခွင့်ရလာခဲ့သည်။ ၎င်းင်း၏အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ ၏ကမ်္ဘာကြီးသည် လုံးဝကိုပြောင်းလဲသွားခဲ့ပေသည်။
တနင်္ဂနွေ သြဂုတ် ၁၃
ခရစ်တော်၌ကျွန်ုပ်တို့၏အခြေအနေ (ဂလာတိ ၃း၂၆-၂၉)
ဂလာတိ ၃း၂၅ ကို စိတ်ထဲတွင်စဉ်းစားရင်း၊ ဂလာတိ ၃း၂၆ ကို ဖတ်ပါ။ ဤကျမ်းချက်သည် ပညတ်တော်နှင့်ကျွန်ုပ်တို့၏ဆက်စပ်မှုသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယခုတွင် ကျွန်ုပ်တို့သည် ယေရှု အားဖြင့်ရွေးနုတ်ခြင်းခံရပြီးဖြစ်သည်ကိုလည်းကောင်း နားလည်ရန်မည်ကဲ့သို့ ကူညီသနည်း။
________________________________________________________________________
“အဘယ်သို့နည်းဟူမူကား” ဟူသောစကားလုံးဖြင့် အခန်းငယ် ၂၆ ကိုအစဩပခြင်းက ပေါလုသည် ဤကျမ်းချက်နှင့်အလျင်ကျသောအခန်းငယ် (၂၅) တို့သည် တိုက်ရိုက်ဆက်သွယ်ကြောင်းမြင်သည်။ သခင်၏သားသည် စာသင်ပေးသောဆရာ၏လက်အောက်တွင်ရှိနေသရွေ့ကာလပတ်လုံး သူသည် ငယ်ရွယ်နုနယ်သူသာဖြစ်သကဲ့သို့၊ ခရစ်တော်ကိုယုံကြည်လာသောသူတို့သည် ငယ်ရွယ်နုနယ်သူများမဖြစ်တော့ကြောင်း သူတို့သည် ယခုတွင်အရွယ်ရောက် ပြီးသော ဘုရားသခင်၏ “သားများ” ဖြစ်ကြသောကြောင့် ပညတ်တော်နှင့် သူတို့၏ဆက်ဆံမှုသည် ပြောင်းလဲသွားကြောင်း ပေါလုပြောဆိုနေသည်။
အမှန်မှာ “သား” ဟူသောဝေါဟာရသည် အမျိုးသားများအတွက် သီးသန့်မဟုတ်ချေ။ ဤအတန်းစားထဲတွင် အမျိုးသမီးများလည်း ပေါလု ရှင်းလင်းစွာထည့်သွင်းသည် (ဂလာတိ ၃း၂၈)။ “သားသမီးများ” အစား “သားများ” ဟူသောစကားလုံးကိုအသုံးဩပခြင်းမှာ “ဘုရားသခင်၏သားများ” ဟူသောစကားစုသည် ဓမ်္မဟောင်းကျမ်းထဲတွင် ဣသရေလလူမျိုးတို့၏အထူး ဂုဏ်ဆောင်သတ်မှတ်ချက်ဖြစ်နေသည့်အချက်နှင့်အတူ မိသားစုအမွေဆက်ခံ ခြင်းကို သားထံလက်ဆင့်ကမ်းခြင်းတို့သည် သူ့စိတ်ထဲတွင်ရှိနေသောကြောင့် ဖြစ်သည် (တရားဟော ၁၄း၁။ ဟောရှေ ၁၁း၁)။ ခရစ်တော်၌မူကား၊ တစ်ပါးအမျိုးသားတို့သည်လည်း၊ ယခုတွင် ဣသရေလတို့အတွက်သီးသန့် ဖြစ်ခဲ့သော ဘုရားသခင်နှင့်အထူးဆက်ဆံခြင်း၌မွေ့လျော်ရကြပြီဖြစ်သည်။
ထိုကဲ့သို့ခမ်းနားသည့်ဖြစ်ရပ်မျိုးဖန်တီးပေးသည့် နှစ်ခြင်းသည် အဘယ်နည်း။
_______________________________________________________________________
အခန်းငယ် ၂၇ သည် အလျင်အခန်းငယ်များမှ မိမိ၏အကျိုးသင့် အကြောင်းသင့်တွေးခေါ်မှုကို ဆက်လက်တိုးတက်တည်ဆောက်ပြုပြင်ခြင်း ဖြစ်သည်။ နှစ်ခြင်းခံခြင်းသည် ကျွန်ုပ်တို့၏အသက်တာကို ခရစ်တော်နှင့် ပေါင်းစပ်ရန် အခြေခံကျကျဆုံးဖြတ်ချက်ဖြစ်ကြောင်း ပေါလုမြင်သည်။ ရောမ ၆ တွင်၊ နှစ်ခြင်းသည် ကိုယ်တော်၏သေခြင်းနှင့်ထမြောက်ခြင်းနှစ်ခုစလုံး၌ ယေရှုနှင့်ပေါင်းစည်းခြင်းကိုပုံဆောင်ကြောင်း သူဖော်ပြသည်။ ဂလာတိသြ၀ါဒစာ တွင် ပေါလုသည် ဥပမာကိုအသုံးဩပသည်မှာ နှစ်ခြင်းသည် ခရစ်တော်ကို ယူတင်ဝတ်ဆင်ခြင်းဖြစ်ကြောင်းဆိုထားသည်။ ပေါလု၏ဝေါဟာရအသုံးအနှုန်း သည် ဓမ်္မဟောင်းကျမ်းမှဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကိုဝတ်ဆင်ခြင်း အကြောင်းဖော်ပြသည့် ဓမ်္မဟောင်းကျမ်းမှနှစ်သက်ဖွယ်ကျမ်းပိုဒ်များ (ဟေရှာယ ၆၁း၁၀။ ယောဘ ၂၉း၁၄ တို့ကိုဖတ်ပါ) ကို ယူသုံးခြင်းဖြစ်သည်။ “ပေါလု သည် နှစ်ခြင်းကို ခရစ်တော်သည် အ၀တ်အစားကဲ့သို့ယုံကြည်သူကိုပတ်ခြုံ ပေးသည့်အချိန်ကဲ့သို့ရှုမြင်သည်။ သူသည် ဖြောင့်မတ်ခြင်းဟူသောဝေါဟာရ ကိုမသုံးသော်လည်း၊ ပေါလုသည် ၎င်းင်းကိုယုံကြည်သူများအပေါ်အပ်နှင်းသည် ဖြစ်ကြောင်း ဖော်ပြသည်” (Frank J. Matera, Galatians, p. 145).
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူပေါင်းစည်းခြင်းကို နှစ်ခြင်းဖြင့် ပုံဆောင်ခြင်းသည် ခရစ်တော်အတွက်မှန်ကန်သကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း မှန်ကန်သောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အာဗြဟံ ၏ “အမျိုး၊” “ထိုသခင်နှင့်ဆက်ဆံသောအမွေခံ” (ရောမ ၈း၁၇) ဖြစ်သကဲ့သို့ ယုံကြည်သူများသည်လည်း အာဗြဟံနှင့်သူ၏အမျိုးအနွယ်အားလုံးကိုပေး သောပဋိညာဉ်နှင့်ဆိုင်သောကတိတော်ကို အမွေခံသူများဖြစ်ကြသည်။
ခရစ်တော်အတွက်မှန်ကန်သကဲ့သို့ ကျွန်ုပ်တို့အတွက်လည်းမှန်ကန် သည်ဟူသောအချက်ပေါ်တွေးကြည့်ပါ။ ဤအံ့ဖွယ်သမ်္မာတရားသည် ကျွန်ုပ် တို့အသက်တာ၏ကဏ္ဍစုံကို မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသနည်း။
တနင်္လာ သြဂုတ် ၁၄
အခြေခံလောကီတရား၌ကျွန်ပြုခြင်း
ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို သားများနှင့်အမွေခံများ တို့နှင့် နှိုင်းယှဉ်မှုပြုလုပ်ပြီးနောက်၊ ပေါလုသည် ဂလာတိ ၄း၁-၃ မှအမွေ ဆက်ခံခြင်းအာဘော်ကို ထည့်သွင်းခြင်းဖြင့် ဤအထက်ပါတင်စားမှုကို အကျယ်တ၀င့်ရှင်းပြသည်။ ပေါလုသုံးနှုန်းသောဝေါဟာရသည် အိမ်ရာမြေကွက် အကျယ်ကြီးပိုင်ရှင်သေဆုံးပြီး၊ မိမိပိုင်ဆိုင်မှုအားလုံးကို သားကြီးအားချန်ထား ခဲ့သည့်အခြေအနေမျိုးကို ထင်ဟပ်စေသည်။ သို့သော်လည်း သူ့သားသည် လူမမည်သာဖြစ်နေသေးသည်။ ယနေ့သေတမ်းစာကိစ်္စနှင့် မကြာခဏဖြစ်တတ် သကဲ့သို့ပင် ဖခင်၏သေတမ်းစာသည် ထိုသားသည်အရွယ်မရောက်မီ အုပ်ထိန်း သူနှင့်ကြီးကြပ်သူလက်အောက်တွင်ရှိနေရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ် ထားသည်။ ထိုသားသည် စာချုပ်စာတမ်းအရ ဖခင်၏မြေကွက်အပေါ် လုပ်ပိုင်ခွင့်ရှိပါသော်လည်း၊ သူသည် နုနယ်သူဖြစ်နေသောကြောင့် လက်တွေ့ တွင် ကျွန်တစ်ဦးထက်အနည်းငယ်မျှသာသာသည်။
အထက်ပါပေါလု၏နှိုင်းယှဉ်မှုသည် ဂလာတိ ၃း၂၄ မှစာသင် ဆရာနှင့်အလားသဏ္ဌာန်တူသော်လည်း ဤအခြေအနေမှဘဏ္ဍာစိုးနှင့် မန်နေဂျာ၏သြဇာအာဏာသည် များစွာသာလွန်ကာ၊ သာ၍များစွာအရေးကြီး သည်။ သူတို့၏တာဝန်မှာ သခင်၏သားကိုမြေတောင်မြှောက်ခြင်းအတွက် သာမက၊ ထိုသားသည် လုပ်ငန်းတာဝန်လုပ်ဆောင်ရန် အရွယ်မရောက်မီ အချိန်ထိ ငွေရေးကြေးရေးနှင့်အုပ်ထိန်းရေးကိစ်္စများအားလုံးကို ဆောင်ရွက်ရ ခြင်းဖြစ်သည်။
ဂလာတိ ၄း၁-၃ ကိုဖတ်ပါ။ ကျွန်ုပ်တို့သည် ယခုခရစ်တော်၌ရှိ နေကြပြီးနောက်၊ ကျွန်ုပ်တို့အသက်တာတွင် ပညတ်တော်၏အခန်းကဏ္ဍသည် မည်သည့်အရာဖြစ်သည်ဟု ပေါလုသည် မည်ကဲ့သို့အလွယ်တကူနားလည် အောင်ရှင်းပြသနည်း။
__________________________________________________________________________
“(အခြေခံ) လောကီတရား” (ဂလာတိ ၄း၃၊၈) ဟူသောစကားစု သည် ပေါလုကမည်သည့်အရာအတိအကျဆိုလိုသည်ကို အငြင်းပွားနေကြ သည်။Stoicheia ဟူသော Greek စကားလုံးသည် “အခြေခံသဘောတရား” ဟူ၍ တိုက်ရိုက်ဆိုလိုသည်။ တချို့သောသူတို့သည် ၎င်းင်းကိုစကြ၀ဠာ ဖွဲ့စည်းမှု၏အခြေခံတရားအဖြစ်ဖော်ပြချက်ကဲ့သို့လည်းကောင်း (၂ပေ ၃း၁၀၊၁၂)။ သို့မဟုတ် ဤဆိုးယုတ်သောကာလကိုထိန်းချုပ်သော နတ်ဆိုး တန်ခိုးကဲ့သို့လည်းကောင်း (ကောလော ၂း၁၅)၊ သို့မဟုတ် ဘာသာရေး အသက်တာ၏အခြေခံစည်းမျဉ်းများကဲ့သို့လည်းကောင်း (ဟေဗြဲ ၅း၁၂) ရှုမြင်ကြသည်။ ပေါလုသည် ခရစ်တော်မကြွလာမီ လူသား၏အဆင့်အတန်း ကို ““နုနယ်သူများ”” အဖြစ် (ဂလာတိ ၄း၁-၃) အထူးဩပပြောဆိုခြင်းသည် ဘာသာရေးအသက်တာ၏အခြေခံစည်းမျဉ်းများကို သူသည် ရည်ညွှန်းပြောဆို နေကြောင်းဖော်ပြရာရောက်သည်။ ထိုသို့ဆိုသော် ပေါလုပြောဆိုသည်မှာ ဓမ္မဟောင်းကျမ်းအချိန်ကပညတ်တရားများနှင့်ယဇ်ပူဇော်ခြင်းတို့သည် ကယ်တင် ခြင်းတရား၏အရင်းခံ ဧ၀ံဂေလိတရားမျှသာဖြစ်ကြောင်း ဟူ၍ဖြစ်သည်။ ထိုအကြောင်းကြောင့် ၀ိနည်းထုံးဖွဲ့နှင့်ဆိုင်သောပညတ်တရားများသည် ဣသရေလတို့အတွက် အရေးကြီးပြီးညွှန်ကြားချက်များပေးနေသကဲ့သို့ ၎င်းင်းတို့သည် နောက်လာမည့်အရာ၏အရိပ်မျှသာဖြစ်သည်။ ထိုပညတ်တရားတို့ သည် ဘယ်သောအခါမျှ ခရစ်တော်၏နေရာအား ထိုးရန်ရွယ်ရွယ်ခြင်းမရှိခဲ့ချေ။
ခရစ်တော်အစား ပညတ်ချက်များဖြင့် မိမိအသက်တာကိုထိန်းညှိ ခြင်းသည် နောက်ကြောင်းပြန်လိုခြင်းနှင့်အတူတူပင်ဖြစ်သည်။ ခရစ်တော် ကြွလာပြီးနောက်ပိုင်း ဂလာတိလူတို့သည် ထိုအခြေခံတရားဘက်သို့ နောက်ကြောင်းပြန်လှည့်ခြင်းသည် ပေါလု၏ဥပမာခိုင်းနှိုင်းချက်မှ အရွယ် ရောက်ပြီးသားသည် တစ်ဖန်ငယ်ရွယ်သူပြန်ဖြစ်ချင်သည်နှင့်အလားသဏ္ဌာန် တူသည်။
ကလေးကဲ့သို့သောယုံကြည်ခြင်းသည် အဩပသဘောဆောင်နေစဉ် (မဿဲ ၁၈း၃)၊ ၎င်းင်းသည် ၀ိညာဉ်ရေးရင့်ကျက်ခြင်းနှင့်တူပါသလား။ (သို့မဟုတ်) သင်သည် ၀ိညာဉ်ရေး၌ကြီးထွားလေ၊ ယုံကြည်ခြင်း၌ကလေးကဲ့သို့ဖြစ်လေ ဟု ငြင်းဆို၍ရပါမည်လား။ သင်၏ယုံကြည်ခြင်းသည် မည်မျှကလေးကဲ့သို့ ဖြစ်၍ “အပြစ်ကင်းစင်” ကာ၊ ယုံကြည်ကိုးစားမှုရှိသနည်း။
အင်္ဂါ သြဂုတ် ၁၅
“သားတော်ကိုဘုရားသခင်သည်စေလွှတ်တော်မူ၏” (ဂလာတိ ၄း၎၊၅)
“အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကိုခံ ရမည်အကြောင်း၊ ပညတ်တရားလက်၌ရှိသော ငါတို့ကိုရွေးနုတ်စေခြင်းငှာ မိန်းမ၀မ်း၌ပဋိသနေ်္ဓယူ၍ ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏” (ဂလာတိ ၄း၎၊၅)။
ပေါလုက “ကာလစေ့သောအခါ” ဟူသောစကားစုကိုအသုံးပြုခြင်း သည် လူ့သမိုင်းတွင် မိမိ၏ရည်ရွယ်ချက်ကိုဖော်ဆောင်ရာတွင် ဘုရားသခင် ၏ထိရောက်သောကဏ္ဍကိုပြညွှန်သည်။ ယေရှုဩကိက်သည့်အချိန်မရွေးကြွလာ ခြင်းမဟုတ်ချေ။ ကိုယ်တော်သည် ဘုရားသခင်ပြင်ဆင်တော်မူသောအချိန် အတိအကျတွင်ကြွလာတော်မူခဲ့သည်။ သမိုင်းရှုထောင့်မှကြည့်သော် ၎င်းင်းအချိန် သည် “ရောမနိုင်ငံအေးချမ်းခြင်း” ဟုသိရသော ရောမအင်ပါယာတစ်လျှောက် နှစ်ပေါင်းနှစ်ရာအချိန်ကာလအတွင်း တည်ငြိမ်မှုနှင့်ငြိမ်းချမ်းရေးရှိနေသော အခါသမယဖြစ်သည်။ ရောမတို့သည် မြေထဲပင်လယ်ဒေသကိုစစ်အောင်နိုင် ခြင်းသည် ငြိမ်သက်ခြင်း၊ အများသုံးဘာသာစကား၊ လမ်းပန်းခရီးအဆင်ပြေ ချောမွေ့ခြင်းနှင့် ဧ၀ံဂေလိတရားလျင်မြန်စွာပျံ့နှံ့စေသည့် ဘုံယဉ်ကျေးမှုထွန်းကား ခြင်းတို့ကို ယူဆောင်လာခဲ့သည်။ သမ်္မာကျမ်းစာရှုထောင့်မှကြည့်သော်၊ ထိုအချိန်အခါသည် ကတိထားတော်မူသောမေရှိယကြွလာရန်အတွက် ဘုရားသခင်သတ်မှတ်တော်မူသောအခါသမယဖြစ်သည် (ဒံယေလ ၉း၂၄- ၂၇ ကိုဖတ်ပါ)။
ကျွန်ုပ်တို့ကိုရွေးနုတ်ရန် အဘယ်ကြောင့်ခရစ်တော်သည် ကျွန်ုပ်တို့ လူသားဇာတိကိုခံယူရသနည်း။ ယောဟန် ၁း၁၄။ ဂလာတိ ၄း၎၊၅။ ရောမ ၈း၃၊၄။ ၂ကော ၅း၂၁။ ဖိလိပ်္ပိ ၂း၅-၈။ ဟေဗြဲ ၂း၁၄-၁၈။ ၄း၁၄၊၁၅။ ဂလာတိ ၄း၎၊၅ သည် သမ္မာကျမ်းစာမှဧ၀ံဂေလိတရားကို လိုရင်း တိုရှင်းဖြစ်သည့်ကျမ်းချက်တစ်ခုဖြစ်သည်။ လူ့သမိုင်းတွင် ယေရှုပေါ်ထွန်းတော် မူခြင်းသည် အမှတ်မထင်ဖြစ်ရပ်မဟုတ်ချေ။ “သားတော်ကိုဘုရားသခင်သည် စေလွှတ်တော်မူ၏။” တစ်နည်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို အစပြုတော်မူခဲ့သည်။
ဤစကားလုံးများသည်လည်း ခရစ်ယာန်တို့၏အခြေခံယုံကြည်ချက် ဖြစ်သော ခရစ်တော်၏ထာဝရဘုရားဖြစ်ကြောင်းကို အကြွင်းမဲ့ဖော်ပြသည် (ယောဟန် ၁း၁-၃၊၁၈။ ဖိလိပ်္ပိ ၂း၅-၉။ ကောလော ၁း၁၅-၁၇)။ ဘုရားသခင် သည် ကောင်းကင်တမန်ကိုမစေလွှတ်ခဲ့ချေ။ သူကိုယ်တော်တိုင်ကြွလာတော်မူ ခဲ့သည်။
ကိုယ်တော်သည် အစအဦး၌ရှိနှင့်တော်မူသော ဘုရားသခင်၏သား တော်ဖြစ်သော်လည်း၊ ယေရှုသည် “မိန်းမမှမွေးဖွားသူ” လည်းဖြစ်တော်မူ သည်။ ဤအချက်သည် အပျိုကညာမှမွေးဖွားခြင်းကိုဆိုလိုသော်လည်း၊ ကိုယ်တော်၏စစ်မှန်သောလူသားဇာတိကို သာ၍တိကျခိုင်မာစွာဆိုလိုခြင်း ဖြစ်သည်။
“ပညတ်တရားအောက်၌ဖွားမြင်” သည် ဟူသောစကားစုသည် ခရစ်တော်၏ယုဒမျိုးနွယ်ဖြစ်ခြင်းကိုသာမက၊ ကျွန်ုပ်တို့၏အပြစ်တင်ရှုတ်ချ ခြင်းကိုခံယူတော်မူသည် ဟူသောအချက်ကိုလည်းညွှန်ပြသည်။
ခရစ်တော်သည် ကျွန်ုပ်တို့လူသားဇာတိခံယူရန်လိုအပ်သည်၊ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမကယ်တင်နိုင်သောကြောင့်ဖြစ် သည်။ မိမိ၏ဘုရားဇာတိကို ကျွန်ုပ်တို့၏ကျရှုံးသောလူသားဇာတိနှင့်ပေါင်းစပ် ခြင်းဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၏အစားထိုး၊ ကယ်တင်ရှင်နှင့် ယဇ်ပုရောဟိတ်မင်းဖြစ်ရန် တရားဝင်ဘောင်ဝင်တော်မူသည်။ ဒုတိယအာဒံ အနေဖြင့် ပထမအာဒံသည် နားမထောင်ခြင်းကြောင့် ဆုံးရှုံးခဲ့သောအရာ အားလုံးကိုပြန်ရွေးယူရန် ကိုယ်တော်ကြွလာတော်မူခဲ့သည် (ရောမ ၅း၁၂- ၂၁)။ မိမိ၏နားထောင်ခြင်းဖြင့် ပညတ်တရား၏တောင်းဆိုမှုများကို ပြည့်စုံ စွာဖြည့်စွက်တော်မူကာ၊ ထိုနည်းအာြး ဖင့် အာဒံ၏၀မ်းနည်းဖွယ်ကျရှုံးခြင်းမှ ရွေးနုတ်တော်မူသည်။ ပြီးနောက် ကပ်တိုင်ပေါ်မှမိမိ၏သေခြင်းအားဖြင့် ပညတ် တရားတောင်းဆိုသော အပြစ်သား၏သေခြင်းကို ဖြည့်ဆည်းပေးတော်မူကာ ဤအကြောင်းကြောင့် စစ်မှန်သောယုံကြည်ခြင်းနှင့်ဆက်ကပ်အပ်နှံခြင်းဖြင့် မိမိထံသို့လာသောသူအားလုံးကို ရွေးနုတ်ရသောအခွင့်ကိုရရှိတော်မူသည်။
ဗုဒ္ဓဟူး သြဂုတ် ၁၆
မွေးစားခြင်း၏အခွင့်အရေးများ (ဂလာတိ ၄း၅-၇)
ဂလာတိ ၄း၅-၇ တွင် ခရစ်တော်သည် “ပညတ်တရားအောက်၌ ရှိသော ငါတို့ကိုရွေးနုတ်” (အခန်းငယ် ၅) တော်မူသည်ကို အလေးပေး ခြင်းဖြင့် ပေါလုသည် မိမိ၏အာဘော်ကိုတိုးချဲ့လာသည်။ “ရွေးနုတ်သည်” ဟူသောစကားလုံးသည် “ပြန်ဝယ်ယူသည်” ဟုဆိုလိုသည်။ ၎င်းင်းသည် ဓားစာခံ (သို့မဟုတ်) ကျွန်တစ်ဦး၏လွတ်လပ်မှုကို ၀ယ်ယူရန်ပေးချေရ သည့်အဖိုးအခကိုရည်ညွှန်းသည်။ ဤအခြေအနေအရဆိုသော် ရွေးနုတ်ခြင်း သည် အပျက်သဘောဆောင်သောနောက်ခံအကြောင်းဖြစ်သည့် တစ်စုံတစ်ဦး သည်လွတ်မြောက်ခြင်းရရှိရန်လိုအပ်ကြောင်းကို ညွှန်ပြသည်။
ကျွန်ုပ်တို့သည် မည်သည့်အရာမှလွတ်မြောက်ရန်လိုအပ်သနည်း။ ဓမ်္မသစ်ကျမ်းသည် အခြားအရာထဲမှလေးခုကိုတင်ပြထားသည်။ (၁) နတ်ဆိုး နှင့်သူ၏လှည့်ဖြားမှုများမှလွတ်မြောက်ရန် (ဟေဗြဲ ၂း၁၄၊၁၅)၊ (၂) သေခြင်း မှလွတ်မြောက်ရန် (၁ကော ၁၅း၅၆၊၅၇)။ (၃) သဘာဝအားဖြင့် ကျွန်ုပ်တို့ အား ကျွန်ပြုသောတန်ခိုးမှလွတ်မြောက်ရန် (ရောမ ၆း၂၂) နှင့် (၄) ပညတ် တရား၏အပြစ်တင်ရှုတ်ချခြင်းမှလွတ်မြောက်ရန် (ရောမ ၃း၁၉-၂၄။ ဂလာတိ ၃း၁၃။ ၄း၅) တို့ဖြစ်ကြသည်။
ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ရယူပေးခဲ့သည့် ရွေးနုတ်ခြင်းအရာ ၌ မည်သည့်အဩပသဘောဆောင်သောရည်ရွယ်ချက်ရှိသနည်း။ ဂလာတိ ၄း၅- ၇။ ဧဖက် ၁း၅။ ရောမ ၈း၁၅၊၁၆၊၂၃။ ၉း၎၊၅။
ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ပြီးမြောက်စေတော်မူခဲ့သောအရာ ကို “ကယ်တင်ခြင်း” အဖြစ် ကျွန်ုပ်တို့မကြာခဏပြောဆိုကြသည်။ ဤအရာ သည် မှန်ကန်သော်လည်း၊ ပေါလုသည် တစ်မူထူး၍အသုံးဩပသော “မွေးစား ခြင်း” ဟူသောစကားလုံးကဲ့သို့ရှင်းလင်းကာ သရုပ်ဖော်ပြနိုင်ခြင်းမရှိချေ။ ဤစကားလုံးကို ဓမ္မသစ်ကျမ်းတွင်အသုံးဩပသူမှာ ပေါလုတစ်ဦးတည်းဖြစ် သော်လည်း Greek အတွေးအခေါ်လွှမ်းမိုးသော ရောမအင်ပါယာတွင်မွေးစား ခြင်းမှာ လူသိများသောဥပဒေဆိုင်ရာလုပ်ငန်းစဉ်ဖြစ်သည်။ ပေါလုအချိန်က ရောမဧကရာဇ်မင်းတချို့သည် တရားဝင်အမွေခံမရှိသောအခါ မိမိရာထူးကို ဆက်ခံမည့်မွေးစားသားများကို ရွေးချယ်လေ့ရှိကြသည်။ မွေးစားခြင်းတွင် အခွင့်အရေးများစွာကို အာမခံချက်ပေးသည်။ “(၁) မွေးစားသားသည် မွေးစား သူ၏သားအမှန်ဖြစ်လာသည်။ (၂) မွေးစားသူသည် ထိုကလေးကိုကောင်းမွန် စွာမြေတောင်မြှောက်ပေးရန်နှင့် အစားအစာ၊ အ၀တ်အစားလိုအပ်ချက်များကို စီစဉ်ပေးရန်သဘောတူထားသည်။ (၃) မွေးစားသူသည် မိမိ၏မွေးစားသား ကိုစွန့်ပယ်၍မရချေ။ (၄) ထိုကလေးကို ကျွန်အဆင့်သို့လျှော့ချ၍မရပါ။ (၅) ထိုကလေး၏မွေးသည့်မိဘတို့သည် သူ့ကိုပြန်တောင်းယူပိုင်ခွင့်မရှိချေ။ (၆) ထိုမွေးစားခြင်းသည် အမွေခံရသောအခွင့်ကိုမြဲမြံစေသည်။” (Derek R. Moore-Crispin, Galatians 4:1-9: The Use and Abuse of Parallels, “The Evangelical Quarterly, vol. LXI/No. 3 (1989), p. 216.
လောကအဆင့်တွင် ဤအခွင့်အရေးများကိုအာမခံပေးထားသော်၊ ဘုရားသခင်၏သားသမီးများအဖြစ် ကျွန်ုပ်တို့အားမွေးစားခြင်း၌ မည်မျှသာ၍ ကြီးမားသောအခွင့်အရေးများရှိမည်ကို တွေးကြည့်ပါ။
ဂလာတိ ၄း၆ ကိုဖတ်ပြီး၊ ဟေဗြဲစကားလုံး Abba (အဘ)သည် အဖေကိုယနေ့ “ဒယ်ဒီ” (သို့မဟုတ်) “ပါးပါး” ဟုခေါ်သကဲ့သို့ မိမိတို့၏ ဖခင်ကို သားသမီးများကခေါ်ရာတွင် အသုံးပြုသောစကားလုံးဖြစ်သည်ကို နားလည်ပါ။ ယေရှုသည် ၎င်းင်းကိုဆုတောင်းရာတွင်အသုံးဩပသည် (မာကု ၁၄း၃၆)။ ထိုနောက် ဘုရားသခင်၏သားသမီးများအနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ““အဘ”” ဟုခေါ်ရသောအခွင့်လည်းရှိသည်။ သင့်ကိုယ်ပိုင် အသက်တာ၌ ဤကဲ့သို့သောဘုရားသခင်နှင့်နီးနီးကပ်ကပ်ဆက်ဆံမှုမျိုးရှိသည် ကို သင်ပျော်ရွှင်ပါသလား။ အကယ်၍ မပျော်ရွှင်သော်မည်သည့်ပြဿနာ ရှိသနည်း။ ဤနီးစပ်မှုရရှိရန် မည်သည့်ပြောင်းလဲမှုကိုဖော်ဆောင်ရမည်နည်း။
ကြာသပတေး သြဂုတ် ၁၇
အဘယ်ကြောင့်တစ်ဖန်ကျွန်ခံလိုကြသနည်း (ဂလာတိ ၄း၈-၂၀)
ဂလာတိ ၄း၈-၂၀ ကိုဖတ်ပါ။ ဤကျမ်းချက်မှပေါလုပြောနေသော အရာကို အောက်ပါမျဉ်းများပေါ်တွင်အတိုချုံးပါ။ ဂလာတိလူတို့ထဲက မှားယွင်းသောသွန်သင်ချက်များကို သူသည် မည်မျှအရေးထားသနည်း။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ပေါလုသည် ဂလာတိလူတို့၏ဘာသာရေးကျင့်စဉ်များသဘောသဘာဝ အတိအကျကို မဖော်ပြသော်လည်း၊ ၀ိညာဉ်ရေးကျွန်ဩပခံရခြင်းဖြစ်စေသော မှားယွင်းသောဝတ်ဩပကိုးကွယ်မှုစနစ်သည် စိတ်ထဲ၌ရှိနေကြောင်း ရှင်းနေပေ သည်။ အမှန်တကယ်၎င်းင်းမှာ အလွန်အန်္တရာယ်ကြီးပြီး ဖျက်ဆီးနိုင်စွမ်းကြီး သည်ဟု သူယူဆသောကြောင့် စိတ်ခံစားမှုအပြည့်နှင့်စာရေးကာ၊ သူတို့၏ လုပ်ရပ်သည် သားအဖြစ်မှကျွန်ဘ၀သို့လှည့်ပြန်သွားခြင်းနှင့်တူကြောင်း ဂလာတိလူတို့ကို သတိပေးခြင်းဖြစ်သည်။
ပေါလုသည် အသေးစိတ်အချက်အလက်များကိုမပြောသော်လည်း၊ သူသည် ထိုမျှလောက်ကန့်ကွက်စေရန် ဂလာတိလူတို့သည် မည်သည့်အရာ ကိုဩပလုပ်သည်ဟု ပေါလုပြောဆိုသနည်း။ ဂလာတိ ၄း၉-၁၁။
ပေါလု၏ “နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလ” (ဂလာတိ ၄း၁၀) ဟူသောပြောဆိုချက်ကို လူအများသည် ၀ိနည်းထုံးဖွဲ့ပညတ်များကိုသာမက၊ ဥပုသ်နေ့ကိုလည်း ကန့်ကွက်သည့်ပုံစံမျိုးဖြင့်အနက်ပြန်ဆိုကြသည်။ သို့သော် ငြားလည်း ထိုကဲ့သို့သောအနက်ပြန်ဆိုခြင်းသည် ထင်ရှားသည့်သက်သေ အထောက်အထား၏ပြင်ပဘက်သို့ ရောက်ရှိသွားသည်။ အကယ်၍ ပေါလု သည် ယုံကြည်သူအသစ်များအတွက် ဥပုသ်နေ့နှင့်အခြားသောယုဒလူတို့ ကျင့်စဉ်တချို့ကို အမှန်တကယ်ရွေးချယ်ဖော်ပြလိုသည်ရှိသော်၊ ကောလောသဲ ၂း၁၆ တွင် ၎င်းင်းတို့ကိုနာမည်တပ်ပြီး လွယ်ကူစွာခွဲခြားရွေးထုတ်နိုင်ကြောင်း ထင်ရှားသည်။ ဒုတိယအနေဖြင့် ဂလာတိလူတို့သည် မည်သည့်အရာပင် ပြုလုပ်နေစေကာမူ၊ ၎င်းင်းသည် ခရစ်တော်၌လွတ်လပ်ခြင်းမှအချုပ်အနှောင်သို့ သူတို့ကိုပို့ဆောင်နေကြောင်း ပေါလုရှင်းလင်းစွာဖော်ပြသည်။ “အကယ်၍ သတ္တမနေ့ဥပုသ်ကိုစောင့်ခြင်းသည် လူတစ်ဦးကိုအချုပ်အနှောင်၏သားကောင် ဖြစ်စေလျှင်၊ ဖန်ဆင်းရှင်သည် ကမ်္ဘာ့ပထမဆုံးဥပုသ်နေ့ကိုစောင့်တော်မူစဉ်က မိမိကိုယ်ကိုအချုပ်အနှောင်သို့ ပို့ဆောင်ခြင်းဖြစ်နေပေလိမ့်မည်။” (The SDA Bible Commentary, vol. 6, p. 967). အကယ်၍ ဥပုသ်နေ့ကိုစနစ်တကျစောင့် ခြင်းသည် လူတို့အားခရစ်တော်၌ရှိသောသူတို့၏လွတ်လပ်မှုကို ပိတ်ပင်ခြင်း ဖြစ်သော်၊ အဘယ်ကြောင့်ယေရှုသည် ဥပုသ်နေ့ကိုစောင့်ရုံသာမက၊ တခြား သူတို့အားမည်သို့မည်ပုံစောင့်ရမည်ကို သွန်သင်တော်မူခဲ့သနည်း။ (မာကု ၂း၂၇၊၂၈။ လုကာ ၁၃း၁၀-၁၆ တို့ကိုဖတ်ပါ။)
ခရစ်တော်၌ရှိသော ကျွန်ုပ်တို့၏လွတ်လပ်မှုကိုယူပစ်နိုင်သည့် သတ်္တမနေ့မြော်လင့်ခြင်းအသင်၏ကျင့်စဉ်တစ်ခုခုများရှိနိုင်ပါသလား။ (သို့မဟုတ်) ထိုပြဿနာဖြစ်နေသောကျင့်စဉ်များအစား၊ ၎င်းင်းကျင့်စဉ်များအပေါ် ကျွန်ုပ်တို့ ၏စိတ်နေသဘောထားသည်အဘယ်နည်း။ ဂလာတိလူတို့ကို ပေါလုသည် ပြင်းထန်စွာသတိပေးရလောက်သည့် အချုပ်အနှောင်မျိုးထဲသို့ပို့ဆောင်နိုင်သည့် မှားယွင်းသောစိတ်နေသဘောထားသည်အဘယ်နည်း။
သောကြာ သြဂုတ် ၁၈
ထပ်ဆင့်လေ့လာရန်။
“ကောင်းကင်အစည်းအဝေးတွင် လူတို့သည် အပြစ်ကျူးလွန်သူများ ဖြစ်သော်လည်း သူတို့၏နားမထောင်ခြင်းကြောင့် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ခရစ်တော်ကို မိမိတို့၏အစားထိုးသူနှင့်အာမခံသူအဖြစ် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်စိတ်ဆန်္ဒစေတနာမှန်ရှိသည်အတိုင်း မိမိအတွက်ယေရှုအားဖြင့် အမွေခံသားသမီးများဖြစ်စေရန် ဘုရားသခင်ဩကိတင်ပြဌာန်းသော ရွေးကောက် ခံများဖြစ်လာနိုင်ရန်အလို့ငှာ အထောက်အပံ့ကိုဩပလုပ်ခဲ့ပြီးဖြစ်သည်။ လူသား အားလုံးကိုကယ်တင်ရန် ဘုရားသခင်အလိုရှိတော်မူသည်။ လူသားများကို ရွေးနုတ်ရန် မိမိ၏တစ်ပါးတည်းသောသားတော်ကိုပေးခြင်းဖြင့် ပြည့်စုံလုံလောက် သောအထောက်အပံ့ကို ဩပလုပ်ခဲ့ပြီးဖြစ်သည်။ လူတချို့သည် ပျက်စီးကြ လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်၏အမွေခံသားသမီးများဖြစ်ရန် ငြင်းဆန်ကြသောကြောင့်ဖြစ်သည်။ လူတို့၏မာန်မာနသည် ကယ်တင်ခြင်းအထောက်အပံ့ကိုလက်ခံခြင်းမှ တားဆီး ထားသည်။ သို့သော် လူ၏ကုသိုလ်သည် ဘုရားသခင်၏ရှေ့တော်တွင် လက်ခံနိုင်ဖွယ်မရှိချေ။ လူတစ်ဦးအား ဘုရားသခင်ရှေ့တွင်လက်ခံစေနိုင်သော အရာမှာ ကိုယ်တော်၏နာမတော်ကိုယုံကြည်ခြင်းအားဖြင့် ခရစ်တော်ပေးသော ကျေးဇူးတော်ဖြစ်သည်။ အကျင့်များ (သို့မဟုတ်) ဘုရားသခင်ရွေးချယ်သော လူများဖြစ် ကြောင်း သက်သေအဖြစ် စိတ်ပျော်ရွှင်ခြင်း၌ မှီတွယ်နေ၍မရချေ။ အကြောင်းမှာ ရွေးကောက်ခံရသူများသည် ခရစ်တော်အားဖြင့်ရွေးချယ်ခြင်း ဖြစ်သည်။” (Ellen G. White, “Chosen in Christ,” Signs of the Times, January 2, 1893.)
-0-
إرسال تعليق
Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.