The Restoration of All Things: Sabbath School Lesson Myanmar 3rd Quarter Lesson 2


Sabbath School Lesson Myanmar

နိဒါန်း

ဧ၀ံဂေလိအပြည့်အစုံ

တရားဟောဆရာတစ်ဦးသည် သူ၏ကျမ်းစာအုပ်ကို ပရိသတ်ရှေ့ တွင်မြှောက်ပြလိုက်သည်။ ၎င်းကျမ်းစာမှာ အပေါက်အပြဲများနှင့်ပြည့်နေ သည်။ ကျမ်းစာကျောင်းတွင် သူနှင့်အတန်းဖော်များက ကျမ်းစာကိုအစအဆုံးဖတ်သွားပြီး တရားမျှတခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း စသည်တို့နှင့်ဆိုင်သောကျမ်းချက်များကို မျဉ်းသားခဲ့ကြပါသည်။ ထိုနောက် ထိုကျမ်းချက်များကို ကတ်ကြေးဖြင့်ညှပ်ထုတ်လိုက်ကြသည်။ ထိုအခါ ကျမ်းစာအုပ်သည် အစီစဉ်တကျမရှိတော့ချေ။ ကျမ်းစာတစ်ခုလုံးသည် ဤဆောင်ပုဒ်များပေါ်တွင် အထူးမှီနေသောကြောင့် ၎င်းတို့ကိုဖယ်ရှားလိုက်သောအခါ ကျမ်းစာထဲမှအရာများစွာပျောက်ဆုံးသွားပါသည်။ အပေါက်များနှင့်ပြည့်နေသောကျမ်းစာအုပ်သည် ဘုရားသခင်အမှုထားတော်မူသောအရာများကို အားကောင်းကောင်းဖြင့် ကျယ်လောင်စွာပြောနေပါသည်။
ဤဖြစ်ရပ်သည် မြော်လင့်ခြင်းအသင်းသူ/သားများအား မည့်သည့် အရာကိုပြောနေပါသနည်း။ အချက်များစွာရှိပါသည်။ သုတေသနြုပလုပ်ချက်အရ ၃၀ ရာခိုင်နှုန်းသောမြော်လင့်ခြင်းအသင်းသူ/သားများသည်အသင်းတော်ပြင်ပ၌ ရပ်ကွက်လူထုအကျိုးသယ်ပိုးရာတွင်ပါဝင်ကြသည်။ကျန်သော ၇၀ ရာခိုင်နှုန်းတို့သည် အဘယ်မှာရှိကြပါသနည်း။ ယေရှုသည်နောက်ဆုံးသောကာလ၌ရှိသော အသင်းသူ/သားအားလုံးကို ''ထာဝရဧ၀ံဂေလိတရား'' (ဗျာဒိတ် ၁၄း၆) ကိုဟောကြားရန် ဖိတ်ခေါ်နေတော်မူပါသည်။
ဧ၀ံဂေလိအပြည့်အစုံမှာအဘယ်နည်း။ လုကာ ၄း၁၆-၂၁ တွင်ဖော်ပြသော ယေရှု၏သာသနာလုပ်ငန်းက ပြည့်စုံသောဧ၀ံဂေလိတရားသည်ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းတည်းဟူသော သမ္မာတရားကိုဟောပြောခြင်းထက်ပိုကြောင်း ပြသနေပါသည်။ ယေရှုက ဧ၀ံဂေလိတရားဟောပြော ခြင်းသည် ဆင်းရဲသားများ၊ ဆာလောင်သူများ၊ ဖျားနာသူများ၊ နှလုံးကြေကွဲ သူများ၊ အဖိနှိပ်ခံများ၊ အနှိမ်ခံများနှင့်အကျဉ်းကျနေသူများတို့အား မေတ္တာ
နှင့်အကြင်နာပြသခြင်းကိုလည်း ဆိုလိုကြောင်းဖော်ပြပါသည်။ ၎င်းမှာ နောက်ဆုံးအချိန်တွင် ယေရှု၏အပြစ်အပေါ် အဆုံးစွန်အောင်နိုင်ခြင်းကို ရှုမျှော်လျက် အနည်းဆုံးမိမိတတ်နိုင်သည့်အတိုင်းအတာဖြင့် နတ်ဆိုး၏ လုပ်ဆောင်ချက်ကိုပြန်လှန်ပစ်ခြင်းနှင့် ကျမ်းစာထဲမှတရားမျှတခြင်းပင် ဖြစ်သည်။
ဤသုံးလပတ်တွင် ''ထာဝရဧ၀ံဂေလိတရား'' နှင့်ဆိုင်သော ကျမ်းချက် တစ်စုလုံးကိုလေ့လာကြမည်ဖြစ်ပြီး၊ ဤသတင်းစကားအားဖြင့် ပတ်ဝန်းကျင်ရှိ လူထုအသိုက်အ၀န်းအပေါ် အသင်းတော်၏အကျိုးသက်ရောက်စေမှုအပိုင်း
ကိုလည်း စစ်ဆေးကြမည်ဖြစ်သည်။ ''အသင်းတော်'' ကို မိမိတို့၏ကိုယ်
ကျိုးအတွက်သာ အသက်ရှင်ရပ်တည်နေခြင်းမဟုတ်ဘဲ၊ ယေရှု၏ဒေသနာတော်၌ဖော်ပြသော ထာဝရဧ၀ံဂေလိတရားကိုဟောကြားပြီး၊ ၎င်းသတင်း အတိုင်းအသက်ရှင်ရန်ခေါ်ထုတ်ခံရသောလူစုဟူ၍ ကျွန်ုပ်တို့အနက်ပြန်ဆို ထားပါသည်။ ၎င်းအနက်သည် ဧ၀ံဂေလိသတင်းဟောပြောခြင်းကိုသာ မဆိုလိုဘဲ၊ မိမိတို့၏ဒေသခံလူထု၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခြင်းဖြင့် အသက်ရှင်နေထိုင်ရန်ဆိုလိုပါသည်။

အဖွဲ့အစည်းအနေဖြင့်၊ သင်၏ဌာနအသင်းတော်သည် အကူအညီ လိုအပ်သူများကို မည်ကဲ့သို့မစသနည်း။ အသင်းတော်ဌာနအားလုံး (ဥပမာ၊ ကျန်းမာခြင်း၊ မိသားစု၊ လူငယ်၊ ဥပုသ်စာဖြေကျောင်း၊ အသင်းထောက်၊အသင်းထောက်မယ်စသည်ဖြင့်) သည် ဒေသခံလူထုနှင့် အသင်းသူ/သား
များကို အလုပ်အကျွေြးုပရန်ရှိနေခြင်းဖြစ်သည်။ မြော်လင့်ခြင်းလူထုအကျိုြးုပလုပ်ငန်း (Adventist Community Services - ACS)) သည် အသင်းတော်၏
ဧ၀ံဂေလိသတင်းကိုဖော်ပြပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကြားနာနိုင် စေရန်လမ်းကို ပြင်ဆင်ပေးထားပါသည်။

ကမ္ဘာ့နေရာတခိျု့တွင် ACS ကို ဒေါ်ကာအဖွဲ့ (သို့မဟုတ်) မြော်လင့်ခြင်းဖခင်များအဖွဲ့ (သို့မဟုတ်) အခြားနာမည်တစ်ခုခုဖြင့်မှည့်ခေါ်ကြသည်။ ADRA သည် NGO အဖွဲ့အစည်းကဲ့သို့ မြော်လင့်ခြင်းအသင်းတော်၏လူသားအကျိုြးုပလုပ်ငန်း/ဌာနဖြစ်သည်။ ၎င်းမှာ ဒေသခံအသင်းတော်၏လုပ်ငန်းမဟုတ်သော်လည်း လိုအပ်မှုများထံသို့ရောက်ရှိနိုင်ရန် အရေးပါသောအသင်းတော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ခရစ်တော်၌ သင့်အတွက်ဘုရားသခင်လုပ်ဆောင်ပေးခဲ့သောအရာအတွက် သင်တန်ဖိုးထားကြောင်းကို မည်ကဲ့သို့ဖော်ပြသနည်း။ အသင်းသားတစ်ဦးက အောက်ပါအတိုင်းဆိုထားပါသည်။

လမ်းမပေါ်တွင်မိန်းကလေးငယ်တစ်ဦးကိုတွေ့ခဲ့၏။ အအေးဒဏ်ကြောင့် အ၀တ်ပါးလေးထဲတွင်ခိုက်ခိုက်တုန်နေပါသည်။ ကောင်းသောအစားအစာအတွက် မျှော်လင့်ချက်အနည်းငယ်သာရှိ၏။ ကျွန်ုပ်သည်ဒေါသထွက်လာ၍၊ ဘုရားသခင်အားဤသို့ပြောခဲ့ပါသည်။
''ကိုယ်တော်၊ ဒီအရာကိုဘာလို့ခွင့်ြုပတာလဲ၊
ဒီမိန်းကလေးအတွက် ဘာလို့တစ်ခုခုမဆောင်ရွက်ပေးတာလဲ။''
ဘုရားသခင်သည်ခဏတာနှုတ်ဆိတ်နေခဲ့သည်။
ထို့နောက်ညအချိန်တွင်ချက်ချင်းပြန်ဖြေကြားတော်မူခဲ့သည်။
''ဒီအတွက်တစ်ခုခုကိုသေသေချာချာလုပ်ခဲ့ပါတယ်၊
မင်းကိုငါဖန်ဆင်းခဲ့ပြီ'' ဟူ၍။
Dwight Nelson, Pursuing the Passion of Jesus, 2005, p. 78.

Sabbath School Lesson 1, 3rd Quarter 2016

သင်ခန်းးစာ (၁)

''အရာခပ်သိမ်းးကိုအသစ်ပြုပြင်ခြင်း''

ဇွန် ၂၅ - ဇူလိုင် ၁

ဥပုသ်နေ့မွန်းလွဲပိုင်း   ဇွန် ၂၅

ဖတ်ရန်ကျမ်းချက်။ ကမ္ဘာ ၁း၂၆၊၂၇။ တရားဟော ၆း၅။ ကမ္ဘာ ၃း၈-
၁၉။ ယာကုပ် ၄း၎။ ဂလာတိ ၄း၁၉။ မာကု ၂း၁-၁၂။ ယောဟန် ၁၀း၁၀။
အလွတ်ကျမ်းချက်
''ထိုသုသို့ဘုရုရားသခင်သ်သည် မိမိပုံုံသုသဏ္ဌာန်နှင့်အအညီ လူကိုဖန်ဆင်း တော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာာန်တော်နှင့်အညီ လူယောကျာ်း၊လူမိန်းမကိုဖန်ဆင်းပြီးလျှင်'' (ကမ္ဘာ ၁း၂၇)။
တစ်စုံတစ်ဦးလုပ်ရမည့်အရာတစ်ခုမှာ ကမ္ဘာကြီး၊ အိမ်နီးချင်းနှင့် မိမိ၏ပတ်လည်ကိုကြည့်ပြီး၊ ဆိုလိုရင်းအဓိပ္ပါယ်ကိုတွေ့ရှိနိုင်ရန်ဖြစ်သည်။ ၎င်းဆိုလိုရင်းအဓိပ္ပါယ်မှာအဘယ်နည်း။ တစ်စုံတစ်ခုသောအရာသည် အမှားကြီးမားနေပါသည်။
၎င်းမဟာအမှားကြီးကိုကျရှုံးခြင်းဟူ၍လည်းကောင်း၊ ပုန်ကန်ခြင်းဟူ၍လည်းကောင်း၊ ဟာတိုက်လှန်ပွဲ ဟူ၍လည်းကောင်း ခေါ်ဆိုပါသည်။
သို့ရာတွင် ကောင်းသောသတင်းမှာ မဟာအမှားသည် အမြဲ တည်ရှိနေမည်မဟုတ်ချေ။ ၎င်းသည်  ထာဝရတည်တံ့နေမည်မဟုတ်ချေ။ ယေရှုသည်ြွကလာကာ၊ မ္ဘာလူသားများ အတွက်အသေခံပြီး ပြန်ကြွလာမည်ဟု ကတိထားတော်မူခဲ့သည်။ ထိုကတိတော်ပြည့်စုံလာသောအခါ ဤ
လောကနှင့်ဆိုင်သော မည်သည့်အရာမျှကျန်ရှိနေမည်မဟုတ်ချေ။ ထို့အစား ကိုယ်တော်၏နိုင်ငံတော်သစ်စတင်ပါလိမ့်မည်။ ''ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည်အခြားသောလူမျိုးလက်သို့မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့
ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်'' (ဒံယေလ ၂း၄၄)။

မည်မျှကောင်းသောအသစ်ဖန်ဆင်းခြင်းဖြစ်ပါသနည်း။ သို့ရာတွင် နဂိုမူလအဖြစ်ဖန်ဆင်းခြင်းစတင်ရန်အတွက် ဒုတိယအကြိမ်ကြွလာတော်မူမည့်အချိန်ထိတိုင် စောင့်နေရန်မလိုအပ်ချေ။ ခရစ်တော်၌ရှိသောသူသည် ယခုပင်အသစ်သောသတ္တ၀ါဖြစ်ကြပြီး (၂ကော ၅း၁၇)၊
ယေရှု၏သဏ္ဌာန်တော်နှင့်ကိုက်ညီစေရန် ကျွန်ုပ်တို့အားသတ်မှတ်ထားပြီး ဖြစ်သည်။ (ရောမ ၈း၂၉)။ ကိုယ်တော်သည် ကျွန်ုပ်တို့အားခေါ်တော်မူပြီး၊ သူ၏အသင်းတော်အဖြစ် ခွန်အားနှင့်ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့်ကျွန်ုပ်တို့သည် တစ်ပါးသူများကိုလည်း မူလအခြေအနေပြန်ရောက်စေရန်လုပ်ဆောင်နိုင်ပါသည်။

တနင်္ဂနွေ ဇွန် ၂၆

ဘုရားသခင်၏ပုံသဏ္ဌာန်။

လူသားများကိုနဂိုမူလတွင် ဘုရားသခင်၏ ''ပုံသဏ္ဌာန်'' (ကမ္ဘာ၁း၂၇) နှင့်အညီဖန်ဆင်းထားသည်ဟု ကျမ်းစာကဖော်ပြပါသည်။ ၎င်းပုံသဏ္ဌာန်သည် နှစ်ဖက်မြင် [ကြည့်မှန် သို့မဟုတ် ဓာတ်ပုံ] သို့မဟုတ်သုံးဖက်မြင် [ရုပ်တု သို့မဟုတ် သုံးဖက်မြင်ဓာတ်ပုံ] တစ်ခုခုဖြစ်နိုင်ပါသည်။ပုံသဏ္ဌာန်ဆိုသည်မှာ ကျွန်ုပ်တို့၏စိတ်ထဲ၌စဉ်းစားသောအကြံအစည်၊ ပုံရိပ်တစ်ခု စသည့်ကိုင်တွယ်၍မရသောအရာ များလည်းဖြစ်နိုင်ပါသည်။ ကျမ်းစာက
မည်သည့်အရာကိုဆိုလိုပါသနည်း။
ကမ္ဘာ ၁း၂၆၊၂၇ ကိုဖတ်ပါ။  ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခြင်းကို ကျမ်းစာကမည်ကဲ့သို့ရှင်းပြသနည်း။ ကမ္ဘာ ၁း၃၁။ တရားဟောရာ ၆း၅ နှင့် ၁သက် ၅း၂၃ ကိုလည်းဖတ်ပါ။
ကျွန်ုပ်တို့၏မိဦးဖဦးတို့အားဖန်ဆင်းခြင်းနှင့်အတူ ဘုရားသခင်သည် လူယောကျာ်း၊ လူမိန်းမဟူသော ဤကမ္ဘာပေါ်အသက်တာ၏စံချိန်စံညွှန်းကို ချပေးတော်မူခဲ့သည်။ ထိုအချိန်က ဖန်ဆင်းသမျှအားလုံးထဲမှ သူတို့သာလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်ကိုဆောင်ကြသည်။ သူတို့သည် လူဝံ (မျောက်)
များမှပြောင်းလဲလာခြင်းမဟုတ်ချေ။ လူသားအဖြစ်၊ သူတို့နှင့်ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိ သက်ရှိအားလုံးနှင့်လုံးဝခြားနားပါသည်။ ဤခြားနားချက်ကို ပေါ့လျော့စေသော ဘာသာရေးသွန်သင်ချက်တစ်ခုခုသည် လူသား၏အဆင့်ကိုလျှော့ချရာရောက်ပေသည်။
ဘုရားသခင်သည် ''သူတို့ကိုအာဒံအမည်ဖြင့်မှည့်တော်မူ၏'' (ကမ္ဘာ
၅း၂)။ ဆိုလိုသည်မှာ သူတို့နှစ်ဦးသည် ယောကျာ်း၊ မိန်းမဟူ၍ မတူ ခြားနားကြသော်လည်း တစ်ဦးတည်းဖြစ်နေကြသေးသည်။ သူတို့၏ပြည့်ဝ၊
ပြည့်စုံခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်ကို ကိုယ်စာြးုပ ခဲ့ကြသည်။
ဘုရားသခင်၏ပုံသဏ္ဌာန်သဘောသဘာဝသည် ပြည့်စုံခြင်းမည် ၏။ ''အာဒံသည် ဖန်ဆင်းရှင်၏ လက်တော်မှထွက်လာသောအခါ သူ၏ ကိုယ်ကာယ၊ ဥာဏ၊ ၀ိညာဉ်ရေးသဘောသဘာဝတို့၌ ဖန်ဆင်းရှင်နှင့်ဆင်တူသောသဏ္ဌာန်ကို ဆောင်ထားခဲ့သည်'' (Ed. p 15).
''ပုံသဏ္ဌာန်'' ဟူသော စကားသည် ဟေဗြဲစကား tselem မှလာပြီး၊ ''ဆင်တူဖြစ်ခြင်း'' မှာ demuth မှလာသည်။ ဤစကားလုံးများသည် ကိုယ်
ကာယ (tselem) နှင့် လူသား၏၀ိညာဉ်ရေးနှင့်စိတ်ပိုင်းဆိုင်ရာတို့ကို အတွင်း
ပိုင်း (demuth) ဟူသောအဓိပ္ပါယ်မျိုးလည်း သက်ရောက်နိုင်သည်။ အယ်လင်ဂျီဝှိုက်က လူကိုဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းသည်ဟုဆိုရာတွင် ''ကိုယ်ကာယနှင့်စာရိတ္တတို့ဆင်တူအောင်'' ဖန်ဆင်းသည်ဟုဆိုပါသည်။
(PP. p 45).
တရားဟောရာကျမ်း ၆း၅ က၊ လူသားတို့၏၀ိညာဉ် (၀ိညာဉ်ရေးရာ)၊ စိတ်နှလုံး (ဥာဏဆိုင်ရာ) နှင့်ခွန်အား (ကိုယ်ကာယ) တည်းဟူ
သောရှုထောင့်များကို ဖော်ပြသည်။ ဤကဲ့သို့သောဖော်ပြချက်မျိုးကို
၁သက်သာလောနိတ် ၅း၂၃ တွင်တွေ့ရသည်။ လူကိုဘုရားသခင်၏ပုံသဏ္ဌာန်
နှင့်အညီဖန်ဆင်းသည်ဟုဆိုရာဝယ် ဤကဏ္ဍသုံးခုစလုံးသည် အလိုအလျောက်
ပါဝင်နေပါသည်။
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းသည်ဟူသော အယူအဆတွင်၊ နောက်ထပ်ပြောဆိုရန် များစွာရှိနေသေးသော်လည်း ကျမ်းစာထဲမှ
ရှင်းလင်းနေသောအရာတစ်ခုမှာ လူသားများသည် ဤကမ္ဘာပေါ်ရှိအရာများ နှင့်မတူ၊ တစ်မူထူးခြားနေခြင်းဖြစ်သည်။ အခြားသောသတ္တ၀ါများသည်လူသားများနှင့်နီးစပ်မှုမရှိကြချေ။ ဤခြားနားချက်ကို စိတ်ထဲတွင်အမြဲသိမ်း
ထားရန်လိုအပ်ခြင်းမှာ ဘယ်ကြောင့်အရေးကြီးသနည်း။

တနင်္လာ ဇွန် ၂၇

ကျရှုံးခြင်းနှင့်၎င်း၏နောက်ဆက်တွဲ။

ကျမ်းစာသည် ဖန်ဆင်းခြင်းနှင့်ကျရှုံးခြင်းအကြား အချိန်မည်မျှကြာ သည်ကို မဖော်ပြထားချေ။ ရက်ပေါင်း၊ ပတ်ပေါင်း၊ နှစ်ပေါင်းမည်မျှရှိခဲ့သည်ကိုကျွန်ုပ်တို့မသိနိုင်ပါ။
သို့ရာတွင်ကျွန်ုပ်တို့သိရှိသောအရာမှာကျရှုံးခြင်းနှင့်၎င်း၏ အကျိုးဆက်သည် ချက်ချင်းနေ့ချင်းဖြစ်သည်။
ကောင်းမကောင်းသိကျွမ်းရာအသီးကို အာဒံနှင့်ဧ၀စားပြီးနောက်
ပထမဖော်ပြသောရလဒ်မှာ မိမိတို့သည် အ၀တ်အစားဝတ်ဆင်ခြင်းမရှိကြောင်း
ကို သိရှိလာခြင်းဖြစ်သည်။ (ကမ္ဘာ ၃း၇)။ သူတို့သည် ဘုရားသခင်၏
ရှေ့တော်မှပုန်းကွယ်ရန်ြုကိးစားခဲ့ကြသည်။ သူတို့၏တောက်ပသောဝတ်စုံများ
ပျောက်ကွယ်သွားခဲ့ပါသည်။ (PP. p 57). ဆိုးယုတ်သောအတ္တစိတ်နှင့်ရင်းနှီး
စွာဆက်ဆံနေကြကြောင်းကို သူတို့တွေ့ရှိလာသောကြောင့် ဘုရားသခင်နှင့်
ရင်းနှီးစွာဆက်ဆံခြင်းကို ထိခိုက်စေခဲ့ပါသည်။ ထိုနောက် ဘုရားသခင်သည်ရှေးဦးဇနီးမောင်နှံနှစ်ဦးကို အပြစ်ကသူတို့အတွက် ဖန်တီးပေးသောအကျိုးဆက်
နှင့်ပတ်သက်၍ ပညာပေးရန်ရှာကြံခဲ့ရပါသည်။
အောက်ပါကျမ်းချက်များကိုဖတ်ပြီး၊ ၎င်းတို့တစ်ခုချင်းစီမှ အာဒံ နှင့်ဧ၀တို့၏အပြစ်ကြောင့် ချက်ချင်းဖြစ်ပေါ်လာသောအကျိုးဆက်များကို
ဖော်ထုတ်ပါ။ ယနေ့တွင်လည်း ထိုအကျိုးဆက်များသည် မည်ကဲ့သို့ပေါ်လွင်
နေပါသနည်း။
ကမ္ဘာ ၃း၈-၁၀ -------------------------------------
ကမ္ဘာ ၃း၁၂ -------------------------------------
ကမ္ဘာ ၃း၁၃ -------------------------------------
ကမ္ဘာ ၃း၁၆ -------------------------------------
ကမ္ဘာ ၃း၁၇-၁၉ -------------------------------------
ကျရှုံးခြင်းသည်အမှန်ဖြစ်ကြောင်း၊ ခက်ထန်ကြောင်း၊ လူသားမျိုးနွယ် အတွက် ကြောက်မက်ဖွယ်ရာအကျိုးဆက်ရှိကြောင်း မေးစရာမေးခွန်းမရှိချေ။ ရှည်လျား၍၀မ်းနည်းဖွယ်လူ့သမိုင်းသည် လက်ရှိအချိန်တိုင်အောင်
အပြစ်၏ထိတ်လန့်ဖွယ်အကျိုးဆက်ကိုဖော်ပြနေပါသည်။
တစ်နေ့တွင် အပြစ်၏ကံဆိုးမိုးမှောင်ကျခြင်းသည်ပြီးဆုံး၍၊ မည်သည့်
အခါမျှပြန်လည်ပေါ်ပေါက်လာတော့မည်မဟုတ်ကြောင်း ကတိတော်အတွက် ကျွန်ုပ်တို့သည် မည်မျှပင်ဝမ်းမြောက်နိုင်ပါမည်နည်း။
မည်သည့်နည်းလမ်းများအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့အပြစ်၏အကျိုးဆက်များနှင့် နေ့စဉ်အသက်ရှင်နေကြပါသနည်း။

အင်္ဂါ ဇွန် ၂၈

ရန်ြုငိးဖွဲ့ခြင်းနှင့်အပြစ်ဖြေခြင်း။

ကမ္ဘာ ၃း၁၄၊၁၅ ကိုဖတ်ပါ။ ဘုရားသခင်သည် စာတန်အား ''သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို
လည်းကောင်း၊ ငါသည်ရန်ြုငိးဖွဲ့စေမည်'' (ကမ္ဘာ ၃း၁၅)။ ဤအချက်တွင်ကျွန်ုပ်တို့သည်မိမိအတွက် မည်သည့်မျှော်လင့်ချက်ကို တွေ့ရှိနိုင်သနည်း။
ဟေဗြဲစကားမှရန်ြုငိးဖွဲ့ခြင်းဟူသော စကားလုံး၏အရင်းအမြစ်သည်မုန်းတီးခြင်း နှင့်ရန်သူဟူသော ဟဗြဲစကားလုံးနှင့် အတူတူပင်ဖြစ်သည်။
ကောင်းမကောင်းသိကျွမ်းရာအသီးကိုစားခြင်းအားဖြင့် ဇနီးမောင်နှံနှစ်ဦးသည် မိမိတို့နှင့်လူသားအားလုံးကို ဘုရားသခင်နှင့်ရန်ဘက်ဖြစ်စေခဲ့သည်။ (ရောမ
၅း၁၀။ ကောလော ၁း၂၁။ ယာကုပ် ၄း၎ တို့ကိုဖတ်ပါ။) ဤနေရာမှဘုရားသခင်၏ကတိတော်သည် ဘုရားသခင်ကလူသားများကို မိမိအထံ
တော်သို့ပြန်လည်ဆွဲယူရန် ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။
ထိုနည်းအားဖြင့် သူတို့၏ရန်ြုငိးကို စာတန်ဘက်သို့မြားဦးလှည့်ပေးပါသည်။
ထိုကြောင့် ၎င်းရန်ြုငိးကို မိမိထံမှစာတန်ဘက်သို့လွှဲပြောင်းလိုက်ခြင်းအား
ဖြင့် ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်အခြေခံစည်းမျဉ်းများကို
မကျူးလွန်ဘဲ တစ်ချိန်တည်းတွင်လူသားများကိုကယ်တင်နိုင်ရန် လမ်းကြောင်းကိုပြင်ဆင်ပေးခဲ့သည်။ ဤစီမံကိန်းကို မူရင်းအဓိပ္ပါယ်၌ ဘုရားသခင်သည်
မည်သည့်အရာကြိုပလုပ်ခဲ့ပြီး၊ ကျရှုံးခြင်းကြောင့် ဆုံးရှုံးခဲ့ပြီးသောအရာကိုနောက်ဆုံးတွင် နဂိုမူလအတိုင်းပြန်ဖြစ်စေရန်အလို့ငှာြုပုလုပ်မည့်အရာကို ''အပြစ်ဖြေခြင်း'' ဟူ၍သိရှိရသည်။
အောက်ပါကျမ်းချက်များသည် အပြစ်ဖြေခြင်းအကြောင်းကို မည်ကဲ့သို့ဖော်ပြသနည်း။ ၀တ်ြုပ ၁း၃၊၄။ ၁ကော ၅း၇။ ၁ယောဟန် ၁း၉။
ကျမ်းစာလေ့လာသူများသည် မည်ကဲ့သို့အပြစ်ဖြေခြင်းဖြစ်လာသည်ကိုပြောဆိုရာတွင် အစားလျှော်ပေးခြင်းဟူသောစကားကို သုံြးုပကြသည်။
၎င်းသည် လက်တင်စကား expiare မှဆင်းသက်ပြီး၊ မှားယွင်းသောလုပ်ဆောင်မှုများအတွက် ပြေလည်အောင်လျှော်ပေးသည်ဟူသောအယူအဆ
ပါဝင်သည်။ လူတစ်ဦးသည် အမှာြးုပလုပ်၍ ဥပဒေကျူးလွန်သောအခါ၊ တရားမျှတခြင်းသည် ၎င်းအမှားအတွက် အပြစ်ဒဏ်ကိုတောင်းဆိုလာသည်။
အပြစ်ရှိသောသူသည် သြူုပုမိသောအရာအတွက်၊ ''အဖွဲ့အစည်းအားအကြွေးတင်သည်'' ဟူသော အင်္ဂလိပ်တို့၏အဆိုရှိသည်။ မိမိတို့၏အခြေအနေတွင် ကျွန်ုပ်တို့အပြစ်ြုပလုပ်ကြသည်။ သို့ရာတွင် ကယ်တင်ခြင်းစီမံကိန်း၌၊ အပြစ်ဖြေခြင်းတည်းဟူသော ခရစ်တော်၏ဆည်းကပ်အသေခံခြင်းသည် အပြစ်၏တရားဝင်အကျိုးအဆက်များမှသက်သာစေပါသည်။ ထို့အစား၊ ခရစ်တော်ကိုယ်တိုင် ကျွန်ုပ်တို့အပြစ်
အတွက်ပေးဆပ်ခဲ့ပြီးဖြစ်သည်။ တရားဥပဒေအရ (ဘုရားသခင်၏အစိုးရတွင်ဥပဒေများရှိသည်။) ကျွန်ုပ်တို့ခံရမည့်ပြစ်ဒဏ်အတွက် ယေရှုအားအစား
ထိုးခဲ့ပြီးဖြစ်သည်။ ထိုနည်းအားဖြင့်တရားဥပဒေ၏ တောင်းဆိုချက်ကို ပြည့်စုံစေသော်လည်း၊ ကျွန်ုပ်တို့ကိုယ်စား ထိုတောင်းဆိုချက်များသည် ယေရှု
၌ပြည့်စုံခဲ့ပါသည်။ အပြစ်သားကျွန်ုပ်တို့အမှားမျာြးုပလုပ်ခဲ့ကြသော်လည်း
ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရပြီး၊ ကိုယ်တော်ရှေ့တော်၌ အပြစ်ကင်းစင်ပါသည်။ ဤအရာသည် ''အလုံးစုံသောအရာတို့ကိုအသစ်ြုပပြင်'' (တမန်၃း၂၁) တွင်အရေးပါပြီး၊ အခြေခံကျပါသည်။

ဗုဒ္ဓဟူး ဇွန် ၂၉

ယေရှု၌အသစ်ြုပပြင်ခြင်း။

''ခရစ်တော်သည် သင်တို့အထဲ၌တည်လျက်ရှိတော် မူသည်တိုင်အောင် သင်တို့အဖို့သားဖွားခြင်း ဝေဒနာကိုငါခံရ၏'' (ဂလာတိ ၄း၁၉)။
အစမူလတွင် ကျွန်ုပ်တို့ကိုပြီးပြည့်စုံစွာ၊ ပြည့်စုံသောကမ္ဘာပေါ်တွင်
ဖန်ဆင်းခဲ့ပါသည်။ ကံအကြောင်းမလှစွာ ဤကျရှုံးခြင်းမတိုင်မီ ပါရဒိသုဘုံ
သည် အပြစ်ကြောင့်ပျောက်ဆုံးခဲ့ပြီး၊ ကျွန်ုပ်တို့သိသော ဤလောကသည် သေခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်း၊ ဝေဒနာခံစားခြင်း၊ ကြောက်ရွံ့ခြင်းနှင့်
လျစ်လျူရှုခြင်းတို့နှင့်ပြည့်နေပါသည်။ ဤလောကကို နဂိုမူလပြည့်စုံခြင်း အဖြစ်သို့ ပြန်လည်ဆွဲခေါ်ရန် ကယ်တင်ခြင်းစီမံကိန်းကိုရေးဆွဲခဲ့ပါသည်။
ကျရှုံးခြင်း၌ ပျောက်ဆုံးသွားသောအရာကိုပြန်ရရှိရန် ခရစ်တော်ြွကလာခဲ့ ပါသည်။
''အစအဦး၌ ဘုရားသခင်သည် လူကိုသူ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်း
ခဲ့သည်။ ကိုယ်တော်သည်ူကိုမြင့်မြတ်သော အရည်အချင်းများနှင့် ဆင်မြန်း
ခဲ့သည်။ လူ့စိတ်သည် ဘက်မျှလျက်ရှိပြီး၊ လူ၏တန်ခိုးများသည် မျှမျှတတ ရှိခဲ့ပါသည်။ သို့ရာတွင် ကျရှုံးခြင်းနှင့်၎င်း၏ရလဒ်များသည် ထိုဆုကျေးဇူး
များကို သွေဖည်သွားစေခဲ့သည်။ အပြစ်သည် လူ၌ဘုရားသခင်၏ပုံသဏ္ဌာန်
ကိုေ၀၀ါးစေပြီး ပျက်စီးစေပါသည်။ အသစ်ပြန်ဖြစ်စေရန် ကယ်တင်ခြင်း စီမံကိန်းကိုရေးဆွဲခဲ့ပြီး၊ လူသားများအား အခွင့်အရေးတစ်ခုကိုပေးအပ်ခဲ့ပါသည်။ အစအဦး၌ဖန်ဆင်းခဲ့သောပြည့်စုံခြင်းသို့ လူအားပြန်လည်ဆွဲယူရန်မှာ အသက်တာ၏အဓိကရည်ရွယ်ချက်ဖြစ်သည်'' (PP. p 595).
ဂလာတိ ၄း၁၉ ကိုဖတ်ပါ။ သူ၏လတ်တလောပူပန်မှုသည်မည်သည့်အရာ ပင်ဖြစ်စေကာမူ၊ ပေါလုသည် ဤကျမ်းချက်တွင် မည်သည့်ဝိညာဉ်ရေးဆိုင်ရာအရေးကြီး သည့်အချက်ကြိုပလုပ်သနည်း။
ဟေဗြဲ ၁း၃ တွင် ခရစ်တော်ကိုယ်တိုင် ဘုရားသခင်၏ပုံသဏ္ဌာန်ကို ကိုယ်စာြးုပထားသည်။ (ယောဟန် ၁၄း၉။ ၂ကော ၄း၎။ ကောလော
၁း၁၅ တို့နှင့်နှိုင်းယှဉ်ပါ။) ကျွန်ုပ်တို့အထဲ၌ ဘုရားသခင်၏ပုံသဏ္ဌာန်ကိုပြန်ရရှိရန် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်ပေါင်းစည်းရန်ဆန္ဒရှိနေပါသည်။
အကယ်၍ ကျွန်ုပ်တို့သည် သဘောတူလက်ခံခဲ့သော်၊ ဘုရားသခင်၏သဏ္ဌာန်တော်ဖြစ်သော ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ ''မျှော်လင့်ခြင်းအကြောင်း
တည်းဟူသောသင်တို့အထဲ၌တည်တော်မူသောခရစ်တော်'' (ကောလောသဲ ၁း၂၇) သည်ရှိနိုင်ပါသည်။
ယေရှုဒုတိယအကြိမ်ြွကလာချိန်တွင် ကိုယ်တော်၏ပုံသဏ္ဌာန်တော် ကို နာက်ဆုံးအကြိမ် ကိုယ်တွေ့ရရှိခံစားရကြမည်ဖြစ်သည်။ (၁ကော
၁၅း၄၉။ ၁ယော ၃း၂ ကိုဖတ်ပါ။) သို့ရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌တည်နေ၍၊ ကျွန်ုပ်တို့သည် ခရစ်တော်၌တည်နေသောအခါ
ဘုရားသခင်၏ပုံသဏ္ဌာန်အသစ်ြုပပြင်ခြင်းလုပ်ငန်းစဉ်သည် ကောင်းကင်သို့ မရောက်မီပင်လျှင် စတင်နေပါသည်။ ယခုပင်ကျွန်ုပ်တို့အထဲ၌ အသစ်ြုပပြင်ခြင်းလုပ်ငန်း စတင်နေပြီဖြစ်သော်လည်း၊ ယေရှုဒုတိယအကြိမ်မြွကလာမီတိုင်အောင် အသစ်ြုပပြင်
ခြင်းလုပ်ငန်းစဉ်သည် ပြီးမြောက်မည်မဟုတ်ကြောင်းကို အဘယ်ကြောင့်အမြဲသတိရနေရမည်နည်း။

ကြာသပတေး ဇွန် ၃၀

အသင်းတော်၏အသစ်ြုပပြင်ခြင်းကဏ္ဍ။

ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီးသည့်အတိုင်း၊ ကမ္ဘာကိုပြည့်စုံစွာဖန်ဆင်း
ခဲ့သော်လည်း ပျက်စီးခြင်းနှင့်အတူကျရှုံးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ဘုရားသခင်
သည် ထာဝရပျက်စီးခြင်းကံကြမ္မာ၌ ကျွန်ုပ်တို့အားစွန့်ပစ်မထားခဲ့ချေ။
ထို့အစား ဤလောကမတည်ရှိမီပင်လျှင် ကယ်တင်ခြင်းစီမံကိန်းကိုချထား
ပြီးဖြစ်ကာ (၁ပေ ၁း၂)၊ မိမိကိုယ်တိုင် ကြီးမားသောတန်ဖိုးကိုပေးဆပ်ရန်
ယေရှုသည် ဤလောကသိြုွ့ကလာကာ၊ လက်ဝါးကပ်တိုင်၌ဝေဒနာခံစားခဲ့ပြီး၊ တစ်ဖန်ပြန်ြွကလာရန် ကတိတော်ထားတော်မူပါသည်။ ထိုအချိန်တွင်အရာခပ်သိမ်းသည်ပြီးဆုံးသွားကာ၊ အပြစ်သည် ဖျက်ဆီးခြင်းခံရပြီး
ပျောက်ဆုံးခဲ့ပြီးသောဤလောကသည် ပြီးပြည့်စုံစွာနဂိုမူလအခြေအနေသို့
ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ဤမူလအခြေအနေသို့ ပြန်လည်ြုပပြင်ခြင်း၌ပါဝင်ရန် ယခုပင်လျှင်ဘုရားသခင်သည် ကိုယ်တော်၏အသင်းသားကျွန်ုပ်တို့အား ခေါ်ဖိတ်တော်
မူသည်မှာ မည်မျှအံ့အားသင့်စရာဖြစ်ပါသနည်း။
မာကု ၂း၁-၁၂ ထဲရှိ၊ သူငယ်ချင်းများမှ ခြေလက်သေနေသူအား
ယေရှုထံတော်သို့ခေါ်ဆောင်ရန် တစိုက်မတ်မတ်လုပ်ဆောင်ချက်ကိုဖတ်ပါ။
ဤပုံပြင်သည် လူတို့အားအနာငြိမ်းစေခြင်းငှာ အသစ်ြုပပြင်ခြင်းတွင် အသင်း
တော်၏ကဏ္ဍကိုမည်သို့ဖော်ပြသနည်း။
ယေရှုသည် အိမ်ထဲတွင်ရှိနေသောကြောင့် လူများနှင့်ပြည့်ကျပ်နေပါသည်။ ကိုယ်တော်၏ချစ်ခြင်းသည် လူထုကိုဆွဲဆောင်ပါသည်။ လူလေးဦးတို့သည် ၀ိညာဉ်ရေး၊ စိတ်ဓာတ်နှင့် ကိုယ်ကာယဖျားနာသူတစ်ဦးကို ယေရှု
ထံသို့ခေါ်ဆောင်ရန် အိမ်ခေါင်မိုးတွင်အပေါက်ကြီးတစ်ပေါက်ကိုဖောက်ခဲ့
ကြသည်။ ထိုနောက် ယေရှုသည် ထိုသူ၏အပြစ်ကိုဖြေလွှတ်ခြင်းနှင့် စိတ်နှလုံး
ငြိမ်သက်ခြင်းပေးခြင်းအားဖြင့် သူ့အားပြန်လည်လူသစ်ဖြစ်စေကာ ထ၍
လမ်းလျှောက်ရန် အမိန့်ပေးတော်မူခဲ့သည်။ လူတစ်ဦးသည် အလုံးစုံအသစ်
ြုပပြင်ခြင်းမခံရလျှင် မည်သို့မျှအမှန်တကယ်ရောဂါမပျောက်ကင်းနိုင်ကြောင်း
ယေရှုသည်ပြသခဲ့ပါသည်။
ဤကမ္ဘာပေါ်တွင် ရစ်တော်ပေါ်ထွန်းခြင်းအကြောင်းကို တမန်တော်ယောဟန်သည် မည်သို့ဖော်ပြသနည်း။ ဤကတိတော်များမှ မည်သည့်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဆွဲယူနိုင်ပါသနည်း။ ယောဟန် ၁၀း၁၀။ ၁ယော၃း၈ ကိုဖတ်ပါ။

ယောဟန်၁၀း၁၀သည် သတ္တမနေ့မြော် လင့်ခြင်းအသင်းတော်
၏သတင်းစကားအနှစ်သာရဟု ပြောစမှတ်ရှိသည်။ ၎င်းသည် ခရစ်တော်
၏သာသနာလုပ်ငန်းဖော်ပြချက်ဖြစ်သည်။ ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်သော
အသင်းတော်၏အဓိကလုပ်ဆောင်ရမည့်ကဏ္ဍမှာ ကိုယ်တော်၏ခြေတော်ရာကိုလိုက်၍ သေခြင်းတရားကိုပြည့်ဝသောအသက်တာနှင့် အစားထိုးခြင်းအားဖြင့် စာတန်၏လုပ်ဆောင်ချက်ကို ပြန်ဖြေရန်ဖြစ်သည်။ (တမန်၁၀း၃၈။ ၁ယော ၂း၆ တို့ကိုဖတ်ပါ။) အသင်းတော်သည် ခရစ်တော်နှင့်
တွဲဖက်၍ လူတို့၌ဘုရားသခင်၏ပုံသဏ္ဌာန်တော်ကို ကိုယ်ကာယ၊ စိတ်နှင့်ဝိညာဉ်ရေးတို့၌ ပြန်လည်အသက်သွင်းရန် ခေါ်တော်မူခြင်းခံရပါသည်။
ယခုသင်၏အကူအညီလိုအပ်မှုသည် မည်သူတို့ဖြစ်၍၊ သူတို့အားကူညီရန် သင်သည် အထူးသဖြင့် မည်သည့်တန်ဆာပလာများကို လူတို့
အားပေးရပါမည်နည်း။

သောကြာ ဇူလိုင် ၁

ထပ်ဆင့်လေ့လာရန်။

ဘုရားသခင်သည် လူတစ်စုအနေဖြင့်ကျွန်ုပ်တို့အား တစ်ပါးသူတို့အတွက်လုပ်ဆောင်ရန်နှင့် ကောင်းကျိုြးုပရန် ယေရှု၌ကျွန်ုပ်တို့အားပေးအပ်
ပြီးသောအသစ်ြုပပြင်ခြင်းနှင့်မျှော်လင့်ခြင်းကတိတော်များကို တစ်ပါးသူတို့အားညွှန်ပြရန် ခေါ်တော်မူပါသည်။ ထိုသို့ဆောင်ရွက်ရန် ဘုရားသခင်သည်
ကျွန်ုပ်တို့အား နည်းအမျိုးမျိုးဖြင့်အသုံြးုပနိုင်ပါသည်။ အသင်းတော်တခိျု့သည် ကိုယ်ကာယအသစ်ြုပပြင်ခြင်းအတွက် မိမိတို့ရပ်ကွက်တွင် ကျန်းမာရေးအစီအစဉ်များနှင့်လူမှုရေးလုပ်ငန်းများကို စီစဉ်ပေးကြသည်။ အသင်းတော်၏ဆေးရုံများနှင့် ဆေးပေးခန်းများသည်လည်း ထိုပန်းတိုင်ကိုရည်မျှော်
၍လုပ်ဆောင်ကြသည်။ စိတ်ပိုင်းဆိုင်ရာအသစ်ြုပပြင်ခြင်းအတွက် ပတ်ဝန်းကျင်
ရှိလူတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် သူတို့ကိုသင်တန်းများဖြင့်
တန်ဆာပလာတပ်ဆင်ပေးရန်ဖြစ်သည်။ ထို့ပြင်မက အသင်းတော်များသည်
ကျောင်းဖွင့်ခြင်း၊ လက်မှုပညာသင်ပေးခြင်း၊ စာပေဟောပြောခြင်း၊ ကျူရှင်
ပေးခြင်း၊ အနီးကပ်သင်ကြားပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးခြင်း
စသည်တို့ဖြင့် စိတ်ဓာတ်ြုပပြင်ရေးလုပ်ဆောင်နိုင်ပါသည်။ အသစ်ြုပပြင်
ခြင်းနှင့်ပြည့်ဝသောအသက်တာအတွက် သူတို့၏တောင့်တချက်များတိုးပွား
လာသောအခါ၊ အစောပိုင်းတွင်ြုကိတင်မစဉ်းစားသော်လည်း ပတ်ဝန်းကျင်
ရှိလူတို့သည် ၀ိညာဉ်ရေးနှင့်ကိုယ်ကျင့်တရားများ အသစ်ြုပပြင်ရန်လိုအပ်
ချက်ကို သိရှိနားလည်လာမည်ဖြစ်သည်။ အမှန်မှာ ဤအခြင်းအရာသည်
ဘုရားသခင်၏ပုံသဏ္ဌာန်ကို ပြန်လည်အသက်သွင်းရန် အဓိကသော့ချက်ဖြစ်ပါသည်။ မည်သည့်လောကီလူမှုရေးနှင့်ကျန်းမာရေးအဖွဲ့အစည်းများသည်ဝိညာဉ်ရေးလိုအပ်ချက်များကိုဖြည့်ဆည်းရန် အသင်းတော်ထက်သာ၍မကောင်းကြပါချေ။
-၀-

Post a Comment

Lametna Aw hong ging lai hi. Hun bei ta ding hi. Lametna a om lai in na bil ngat inla, Topa hong sapna ngai in.

أحدث أقدم